လြယ္လြယ္ကူကူကိုင္းျဖတ္ (cutting)နည္းျဖင့္ ပ်ိဳးပင္မ်ား မ်ိဳးပြားၾကရေအာင္( စာရွည္သျဖင့္ zawgyi only)

xxxxxxxxxxxx    unicode   font   xxxxxxxxxxxxxxxxx

လွယ်လွယ်ကူကူကိုင်းဖြတ် (cutting)နည်းဖြင့် ပျိုးပင်များ မျိုးပွားကြရအောင်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ချစ်မိတ်ဆွေများ ခင်ဗျား

တော်ဝင်သပြေပင် ကိုကိုင်းဆက်ပျိုးနည်း ပို့စ်တင်ခဲ့စဉ်က ကိုင်းပျိုးနည်းထဲက တခုဖြစ်တဲ့ ကိုင်းဖြတ်ပျိုးနည်း ( cutting) နည်းကို ဆက်လက်တင်ပြမည့် အကြောင်းရေးခဲ့ပါတယ်။ သို့သော် အလုပ်မအားသည်က တကြောင်း ရေးရန် လက်တွေ့ပြစရာ ပုံအဆင်သင့်မရှိသည်က တကြောင်းကြောင့် ကြန့်ကြာခဲ့ပါတယ်။

ယခု အချိန်သည် မိုးဖြိုင်ဖြိုင်ရွာပြီးချိန်ဖြစ်လို့ ကိုင်းဖြတ်ပျိုးရန် အချိန်ကောင်းဖြစ်ပါတယ်။ဒါ့ကြောင့် ကိုင်းဖြတ်ပျိုးနည်းကို တင်ပြလိုက်ပါတယ်။ တော်ဝင်သပြေ အပြင် တခြားအပင်များပါ ပျိုးနိုင်ရန် အခြေခံ အချက်အလက်များကိုခြုံငုံပြီး လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနိုင်ရန် အပိုင်း ၁၁ပိုင်းခွဲကာ ပုံများနှင့် ရှင်းလင်းချက်များ တွဲ လျက်တင်ပြထားပါသည်။

၁။ ရာသီချိန်ခါရွေးချယ်ခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိုးဖြိုင်ဖြိုင်ရွာပြီးနောက် ပတ်ဝန်းကျင် အပူချိန်လျော့ကျသွားသော အချိန်အခါသည် ကိုင်းဖြတ်ပျိုးရန်သင့်တော်သော အချိန်အခါကောင်းဖြစ်ပါသည်။ ပူပြင်းလွန်းသောရာသီဖြစ်ပါက အောင်မြင်မှုရာနှုန်းလျော့နည်းလေ့ရှိပါသည်။

၂။ မျိုးပင် ၊ မျိုးကိုင်း ရွေးချယ်ခြင်းနှင့်ပြင်ဆင်ခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
     

မျိုးပင် ။    ။မိမိ မျိုးပွားလိုသောအပင်သည် ကျန်းမာရေး အလွန်ကောင်းခြင်း (သို့) သစ်ရည်ပြည့်ဝပြီး အရောင်ရွှမ်းစိုတောက်ပသော အရွက်များရှိရပါမည်။
         
မျိုးကိုင်း။  ။မိမိ ပျိုးလိုသော ပျိုးပင်အမျိုးအစားပေါ် မူတည်ပြီး မျိုးကိုင်းရွေးချယ်မှုကွဲပြားနိုင်ပါသည်။

အရေးကြီးသည်မှာ မိမိရွေးချယ်သောမျိုးကိုင်းသည် မနုလွန်း မရင့်လွန်းပဲ အားကောင်းသန်မာသည့် မျိုးကိုင်းအားရွေးချယ်မှသာလျှင် ကျန်းမာ  သန်စွမ်းသောပျိုးပင်များ  ရရှိလာမည်ဖြစ်ပါသည်။ အရည်အသွေး ညံ့သော မျိုးကိုင်းအား ပျိုးမိပါက မသန်စွမ်းသော ပျိုးပင်များသာရရှိပါမည်။ ပျိုးပင်အမျိုးအစားကိုလိုက်ပြီး ဖြတ်ယူရမည့် မျိုးကိုင်းကွဲပြားနိုင်ပါသည်။
ဥပမာ။ ။ သပြေ ၊ ပန်းသနပ်ခါး၊ အစရှိသော အရိုးမာပြီးအရွက်သေးသော ပျိုးပင်များအား ပျိုးမည်ဆိုပါက မိခင်အပင်ကြီး၏ အပေါ်ပိုင်းရှိ နေရောင်ကောင်းစွာ ရရှိထားသော အရွက်ရင့်ပြီးသည့် ထိပ်ညွန့် အပိုင်းအား ၃/၄ လက်မ ခန့်ဖြတ်ယူ ပျိုးသင့်ပါသည်။

အချို့ အပင်များမှာအရွက်ကြီးလွန်းနေပါက အရွက်၏ တဝက် ( သို့)  ၃ပုံ ၂ပုံ ခန့် ဖြတ်ချသင့်ပါသည်။ အကြောင်းမှာ အမြစ်မကျသေးခင် ပျိုးကိုင်းမှ ရေဓာတ်ဆုံးရှုံးမှုလျှော့ချရန် ဖြစ်ပါသည်။
အချို့ အဆစ်အလွန်စိတ်သော အပင်အား မျိုးပွားမည်ဆိုပါက အပင်၏ အညွန့်ပိုင်းအား မျိုးကိုင်းအဖြစ် ၂လက်မ ခန့်သာဖြတ်ယူသင့်ပါသည်။
ဥပမာ။  ။ ပုဏ္ဏရိတ် အပု၊ ဇလပ်ပု။

တချို့ပျိုးပင်များမှာ အလွန်သန်ပြီး ကိုင်းရှည်များ ထွက်တတ်ပါသည်။ ၎င်းကိုင်းများအား ပျိုးပါက ထိပ်ညွန့်သာမကပဲ အလယ်ရိုးများကိုလည်း ၃/၄ လက်မခန့်ပိုင်းဆစ် ပျိုးနိုင်ပါသည်။ ထိုသို့ပျိုးရာတွင် မြေထဲသို့ ထိုးစိုက်မည့် မျိုးကိုင်း၏ အောက်ခြေမှ အရွက်အနည်းငယ်အား ဖြုတ်ချပြီးမှ ပျိုးအိတ်အတွင်းသို့ ထိုးစိုက်ပျိုးရမည်ဖြစ်ပါသည်။
ဥပမာ။    ပန်းစက္က္ကူ၊  ထိုင်း ပျဉ်းမ၊ ပန်းအိ။

သတိပြုရန်မှာ ။     ။ ပျိုးကိုင်းမနာစေရန်အတွက် အလွန်ထက်ပြီးသန့်ရှင်းသော စိုက်ပျိုးရေးသုံး ကိရိယာများ အသုံးပြုရန်နှင့် ပျိုးကိုင်းအား အဆစ်ပိတ်ဖြတ်ရန်လိုအပ် ပါသည်။ အဆစ်ပိတ်ဆိုသည်မှာ အရွက်ထွက်သည့် အဆစ်၏ အောက်ကပ်လျက် နေရာမှဖြတ်ရန် ဖြစ်ပါသည်။


ကျန်းမာသန်စွမ်းသော မျိုးပင်မှ မျိုးကိုင်းကောင်းတစ်ခု


ဘေးကိုင်း (သို့မဟုတ်) ကိုင်းညံ့


မျိုးကိုင်းအဖြစ် မသုံးသင့်သော ရွက်နုထွက်နေသည့် အကိုင်းနု



မျိုးကိုင်းအား အောက်ခြေမှ အရွက်များခြွေနေပုံ

အရွက်ထွက်သည့် အောက်ခြေနားမှ ကတ်၍ အဆစ်ပိတ်ဖြတ်သည်။



၃။ နေရာရွေးချယ်မှုနှင့် ပြင်ဆင်မှု
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ပျိုးကိုင်းများ ထားရှိမွေးမြူ မည့်နေရာ သည် လေဝင်လေထွက်ကောင်းခြင်း၊ အလင်းရောင် ကောင်းစွာရခြင်း၊ မြေအစိုဒါတ်ရှိခြင်း၊ နှင့် အေးမြသည့်နေရာ ဖြစ်ခြင်း စသည့် အချက်များနှင့် ပြည့်စုံသော နေရာ ဖြစ်ရပါမည်။ လိုအပ်ပါက အရိပ်စင် ထိုးပေးရပါမည်။ စင်အမြင့် သည် အနည်းဆုံး ၈ပေခန့် ဖြစ်သင့်ပါသည်။
မိမိနေထိုင်သည့် ဒေသ ၏ရာသီ ဥတုအခြေအနေ ကိုလိုက်ပြီး အသုံးပြုမည့် အရိပ်စ (nursery net) ရာခိုင်နှုန်း အနည်းအများကွဲပြားပါမည်။ ပေါင်းမိုးအတွင်း အစိုဒါတ်ထိန်းညှိပေးရန်နှင့် မိုးများခြင်းကြောင့်သော်လည်းကောင်း  ၊ ရေဝင်ခြင်းကြောင့် သော်လည်းကောင်း ပျိုးအိတ်များအတွင်း ရေလွန်ကဲမှု မရှိစေရန် မိမိ ပျိုးမည့်ပျိုးအိတ်များအား  ရေဝအောင် လောင်းထားသည့် အုတ်နီခဲ စီထားသော ပျိုးဘောင်များပေါ်တွင်ထားသင့်ပါသည်။သို့မဟုတ်ပါက မြေဘောင်မြင့်မြင့်ပေါ်တွင်လည်း ထားနိုင်ပါသည်။

သတိပြုရန်မှာ။  ။မျိုးကိုင်းစိုက်ပြီးသား ပျိုးအိတ်များအားနေ ရောင်ခြည်  တိုက်ရိုက် မထိစေရပါ။


လေဝင်လေထွက်ကောင်းပြီး နေရောင်ကောင်းစွာရသော နေရာ

၄။ ပျိုးအိတ်
🍀🍀🍀🍀🍀

ပျိုးအိတ်အရွယ်အစားမှာ မိမိပျိုးမည့် ပျိုးကိုင်း အကြီးအသေးပေါ်မူတည်ပြီး ပျိုးကိုင်းနှင့် လိုက်ဖက်ညီသော အရွယ်အစားရှိသည့် ပျိုးအိတ်ကိုသုံးသင့်ပါသည်။အများဆုံး အသုံးပြုလေ့ရှိသော ပျိုးအိတ်များမှာ ၃"-၄" နှင့် ၄"-၅" အိတ်များဖြစ်ပါသည်။

သတိပြုရန်။     ။ ပျိုးအိတ်အောက်ခြေအား အပေါက်ဖောက်ရန်ဖြစ်ပါသည်။

ပျိုးအိတ်အောက်ခြေအား အပေါက်ဖောက်နေပုံ



၅။ ပျိုးအိတ်ထဲတွင် အသုံးပြုမည့် မြေ ပြင်ဆင်ခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ရာသီဥတု နေရာ ဒေသ ပေါ်မူတည်ပြီး အသုံးပြုမည့်မြေ အမျိုးအစားကွဲပြားနိုင်ပါသည်။
ဥပမာ။  ။ ရန်ကုန်တွင် သဲနှင့်ဖွဲပြာ အသုံးပြုလေ့ရှိပြီး မန္တလေးမြို့တွင် မြစ်နုံးကိုအသုံးပြု လေ့ရှိပါသည်။ အရေးကြီးသည်မှာ ဇကာချပြီးသား နုံးမြေမှုံ (သို့) သဲဖွဲပြာစပ်မြေအား ပျိုးအိတ်အတွင်း တင်းကြပ်စွာ ထည့်ရန်လိုအပ်ပါသည်။အကြောင်းမှာ  မျိုးကိုင်းစိုက်ပြီးနောက် မျိုးကိုင်းသည်မြေအိတ် အတွင်း လှုပ်ရှားမှုမရှိ ငြိမ်သက်စွာ အနေအထားမပျက်စေရန်ဖြစ်ပါသည်။


ပျိုးအိတ်အတွင်းသို့နုံး မြေမှုန့်တဝက်ခန်ထည့်ပြီး သည့်နောက် ပျိုးအိတ်အောက်ခြေ ထောင့် ၂ထောင့်အား လက်ညှိုးနှင့်လက်မ သုံးပြီး အတွင်းသို့ နှိုက်ထည့်ရန် လိုပါသည်။ ထို့နောက် ၎င်းအိတ်အား မြေပြင်ညီပေါ်တွင် ပျိုးအိတ်အောက်ခြေ ပြားပြီး ဝိုင်းနေစေရန်အတွက် ၄/၅ချက်ခန့် အသာအယာ ဆောင့်ပေးရန်လိုအပ်ပါသည်။ သို့မှသာ မြေပြင်ပေါ်တွင် တည်ငြိမ်စွာထောင်မတ် ထားနိုင်သော ပျိုးအိတ်ရရှိနိုင်မှာ ဖြစ်ပါသည်။

ဇကာချထားသော နုံးမြေကို အိတ်တစ်ဝက်ခန့် ထည့်နေပုံ

အိတ်အောက်ခြေမျက်နှာပြင် ညီစေရန် အိတ်ထောင့်စွန်း၂ဖက်အား လက်ညှိုးနှင့်လက်မ နှိုက်သွင်းနေပုံ

အိတ်အောက်ခြေရှိ အပေါက်ငယ်များ



၆။ မြေထည့်ပြီး ပျိုးအိတ်များအား ရေလောင်းခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ပျိုးအိတ်များအတွင်းသို့ အသုံးပြုမည့် မြေ ထည့်ပြီးနောက် ပျိုးအိတ်များကို ရေလောင်းပေးရပါမည်။
ပျိုးအိတ်နဲပါက တစ်အိတ်ချင်း ရေလောင်းနိုင်သော်လည်း ပျိုးအိတ်များပါက ရေပန်းခရား(သို့) ပန်းမွှားတပ်ထားသော ရေပိုက်ဖြင့်လောင်းနိုင်ပါသည်။ ပျိုးအိတ်အောက်ခြေအထိ ရေရောက်အောင် လောင်းရပါမည်။
ရေလောင်းများသွားပြီး မြေအလွန်ပျော့နေပါက အခြေအနေပေါ်မူတည်ပြီး တစ်ရက် (သို့) နှစ်ရက်ခန့် စောင့်ရန်လိုပါမည်။ ပျိုးအိတ်အတွင်းရေများလွန်းပါက မျိုးကိုင်းပုပ်တတ်သကဲ့သို့ ရေနဲလွန်းပါက အမြစ်ကျနှောင့်နှေးတတ်သည့်အပြင် တခါတရံ လုံးဝ အမြစ်မကျသည်အထိ ဖြစ်တတ်ပါသည်။
ရေလောင်းပြီးနောက် ပျိုးအိတ်အတွင်းရှိ မြေသည် စိုပြီး ခပ်တင်းတင်းအနေအထားဖြစ်ပြီဆိုပါက ကိုင်းပျိုးရန် အကောင်းဆုံးအနေအထား ရပြီဖြစ်ပါသည်။

သတိပြုရန်မှာ။  ။ ရေလောင်းပြီး ချက်ချင်း ကိုင်းမပျိုးရန် နှင့် ရေလောင်းထားသော နုံးမြေ မှ ရေစစ်သွားရန် အချိန်အနည်းငယ် စောင့်သင့်ပါသည်။

မြေထည့်ပြီးသား ပျိုးအိတ်ကို ရေဝအောင် လောင်းထားပုံ


အုတ်နီခဲ စီခင်းထားသော ပျိုးဘောင်ပေါ်တွင် တွေ့ရသည့် စိုက်ပျိုးရန်အသင့်ရှိသော ပျိုးအိတ်များ


၇။ အိတ်အတွင်းသို့ မျိုးကိုင်းစိုက်ထည့်ခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဆေးရရှိ နိုင်မှု အခြေအနေ နှင့် တစ်ဦးချင်း၏ အကြိုက်ပေါ်မူတည်ပြီး ပျိုးအိတ်အတွင်းသို့ ထိုးစိုက်မည့် မျိုးကိုင်း၏အောက် ထိပ်ဖျားအား အမြစ်ကျမြန်စေရန် အမြစ်ကျဆေး(root grow) အသုံးပြုလေ့ရှိပါသည်။ ၎င်းဆေးတို့ပြီး နောက် မျိုးကိုင်းအား ပျိုးအိတ်အတွင်းသို့အနက် တစ်လက်မခန့် ထိုးစိုက်ပြီး ပျိုးကိုင်းအောက်ခြေရှိ မြေအား သိပ်ပေးရပါမည်။ အကြောင်းမှာ ပျိုးကိုင်းသည် မြေအိတ်အတွင်း တည်ငြိမ်နေစေရန်အတွက် ဖြစ်ပြီး မငြိမ်ပါက အမြစ်ကျချိန် နောက်ကျြ ခင်း ေ သာ် လည်းကောင်း ကျပြီးသော အမြစ်သစ်ြ ပတ် ထွက်တတ်ခြင်း သော်လည်းကောင်း ဖြစ်တတ်ပါသည်။


မျိုးကိုင်းစိုက်ပြီး အောက်ခြေအား လက်ဖြင့် သိပ်ပေးပုံ

မျိုးကိုင်း တည်ငြိမ်နေစေရန် ဖြစ်သည်။



၈။ ပျိုးအိတ်များအားထားသိုပုံ
🍀🍀🍀🍀🍀🍀🍀🍀🍀

မျိုးကိုင်းစိုက်ပြီးသော ပျိုးအိတ်များအား ရေငွေ့ဆုံးရှုံးမှု မရှိစေရန်အတွက် ပျိုးပင်နည်းပါက ပလပ်စတစ်အိတ်တွင် အလုံထည့် ပြီးသော်လည်းကောင်း၊ ပျိုးပင်များပါက ပလပ်စတစ်ပေါင်းမိုးများ ပြုလုပ်ပြီးသော်လည်းကောင်း ထာရှိရပါမည်။ ပလပ်စတစ်ပေါင်းမိုးနှင့်ထားခြင်းသည် ပျိုးပင်အစို ဓာတ်ရစေရန် ရည်ရွယ်သဖြင့် မိုးများသော အရပ်ဒေသများတွင် အလုံပိတ်ထားသော ပလပ်စတစ်ပေါင်းမိုး မလိုအပ်နိုင်ပေ။

သတိပြုရန်မှာ။   ။ ပလပ်စတစ်ပေါင်းမိုး အတွင်းရှိပျိုးအိတ်များသည် ပလပ်စတစ်ပေါင်းမိုး၏ အတွင်းနံရံ နှင့်ထိကပ်မနေရပါ။ အကြောင်းမှာ ပေါင်းမိုး၏ အတွင်းနံရံ တွင်စုနေသော ချွေးပေါက်များသည် ထိကပ်နေသော ပျိုးအိတ်အတွင်းသို့ စီးဝင်လာတတ်သောကြောင့် မျိုးကိုင်းအား ထိခိုက်ပျက်စီးစေတတ်ပါသည်။

ပေါင်းမိုး

ရေအစို ဓာတ်ထိန်းစေရန် ဖြစ်သဖြင့် အချို့သော စိုစွတ်သည့် ဒေသတွင် ပေါင်းမိုးမလိုပါ။



၉။ ပျိုးအိတ်များအားထိန်းသိမ်းစောင့်ရှောက်ပြုစုခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ပျိုးပင်များစတင်ပျိုးပြီးနောက် တစ်ရက် နှစ်ရက်ခန့် အကြာတွင် ပလပ်စတစ်ပေါင်းမိုး ၏ အတွင်းနံရံတွင် ရေစက် ငယ်များ ကပ်နေသည်ကို တွေ့ ရပါမည်။ ၎င်းမှာ ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ထိုသို့ ရေမှုန်များ ကပ်မလာပဲ  ပေါင်းမိုးအတွင်းအစို ဓာတ် နည်းနေပါက ဆေးဖြန်း ကိရိယာ ဖြင့် ရေမှုန်များ ဖြန်းပက်ပေးရပါမည်။


မျိုးကိုင်းစတင်ပျိုးပြီး တစ်ပတ်ခန့်အကြာတွင် အချို့ ပျိုးကိုင်းမှ အရွက်အချို့ ဝါပြီးကြွေကျ လေ့ရှိပါသည်။ ၎င်းအရွက်ကြွေများအား အခါအားလျော်စွာ သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။


ပေါင်းမိုးအတွင်း တခါတရံ မှိုရောဂါ ကျရောက်ပါက ပင်လုံးပြန့် အာနိသင်ရှိသောမှိုသတ်ဆေး ဖြန်းပေးရန် လိုအပ်ပါသည်။ သို့သော် copper ပါသော မှိုသတ်ဆေးအားရှောင်ကြဉ်သင့်ပါသည်။ တော်ဝင်သပြေကဲ့သို့ အချိန်ကြာမြင့်စွာ ပျိုးရသော အချို့ အပင်အမျိုးအစား ပျိုးပင်များတွင် ပိုးမွှားများ( mealy bug) ကျရောက်နေပါက ပျိုးပင်ငယ်များ၏ အမြစ်နုများအား ပျက်စီးစေပြီး နေရာကွက်ပြီး ပျိုးပင်များသေနေတတ်ပါသည်။ထိုအခါတွင် ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေး ဖြန်းပေးရန်လိုအပ်ပါသည်။

ပျိုးထားသော ပျိုးအိတ်များရေခြောက်နေပါက လည်းရေ အနည်းငယ်လောင်းပေးရန် လိုအပ်ပါသည်။ တခါတရံ အချိန်ကြာမြင့်စွာ ပျိုးရသော မျိုးကိုင်းများ ပျိုးထားချိန်တွင် မိုးများခြင်း၊ (သို့) ရေကြီးရေလျံခြင်းကြောင့် ပေါင်းမိုးအတွင်း အစို ဓာတ်များလွန်းကာ ပေါင်းမိုးအတွင်းနံရံ တွင် ရေညှိများ တက်လာတတ်ပါသည်။ ထိုအချိန်တွင်အစို ဓာတ်လျှော့ရန်အတွက် ပလပ်စတစ်အား အတွင်းအပြင်လှန်ပြီး ပြန်လည် မိုးပေးခြင်းဖြင့် ပေါင်းမိုးအတွင်းရှိ အစို ဓာတ်လျှော့ချနိုင်ပါသည်။ တခါတရံ ပတ်ဝန်းကျင် အပူလွန်ကဲနေပါက ပေါင်းမိုးအား ရေပက်ပေးခြင်းဖြင့် ပေါင်းမိုးအတွင်းရှိ အပူချိန်အား လျှော့ချနိုင်ပါသည်။


ကောင်းသောလက္ခဏာဖြစ်သည့် ပေါင်းမိုးအတွင်း အစို ဓာတ်ရှိကြောင်းကိုပြသော အတွင်းနံရံ ချွေးပြန်နေပုံ



၁၀။  အမြစ်ကျဆင်းနိုင်မှုအခြေ အနေ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိမိပျိုးထားသော ပျိုးပင်အမျိုးအစား နှင့်ကိုင်းအမာ အပျော့ ပေါ် မူတည်ပြီး အမြစ်ကျသော အချိန် အနည်းအများ ကွာဟမှုရှိပါသည်။ တချို့ အပင်ပျော့ မျိုး များသည် ရက်အနည်းငယ်အတွင်း အမြစ်စတင် ကျလေ့ရှိပြီး အချို့ ကိုင်းမာသော အပင်အမျိုးအစားများမှာ ၂လ /၃လ မှ ၅လ/၆ လ အထိကြာမြင့်တတ်ပါသည်။

၁၁။  ပျိုးပင်များအားရွေးချယ်ထုတ်ယူခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

များသောအားဖြင် အပင်ပျော့ ပျိုးပင်များသည် အမြစ်ကျ မြန်ပြီး ပျိုးပင်အများစုမှာ တပြိုက်နက်တည်း အမြစ်ကျလေ့ရှိပါသည်။ ၎င်းအခြေအနေမျိုးတွင် ပလပ်စတစ်ပေါင်းမိုး၏ ထိပ်နှစ်ဖက်ကို တစ်ရက်မှ နှစ်ရက်ခန့် ကြာအောင် ဖွင့်ထားပြီး နောက်ပိုင်းတွင်မှ ပေါင်းမိုးတခုလုံး ဖွင့်ပေးရပါမည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ပေါင်းမိုးအတွင်းရှိပျိုးပင်အား ပြင်ပ အခြေအနေ နှင့် လိုက်လျော ညီထွေမှု ရှိစေရန် တဖြည်းဖြည်းချင်း ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထိုသို့ ပြင်ပ ပတ်ဝန်းကျင်နှင့် တဆင့်ချင်းထိတွေ့မပေးပဲ ပေါင်မိုး တခုလုံးအား တပြိုင်ထဲ ဖွင့်လိုက်ပါက အချို့ပျိုးပင်များသည် ရုတ်တရက်အခြေအနေ ပြောင်းလည်းသည့်ဒဏ်ကို မခံနိုင်ပဲ အညွန့်နုများ ညှိုးတတ် ခြောက်တတ်ပါသည်။


အချို့ ကိုင်းမာသော အပင်အမျိုးအစားမျိုးကိုင်းများသည် အမြစ်ကျနောက်ကျပြီး ပျိုးပင်တစ်ပင် နှင့်တစ်ပင် အမြစ်ကျချိန်မတူညီတတ်ပါ။ ထိုအခြေအနေမျိုးတွင် အမြစ်ကျပြီးသားပျိုးပင် များအား သီးခြားရွေးထုတ်ယူပြီးနောက် အမြစ်မကျသေးသော ပျိုးပင်များအား ပေါင်းမိုးအတွင်းအမြစ် ကျသည်အထိ ဆက်လက်မွေးရပါမည်။


ရွေးထုတ်ပြီးသား ပျိုးပင်များအား နေရောင် ခပ်ပျောက်ပျောက်ရသော နေရာ မှ တဆင့် နေရောင်ခြည် ပိုမို ရသော နေရာသို ပျိုးပင်၏ အမျိုးအစား နှင့် အခြေ အနေ ပေါ် မူတည်ပြီး အဆင့်ဆင့် ပြောင်းရွှေ့ ပေးရန်လိုအပ်ပါသည်။


ထို့နောက် ၎င်းပျိုးပင် ငယ်များအား ပျိုးအိတ်အကြီးများထဲတွင် ပြောင်းရွှေ့ စိုက်ပျိုးနိုင် သော ပျိုးပင်များ အဖြစ်သို့ရောက်ရှိပြီဖြစ်ပါသည်။


အမြစ်ကျပြီးသား ပျိုးပင်


မှတ်ချက်
🍀🍀🍀🍀


မိမိ၏ နှစ် ၂၀ ကျော် စိုက်ပျိုးရေး အတွေ့ အကြုံ များ အပေါ် အခြေခံ ပြီး သိရှိထားသမျှကို မချွင်းမချန် ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ဖတ်ရှုသူ မိတ်ဆွေတို့ အနေနှင့် အကျိုးတစုံတရာ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ လိုအပ်ချက်များ ရှိပါက လူကြီးမင်းတို့၏ နွေးထွေးသော အကြံပြုချက်များကိုလည်း ခင်မင်လေးစားစွာ ကြိုဆိုလျက်ရှိပါသည်။

ဒေါက်တာအုန်းမြင့် 



လြယ္လြယ္ကူကူကိုင္းျဖတ္ (cutting)နည္းျဖင့္ ပ်ိဳးပင္မ်ား မ်ိဳးပြားၾကရေအာင္
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ခ်စ္မိတ္ေဆြမ်ား ခင္ဗ်ား

ေတာ္ဝင္သေျပပင္ ကိုကိုင္းဆက္ပ်ိဳးနည္း ပို႕စ္တင္ခဲ့စဥ္က ကိုင္းပ်ိဳးနည္းထဲက တခုျဖစ္တဲ့ ကိုင္းျဖတ္ပ်ိဳးနည္း ( cutting) နည္းကို ဆက္လက္တင္ျပမည့္ အေၾကာင္းေရးခဲ့ပါတယ္။ သို႕ေသာ္ အလုပ္မအားသည္က တေၾကာင္း ေရးရန္ လက္ေတြ႕ျပစရာ ပံုအဆင္သင့္မရွိသည္က တေၾကာင္းေၾကာင့္ ၾကန္႕ၾကာခဲ့ပါတယ္။
ယခု အခ်ိန္သည္ မိုးၿဖိဳင္ၿဖိဳင္ရြာၿပီးခ်ိန္ျဖစ္လို႕ ကိုင္းျဖတ္ပ်ိဳးရန္ အခ်ိန္ေကာင္းျဖစ္ပါတယ္။ဒါ့ေၾကာင့္ ကိုင္းျဖတ္ပ်ိဳးနည္းကို တင္ျပလိုက္ပါတယ္။ ေတာ္ဝင္သေျပ အျပင္ တျခားအပင္မ်ားပါ ပ်ိဳးႏိုင္ရန္ အေျခခံ အခ်က္အလက္မ်ားကိုျခံဳငံုၿပီး လြယ္ကူရွင္းလင္းစြာ ဖတ္ရွဳႏိုင္ရန္ အပိုင္း ၁၁ပိုင္းခြဲကာ ပံုမ်ားႏွင့္ ရွင္းလင္းခ်က္မ်ား တြဲ လ်က္တင္ျပထားပါသည္။

၁။ ရာသီခ်ိန္ခါေရြးခ်ယ္ျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိုးၿဖိဳင္ၿဖိဳင္ရြာၿပီးေနာက္ ပတ္ဝန္းက်င္ အပူခ်ိန္ေလ်ာ့က်သြားေသာ အခ်ိန္အခါသည္ ကိုင္းျဖတ္ပ်ိဳးရန္သင့္ေတာ္ေသာ အခ်ိန္အခါေကာင္းျဖစ္ပါသည္။ ပူျပင္းလြန္းေသာရာသီျဖစ္ပါက ေအာင္ျမင္မွဳရာႏွဳန္းေလ်ာ့နည္းေလ့ရွိပါသည္။

၂။ မ်ိဳးပင္ ၊ မ်ိဳးကိုင္း ေရြးခ်ယ္ျခင္းႏွင့္ျပင္ဆင္ျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
      
မ်ိဳးပင္ ။    ။မိမိ မ်ိဳးပြားလိုေသာအပင္သည္ က်န္းမာေရး အလြန္ေကာင္းျခင္း (သို႕) သစ္ရည္ျပည့္ဝၿပီး အေရာင္ရႊမ္းစိုေတာက္ပေသာ အရြက္မ်ားရွိရပါမည္။
          
မ်ိဳးကိုင္း။  ။မိမိ ပ်ိဳးလိုေသာ ပ်ိဳးပင္အမ်ိဳးအစားေပၚ မူတည္ၿပီး မ်ိဳးကိုင္းေရြးခ်ယ္မွဳကြဲျပားႏိုင္ပါသည္။

အေရးႀကီးသည္မွာ မိမိေရြးခ်ယ္ေသာမ်ိဳးကိုင္းသည္ မႏုလြန္း မရင့္လြန္းပဲ အားေကာင္းသန္မာသည့္ မ်ိဳးကိုင္းအားေရြးခ်ယ္မွသာလွ်င္ က်န္းမာ  သန္စြမ္းေသာပ်ိဳးပင္မ်ား  ရရွိလာမည္ျဖစ္ပါသည္။ အရည္အေသြး ညံ႕ေသာ မ်ိဳးကိုင္းအား ပ်ိဳးမိပါက မသန္စြမ္းေသာ ပ်ိဳးပင္မ်ားသာရရွိပါမည္။ ပ်ိဳးပင္အမ်ိဳးအစားကိုလိုက္ၿပီး ျဖတ္ယူရမည့္ မ်ိဳးကိုင္းကြဲျပားႏိုင္ပါသည္။
ဥပမာ။ ။ သေျပ ၊ ပန္းသနပ္ခါး၊ အစရွိေသာ အ႐ိုးမာၿပီးအရြက္ေသးေသာ ပ်ိဳးပင္မ်ားအား ပ်ိဳးမည္ဆိုပါက မိခင္အပင္ႀကီး၏ အေပၚပိုင္းရွိ ေနေရာင္ေကာင္းစြာ ရရွိထားေသာ အရြက္ရင့္ၿပီးသည့္ ထိပ္ၫြန္႕ အပိုင္းအား ၃/၄ လက္မ ခန္႕ျဖတ္ယူ ပ်ိဳးသင့္ပါသည္။

အခ်ိဳ႕ အပင္မ်ားမွာအရြက္ႀကီးလြန္းေနပါက အရြက္၏ တဝက္ ( သို႕)  ၃ပံု ၂ပံု ခန္႕ ျဖတ္ခ်သင့္ပါသည္။ အေၾကာင္းမွာ အျမစ္မက်ေသးခင္ ပ်ိဳးကိုင္းမွ ေရဓာတ္ဆံုးရံွဳးမွဳေလွ်ာ့ခ်ရန္ ျဖစ္ပါသည္။
အခ်ိဳ႕ အဆစ္အလြန္စိတ္ေသာ အပင္အား မ်ိဳးပြားမည္ဆိုပါက အပင္၏ အၫြန္႕ပိုင္းအား မ်ိဳးကိုင္းအျဖစ္ ၂လက္မ ခန္႕သာျဖတ္ယူသင့္ပါသည္။
ဥပမာ။  ။ ပုဏၰရိတ္ အပု၊ ဇလပ္ပု။

တခ်ိဳ႕ပ်ိဳးပင္မ်ားမွာ အလြန္သန္ၿပီး ကိုင္းရွည္မ်ား ထြက္တတ္ပါသည္။ ၎ကိုင္းမ်ားအား ပ်ိဳးပါက ထိပ္ၫြန္႕သာမကပဲ အလယ္႐ိုးမ်ားကိုလည္း ၃/၄ လက္မခန္႕ပိုင္းဆစ္ ပ်ိဳးႏိုင္ပါသည္။ ထိုသို႕ပ်ိဳးရာတြင္ ေျမထဲသို႕ ထိုးစိုက္မည့္ မ်ိဳးကိုင္း၏ ေအာက္ေျခမွ အရြက္အနည္းငယ္အား ျဖဳတ္ခ်ၿပီးမွ ပ်ိဳးအိတ္အတြင္းသို႕ ထိုးစိုက္ပ်ိဳးရမည္ျဖစ္ပါသည္။
ဥပမာ။    ပန္းစကၠၠဴ၊  ထိုင္း ပ်ဥ္းမ၊ ပန္းအိ။

သတိျပဳရန္မွာ ။     ။ ပ်ိဳးကိုင္းမနာေစရန္အတြက္ အလြန္ထက္ၿပီးသန္႕ရွင္းေသာ စိုက္ပ်ိဳးေရးသံုး ကိရိယာမ်ား အသံုးျပဳရန္ႏွင့္ ပ်ိဳးကိုင္းအား အဆစ္ပိတ္ျဖတ္ရန္လိုအပ္ ပါသည္။ အဆစ္ပိတ္ဆိုသည္မွာ အရြက္ထြက္သည့္ အဆစ္၏ ေအာက္ကပ္လ်က္ ေနရာမွျဖတ္ရန္ ျဖစ္ပါသည္။

က်န္းမာသန္စြမ္းေသာ မ်ိဳးပင္မွ မ်ိဳးကိုင္းေကာင္းတစ္ခု

ေဘးကိုင္း (သို႔မဟုတ္) ကိုင္းညံ့

မ်ိဳးကိုင္းအျဖစ္ မသံုးသင့္ေသာ ရြက္ႏုထြက္ေနသည့္ အကိုင္းႏု


မ်ိဳးကိုင္းအား ေအာက္ေျခမွ အရြက္မ်ားေႁခြေနပံု
အရြက္ထြက္သည့္ ေအာက္ေျခနားမွ ကတ္၍ အဆစ္ပိတ္ျဖတ္သည္။


၃။ ေနရာေရြးခ်ယ္မွဳႏွင့္ ျပင္ဆင္မွဳ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ပ်ိဳးကိုင္းမ်ား ထားရွိေမြးျမဴ မည့္ေနရာ သည္ ေလဝင္ေလထြက္ေကာင္းျခင္း၊ အလင္းေရာင္ ေကာင္းစြာရျခင္း၊ ေျမအစိုဒါတ္ရွိျခင္း၊ ႏွင့္ ေအးျမသည့္ေနရာ ျဖစ္ျခင္း စသည့္ အခ်က္မ်ားႏွင့္ ျပည့္စံုေသာ ေနရာ ျဖစ္ရပါမည္။ လိုအပ္ပါက အရိပ္စင္ ထိုးေပးရပါမည္။ စင္အျမင့္ သည္ အနည္းဆံုး ၈ေပခန္႕ ျဖစ္သင့္ပါသည္။
မိမိေနထိုင္သည့္ ေဒသ ၏ရာသီ ဥတုအေျခအေန ကိုလိုက္ၿပီး အသံုးျပဳမည့္ အရိပ္စ (nursery net) ရာခိုင္ႏွဳန္း အနည္းအမ်ားကြဲျပားပါမည္။ ေပါင္းမိုးအတြင္း အစိုဒါတ္ထိန္းညႇိေပးရန္ႏွင့္ မိုးမ်ားျခင္းေၾကာင့္ေသာ္လည္းေကာင္း  ၊ ေရဝင္ျခင္းေၾကာင့္ ေသာ္လည္းေကာင္း ပ်ိဳးအိတ္မ်ားအတြင္း ေရလြန္ကဲမွဳ မရွိေစရန္ မိမိ ပ်ိဳးမည့္ပ်ိဳးအိတ္မ်ားအား  ေရဝေအာင္ ေလာင္းထားသည့္ အုတ္နီခဲ စီထားေသာ ပ်ိဳးေဘာင္မ်ားေပၚတြင္ထားသင့္ပါသည္။သို႕မဟုတ္ပါက ေျမေဘာင္ျမင့္ျမင့္ေပၚတြင္လည္း ထားႏိုင္ပါသည္။

သတိျပဳရန္မွာ။  ။မ်ိဳးကိုင္းစိုက္ၿပီးသား ပ်ိဳးအိတ္မ်ားအားေန ေရာင္ျခည္  တိုက္႐ိုက္ မထိေစရပါ။

ေလဝင္ေလထြက္ေကာင္းၿပီး ေနေရာင္ေကာင္းစြာရေသာ ေနရာ
၄။ ပ်ိဳးအိတ္
🍀🍀🍀🍀🍀

ပ်ိဳးအိတ္အရြယ္အစားမွာ မိမိပ်ိဳးမည့္ ပ်ိဳးကိုင္း အႀကီးအေသးေပၚမူတည္ၿပီး ပ်ိဳးကိုင္းႏွင့္ လိုက္ဖက္ညီေသာ အရြယ္အစားရွိသည့္ ပ်ိဳးအိတ္ကိုသံုးသင့္ပါသည္။အမ်ားဆံုး အသံုးျပဳေလ့ရွိေသာ ပ်ိဳးအိတ္မ်ားမွာ ၃"-၄" ႏွင့္ ၄"-၅" အိတ္မ်ားျဖစ္ပါသည္။
သတိျပဳရန္။     ။ ပ်ိဳးအိတ္ေအာက္ေျခအား အေပါက္ေဖာက္ရန္ျဖစ္ပါသည္။
ပ်ိဳးအိတ္ေအာက္ေျခအား အေပါက္ေဖာက္ေနပံု


၅။ ပ်ိဳးအိတ္ထဲတြင္ အသံုးျပဳမည့္ ေျမ ျပင္ဆင္ျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ရာသီဥတု ေနရာ ေဒသ ေပၚမူတည္ၿပီး အသံုးျပဳမည့္ေျမ အမ်ိဳးအစားကြဲျပားႏိုင္ပါသည္။
ဥပမာ။  ။ ရန္ကုန္တြင္ သဲႏွင့္ဖြဲျပာ အသံုးျပဳေလ့ရွိၿပီး မႏၲေလးၿမိဳ႕တြင္ ျမစ္ႏံုးကိုအသံုးျပဳ ေလ့ရွိပါသည္။ အေရးႀကီးသည္မွာ ဇကာခ်ၿပီးသား ႏံုးေျမမံွဳ (သို႕) သဲဖြဲျပာစပ္ေျမအား ပ်ိဳးအိတ္အတြင္း တင္းၾကပ္စြာ ထည့္ရန္လိုအပ္ပါသည္။အေၾကာင္းမွာ  မ်ိဳးကိုင္းစိုက္ၿပီးေနာက္ မ်ိဳးကိုင္းသည္ေျမအိတ္ အတြင္း လွဳပ္ရွားမွဳမရွိ ၿငိမ္သက္စြာ အေနအထားမပ်က္ေစရန္ျဖစ္ပါသည္။

ပ်ိဳးအိတ္အတြင္းသို႕ႏံုး ေျမမွဳန္႕တဝက္ခန္ထည့္ၿပီး သည့္ေနာက္ ပ်ိဳးအိတ္ေအာက္ေျခ ေထာင့္ ၂ေထာင့္အား လက္ညွိဳးႏွင့္လက္မ သံုးၿပီး အတြင္းသို႕ ႏွိဳက္ထည့္ရန္ လိုပါသည္။ ထို႕ေနာက္ ၎အိတ္အား ေျမျပင္ညီေပၚတြင္ ပ်ိဳးအိတ္ေအာက္ေျခ ျပားၿပီး ဝိုင္းေနေစရန္အတြက္ ၄/၅ခ်က္ခန္႕ အသာအယာ ေဆာင့္ေပးရန္လိုအပ္ပါသည္။ သို႕မွသာ ေျမျပင္ေပၚတြင္ တည္ၿငိမ္စြာေထာင္မတ္ ထားႏိုင္ေသာ ပ်ိဳးအိတ္ရရွိႏိုင္မွာ ျဖစ္ပါသည္။
ဇကာခ်ထားေသာ ႏံုးေျမကို အိတ္တစ္ဝက္ခန္႔ ထည့္ေနပံု
အိတ္ေအာက္ေျခမ်က္ႏွာျပင္ ညီေစရန္ အိတ္ေထာင့္စြန္း၂ဖက္အား လက္ညႇိဳးႏွင့္လက္မ ႏႈိက္သြင္းေနပံု
အိတ္ေအာက္ေျခရွိ အေပါက္ငယ္မ်ား


၆။ ေျမထည့္ၿပီး ပ်ိဳးအိတ္မ်ားအား ေရေလာင္းျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ပ်ိဳးအိတ္မ်ားအတြင္းသို႕ အသံုးျပဳမည့္ ေျမ ထည့္ၿပီးေနာက္ ပ်ိဳးအိတ္မ်ားကို ေရေလာင္းေပးရပါမည္။
ပ်ိဳးအိတ္နဲပါက တစ္အိတ္ခ်င္း ေရေလာင္းႏိုင္ေသာ္လည္း ပ်ိဳးအိတ္မ်ားပါက ေရပန္းခရား(သို႕) ပန္းမႊားတပ္ထားေသာ ေရပိုက္ျဖင့္ေလာင္းႏိုင္ပါသည္။ ပ်ိဳးအိတ္ေအာက္ေျခအထိ ေရေရာက္ေအာင္ ေလာင္းရပါမည္။
ေရေလာင္းမ်ားသြားၿပီး ေျမအလြန္ေပ်ာ့ေနပါက အေျခအေနေပၚမူတည္ၿပီး တစ္ရက္ (သို႕) ႏွစ္ရက္ခန္႕ ေစာင့္ရန္လိုပါမည္။ ပ်ိဳးအိတ္အတြင္းေရမ်ားလြန္းပါက မ်ိဳးကိုင္းပုပ္တတ္သကဲ့သို႕ ေရနဲလြန္းပါက အျမစ္က်ေႏွာင့္ေႏွးတတ္သည့္အျပင္ တခါတရံ လံုးဝ အျမစ္မက်သည္အထိ ျဖစ္တတ္ပါသည္။
ေရေလာင္းၿပီးေနာက္ ပ်ိဳးအိတ္အတြင္းရွိ ေျမသည္ စိုၿပီး ခပ္တင္းတင္းအေနအထားျဖစ္ၿပီဆိုပါက ကိုင္းပ်ိဳးရန္ အေကာင္းဆံုးအေနအထား ရၿပီျဖစ္ပါသည္။

သတိျပဳရန္မွာ။  ။ ေရေလာင္းၿပီး ခ်က္ခ်င္း ကိုင္းမပ်ိဳးရန္ ႏွင့္ ေရေလာင္းထားေသာ ႏံုးေျမ မွ ေရစစ္သြားရန္ အခ်ိန္အနည္းငယ္ ေစာင့္သင့္ပါသည္။
ေျမထည့္ၿပီးသား ပ်ိဳးအိတ္ကို ေရဝေအာင္ ေလာင္းထားပံု

အုတ္နီခဲ စီခင္းထားေသာ ပ်ိဳးေဘာင္ေပၚတြင္ ေတြ႕ရသည့္ စိုက္ပ်ိဳးရန္အသင့္ရွိေသာ ပ်ိဳးအိတ္မ်ား

၇။ အိတ္အတြင္းသို႕ မ်ိဳးကိုင္းစိုက္ထည့္ျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ေဆးရရွိ ႏိုင္မွဳ အေျခအေန ႏွင့္ တစ္ဦးခ်င္း၏ အႀကိဳက္ေပၚမူတည္ၿပီး ပ်ိဳးအိတ္အတြင္းသို႕ ထိုးစိုက္မည့္ မ်ိဳးကိုင္း၏ေအာက္ ထိပ္ဖ်ားအား အျမစ္က်ျမန္ေစရန္ အျမစ္က်ေဆး(root grow) အသံုးျပဳေလ့ရွိပါသည္။ ၎ေဆးတို႕ၿပီး ေနာက္ မ်ိဳးကိုင္းအား ပ်ိဳးအိတ္အတြင္းသို႕အနက္ တစ္လက္မခန္႕ ထိုးစိုက္ၿပီး ပ်ိဳးကိုင္းေအာက္ေျခရွိ ေျမအား သိပ္ေပးရပါမည္။ အေၾကာင္းမွာ ပ်ိဳးကိုင္းသည္ ေျမအိတ္အတြင္း တည္ၿငိမ္ေနေစရန္အတြက္ ျဖစ္ၿပီး မၿငိမ္ပါက အျမစ္က်ခ်ိန္ ေနာက္က်ျ ခင္း ေ သာ္ လည္းေကာင္း က်ၿပီးေသာ အျမစ္သစ္ျ ပတ္ ထြက္တတ္ျခင္း ေသာ္လည္းေကာင္း ျဖစ္တတ္ပါသည္။

မ်ိဳးကိုင္းစိုက္ၿပီး ေအာက္ေျခအား လက္ျဖင့္ သိပ္ေပးပံု
မ်ိဳးကိုင္း တည္ၿငိမ္ေနေစရန္ ျဖစ္သည္။


၈။ ပ်ိဳးအိတ္မ်ားအားထားသိုပံု
🍀🍀🍀🍀🍀🍀🍀🍀🍀

မ်ိဳးကိုင္းစိုက္ၿပီးေသာ ပ်ိဳးအိတ္မ်ားအား ေရေငြ႕ဆံုးရံွဳးမွဳ မရွိေစရန္အတြက္ ပ်ိဳးပင္နည္းပါက ပလပ္စတစ္အိတ္တြင္ အလံုထည့္ ၿပီးေသာ္လည္းေကာင္း၊ ပ်ိဳးပင္မ်ားပါက ပလပ္စတစ္ေပါင္းမိုးမ်ား ျပဳလုပ္ၿပီးေသာ္လည္းေကာင္း ထာရွိရပါမည္။ ပလပ္စတစ္ေပါင္းမိုးႏွင့္ထားျခင္းသည္ ပ်ိဳးပင္အစို ဓာတ္ရေစရန္ ရည္ရြယ္သျဖင့္ မိုးမ်ားေသာ အရပ္ေဒသမ်ားတြင္ အလံုပိတ္ထားေသာ ပလပ္စတစ္ေပါင္းမိုး မလိုအပ္ႏိုင္ေပ။

သတိျပဳရန္မွာ။   ။ ပလပ္စတစ္ေပါင္းမိုး အတြင္းရွိပ်ိဳးအိတ္မ်ားသည္ ပလပ္စတစ္ေပါင္းမိုး၏ အတြင္းနံရံ ႏွင့္ထိကပ္မေနရပါ။ အေၾကာင္းမွာ ေပါင္းမိုး၏ အတြင္းနံရံ တြင္စုေနေသာ ေခၽြးေပါက္မ်ားသည္ ထိကပ္ေနေသာ ပ်ိဳးအိတ္အတြင္းသို႕ စီးဝင္လာတတ္ေသာေၾကာင့္ မ်ိဳးကိုင္းအား ထိခိုက္ပ်က္စီးေစတတ္ပါသည္။
ေပါင္းမိုး
ေရအစို ဓာတ္ထိန္းေစရန္ ျဖစ္သျဖင့္ အခ်ိဳ႕ေသာ စိုစြတ္သည့္ ေဒသတြင္ ေပါင္းမိုးမလိုပါ။


၉။ ပ်ိဳးအိတ္မ်ားအားထိန္းသိမ္းေစာင့္ေရွာက္ျပဳစုျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ပ်ိဳးပင္မ်ားစတင္ပ်ိဳးၿပီးေနာက္ တစ္ရက္ ႏွစ္ရက္ခန္႕ အၾကာတြင္ ပလပ္စတစ္ေပါင္းမိုး ၏ အတြင္းနံရံတြင္ ေရစက္ ငယ္မ်ား ကပ္ေနသည္ကို ေတြ႕ ရပါမည္။ ၎မွာ ေကာင္းေသာ လကၡဏာ ျဖစ္ပါသည္။ ထိုသို႕ ေရမွဳန္မ်ား ကပ္မလာပဲ  ေပါင္းမိုးအတြင္းအစို ဓာတ္ နည္းေနပါက ေဆးျဖန္း ကိရိယာ ျဖင့္ ေရမွဳန္မ်ား ျဖန္းပက္ေပးရပါမည္။

မ်ိဳးကိုင္းစတင္ပ်ိဳးၿပီး တစ္ပတ္ခန္႕အၾကာတြင္ အခ်ိဳ႕ ပ်ိဳးကိုင္းမွ အရြက္အခ်ိဳ႕ ဝါၿပီးေႂကြက် ေလ့ရွိပါသည္။ ၎အရြက္ေႂကြမ်ားအား အခါအားေလ်ာ္စြာ သန္႕ရွင္းေရးျပဳလုပ္ေပးရပါမည္။

ေပါင္းမိုးအတြင္း တခါတရံ မွိဳေရာဂါ က်ေရာက္ပါက ပင္လံုးျပန္႕ အာနိသင္ရွိေသာမွိဳသတ္ေဆး ျဖန္းေပးရန္ လိုအပ္ပါသည္။ သို႕ေသာ္ copper ပါေသာ မွိဳသတ္ေဆးအားေရွာင္ၾကဥ္သင့္ပါသည္။ ေတာ္ဝင္သေျပကဲ့သို႕ အခ်ိန္ၾကာျမင့္စြာ ပ်ိဳးရေသာ အခ်ိဳ႕ အပင္အမ်ိဳးအစား ပ်ိဳးပင္မ်ားတြင္ ပိုးမႊားမ်ား( mealy bug) က်ေရာက္ေနပါက ပ်ိဳးပင္ငယ္မ်ား၏ အျမစ္ႏုမ်ားအား ပ်က္စီးေစၿပီး ေနရာကြက္ၿပီး ပ်ိဳးပင္မ်ားေသေနတတ္ပါသည္။ထိုအခါတြင္ ပင္လံုးျပန္႕ အာနိသင္ရွိေသာ ပိုးသတ္ေဆး ျဖန္းေပးရန္လိုအပ္ပါသည္။
ပ်ိဳးထားေသာ ပ်ိဳးအိတ္မ်ားေရေျခာက္ေနပါက လည္းေရ အနည္းငယ္ေလာင္းေပးရန္ လိုအပ္ပါသည္။ တခါတရံ အခ်ိန္ၾကာျမင့္စြာ ပ်ိဳးရေသာ မ်ိဳးကိုင္းမ်ား ပ်ိဳးထားခ်ိန္တြင္ မိုးမ်ားျခင္း၊ (သို႕) ေရႀကီးေရလ်ံျခင္းေၾကာင့္ ေပါင္းမိုးအတြင္း အစို ဓာတ္မ်ားလြန္းကာ ေပါင္းမိုးအတြင္းနံရံ တြင္ ေရညႇိမ်ား တက္လာတတ္ပါသည္။ ထိုအခ်ိန္တြင္အစို ဓာတ္ေလွ်ာ့ရန္အတြက္ ပလပ္စတစ္အား အတြင္းအျပင္လွန္ၿပီး ျပန္လည္ မိုးေပးျခင္းျဖင့္ ေပါင္းမိုးအတြင္းရွိ အစို ဓာတ္ေလွ်ာ့ခ်ႏိုင္ပါသည္။ တခါတရံ ပတ္ဝန္းက်င္ အပူလြန္ကဲေနပါက ေပါင္းမိုးအား ေရပက္ေပးျခင္းျဖင့္ ေပါင္းမိုးအတြင္းရွိ အပူခ်ိန္အား ေလွ်ာ့ခ်ႏိုင္ပါသည္။

ေကာင္းေသာလကၡဏာျဖစ္သည့္ ေပါင္းမိုးအတြင္း အစို ဓာတ္ရွိေၾကာင္းကိုျပေသာ အတြင္းနံရံ ေခၽြးျပန္ေနပံု


၁၀။  အျမစ္က်ဆင္းႏိုင္မွဳအေျခ အေန
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိမိပ်ိဳးထားေသာ ပ်ိဳးပင္အမ်ိဳးအစား ႏွင့္ကိုင္းအမာ အေပ်ာ့ ေပၚ မူတည္ၿပီး အျမစ္က်ေသာ အခ်ိန္ အနည္းအမ်ား ကြာဟမွဳရွိပါသည္။ တခ်ိဳ႕ အပင္ေပ်ာ့ မ်ိဳး မ်ားသည္ ရက္အနည္းငယ္အတြင္း အျမစ္စတင္ က်ေလ့ရွိၿပီး အခ်ိဳ႕ ကိုင္းမာေသာ အပင္အမ်ိဳးအစားမ်ားမွာ ၂လ /၃လ မွ ၅လ/၆ လ အထိၾကာျမင့္တတ္ပါသည္။

၁၁။  ပ်ိဳးပင္မ်ားအားေရြးခ်ယ္ထုတ္ယူျခင္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မ်ားေသာအားျဖင္ အပင္ေပ်ာ့ ပ်ိဳးပင္မ်ားသည္ အျမစ္က် ျမန္ၿပီး ပ်ိဳးပင္အမ်ားစုမွာ တၿပိဳက္နက္တည္း အျမစ္က်ေလ့ရွိပါသည္။ ၎အေျခအေနမ်ိဳးတြင္ ပလပ္စတစ္ေပါင္းမိုး၏ ထိပ္ႏွစ္ဖက္ကို တစ္ရက္မွ ႏွစ္ရက္ခန္႕ ၾကာေအာင္ ဖြင့္ထားၿပီး ေနာက္ပိုင္းတြင္မွ ေပါင္းမိုးတခုလံုး ဖြင့္ေပးရပါမည္။ ထိုသို႕ ျပဳလုပ္ျခင္းမွာ ေပါင္းမိုးအတြင္းရွိပ်ိဳးပင္အား ျပင္ပ အေျခအေန ႏွင့္ လိုက္ေလ်ာ ညီေထြမွဳ ရွိေစရန္ တျဖည္းျဖည္းခ်င္း ေျပာင္းလဲေပးျခင္းျဖစ္ပါသည္။ ထိုသို႕ ျပင္ပ ပတ္ဝန္းက်င္ႏွင့္ တဆင့္ခ်င္းထိေတြ႕မေပးပဲ ေပါင္မိုး တခုလံုးအား တၿပိဳင္ထဲ ဖြင့္လိုက္ပါက အခ်ိဳ႕ပ်ိဳးပင္မ်ားသည္ ႐ုတ္တရက္အေျခအေန ေျပာင္းလည္းသည့္ဒဏ္ကို မခံႏိုင္ပဲ အၫြန္႕ႏုမ်ား ညွိဳးတတ္ ေျခာက္တတ္ပါသည္။

အခ်ိဳ႕ ကိုင္းမာေသာ အပင္အမ်ိဳးအစားမ်ိဳးကိုင္းမ်ားသည္ အျမစ္က်ေနာက္က်ၿပီး ပ်ိဳးပင္တစ္ပင္ ႏွင့္တစ္ပင္ အျမစ္က်ခ်ိန္မတူညီတတ္ပါ။ ထိုအေျခအေနမ်ိဳးတြင္ အျမစ္က်ၿပီးသားပ်ိဳးပင္ မ်ားအား သီးျခားေရြးထုတ္ယူၿပီးေနာက္ အျမစ္မက်ေသးေသာ ပ်ိဳးပင္မ်ားအား ေပါင္းမိုးအတြင္းအျမစ္ က်သည္အထိ ဆက္လက္ေမြးရပါမည္။

ေရြးထုတ္ၿပီးသား ပ်ိဳးပင္မ်ားအား ေနေရာင္ ခပ္ေပ်ာက္ေပ်ာက္ရေသာ ေနရာ မွ တဆင့္ ေနေရာင္ျခည္ ပိုမို ရေသာ ေနရာသို ပ်ိဳးပင္၏ အမ်ိဳးအစား ႏွင့္ အေျခ အေန ေပၚ မူတည္ၿပီး အဆင့္ဆင့္ ေျပာင္းေရႊ႕ ေပးရန္လိုအပ္ပါသည္။

ထို႕ေနာက္ ၎ပ်ိဳးပင္ ငယ္မ်ားအား ပ်ိဳးအိတ္အႀကီးမ်ားထဲတြင္ ေျပာင္းေရႊ႕ စိုက္ပ်ိဳးႏိုင္ ေသာ ပ်ိဳးပင္မ်ား အျဖစ္သို႕ေရာက္ရွိၿပီျဖစ္ပါသည္။

အျမစ္က်ၿပီးသား ပ်ိဳးပင္

မွတ္ခ်က္
🍀🍀🍀🍀

မိမိ၏ ႏွစ္ ၂၀ ေက်ာ္ စိုက္ပ်ိဳးေရး အေတြ႕ အၾကံဳ မ်ား အေပၚ အေျခခံ ၿပီး သိရွိထားသမွ်ကို မခၽြင္းမခ်န္ ေရးသား တင္ျပထားျခင္း ျဖစ္ပါသည္။ဖတ္ရွဳသူ မိတ္ေဆြတို႕ အေနႏွင့္ အက်ိဳးတစံုတရာ ရရွိႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္မိပါသည္။ လိုအပ္ခ်က္မ်ား ရွိပါက လူႀကီးမင္းတို႕၏ ေႏြးေထြးေသာ အၾကံျပဳခ်က္မ်ားကိုလည္း ခင္မင္ေလးစားစြာ ႀကိဳဆိုလ်က္ရွိပါသည္။

ေဒါက္တာအုန္းျမင့္

Comments