ဂေါ်ရခါးစိုက်ပျိုးခြင်း နှင့် ကိုင်းပြုပြင်ခြင်း

xxxx   unicode   xxxx

Image may contain: plant and nature
============================
စိုက်ပျိုးခြင်း
-------------
ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ (သို့မဟုတ်) အကိုင်းဖြတ်ထိုမျိုးပွား၍ လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
အစေ့မှ အပင်ပေါက်ရန် အပူချိန်(၂၃-၂၅) ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျား ထက် အနည်းငယ်နှိပ်၍ စိုက်ရပါမည်။ အသီးကို အလျားလိုက်မြေပေါ်တွင် အစေ့ကို အပေါ်ဘက်တွင်ထား၍ အသီး တစ်ဝက်ဖေးကာ စိုက်ရပါမည်။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်း ရပါ။ အသီးတွင်ရှိပြီးအစိုဓာတ်ကို အသုံးပြု၍အစေ့မှအပင်ပေါက်လာပါသည်။ အညှောင့်ဖောက်နေစဉ် အသီးကိုရေထောင်ပါက အသီးပုပ်သွား တတ်သည်။
အစေ့မှအပင်ပေါက်လာပြီးနောက်တွင်လည်းရေကိုသင့်တင့်ရုံသာလောင်ပေးပါ။ ပျိုးထောင်အညှောင့်ဖေါက်ပြီး အညွှန့်(၁၀) စင်တီမီတာခန့် ရှည်လာသော် စိုက်ခင်းတွင် သတ်မှတ်ထားသည့် နေရာတွင် ခပ်တိ်မ်တိမ်ထား၍ စိုက်ပျိုးပါ။ ပုံမှန်အားဖြင့် တစ်ပင်နှင့်တစ်ပင်၊ အတန်းတစ်တန်းနှင့်တစ်တန်း (၄×၄) မီတာ (သို့မဟုတ်)(၅×၅) မီတာထား၍ (၄) ကွက်ကြား စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင် (၁၆၀-၂၄၀) ပင် ဝင်ဆန့်သည်။ ရှမ်းပြည်နယ်နှင့် ပြင်ဦး လွင်မြို့နယ်များတွင် ပင်ကြား၊ တန်းကြားကို (၆×၆) ပေထား၍ တစ်နေရာလျှင် (၂-၃) သီးထားကာ မြေပုံ၍ စိုက်ပျိုးကြပါသည်။ မြေသြဇာအဖြစ် မြေတစ်ပုံ တွင် မြေဆွေး (၅၀ ကီလိုဂရမ်၊ နိုက်ထရိုဂျင် ၉၂၀) ဂရမ်၊ ဖေါ့စဖရပ် (၁၅) ဂရမ်နှင့် ပိုတက်စီယမ် (၇) ဂရမ်ကို ထည့်သွင်းစိုက်ပျိုးပြီး ကိုင်းစဖြာထွက် လာသော် တစ်အုံလျှင် မြေဆွေး( ၅၀ ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၁၀၀) ဂရမ်နှင့်ပိုတက်စီယမ် (၇၀) ဂရမ် ထပ်မံကျွေးမွေးပါသည်။
အခြားသခွားမျိုးရင်းဝင်အပင်များနည်းတူအစိုဓာတ်မပျက်စေရန်ရေလောင်းပေးရပါသည်။
ကိုင်းပြုပြင်ခြင်း
-----------------
ပင်မကိုင်းအရှည် တစ်ပေခန့်ရှိလာသော် ခေါင်နှိမ်ပေးပြီး ကိုင်းတက်(၂) ကိုမွေးမြူ၍ အရှည်(၁၂၀-၁၅၀) စင်တီမီတာ ရောက်လာသော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးပြီး အကိုင်းမွေးမြူရရှိ ပါမည်။ ဤသို့ ကိုင်းမွေးမြူပြုပြင်မှုမရှိပါက ဒုတိယကိုင်းဖြာမှု ညံ့ဖျင်းတတ် ပါသည်။ အကယ်၍ အကိုင်းများကြီးထွားမှု သန်စွန်းလွန်းပါက ထပ်မံ၍ ခေါင်နှိမ်ပေးရန် လိုအပ်ပါသည်။ အခြားသခွားမျိုးရင်းဝင် အပင်များနည်းတူ အစိုဓာတ်ပြတ်စေရန် ရေသွင်းပေးရန် လိုအပ်ပါသည်။

Comments