XXXXXXXXXXXXX UNICODE FONT XXXXXXXXXXX
#နှစ်ရှည်ပင်များ အကိုင်းရှင်းခြင်း
ဘာကြောင့်ရှင်းရလဲဆိုတာ အဓိက၂ချက်
၁.အပင်ရှည်တတ်မသွားအောင်.
၂.မလိုအပ်တဲ့အကိုင်တွေ
၁.နှစ်ရှည်ပင်တွေဟာ အပေါ်ကိုရှည်တတ်သွားရင် အသီး(သို့)အပွင့် ခူးတဲ့အခါ အခက်ခဲဖြစ်ပါတယ်.
အမြင့်သို့ရှည်တတ်သွားသောကြောင့် အပင်ကအောက်ခြေ
အားနဲသွားပြီး အကိုင်းအတတ်နဲသွားပါတယ်.
ဒီလို ထိပ်အညွှန့် အကိုင်း.တွေကို ဖြတ်တောက်လိုက်ရင်
အောက်အကိုင်းတွေက အတတ်တွေထွက်ပြီး အပင်ကို ပုဝိုက်ဝေဆာ စေမှာလဲဖြစ်ပါတယ်..
၂.မလိုအပ်တဲ့အကိုင်းရှင်းရခြင်း ကန့်လန့် အကိုင်းတွေနဲ့
အကိုင်းကမ်း လို့ခေါ်တဲ့ အသီးမသီး အညွှန့်ထိပ်တုံးအကိုင်းတွေက အပင်ရဲ့ အားကိုတိတ်စေပါတယ်
ဒီအကိုင်းတွေက ဝေမျှစားသောက် နေခြင်းကြောင့်
အပင်က အသီးချောချော ကြီးကြီးမရခြင်း ထွက်နူန်းသီးနူန်း
ရော့ခြင်း တွေကြုံတွေ့ရပါတယ်..
အပင်ကတော့ တပင်လုံး ကြက်သိပ်ဝေဆာနေသော်လဲ..
အသီးနဲရခြင်း ရဲ့အဓိက အချက်က ..
အကိုင်းကမ်းတွေ မလိုအပ်တဲ့ အသီးမသီးတဲ့ အကိုင်တွေများနေခြင်းကြောင့်ပါ..
ထိုအကိုင်းတွေကို ဖြတ်တောက် ရှင်းလင်းလိုက်ရင်
ကျန်းမာပြီး အသီးသီးတဲ့ အကိုင်းတွေထွက်လာပါလိမ့်မယ်.
ဆိုလိုချင်တာကတော့ ..အပင်၁ပင်မှာ အသီးသီးနိူင်ပြီး
ကျန်းမာတဲ့ အကိုင်တွေသာထားရင် သီးနူန်း ထွက်နူန်း
ကြီးထွားနူန်း ကောင်းမယ်ဆိုတာကို ဆိုလိုခြင်းပါ..
၁ပင်လုံးမှာ လိုအပ်တဲ့အကိုင်းတွေသာ ထားမယ်ဆိုရင်
ကျွေးသမျှအစာ.အဟာရ တွေကို အသီးသီးနေတဲ့အကိုင်း
တွေအတွက် အပင်ကအထိရောက်ဆုံးပို့ဆောင်ပေးမယ်
ဒီသဘေားတရားပါ..
အကိုင်းရှင်းအေကြာင်းမှာ အဓိက ၂ချက်သာ
ထည့်သွင်းပြောကြားထားသောလဲ ..
တခြား အကြောင်းအရင်းများစွာ ရှိနေပါတယ်
အသေးစိတ်ရေးသားပြဖို့ အချိန်မလုံလောက်တာကြောင့် ဒီလောက်လေးပဲ ရှင်းပြပေးလိုက်ပါတယ်..
ရေးသူ ADMIN.T.K.K
မင်္ဂလာပါ 🦋🦋🦋
စိုက်ပျိုးရေးနှင့် ပတ်သက်သမျှ နည်းပညာ ဗဟုသုတ
အဖြာဖြာကို နေ့စဉ်တင်ဆက်ပေးနေပါတယ်
တင်သမျှ မလွတ်တမ်းဖတ်ရအောင် #တီထွင်ဆန်းသစ်လယ်ယာတစ်ခွင်-smartknowledge ဆိုတဲ့ ကျနော်တို့
page လေးကို like လုပ်ထားပေးပါနော်👌👌👌
#မိမိဖတ်ရသလို အခြားလူများလည်း ဗဟုသုတ မျှဝေဖို့
အခု ပို့စ် လေးကို share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်🙏🙏🙏
XXXXXXXXXXXXXXX ZAWGYI FONT XXXXXXXXXXX
ဆိုလိုချင်တာကတော့ ..အပင်၁ပင်မှာ အသီးသီးနိုင်ပြီး
ဒီသဘေားတရားပါ..
အကိုင်းရှင်းအကြောင်းမှာ အဓိက ၂ချက်သာ
ရေးသူ ADMIN.T.K.K
မင်္ဂလာပါ 🦋🦋🦋
Comments
Post a Comment