xxxxxxxxxxxxxxx unicode font xxxxxxxxxxxxxxxxxxxx
စိုက်ပျိုးချိန်
မြန်မာနိုင်ငံတွင် နှမ်းကို တစ်နှစ်သုံးကြိမ် စိုက်ပျိုးကြသည်။ ေနွနှမ်း(ရေသွင်းနှမ်း)အား ဖေဖော်ဝါရီ – မတ်လ မှ မေ – ဇွန်လအထိ စိုက်ပျိုး ကြသည်။ မိုးနှမ်းကို မေ -ဇွန်လမှ သြဂုတ် – စက်တင်ဘာလအထိနှင့် ဆောင်းနှမ်း (မိုးေနှာင်း)အား သြဂုတ် – စက်တင်ဘာလမှ နိုဝင်ဘာ – ဒီဇင်ဘာလအထိစိုက်ပျိုးကြသည်။
စိုက်ပျိုးပြုစုစောင့်ရှောက်ခြင်း
မျိုးစေ့
ရိတ်သိမ်းမှုလွယ်ကူရန်နှင့် အထွက်ကောင်းရန် ထောက်ခံထားသော မျိုးများကို သုံးရန်လိုသည်။ မျိုးရောနေပါ ကအပင်အမြင့်နှင့် ရင့်မှည့် ချိန် ကွာခြားမှုေကြာင့် ရိတ်သိမ်းရာတွင် အခက်အခဲရှိသည်။
မျိုးစေ့ဆောင်ရောဂါမှ ကာကွယ်ခြင်း
နှမ်းပျိုးပင်များသည် အများအားဖြင့် အေးသောရာသီဥတုတွင် သေးငယ်ပြီး ကြီးထွားမှု ေနှးကွေးသည်။ ပျိုးပင် ငယ်များသည် ပေါင်းပင် များနှင့် ယှဉ်ပြိုင်မှုဒဏ်ကို ခံနိုင်ရည်မရှိသောေကြာင့် ပေါင်းမြက်ကင်းစင်သော စိုက် ခင်းတွင် စိုက်ပျိုးရသည်။ အပင်ငယ်စဉ်တွင် မှိုရောဂါ ကျရောက်မှုမှ ကာကွယ်ရန်အတွက် မျိုးစေ့တစ်ကီလို ဂရမ် လျှင် ကက်ပတန် မှိုသတ်ဆေး (၃)ဂရမ်နှုန်းဖြင့် လူးနယ်ပြီး စိုက်ပျိုးပါက အကျိုးရှိေကြာင်း တွေ့ရသည်။
ပင်ကြားတန်းကြားအကွာအဝေးနှင့် မျိုးစေ့နှုန်း
တန်းကြားအနေဖြင့် တစ်တန်းနှင့်တစ်တန်းကြား (၁၅ -၂၄)လက်မ ခြားထားပါက ပေါင်းနှိမ်နှင်းရန်အတွက် လွယ်ကူသည်။ တစ်ဟက် တာအတွက် မျိုးစေ့ (၄.၄၈ – ၇.၈၅ )ကီလိုဂရမ် လိုအပ်သည်။ အသင့်တော်ဆုံး အပင်ဦးရေ ပမာဏမှာ တစ်ဟက်တာလျှင် အပင်ဦးရေ (၁၉၈၀၀၀ – ၂၄၇၀၀၀) အထိဖြစ်သည်။
ေမြသြဇာများ
နှမ်းသည် ေမြညံ့တွင် စိုက်ပျိုးဖြစ်ထွန်းခြင်းမရှိပေ။ အစားအစာ အန္တရယ်ကင်း စိတ်ချရမှုအတွက် သဘာဝေမြသြဇာများအားသုံးသင့် သည်။ အထွက်နှုန်းကောင်းရန်အတွက် ေမြဆီလွှာ သင့်/ညံ့ အပေါ်မူတည်၍ စိုက်ပျိုး သည့် ရာသီတစ်လျှောက် သင့်တင့်မျှတသော ဓါတ်ေမြသြဇာများကျွေးသင့်သည်။ အကယ်၍ အပင်များ ကြီး ထွားမှုအားနည်းပြီး အစိမ်းဖျော့ရောင်ဖြစ်နေပါက နိုက်ထရိုဂျင်ေမြသြဇာ အားလိုအပ်သလို ထပ်မံ၍ ထည့်ပေး ရသည်။ ေမြသြဇာ အသင့်အတင့် ကြွယ်ဝသောေမြအတွက် (၁၁၂ း ၅၆ း ၂၈) (နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပို တက်) ကီလိုဂရမ် / ဟက်တာနှုန်းထားအား စံအဖြစ်သတ်မှတ်ထားသည်။
သဲဆန်သောေမြတွင် ေမြသြဇာများအား အတန်းလိုက် အကြိမ်ကြိမ်ခွဲကျွေးပါက ပိုမိုထိရောက်မှုရှိသည်။ ေမြပြင် ချိန်တွင် တစ်ကြိမ်၊ အပင်မှုန်းချိန်နှင့် ပေါင်းလိုက်ချိန်တွင် တစ်ကြိမ်နှင့် အသီးသီးချိန်တွင် တစ်ကြိမ် စုစုပေါင်း သုံ ကြိမ်ခွဲကျွေးရန်လိုအပ်သည်။ ေမြဆီ သြဇာနည်းသောေမြတွင် ဖော့စဖိတ်ေမြသြဇာသည် မရှိမဖြစ်လိုအပ်ပြီး စိုက် ပျိုးရာသီအစောပိုင်းတွင် ကျွေးရန်လိုအပ်သည်။ မိုးအကုန် တွင် နှမ်းသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးပါက ပျများနှင့် စုပ်စားပိုးဒဏ်ခံနိုင်ရန်အတွက် ပိုတက်ေမြသြဇာပေးရန်လိုသည်။
ဒေသခံတောင်သူများသည် အနည်းလိုအာဟာရစုံပါဝင်သော ရွက်ဖျန်းေမြသြဇာကိုသုံးကြပြီး ထိုသို့အသုံးပြုသောအပင်များသည် ရွက် ဖျန်းေမြသြဇာမကျွေးသော အပင်များထက်ပို၍ ကျန်းမာသန်စွမ်း ေကြာင်းတွေ့ရသည်။
စိုက်ပျိုးပြီး (၆၅) ရက်နောက်ပိုင်းတွင် နိုက်ထရိုဂျင်ဓာတ်ေမြသြဇာ ကျွေးပါက ပေါင်းမြက်များကြီးထွားမှုကို အားပေးသောေကြာင့် မကျွေး သင့်ချေ။
ရေသွင်းခြင်း
ေနွနှမ်းတွင် ဆည်ရေသွင်းပေးပါက အထွက်နှုန်းသိသာစွာ တိုးတက်လာနိုင်ေကြာင်းတွေ့ရသည်။ နှမ်းသည် အပင်ကြီးထွားချိန်တွင် (၂) ကြိမ်မှ (၃) ကြိမ်အထိသာ ရေပေးသွင်းရန်လိုသည်။ ဆားပါသောရေကို သွင်း မိပါက နှမ်းပင်များသေနိုင်သည်။
ရိတ်သိမ်းခြင်း
သီးတောင့်များေကြွကျမှုမှ ကာကွယ်ရန် နှမ်းပင်များအား မေခြာက်မီ ရိတ်သိမ်းရသည်။ ရိတ်သိမ်းရန် သင့်တော်သော အချိန်မှာ နှမ်းပင်များ ကောင်းစွာရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များ အဝါရောင်ေပြာင်း ပြီး စတင်၍ ေကြွလာချိန်နှင့် သီးတောင့်များအစိမ်းရောင်ရှိပြီး အစိုဓာတ်ပမာဏအသင့်အတင့်ရှိနေသော အချိန်ဖြစ်သည်။ အပင်များအားရိတ်သိမ်း ပြီးနောက် တလင်းပြင်တွင် (၅) ရက်မှ (၇) ရက် အထိ အပင်များေခြာက်သွေ့ရန် အစည်းလိုက်ထောင်၍ နေလှန်းထားရမည်။ စောင်ပိုင်း၊ အဝတ်ပိုင်းပေါ်တွင် နှမ်းရိုးများ လှုပ်ခါခြင်း (သို့မဟုတ်) ခပ်သာသာ ရိုက်ခြင်းဖြင့် အစေ့ေခြွခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်သည်။ ထို့နောက် သန့်စင်ပြီး နှမ်းစေ့များအား အလုံပိတ် ထားသော ပုံးများထဲတွင် ထည့်၍ သိုလှောင်ရမည်။
စိုက်ပျိုးသုတxxxxxxxxxxxxxxxxx zawgyi font xxxxxxxxxxxxxxx
စိုက်ပျိုးချိန်
မျိုးစေ့
နှမ်းပျိုးပင်များသည် အများအားဖြင့် အေးသောရာသီဥတုတွင် သေးငယ်ပြီး ကြီးထွားမှု နှေးကွေးသည်။ ပျိုးပင် ငယ်များသည် ပေါင်းပင် များနှင့် ယှဉ်ပြိုင်မှုဒဏ်ကို ခံနိုင်ရည်မရှိသောကြောင့် ပေါင်းမြက်ကင်းစင်သော စိုက် ခင်းတွင် စိုက်ပျိုးရသည်။ အပင်ငယ်စဉ်တွင် မှိုရောဂါ ကျရောက်မှုမှ ကာကွယ်ရန်အတွက် မျိုးစေ့တစ်ကီလို ဂရမ် လျှင် ကက်ပတန် မှိုသတ်ဆေး (၃)ဂရမ်နှုန်းဖြင့် လူးနယ်ပြီး စိုက်ပျိုးပါက အကျိုးရှိကြောင်း တွေ့ရသည်။
မြေသြဇာများ
နှမ်းသည် မြေညံ့တွင် စိုက်ပျိုးဖြစ်ထွန်းခြင်းမရှိပေ။ အစားအစာ အန္တရယ်ကင်း စိတ်ချရမှုအတွက် သဘာဝမြေသြဇာများအားသုံးသင့် သည်။ အထွက်နှုန်းကောင်းရန်အတွက် မြေဆီလွှာ သင့်/ညံ့ အပေါ်မူတည်၍ စိုက်ပျိုး သည့် ရာသီတစ်လျှောက် သင့်တင့်မျှတသော ဓါတ်မြေသြဇာများကျွေးသင့်သည်။ အကယ်၍ အပင်များ ကြီး ထွားမှုအားနည်းပြီး အစိမ်းဖျော့ရောင်ဖြစ်နေပါက နိုက်ထရိုဂျင်မြေသြဇာ အားလိုအပ်သလို ထပ်မံ၍ ထည့်ပေး ရသည်။ မြေသြဇာ အသင့်အတင့် ကြွယ်ဝသောမြေအတွက် (၁၁၂း ၅၆း ၂၈) (နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပို တက်) ကီလိုဂရမ် / ဟက်တာနှုန်းထားအား စံအဖြစ်သတ်မှတ်ထားသည်။
သဲဆန်သောမြေတွင် မြေသြဇာများအား အတန်းလိုက် အကြိမ်ကြိမ်ခွဲကျွေးပါက ပိုမိုထိရောက်မှုရှိသည်။ မြေပြင် ချိန်တွင် တစ်ကြိမ်၊ အပင်မှုန်းချိန်နှင့် ပေါင်းလိုက်ချိန်တွင် တစ်ကြိမ်နှင့် အသီးသီးချိန်တွင် တစ်ကြိမ် စုစုပေါင်း သုံ ကြိမ်ခွဲကျွေးရန်လိုအပ်သည်။ မြေဆီ သြဇာနည်းသောမြေတွင် ဖော့စဖိတ်မြေသြဇာသည် မရှိမဖြစ်လိုအပ်ပြီး စိုက် ပျိုးရာသီအစောပိုင်းတွင် ကျွေးရန်လိုအပ်သည်။ မိုးအကုန် တွင် နှမ်းသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးပါက ပျများနှင့် စုပ်စားပိုးဒဏ်ခံနိုင်ရန်အတွက် ပိုတက်မြေသြဇာပေးရန်လိုသည်။
ဒေသခံတောင်သူများသည် အနည်းလိုအာဟာရစုံပါဝင်သော ရွက်ဖျန်းမြေသြဇာကိုသုံးကြပြီး ထိုသို့အသုံးပြုသောအပင်များသည် ရွက် ဖျန်းမြေသြဇာမကျွေးသော အပင်များထက်ပို၍ ကျန်းမာသန်စွမ်း ကြောင်းတွေ့ရသည်။
စိုက်ပျိုးပြီး (၆၅) ရက်နောက်ပိုင်းတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ကျွေးပါက ပေါင်းမြက်များကြီးထွားမှုကို အားပေးသောကြောင့် မကျွေး သင့်ချေ။
ရေသွင်းခြင်း
ရိတ်သိမ်းခြင်း
စိုက်ပျိုးသုတ
Comments
Post a Comment