၀ဥစိုက္ပ်ိုးေရး

ဝဥ ......(စျေးကွက်အခြေအနေသိသူများ မျှဝေခဲ့ကြပါ) #ဝဥ အပင်များဟာ Araceae (ခေါ်) ပိန်းမျိုးရင်း ဖြစ်ပြီး၊ #ရုက္ခဗေဒ အမည်မှာ Amorphophallus Campanulatus Blume ဖြစ်ပါတယ်။ #အင်္ဂလိပ်လိုElephant Foot Yam (သို့) White Yum (သို့) Telling Potato (သို့) Devil’s Tongue (သို့) Cobra Plant ဟုလည်းအမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ #ဂျပန်လို Conjak (Mukaku) , Campanulatus (Shinasoo) လို့ ခေါ်ပါတယ်။ " ဝဥ၏ မူရင်း ဒေသမှာ " #အရှေ့တောင်အာရှ ဖြစ်ပြီး၊ အပူပိုင်းဒေသနှင့် အာဖရိက ဒေသများတွင် သဘာဝ အလျှောက် ပေါက်ရောက်ပါတယ်။ မြန်မာနိုင်ငံတွင်ဒေသအလိုက် ဝဥမျိုးများ ပေါက်ရောက် ဖြစ်ထွန်းနေမှုကို လေ့လာကြည့်လျှင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီ၊ မော်လမြိုင်ဒေသများမှာ Amorphophallus Purpuraceans ဝဥမျိုး ဖြစ်ထွန်းပါတယ်။ #မြစ်ကြီးနား၊ ကသာဒေသတွင် A.Bulbifer ဝဥမျိုးနှင့် A.Karamsis မျိုးများ နေရာယူ ထားပါတယ်။ #သာယာဝတီ မြို့နယ်နှင့် စစ်တောင်း မြစ်ဝှမ်းဒေသ များတွင် A.Cho-lonospathus ဝဥမျိုး အောင်မြင်ပါတယ်။ #ကရင်ပြည်နယ်နှင့် တောင်တန်း ဒေသများတွင် A.Oneophyllum မျိုးနှင့် A.Burmai – cus ဝဥများ ရေမြေဒေသနှင့် ကိုက်ညီနေပါတယ်။ #ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ပြင်ဦးလွင်၊ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများမှာA.Campanul-atus မျိုးနှင့် A.Conjak ဝဥမျိုးများ ပေါက်ရောက် ဖြစ်ထွန်းကြပါတယ်။ #မျိုးစိပ်ပေါင်း ၂၀ ရှိတဲ့အနက်၊ A.Conjak မျိုးနှင့် A.Campanulatus မျိုးစိတ် နှစ်မျိုးဟာ အာနိသင် အကောင်းဆုံး ဖြစ်တာကြောင့် အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံ များမှ အစားအသောက်ပြုလုပ်ရန်နှင့် စက်မှု လုပ်ငန်းသုံး ပစ္စည်းများ ပြုလုပ်ရန် အတွက် ဝယ်ယူလိုသောမျိုး ဖြစ်ပါတယ်။ #ဝဥ စတင်ပေါက် ရောက်သော ဒေသဟာ အင်ဒိုနီးရှား ကျွန်းဆွယ်ဖြစ်ပြီး၊ ဂျပန်နိုင်ငံကို ခရာဇ်နှစ် ရဝဝ မတိုင်မီမှာ ကိုရီးယား နိုင်ငံဘက်ကနေ ဆေးဝါးအနွယ်အဖြစ် ဝင်ရောက်ခံရာကနေ၊ နာရာ့ခေတ်မှာတော့ တရုတ်ပြည်ဘက်ကနေဆေးဝါးအဖြစ် စတင်ယူဆောင်စိုက်ပျိုးကာ စားသောက်နေခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရပါတယ်။ " အသွင်သဏ္ဍာန် " #ဥရှိသော အပင်မျိုးဖြစ်ပြီး အမြင့် နှစ်ပေမှ လေးပေ ခန့်ရှိပါတယ်။ နှစ်ရှည်ခံ အပင်ပျော့မျိုး ဖြစ်ပြီး မိုးရွာသည်နှင့် တပြိုင်နက် အစို့များထွက်လာပြီး၊ ဆောင်းရာသီ ရောက်တဲ့အခါ အပင်ကျသွား ပါတယ်။ ရွက်လွှဲ ထွက်ပါတယ်။ ရွက်ပြား ကျယ်ပြန့်ပြီး အလျား ၁-၃ ပေထိ ရှိတတ်ပါတယ်။ ရွက်ညှာတံမှာ ချောမွတ်၍ စိမ်းမှိုင်းသော အရောင်ရှိပြီး အစက်အပြောက်များ ပါရှိပါတယ်။ လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်ထိပ်ချွန်ပါတယ်။ ရွက်မွှာ ၃ မှ ၅ မွှာထိ ရှိတတ်ပါတယ်။ ၄-၅ နှစ်သားကျော်လျှင် ပွင့်တံ ထွက်လာပါတယ်။ မြေပေါ်သို့ ဥမှနေပြီး ၁-၂ ပေခန့်ထိရှိသော ရိုးတံထွက်လာပါတယ်။ ၄င်း ရိုးတံပေါ်မှာ အစက်အပြောက်များ ရှိကြပါတယ်။ #ပွင့်ကာရွက်အုပ်မှာ အလွန် ကြီးမားပြီး ကတော့ပုံ (သို့) ခေါင်းလောင်း ပုံသဏ္ဍာန် ရှိပါတယ်။ ၄င်း ပွင့်ကာရွက်အုပ်၏ အကျယ်မှာ ၁ ၁/ ၂ – ၂ ပေနီးပါးအထိရှိတတ်ပြီး အလျား ၁၅ လက်မခန့်ရှည်၍ အနားများမှာ ပိန်းပန်းကဲ့သို ့ ညီညာခြင်း မရှိဘဲ လှိုင်းထကာ တွန် ့နေပါ တယ်။ ပွင့်ကာ ရွက်အုပ် တစ်ခုလုံး၏ အနားတဝိုက်တွင် နီညိုရောင်ဖြစ်ပြီး၊ အောက်ဖက်တွင် အဖြူ စက်များနှောသော မီးခိုးရောင်ဖြစ်လာကာ ကတော့ပုံသဏ္ဍာန် အတွင်းထဲ မှာတော့ ခရမ်းရောင်ဖြစ်သွားပါတယ်။ အလွန် ပြင်းထန်သော အနံ့ ရှိပါတယ်။ အပွင့်ကလေး များမှာ အလွန်သေးငယ်ပြီး ၁၀-၁၂ လက်မ အရှည်ရှိသော ပွင့်ခိုင် ရိုးတံပေါ်တွင် စီတန်းလျက် ပွင့်ကြပါတယ်။ အဖိုအမ သီးခြားပွင့် တတ်ပါတယ်။ အသီးမှာ ပြောင်းဖူးနဲ့ သဏ္ဍာန်တူပြီး၊ ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းပြွတ်သိပ်၍ အသီးသီးလေ့ရှိပါတယ်။ နုစဉ်မှာ အစိမ်း ရောင်ဖြစ်ပြီး၊ အသီးများ ရင့်မှည့်လာတဲ့ အခါ လိမ္မော်ရောင်သို့ ပြောင်းသွားပါတယ်။ #Conjak မျိုး၏ အခြားသော ဝဥများနှင့် ခြားနား ချက်မှာ Conjak မျိုးဟာ – (က) ရိုးတံစိမ်းပါတယ်။ (ခ) ဥ၏ အရောင်မှာ ပန်းရောင်အနုဖြစ်ပါတယ်။ (ဂ) အစေ့အိမ်များ ပိုမိုများပြားစွာပါဝင်ပါတယ်။ (ဃ) အရွက်ပေါ်မှာ ဝဥပုံကဲ့သို့ မျိုးပွားရန် ဥငယ်ကလေးများ(ဂလင်း) ရှိပါတယ်။ #အခြားသော ဝဥများနှင့် ခြားနားချက်မှာ – (က) ရိုးတံဟာ ချောမွတ်၍ အဖြူ ကွက် ကလေးများ အနည်းငယ်ပါ ရှိနေပါတယ်။ (ခ) ဥ၏ အရောင်မှာ အဝါနုရောင် ဖြစ်ပါတယ်။ (ဂ) အစေ့အိမ်များ ပိုမိုများပြားစွာ ပါဝင်ပါတယ်။ (ဃ) အရွက်တွင် Conjak ကဲ့သို့ မျိုးပွားရန် ဥငယ်လေးများ မပါရှိပေ။ #သို့သော် ကြီးရင့်လာသော ဝဥများမှာ ဥမှသားတက်များ ထွက်ပေါ်လေ့ ရှိပါတယ်။ Conjak မျိုးဟာ အေးမြသော ရာသီဥတုရှိ တောင် ပေါ်ဒေသ များတွင်သာ ပေါက်ရောက်ပါတယ်။ Campanulatus မျိုးကတော့ မျှတသော ရာသီဥတုရှိသည့် တောင်ပေါ်ဒေသများတွင် သာ ပေါက်ရောက် ပါတယ်။ သဘာဝ အလျောက် ပေါက်ရောက်ပြီး၊ အစေ့မှ လည်းကောင်း၊ အရွက်ရိုးတံ အရင်းတွင်ရှိသော မျိုးပြန့်ပွားသည့် “ဖု” ကလေးများမှ လည်းကောင်း ဥမှဖြာထွက် ပါတယ်။ ဒါ့ပြင် အမြစ်များမှ ဖြစ်ပေါ်လာသည့် ဥကလေးများမှသော် လည်း ကောင်း မျိုးပြန့်ပွားပါတယ်။ #ချင်းပြည်နယ်၌ ဝဥကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် တူးဖော်လှီးဖြတ်ကြသည်။ တောထဲတွင် အလေ့ကျ ပေါက်ရောက်သည်ကို စနစ်တကျ ပျိုးထောင်စိုက်ပျိုးသူများ များပြားလာခဲ့သည်။ ဝဥတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ချင်းပြည်နယ်ထွက် ဝဥမှာ အရည်အသွေး ကောင်းမွန်သဖြင့် စျေးကွက်တွင် အကြိုက်များသည်။ #ဝဥမှာ ကာလတိုတိုဖြင့် ငွေရလွယ်ကူသဖြင့် ချင်းပြည်နယ်၏ စံပြရွာ သုံးရွာဖြစ်သည့် မင်းတပ်မြို့နယ်ရှိ ဟီးလောင်ရှား၊ ကန်ပက်လက်မြို့နယ်ရှိ အုတ်ဖိုနှင့် ရယ်လောင်ပန်းရွာများတွင် အကြီးအကျယ်အောင်မြင်လျက် ရှိသည်။ ဝဥစားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အဓိကအားဖြင့် သွေးတိုးရောဂါသည်များအတွက် စားသုံးရန် သင့်လျော်သော အစားအစာဖြစ်သည်။ #ဝဥစိုက်ပျိုးနည်း ဝဥပန်းရောင်မျိုးကို တောထဲက ရှာပြီး ဝဥပင် အသီးက မျိုးပွားနည်း၊ အဖူးက ထွက်ရှိသော အသီးမှ မျိုးပွားနည်းများနှင့် ဥမှ မျိုးပွားနည်းဟူ၍ နည်းသုံးနည်းဖြင့် စိုက်ပျိုးကြသည်။ ဝဥရှင်သန်ချိန်တွင် မတူးဖော်ရပါ။ အပင်ကျသွားချိန်ကျမှ တူးဖော်ရပါသည်။ အကြောင်းမှာ ဝဥထဲတွင် ပါသည့် အဓိက အသုံးဝင်သော မင်နန် Man-Non သည် အပင်ကျချိန်တွင်မှ ဥထဲမှာ အပြည့်အဝ ရှိနေသည့် အတွက်ဖြစ်သည်။ အပင်ရှင်သန်နေချိန်တွင် ဥထဲ၌ မင်နန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။ #ဇွန်လတွင် ဝဥပင်ကို စတင် စိုက်ပျိုးပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ အပင်ကျချိန်တွင် ဝဥကိုဖော်ပြီး အထူအပါး ညီစေရန် ရွေဘော်ခုံကဲ့သို့ ပြုလုပ်ထားသည့် ခြစ်ခုံပေါ်တွင် အပြား ညီအောင်ခြစ်ယူရသည်။ ယင်းနောက် နှစ်ရက်ခန့် အခြောက်လှန်းပြီးရောင်း ချရသည်။ #ဝဥစိုက်ပျိုးသည့်အခါ တစ်တန်းတည်း လေးပင်ခြား၊ တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား စိုက်ပျိုးပြီး စိုက် ပျိုးသည့်အခါတွင် နွားချေးမြေသြ ဇာကိုသာ အသုံးပြုပါသည်။ လိမ္မော် နှင့် ကမ္ဗလာကြားတွင်လည်း သီးညှပ် အဖြစ် ရောနှောစိုက်ပျိုးနိုင်ပါသည်။ #တစ်နည်း #ဝဥ ဟာမြေအောက်ပင်စည် "tuber" အမျိုးအစားဖြစ်ပါတယ်။ မြေပေါ်ပိုင်းအပင်နေနဲ့ ဧပြီလ လောက်မှာ အရွက်တွေထွက်လာပြီး အောက်တိုဘာလလောက်ဆို အပင်တွေကျသွားတတ်ပါတယ်။ #မျိုးအနေနဲ့ကတော့ ဥအရောင် အဖြူ ၊ အနီ၊ အဝါ သုံးမျိူ းရှိပါတယ်။ အနီရောင်က အရွက်ပေါ်မှာ ဥသေးလေးတွေရှိနေတတ်ပါတယ်။ #အဲဒီ ဥသေးလေးတွေ ကစိုက်ဖို့ဆိုအကောင်းဆုံးပါ။ မျိုူ းအနေနဲ့ဆိုလည်း အနီမျိူ းက အကောင်းဆုံးပါ။ အစို ၄ ပိသာကို အခြောက် ၁ ပိသာတင်ပါတယ်။ အဝါမျိူ းကို ဝတုံလုပ်စားကြပါတယ် ၇ ပိသာမှ ၁ ပိသာတင်ပါတယ်။ စိုက်မယ်ဆိုရင်ဥကြီးကိုစိတ်ပြီး စိုက်တာ၊ ရွက်ကြားဥလေးတွေစိုက်တာနှင့် အသီးကနေစိုက်တာတို့များပါတယ်။ #ဝဥ က ၃ နှစ်တစ်ကြိမ် လောက် ပန်းပွင့်ပြီး သီးလေ့ရှိပါတယ် အပွင့်က အလွန်နံပါတယ်။ အသီးတစ်ခိုင်ကို အစေ့ ၈၀၀ - ၁၀၀၀ လေက်အထိပါတာတွေ့ဖူးပါတယ်။ သူတို့ကိုပျိုးဘောင်ပေါ်ပျိုးပြီးပြောင်းစိုက်လို့ရပါတယ်။ #ဝဥပင်က သဘာဝအားဖြင့် အရိပ်အောက်မှာ ပေါက်တဲ့ အပင်ပါ ဒါကြောင့် ရာဘာ သရက် ကျွဲကော တို့လိုနှစ်ရှည်ပင်တွေအောက်မှာ ကြားညှပ်စိုက်ပျိူ း သင့်ပါတယ်။ #ကျင်းနဲ့စိုက်တာ မြောင်းနဲ့စိုက်တာ ၂ မျိုးစိုက်လေ့ ရှိပါတယ် ပင်ကြား၃ပေလောက်စိုက်ရင် သင့်တော်ပါတယ် တန်းကြားကတော့ မြေအနေအထား ကိုကြည့်ပြီးစိုက်လို့ရပါတယ်။ ကျင်းကို ၂ ပေလောက်တူးပြီး ကြက်ချေး နွားချေးချရင် ကောင်းကောင်းဖြစ်ထွန်းပါတယ် ပုံမှန် တစ်နှစ်ကို ၁ ပင်သာထွက်လေ့ရှိတဲ့ ဝဥကို ကြက်ချေးထည့်စိုက်တာ တစ်နှစ်အတွင်း အပင်ပေါင်း ၅ ပင်လောက်အထိ ထွက်တာကို ချင်းပြည်နယ်မှာ တွေ့ဖူးပါတယ်။ #ဝဥသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသမှ လွဲ၍ မြန်မာနိုင်ငံအနှံ့ အလေ့ကျ ပေါက်သောအပင် ဖြစ်ပါသည်။ စိုက်ပျိုးရန် လွယ်ကူသည်။ ၂ဝဝရ ခုနှစ်လောက်ကစပြီး ရခိုင်၊ မွန်၊ တနင်္သာရီ၊ ရှမ်း၊ ကချင် အစရှိသည့် ဒေသများတွင် ဝဥကို စနစ်တကျ စမ်းသပ်စိုက်ပျိုးလာခဲ့ကြပါသည်။ " အော်ဂဲနစ် စနစ်ဖြင့်စိုက်ပျိုးခြင်း " (က) မြေပြုပြင်ခြင်း - #အခြားသီးနှံများစိုက်ပျိုးသကဲ့သို စိုက်ပျိုးရန် ရွေးချယ်ထားသောမြေပေါ်မှာ သစ်ပင်၊ ချုံပင်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း၍ ထယ်(၁)လွှာ ၊ ထွန်နှစ်လွှာဝင်၍ မြေပြုပြင်ရပါမည်။ စိုက်တန်း၊ စိုက်ကျင်း၊ ပြုပြင်ပေးရမည်။ (ခ) စိုက်စနစ် - #တန်းကြား ၃‛ ပင်ကြား၂‛ စိုက်ပျိုး၍ တစ်ဧက အပင်ဦးရေ ၇၂၆၀ ပင်၊ အနည်းဆုံး ဝင်ဆံံ့အောင် စိုက်ပျိုးသင့်ပါသည်။ (ဂ) မျိုးဥမျိုးပွား ထုတ်လုပ်နည်း - #ဝဥကို စနစ်တကျ စိုက်ခင်းများဖြင့် ဧကများစွာ စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက မျိုးဥများ လုံလောက်စွာ ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း (၄) နည်း ရှိပါသည်။ #ပထမ နည်းမှာ - (၃၀) ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ဥချ၍ စိုက်ပျိုးနိုင်သည်။ (၁)ပိဿာခန့် ရှိသော ဥများကို (၄) စိတ်အညီခွဲခြမ်း၍ မျိုးပိုင်းယူ၍လည်း စိုက်ပျိုးနိုင်ပါသည်။ #ဒုတိယ နည်းမှာ - ဝဥပန်းခိုင်မှ ထုတ်လုပ်ရရှိသောမျိုးဥငယ်များကို ပထမနှစ်အနေဖြင့် စတင်၍ မျိုးဘောင်တွင် ပျိုးထောင်ရမည်။ #တတိယ နည်းမှာ - မြေအောက်ရှိ ဝဥ၏ ဥပွားများကို ခွဲယူ၍ မျိုးအဖြစ်လည်း စိုက်ပျိုးနို်င်ပါသည်။ #စတုတ္ထ နည်းမှာ - အရွက်မှ အသီး (အရွက်သီး) များကို စိုက်ပျိုးခြင့်ဖြင့်လည်း ဝဥပျိုးပင်များကို ရရှိနိုင်ပါသည်။ #အပင်ပြုစုခြင်း - စိုက်ပျိုးထားသည့် ဝဥများ အညွှန့်ထွက်မြေပေါ် အပင်ပိုင်းကြီးထွားလာပြီး အမြစ်များပေါ်လာသည့်အခါ ပေါင်းသင် မြေဆွဘောင်လုံး မြေဖုံးပေးရပါသည်။ ရေမဝပ်ရန် အထူးဂရုစိုက်ဖို့ လိုပါသည်။ စိုက်ခင်းတွင် အရိပ်ပင်များ မရှိပါက ၆၀ % အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။ " ဝဥအခြောက်လုပ်ငန်း " #ယခုအခါ ဝဥခြောက် လုပ်ငန်းများ တွင်ကျယ်လာသဖြင့် စိုက်ခင်းများဖြင့် စိုက်ပျိုးလာသလို ဝဥတူးဖော်ရောင်း ချသူများ များပြားလာကြောင်း သိရပါသည်။ #ဝဥပင်များကို မြောင်းဘောင်တင်၍ စိုက်ပျိုးလာကြခြင်း ဖြစ်ပါသည်။ စိုက်ပျိုးသော ဝဥများတွင် မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ တစ်ဆယ့်သုံး ပိဿာအထိ ထွက်ရှိသည် ဟုသိရပါသည်။ အလေ့ကျပင်ပေါက်မှာမူ ဥတစ်လုံးလျှင် ငါးကျပ်သားမှ ရှစ်ဆယ်သားအထိ ထွက်ရှိပါသည်။ " ဝဥမျိုးကောင်းများနှင့် အရည်အသွေး အဆင့်အတန်းသတ်မှတ်ခြင်း " #ဝဥတွင်ပါဝင်သော Manan ခေါ်သော ဓာတ်ပါဝင်မှုအပေါ် မှုတည်၍ မျိုးစိတ်ကို သတ်မှတ် သည်။ ဝဥကို ပါးပါးလွှာ၍ နေရောင်တွင် ထောင်၍ကြည့်ပါက ပုလဲလုံးလေးများ စီရီထားသကဲ့သို့ တွေ့နို်င်သည်။ ဓာတ်ပါဝင်မှု ၆၀ %ထက်ကျော်လျှင် မျိုးကောင်းသည်ဟု သတ်မှတ်ပါသည်။ အလေးချိန်ပေါ်မူတည်၍လည်း သတ်မှတ်ပြီး လေးမျိုးခွဲခြားထားပါသည်။ (က) အကောင်းဆုံးအမျိုးအစား - (၁) ပိဿာ (၅၀) ကျပ်သား အထက်။ (ခ) အကြီးစား - (၉၀) ကျပ်သားမှ (၁.၅၀) ပိဿ။ (ဂ) အလတ်စား - (၂၀) ကျပ်သား(၅၀) မှ (၉၀) ကျပ်သား။ (ဃ) အသေးစား - (၂၀) ကျပ်သား။ #ဝဥကိုတူးဖော်ပြီး (၃) ရက်ထက်ပို၍ အခြောက်မထားသင့်၍ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမည်။ " ပါဝင်သောဓာတ်များ " #ဝဥ ကို ယခင်ကထက်လူကြိုက်များလာတယ်လို့ ဂျပန်တွေကပြောကြပါတယ်။ ဘာကြောင့်လည်းဆိုတော့အခုနောက်ပိုင်း သုတေသနပြု တွေ့ရှိချက်များအရ၊ ခန္ဒာကိုယ်အတွက် ဓါတ်သဘာဝမျှတစေသော အမျှင် (dietary fiber )များစွာပါရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ #နောက်တစ်ခုက ကယ်လိုရီအလွန်နည်းတဲ့ အတွက်ကြောင့်ပါ။ ကယ်လိုရီ အလွန်နည်းပါဆိုတဲ့ ကျောက်ကျော (agar ) နဲ့ ယှဉ်ရင်တောင်မှ ၃ဝပုံ၁ပုံပဲပါပါတယ်။ #ဝဥ ကိုဓါတ်ခွဲကြည့်ရင် သူ့အထဲမှာ ရေဓါတ်က ၉၇%ကျော် ဖြစ်ပြီး၊ ကျန်တာက ဂလူးကိုးစ် သကြားနဲ့ (glucose) မန်းနို့စ် သကြား (mannose) တွေက ၂ း ၃ သို့မဟုတ် ၁ း ၂ နဲ့ ပါဝင်နေပါတယ်။ #သူတို့တွေကြောင့် ဝဥ (၁၀၀)ဂရမ်မှာ ကယ်လိုရီဟာ (၇) လောက်ပဲပါဝင်နေတာ ဖြစ်ပါတယ်။ #အထက်ကဖေါ်ပြခဲ့တဲ့ ဓါတ်သဘာဝမျှတစေသော အမျှင်dietary fiber တွေကတော့ သွေးထဲက သကြားပါဝင်မှုနှုန်း (blood glucose level ) နဲ့ ကိုလက်စတရော (cholesterol) တွေကို ထိန်းချုပ်ပေးတဲ့ အစွမ်းတွေရှိကြပါတယ်။ " အသုံးဝင်မှု " #ရှေးခေတ် တရုတ်ဆေးကျမ်းများနဲ့ ဂျပန်ဆေးကျမ်း များမှာ ဝဥကို စားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊ ခန္ဓာကိုယ်ဝမ်းဗိုက် (အူ၊ ဆီးအိမ်) အတွင်းက အစိုင်အခဲ၊ကျောက် စသည်တို့ကို ကြေစေတယ်လို့ ရေးထားဖော်ပြထား ခဲ့ပါတယ်။ ဂျပန် ဆာမူရိုင်း အိုဒါ့နိုဘုနာဂါ့ ၁၅၃၄-၁၅၈၂ ခုနှစ်ခေတ်မှာတော့ ဖောယောင်ခြင်း၊ ဆီးကျင်ခြင်းတို့ကို ပျောက်ကင်းစေတဲ့ အစွမ်း ရှိတယ်ဆိုပြီး ဆေးကုသခြင်း တွေမှာ သုံးလာခဲ့ပါတယ်။ #ဂျပန်လူမျိုးတွေ ပြောလေ့ ရှိတာကတော့ ရှေးခေတ် စကားလုံး “ကွန်း”ပါတဲ့ ဟာတွေ အကုန်လုံးမှာ အမျှင်ပါတဲ့ သစ်ဥသစ်ဖုတွေ ဖြစ် နေတာကြောင့် ဝမ်းဗိုက်အတွက် ကောင်းတယ်ဟူ၍ ပိုမိုယုံကြည်စွာ စားသောက်ကြပါတယ်။ ဂျပန်ဘာသာနဲ့ “--ကွန်း” ပါတဲ့ အရာတွေစားရင် အားရှိလာမယ်လို့ရေးထားပါတယ်။ #အဲဒီ“ -- ကွန်း” တွေကတော့ ဒိုင်းကွန်း =မုန်လာဥ လန်းကွန်း = ကြာရိုး ကွန်းညပ်ကု= ဝဥ တွေဖြစ်ပါတယ်။ #ဂျပန်လူမျိုးတွေပြောလေ့ရှိတာကတော့ ရှေးခေတ်က အဲဒီလိုစကားလုံးနဲ့ မှတ်သားထားပေမယ့် အခုလို သိပ္ပံ္ပ ခေတ်ရောက်တော့ အပေါ်ကသူတို့ပြောတဲ့ “-ကွန်း” ပါတဲ့ ဟာတွေအကုန်လုံးမှာ အမျှင်ပါတဲ့ သစ်ဥသစ်ဖုတွေဖြစ်နေတာကြောင့် ဝမ်းဗိုက်အတွက် ကောင်းတယ်ဆိုတာကို သက်သေပြနိုင်တာနဲ့ တစ်ထပ်တည်းကျနေလို့ ပိုမိုယုံကြည်စွာစားသောက်ကြပါတယ်။ ဝဥကို ဒီအတိုင်းအပင်ကနေရတဲ့ အတိုင်းစားရင် ယားတတ်တယ်လို့ မြန်မာတွေကော ဂျပန်တွေကော ပြောကြပါတယ်။ ဒါ့ကြောင့် သူ့ကိုမှုန့်ညက်အောင်ခြေပြီး ရေနဲ့နှဲ၊ ကြိုချက်အအေးခံ ပုံသွင်းပြီး လိုရာအရသာ စားသောက်နည်းနဲ့စားသုံးကြပါတယ်။ တချို့ကတော့ အစိမ်းကိုရေနဲ့ နှဲ၊ ထုံးထဲ့ပြီး ရတဲ့ အနှစ်တွေကိုအအေးခံပုံသွင်းပြီးမှ ပြုတ်တာလည်းရှိပါတယ်။ #သူ့ကိုဟင်းအဖြစ်စားသုံးကြသလို ဂျယ်လီ(jelly) လို့ခေါ်တဲ့ မုန့်ပဲသားရည်စာ အဖြစ်ပြုလုပ်ပြီး စားသုံးကြပါသေးတယ်။ ဝဥတွင်Mannam Grain ဓာတ်ပါဝင် မှုကြောင့် ကိုယ်လက်ကြံ့ခိုင်ခြင်း၊ ဝဖြိုးစေခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်မှု တို့ကို ပျောက်စေခြင်း၊ သလိပ်ထ၊ အဖျဉ်း၊ ဂူလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေနာ၊ ဝမ်းဗိုက်နာ၊ ဆင်ခြေထောက် ရောဂါများ ပျောက်ကင်းစေခြင်း၊ နှလုံးတုန် ရင်ခုန် ရောဂါများကာကွယ်ပေးခြင်း၊ အဆီပိုများ ဖြစ်ပေါ်မှုကို ဟန့်တားစေခြင်း၊ ဆီးအိမ်ကြီး ခြင်းမှ ကာကွယ်ပေးခြင်း၊ ဝဥရိုင်းကို လျှာပွတ်ဆေးအဖြစ် အသုံးပြုခြင်းစသည့် ပရဆေးများအဖြစ် အသုံးပြုကြပါတယ်။ #တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ဝယ်ယူသွားသည့် အထူအပါး အရွယ်အစားညီ ဝဥကုန် ကြမ်းများကို ကုန်ချောပြုလုပ်ရာတွင် ပထမဦးစွာ အမှုန့်ကြိတ်သည်။ အမှုန့်ဖြစ်သောအခါ ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့သော လေးသည့် မင်နန် Man-Non ပွင့်များ ရရှိသည်။ ကျန်ရှိသော ပေါ့ပါးသည့် ဝဥမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည်။ Man-Non ပွင့်က လေးများသည် သဘာဝအမျှင်ဓာတ် ဖြစ်သည့်အတွက် လူ၏ခန္ဓာကိုယ်မှ အဆိပ်အတောက်နှင့် အဆီများကို စုပ်ယူနိုင်သည်။ ၄င်းတွင် အဆီဓာတ် မပါဝင်သည့်အတွက် အဝလွန်ခြင်း၊ သွေးတိုး ဆီးချိုနှင့် အူမကြီး ရောဂါဖြစ်ခြင်းတို့ကို တိုက်ဖျက်ခြင်းကာကွယ် ပေးခြင်းတို့ကြောင့် တရုတ်၊ ဂျပန်နှင့် အနောက်ဥရောပ နိုင်ငံများတွင် အစားအစာအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြပါသည်။ " စိုက်သင့်သောသီးနှံဖြစ် " #လယ်ယာခြံမြေ စိုက်ပျိုးသူများသည် နှစ်ရှည်ပင်ကြားတွင် မြောင်းတင်၍ စိုက်ပျိုးကြသည်ဟု သိရသည်။ #ယခင်က တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်ရောက်ပြီး မည်သူမျှ ဂရုစိုက်ခြင်း မခံရသော ဝဥပင်များကို ယခုအခါ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ #ဝဥစိုက်ပျိုးခြင်းသည် တောင်သူလယ်သမားများအတွက် ရေရှည်တွင် အကျိုးစီးပွားများစွာ ဖြစ်စေပါကြောင်း ရေးသားတင််ပြအပ်ပါသည်။ 09778928990မျိုးထက်​​အောင်​ကိုစုံစမ်​းပါကိုလူကြမ်​းဝယ်​လက်​ပါ " ကိုးကားချက် " ပေါက်ပေါက် ၊ မြန်မာတောင်သူကြီးများဂျာနယ် ZAWGYI ဝဥ ......(ေစ်းကြက္အေျခအေနသိသူမ်ား မွ်ေဝခ့ဲၾကပါ) #ဝဥ အပင္မ်ားဟာ Araceae (ေခၚ) ပိန္းမ်ိဳးရင္း ျဖစ္ၿပီး၊ #႐ုကၡေဗဒ အမည္မွာ Amorphophallus Campanulatus Blume ျဖစ္ပါတယ္။ #အဂၤလိပ္လိုElephant Foot Yam (သို႔) White Yum (သို႔) Telling Potato (သို႔) Devil’s Tongue (သို႔) Cobra Plant ဟုလည္းအမ်ိဳးမ်ိဳးေခၚေဝၚၾကပါတယ္။ #ဂ်ပန္လို Conjak (Mukaku) , Campanulatus (Shinasoo) လို႔ ေခၚပါတယ္။ " ဝဥ၏ မူရင္း ေဒသမွာ " #အေရွ႕ေတာင္အာရွ ျဖစ္ျပီး၊ အပူပိုင္းေဒသႏွင့္ အာဖရိက ေဒသမ်ားတြင္ သဘာဝ အေလွ်ာက္ ေပါက္ေရာက္ပါတယ္။ ျမန္မာႏုိင္ငံတြင္ေဒသအလိုက္ ဝဥမ်ိဳးမ်ား ေပါက္ေရာက္ ျဖစ္ထြန္းေနမႈကို ေလ့လာၾကည့္လွ်င္ ပဲခူးတိုင္း ေဒသႀကီး၊ သာယာဝတီ၊ ေမာ္လၿမိဳင္ေဒသမ်ားမွာ Amorphophallus Purpuraceans ဝဥမ်ိဳး ျဖစ္ထြန္းပါတယ္။ #ျမစ္ၾကီးနား၊ ကသာေဒသတြင္ A.Bulbifer ဝဥမ်ိဳးႏွင့္ A.Karamsis မ်ိဳးမ်ား ေနရာယူ ထားပါတယ္။ #သာယာဝတီ ၿမိဳ႕နယ္ႏွင့္ စစ္ေတာင္း ျမစ္ဝွမ္းေဒသ မ်ားတြင္ A.Cho-lonospathus ဝဥမ်ိဳး ေအာင္ျမင္ပါတယ္။ #ကရင္ျပည္နယ္ႏွင့္ ေတာင္တန္း ေဒသမ်ားတြင္ A.Oneophyllum မ်ိဳးႏွင့္ A.Burmai – cus ဝဥမ်ား ေရေျမေဒသႏွင့္ ကိုက္ညီေနပါတယ္။ #ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေျမာက္ပိုင္းႏွင့္ ျပင္ဦးလြင္၊ ျမန္မာႏိုင္ငံ ေအာက္ပိုင္း ေဒသမ်ားမွာA.Campanul-atus မ်ိဳးႏွင့္ A.Conjak ဝဥမ်ိဳးမ်ား ေပါက္ေရာက္ ျဖစ္ထြန္းၾကပါတယ္။ #မ်ိဳးစိပ္ေပါင္း ၂၀ ရွိတဲ့အနက္၊ A.Conjak မ်ိဳးႏွင့္ A.Campanulatus မ်ိဳးစိတ္ ႏွစ္မ်ိဳးဟာ အာနိသင္ အေကာင္းဆံုး ျဖစ္တာေၾကာင့္ အထူးသျဖင့္ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အိႏိၵယႏိုင္ငံ မ်ားမွ အစားအေသာက္ျပဳလုပ္ရန္ႏွင့္ စက္မႈ လုပ္ငန္းသံုး ပစၥည္းမ်ား ျပဳလုပ္ရန္ အတြက္ ဝယ္ယူလိုေသာမ်ိဳး ျဖစ္ပါတယ္။ #ဝဥ စတင္ေပါက္ ေရာက္ေသာ ေဒသဟာ အင္ဒိုနီးရွား ကြ်န္းဆြယ္ျဖစ္ၿပီး၊ ဂ်ပန္ႏိုင္ငံကို ခရာဇ္ႏွစ္ ၇၀ဝ မတိုင္မီမွာ ကိုရီးယား ႏိုင္ငံဘက္ကေန ေဆးဝါးအႏြယ္အျဖစ္ ဝင္ေရာက္ခံရာကေန၊ နာရာ့ေခတ္မွာေတာ့ တ႐ုတ္ျပည္ဘက္ကေနေဆးဝါးအျဖစ္ စတင္ယူေဆာင္စိုက္ပ်ိဳးကာ စားေသာက္ေနခဲ့ျခင္း ျဖစ္ေၾကာင္း ေလ့လာ သိရွိရပါတယ္။ " အသြင္သ႑ာန္ " #ဥရွိေသာ အပင္မ်ိဳးျဖစ္ၿပီး အျမင့္ ႏွစ္ေပမွ ေလးေပ ခန္႔ရွိပါတယ္။ ႏွစ္ရွည္ခံ အပင္ေပ်ာ့မ်ိဳး ျဖစ္ျပီး မိုးရြာသည္ႏွင့္ တျပိဳင္နက္ အစို႔မ်ားထြက္လာျပီး၊ ေဆာင္းရာသီ ေရာက္တဲ့အခါ အပင္က်သြား ပါတယ္။ ရြက္လႊဲ ထြက္ပါတယ္။ ရြက္ျပား က်ယ္ျပန္႔ၿပီး အလ်ား ၁-၃ ေပထိ ရွိတတ္ပါတယ္။ ရြက္ညႇာတံမွာ ေခ်ာမြတ္၍ စိမ္းမိႈင္းေသာ အေရာင္ရွိၿပီး အစက္အေျပာက္မ်ား ပါရွိပါတယ္။ လက္ဝါးရြက္ေပါင္းျဖစ္ျပီး ရြက္ထိပ္ခြ်န္ပါတယ္။ ရြက္မႊာ ၃ မွ ၅ မႊာထိ ရွိတတ္ပါတယ္။ ၄-၅ ႏွစ္သားေက်ာ္လွ်င္ ပြင့္တံ ထြက္လာပါတယ္။ ေျမေပၚသို႔ ဥမွေနျပီး ၁-၂ ေပခန္႔ထိရွိေသာ ႐ိုးတံထြက္လာပါတယ္။ ၄င္း ႐ိုးတံေပၚမွာ အစက္အေျပာက္မ်ား ရွိၾကပါတယ္။ #ပြင့္ကာရြက္အုပ္မွာ အလြန္ ႀကီးမားၿပီး ကေတာ့ပံု (သို႔) ေခါင္းေလာင္း ပံုသ႑ာန္ ရွိပါတယ္။ ၄င္း ပြင့္ကာရြက္အုပ္၏ အက်ယ္မွာ ၁ ၁/ ၂ – ၂ ေပနီးပါးအထိရွိတတ္ၿပီး အလ်ား ၁၅ လက္မခန္႔ရွည္၍ အနားမ်ားမွာ ပိန္းပန္းကဲ့သို ့ ညီညာျခင္း မရွိဘဲ လိႈင္းထကာ တြန္ ့ေနပါ တယ္။ ပြင့္ကာ ရြက္အုပ္ တစ္ခုလံုး၏ အနားတဝိုက္တြင္ နီညိဳေရာင္ျဖစ္ျပီး၊ ေအာက္ဖက္တြင္ အျဖဴ စက္မ်ားေႏွာေသာ မီးခိုးေရာင္ျဖစ္လာကာ ကေတာ့ပံုသ႑ာန္ အတြင္းထဲ မွာေတာ့ ခရမ္းေရာင္ျဖစ္သြားပါတယ္။ အလြန္ ျပင္းထန္ေသာ အနံ႔ ရွိပါတယ္။ အပြင့္ကေလး မ်ားမွာ အလြန္ေသးငယ္ၿပီး ၁၀-၁၂ လက္မ အရွည္ရွိေသာ ပြင့္ခိုင္ ႐ိုးတံေပၚတြင္ စီတန္းလ်က္ ပြင့္ၾကပါတယ္။ အဖိုအမ သီးျခားပြင့္ တတ္ပါတယ္။ အသီးမွာ ေျပာင္းဖူးနဲ႔ သ႑ာန္တူျပီး၊ ပြင့္ခိုင္႐ိုးတံေပၚတြင္ စီတန္းႁပြတ္သိပ္၍ အသီးသီးေလ့ရွိပါတယ္။ ႏုစဥ္မွာ အစိမ္း ေရာင္ျဖစ္ျပီး၊ အသီးမ်ား ရင့္မွည့္လာတဲ့ အခါ လိေမၼာ္ေရာင္သို႔ ေျပာင္းသြားပါတယ္။ #Conjak မ်ိဳး၏ အျခားေသာ ဝဥမ်ားႏွင့္ ျခားနား ခ်က္မွာ Conjak မ်ိဳးဟာ – (က) ႐ိုးတံစိမ္းပါတယ္။ (ခ) ဥ၏ အေရာင္မွာ ပန္းေရာင္အႏုျဖစ္ပါတယ္။ (ဂ) အေစ့အိမ္မ်ား ပိုမိုမ်ားျပားစြာပါဝင္ပါတယ္။ (ဃ) အရြက္ေပၚမွာ ဝဥပံုကဲ့သို႔ မ်ိဳးပြားရန္ ဥငယ္ကေလးမ်ား(ဂလင္း) ရွိပါတယ္။ #အျခားေသာ ဝဥမ်ားႏွင့္ ျခားနားခ်က္မွာ – (က) ႐ိုးတံဟာ ေခ်ာမြတ္၍ အျဖဴ ကြက္ ကေလးမ်ား အနည္းငယ္ပါ ရွိေနပါတယ္။ (ခ) ဥ၏ အေရာင္မွာ အဝါႏုေရာင္ ျဖစ္ပါတယ္။ (ဂ) အေစ့အိမ္မ်ား ပိုမိုမ်ားျပားစြာ ပါဝင္ပါတယ္။ (ဃ) အရြက္တြင္ Conjak ကဲ့သို႔ မ်ိဳးပြားရန္ ဥငယ္ေလးမ်ား မပါရွိေပ။ #သို႔ေသာ္ ၾကီးရင့္လာေသာ ဝဥမ်ားမွာ ဥမွသားတက္မ်ား ထြက္ေပၚေလ့ ရွိပါတယ္။ Conjak မ်ိဳးဟာ ေအးျမေသာ ရာသီဥတုရွိ ေတာင္ ေပၚေဒသ မ်ားတြင္သာ ေပါက္ေရာက္ပါတယ္။ Campanulatus မ်ိဳးကေတာ့ မွ်တေသာ ရာသီဥတုရွိသည့္ ေတာင္ေပၚေဒသမ်ားတြင္ သာ ေပါက္ေရာက္ ပါတယ္။ သဘာဝ အေလ်ာက္ ေပါက္ေရာက္ၿပီး၊ အေစ့မွ လည္းေကာင္း၊ အရြက္႐ိုးတံ အရင္းတြင္ရွိေသာ မ်ိဳးျပန္႔ပြားသည့္ “ဖု” ကေလးမ်ားမွ လည္းေကာင္း ဥမွျဖာထြက္ ပါတယ္။ ဒါ့ျပင္ အျမစ္မ်ားမွ ျဖစ္ေပၚလာသည့္ ဥကေလးမ်ားမွေသာ္ လည္း ေကာင္း မ်ိဳးျပန္႔ပြားပါတယ္။ #ခ်င္းျပည္နယ္၌ ဝဥကို ေမလႏွင့္ ဇြန္လမ်ားတြင္ စိုက္ပ်ဳိးၾကသည္။ ဒီဇင္ဘာလႏွင့္ ဇန္နဝါရီလတို႕တြင္ တူးေဖာ္လွီးျဖတ္ၾကသည္။ ေတာထဲတြင္ အေလ့က် ေပါက္ေရာက္သည္ကို စနစ္တက် ပ်ဳိးေထာင္စိုက္ပ်ဳိးသူမ်ား မ်ားျပားလာခဲ့သည္။ ဝဥတြင္ အျဖဴ၊ အနီ၊ အဝါ သံုးမ်ဳိးရွိပါသည္။ ခ်င္းျပည္နယ္ထြက္ ဝဥမွာ အရည္အေသြး ေကာင္းမြန္သျဖင့္ ေစ်းကြက္တြင္ အႀကိဳက္မ်ားသည္။ #ဝဥမွာ ကာလတုိတုိျဖင့္ ေငြရလြယ္ကူသျဖင့္ ခ်င္းျပည္နယ္၏ စံျပရြာ သံုးရြာျဖစ္သည့္ မင္းတပ္ၿမိဳ႕နယ္ရွိ ဟီးေလာင္ရွား၊ ကန္ပက္လက္ၿမိဳ႕နယ္ရွိ အုတ္ဖိုႏွင့္ ရယ္ေလာင္ပန္းရြာမ်ားတြင္ အႀကီးအက်ယ္ေအာင္ျမင္လ်က္ ရွိသည္။ ဝဥစားသံုးျခင္းသည္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ၿပီး အဓိကအားျဖင့္ ေသြးတိုးေရာဂါသည္မ်ားအတြက္ စားသံုးရန္ သင့္ေလ်ာ္ေသာ အစားအစာျဖစ္သည္။ #ဝဥစုိက္ပ်ဳိးနည္း ဝဥပန္းေရာင္မ်ဳိးကုိ ေတာထဲက ရွာၿပီး ဝဥပင္ အသီးက မ်ဳိးပြားနည္း၊ အဖူးက ထြက္ရွိေသာ အသီးမွ မ်ဳိးပြားနည္းမ်ားႏွင့္ ဥမွ မ်ဳိးပြားနည္းဟူ၍ နည္းသုံးနည္းျဖင့္ စုိက္ပ်ဳိးၾကသည္။ ဝဥရွင္သန္ခ်ိန္တြင္ မတူးေဖာ္ရပါ။ အပင္က်သြားခ်ိန္က်မွ တူးေဖာ္ရပါသည္။ အေၾကာင္းမွာ ဝဥထဲတြင္ ပါသည့္ အဓိက အသုံးဝင္ေသာ မင္နန္ Man-Non သည္ အပင္က်ခ်ိန္တြင္မွ ဥထဲမွာ အျပည့္အဝ ရွိေနသည့္ အတြက္ျဖစ္သည္။ အပင္ရွင္သန္ေနခ်ိန္တြင္ ဥထဲ၌ မင္နန္နည္းပါး ေနေသးသည္ဟု ဆိုပါသည္။ #ဇြန္လတြင္ ဝဥပင္ကုိ စတင္ စုိက္ပ်ဳိးပါသည္။ ႏုိဝင္ဘာ၊ ဒီဇင္ဘာ အပင္က်ခ်ိန္တြင္ ဝဥကုိေဖာ္ၿပီး အထူအပါး ညီေစရန္ ေရြေဘာ္ခုံကဲ့သုိ႔ ျပဳလုပ္ထားသည့္ ျခစ္ခုံေပၚတြင္ အျပား ညီေအာင္ျခစ္ယူရသည္။ ယင္းေနာက္ ႏွစ္ရက္ခန႔္ အေျခာက္လွန္းၿပီးေရာင္း ခ်ရသည္။ #ဝဥစုိက္ပ်ဳိးသည့္အခါ တစ္တန္းတည္း ေလးပင္ျခား၊ တစ္ပင္ႏွင့္တစ္ပင္ ႏွစ္ေပျခား စုိက္ပ်ဳိးၿပီး စုိက္ ပ်ဳိးသည့္အခါတြင္ ႏြားေခ်းေျမၾသ ဇာကုိသာ အသုံးျပဳပါသည္။ လိေမၼာ္ ႏွင့္ ကမၺလာၾကားတြင္လည္း သီးညႇပ္ အျဖစ္ ေရာေႏွာစုိက္ပ်ဳိးႏုိင္ပါသည္။ #တစ္နည္း #ဝဥ ဟာေျမေအာက္ပင္စည္ "tuber" အမ်ိဳးအစားျဖစ္ပါတယ္။ ေျမေပၚပိုင္းအပင္ေနနဲ႔ ဧျပီလ ေလာက္မွာ အရြက္ေတြထြက္လာျပီး ေအာက္တိုဘာလေလာက္ဆို အပင္ေတြက်သြားတတ္ပါတယ္။ #မ်ိဳးအေနနဲ႔ကေတာ႔ ဥအေရာင္ အျဖဴ ၊ အနီ၊ အဝါ သံုးမ်ိဴ းရွိပါတယ္။ အနီေရာင္က အရြက္ေပၚမွာ ဥေသးေလးေတြရွိေနတတ္ပါတယ္။ #အဲဒီ ဥေသးေလးေတြ ကစုိက္ဖို႔ဆိုအေကာင္းဆံုးပါ။ မ်ိဳဴ းအေနနဲ႔ဆိုလည္း အနီမ်ိဴ းက အေကာင္းဆံုးပါ။ အစို ၄ ပိသာကို အေျခာက္ ၁ ပိသာတင္ပါတယ္။ အဝါမ်ိဴ းကို ဝတံုလုပ္စားၾကပါတယ္ ၇ ပိသာမွ ၁ ပိသာတင္ပါတယ္။ စိုက္မယ္ဆိုရင္ဥၾကီးကိုစိတ္ျပီး စိုက္တာ၊ ရြက္ၾကားဥေလးေတြစိုက္တာနွင္႔ အသီးကေနစိုက္တာတို႔မ်ားပါတယ္။ #ဝဥ က ၃ နွစ္တစ္ၾကိမ္ ေလာက္ ပန္းပြင္႔ျပီး သီးေလ႔ရွိပါတယ္ အပြင္႔က အလြန္နံပါတယ္။ အသီးတစ္ခိုင္ကို အေစ႔ ၈၀၀ - ၁၀၀၀ ေလက္အထိပါတာေတြ႔ဖူးပါတယ္။ သူတို႔ကိုပ်ိဳးေဘာင္ေပၚပ်ိဳးျပီးေျပာင္းစုိက္လို႔ရပါတယ္။ #ဝဥပင္က သဘာဝအားျဖင္႔ အရိပ္ေအာက္မွာ ေပါက္တဲ႔ အပင္ပါ ဒါေၾကာင္႔ ရာဘာ သရက္ က်ြဲေကာ တို႔လိုနွစ္ရွည္ပင္ေတြေအာက္မွာ ၾကားညွပ္စိုက္ပ်ိဴ း သင္႔ပါတယ္။ #က်င္းနဲ႔စိုက္တာ ေျမာင္းနဲ႔စိုက္တာ ၂ မ်ိဳးစိုက္ေလ႔ ရွိပါတယ္ ပင္ၾကား၃ေပေလာက္စုိက္ရင္ သင္႔ေတာ္ပါတယ္ တန္းၾကားကေတာ႔ ေျမအေနအထား ကိုၾကည္႔ျပီးစိုက္လို႔ရပါတယ္။ က်င္းကို ၂ ေပေလာက္တူးျပီး ၾကက္ေခ်း ႏြားေခ်းခ်ရင္ ေကာင္းေကာင္းျဖစ္ထြန္းပါတယ္ ပံုမွန္ တစ္နွစ္ကို ၁ ပင္သာထြက္ေလ႔ရွိတဲ႔ ဝဥကို ၾကက္ေခ်းထည္႔စိုက္တာ တစ္ႏွစ္အတြင္း အပင္ေပါင္း ၅ ပင္ေလာက္အထိ ထြက္တာကို ခ်င္းျပည္နယ္မွာ ေတြ႕ဖူးပါတယ္။ #ဝဥသည္ ပူျပင္းေျခာက္ေသြ႕ေသာ အရပ္ေဒသမွ လြဲ၍ ျမန္မာႏုိင္ငံအႏွံ႔ အေလ့က် ေပါက္ေသာအပင္ ျဖစ္ပါသည္။ စုိက္ပ်ဳိးရန္ လြယ္ကူသည္။ ၂ဝဝ၇ ခုႏွစ္ေလာက္ကစၿပီး ရခုိင္၊ မြန္၊ တနသၤာရီ၊ ရွမ္း၊ ကခ်င္ အစရွိသည့္ ေဒသမ်ားတြင္ ဝဥကို စနစ္တက် စမ္းသပ္စုိက္ပ်ဳိးလာခဲ့ၾကပါသည္။ " ေအာ္ဂဲနစ္ စနစ္ျဖင့္စိုက္ပ်ိဳးျခင္း " (က) ေျမျပဳျပင္ျခင္း - #အျခားသီးနွံမ်ားစိုက္ပ်ိဳးသကဲ့သို စိုက္ပ်ိဳးရန္ ေရြးခ်ယ္ထားေသာေျမေပၚမွာ သစ္ပင္၊ ခ်ံဳပင္၊ ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္း၍ ထယ္(၁)လႊာ ၊ ထြန္နွစ္လႊာဝင္၍ ေျမျပဳျပင္ရပါမည္။ စိုက္တန္း၊ စိုက္က်င္း၊ ျပဳျပင္ေပးရမည္။ (ခ) စိုက္စနစ္ - #တန္းၾကား ၃‛ ပင္ၾကား၂‛ စိုက္ပ်ိဳး၍ တစ္ဧက အပင္ဦးေရ ၇၂၆၀ ပင္၊ အနည္းဆံုး ဝင္ဆံံ့ေအာင္ စိုက္ပ်ိဳးသင့္ပါသည္။ (ဂ) မ်ိဳးဥမ်ိဳးပြား ထုတ္လုပ္နည္း - #ဝဥကို စနစ္တက် စိုက္ခင္းမ်ားျဖင့္ ဧကမ်ားစြာ စိုက္ပ်ိဳးထုတ္လုပ္မည္ ဆိုပါက မ်ိဳးဥမ်ား လံုေလာက္စြာ ရရွိေအာင္ စနစ္တက် စီမံေဆာင္ရြက္ရန္လိုအပ္ပါသည္။ ဝဥမ်ိဳးပြားနည္း (၄) နည္း ရွိပါသည္။ #ပထမ နည္းမွာ - (၃၀) က်ပ္သားအရြယ္ရွိ ဝဥကို တိုက္ရိုက္ဥခ်၍ စိုက္ပ်ိဳးနိုင္သည္။ (၁)ပိႆာခန္႔ ရွိေသာ ဥမ်ားကို (၄) စိတ္အညီခြဲျခမ္း၍ မ်ိဳးပိုင္းယူ၍လည္း စိုက္ပ်ိဳးနိုင္ပါသည္။ #ဒုတိယ နည္းမွာ - ဝဥပန္းခိုင္မွ ထုတ္လုပ္ရရွိေသာမ်ိဳးဥငယ္မ်ားကို ပထမနွစ္အေနျဖင့္ စတင္၍ မ်ိဳးေဘာင္တြင္ ပ်ိဳးေထာင္ရမည္။ #တတိယ နည္းမွာ - ေျမေအာက္ရွိ ဝဥ၏ ဥပြားမ်ားကို ခြဲယူ၍ မ်ိဳးအျဖစ္လည္း စိုက္ပ်ိဳးနို္င္ပါသည္။ #စတုတၳ နည္းမွာ - အရြက္မွ အသီး (အရြက္သီး) မ်ားကို စိုက္ပ်ိဳးျခင့္ျဖင့္လည္း ဝဥပ်ိဳးပင္မ်ားကို ရရွိနိုင္ပါသည္။ #အပင္ျပဳစုျခင္း - စိုက္ပ်ိဳးထားသည့္ ဝဥမ်ား အညႊန္႔ထြက္ေျမေပၚ အပင္ပိုင္းႀကီးထြားလာၿပီး အျမစ္မ်ားေပၚလာသည့္အခါ ေပါင္းသင္ ေျမဆြေဘာင္လံုး ေျမဖံုးေပးရပါသည္။ ေရမဝပ္ရန္ အထူးဂရုစိုက္ဖို႔ လိုပါသည္။ စိုက္ခင္းတြင္ အရိပ္ပင္မ်ား မရွိပါက ၆၀ % အရိပ္ရေအာင္ ျပဳလုပ္ေပးသင့္ပါသည္။ " ဝဥအေျခာက္လုပ္ငန္း " #ယခုအခါ ဝဥေျခာက္ လုပ္ငန္းမ်ား တြင္က်ယ္လာသျဖင့္ စိုက္ခင္းမ်ားျဖင့္ စိုက္ပ်ဳိးလာသလို ဝဥတူးေဖာ္ေရာင္း ခ်သူမ်ား မ်ားျပားလာေၾကာင္း သိရပါသည္။ #ဝဥပင္မ်ားကို ေျမာင္းေဘာင္တင္၍ စိုက္ပ်ဳိးလာၾကျခင္း ျဖစ္ပါသည္။ စိုက္ပ်ဳိးေသာ ဝဥမ်ားတြင္ ေျမဆီေျမႏွစ္ေကာင္းလွ်င္ ေကာင္းသလို တစ္ပိႆာမွ တစ္ဆယ့္သံုး ပိႆာအထိ ထြက္ရွိသည္ ဟုသိရပါသည္။ အေလ့က်ပင္ေပါက္မွာမူ ဥတစ္လံုးလွ်င္ ငါးက်ပ္သားမွ ရွစ္ဆယ္သားအထိ ထြက္ရွိပါသည္။ " ဝဥမ်ိဳးေကာင္းမ်ားနွင့္ အရည္အေသြး အဆင့္အတန္းသတ္မွတ္ျခင္း " #ဝဥတြင္ပါဝင္ေသာ Manan ေခၚေသာ ဓာတ္ပါဝင္မႈအေပၚ မႈတည္၍ မ်ိဳးစိတ္ကို သတ္မွတ္ သည္။ ဝဥကို ပါးပါးလႊာ၍ ေနေရာင္တြင္ ေထာင္၍ၾကည့္ပါက ပုလဲလံုးေလးမ်ား စီရီထားသကဲ့သို႔ ေတြ႔နို္င္သည္။ ဓာတ္ပါဝင္မႈ ၆၀ %ထက္ေက်ာ္လွ်င္ မ်ိဳးေကာင္းသည္ဟု သတ္မွတ္ပါသည္။ အေလးခ်ိန္ေပၚမူတည္၍လည္း သတ္မွတ္ၿပီး ေလးမ်ိဳးခြဲျခားထားပါသည္။ (က) အေကာင္းဆံုးအမ်ိဳးအစား - (၁) ပိႆာ (၅၀) က်ပ္သား အထက္။ (ခ) အႀကီးစား - (၉၀) က်ပ္သားမွ (၁.၅၀) ပိႆ။ (ဂ) အလတ္စား - (၂၀) က်ပ္သား(၅၀) မွ (၉၀) က်ပ္သား။ (ဃ) အေသးစား - (၂၀) က်ပ္သား။ #ဝဥကိုတူးေဖာ္ၿပီး (၃) ရက္ထက္ပို၍ အေျခာက္မထားသင့္၍ အရိပ္ရေလသလပ္ရာတြင္ သိုေလွာင္ထားရပါမည္။ " ပါဝင္ေသာဓာတ္မ်ား " #၀ဥ ကို ယခင္ကထက္လူႀကိဳက္မ်ားလာတယ္လို႕ ဂ်ပန္ေတြကေျပာႀကပါတယ္။ ဘာေႀကာင္႔လည္းဆိုေတာ႔အခုေနာက္ပိုင္း သုေတသနျပဳ ေတြ႕ရွိခ်က္မ်ားအရ၊ ခႏၵာကိုယ္အတြက္ ဓါတ္သဘာ၀မ်ွတေစေသာ အမ်ွင္ (dietary fiber )မ်ားစြာပါရွိတဲ႔အတြက္ေႀကာင္႔ ျဖစ္ပါတယ္။ #ေနာက္တစ္ခုက ကယ္လုိရီအလြန္နည္းတဲ႔ အတြက္ေႀကာင္႔ပါ။ ကယ္လိုရီ အလြန္နည္းပါဆုိတဲ႕ ေက်ာက္ေက်ာ (agar ) နဲ႕ ယွဥ္ရင္ေတာင္မွ ၃၀ပံု၁ပံုပဲပါပါတယ္။ #၀ဥ ကိုဓါတ္ခဲြႀကည္႔ရင္ သူ႕အထဲမွာ ေရဓါတ္က ၉၇%ေက်ာ္ ျဖစ္ျပီး၊ က်န္တာက ဂလူးကုိးစ္ သႀကားနဲ႕ (glucose) မန္းႏို႕စ္ သႀကား (mannose) ေတြက ၂ း ၃ သို႕မဟုတ္ ၁ း ၂ နဲ႔ ပါ၀င္ေနပါတယ္။ #သူတုိ႕ေတြေႀကာင္႔ ၀ဥ (၁၀၀)ဂရမ္မွာ ကယ္လိုရီဟာ (၇) ေလာက္ပဲပါ၀င္ေနတာ ျဖစ္ပါတယ္။ #အထက္ကေဖၚျပခဲ႔တဲ႕ ဓါတ္သဘာ၀မ်ွတေစေသာ အမ်ွင္dietary fiber ေတြကေတာ႔ ေသြးထဲက သႀကားပါ၀င္မွဳႏွဳန္း (blood glucose level ) နဲ႕ ကိုလက္စတေရာ (cholesterol) ေတြကို ထိန္းခ်ဳပ္ေပးတဲ႔ အစြမ္းေတြရွိႀကပါတယ္။ " အသံုးဝင္မႈ " #ေရွးေခတ္ တ႐ုတ္ေဆးက်မ္းမ်ားနဲ႔ ဂ်ပန္ေဆးက်မ္း မ်ားမွာ ဝဥကို စားသံုးျခင္းျဖင့္ ဆီးေကာင္းျခင္း၊ ခႏၶာကိုယ္ဝမ္းဗိုက္ (အူ၊ ဆီးအိမ္) အတြင္းက အစိုင္အခဲ၊ေက်ာက္ စသည္တို႔ကို ေၾကေစတယ္လို႔ ေရးထားေဖာ္ျပထား ခဲ့ပါတယ္။ ဂ်ပန္ ဆာမူ႐ိုင္း အိုဒါ့ႏိုဘုနာဂါ့ ၁၅၃၄-၁၅၈၂ ခုႏွစ္ေခတ္မွာေတာ့ ေဖာေယာင္ျခင္း၊ ဆီးက်င္ျခင္းတို႕ကို ေပ်ာက္ကင္းေစတဲ့ အစြမ္း ရွိတယ္ဆိုၿပီး ေဆးကုသျခင္း ေတြမွာ သံုးလာခဲ့ပါတယ္။ #ဂ်ပန္လူမ်ိဳးေတြ ေျပာေလ့ ရွိတာကေတာ့ ေရွးေခတ္ စကားလံုး “ကြန္း”ပါတဲ့ ဟာေတြ အကုန္လံုးမွာ အမွ်င္ပါတဲ့ သစ္ဥသစ္ဖုေတြ ျဖစ္ ေနတာေၾကာင္႔ ဝမ္းဗိုက္အတြက္ ေကာင္းတယ္ဟူ၍ ပိုမိုယံုၾကည္စြာ စားေသာက္ၾကပါတယ္။ ဂ်ပန္ဘာသာနဲ႕ “--ကြန္း” ပါတဲ႔ အရာေတြစားရင္ အားရွိလာမယ္လို႕ေရးထားပါတယ္။ #အဲဒီ“ -- ကြန္း” ေတြကေတာ႔ ဒိုင္းကြန္း =မုန္လာဥ လန္းကြန္း = ႀကာရိုး ကြန္းညပ္ကု= ၀ဥ ေတြျဖစ္ပါတယ္။ #ဂ်ပန္လူမ်ိဳးေတြေျပာေလ႕ရွိတာကေတာ႔ ေရွးေခတ္က အဲဒီလိုစကားလံုးနဲ႔ မွတ္သားထားေပမယ္႔ အခုလို သိပံၸၸ ေခတ္ေရာက္ေတာ႕ အေပၚကသူတို႕ေျပာတဲ႔ “-ကြန္း” ပါတဲ႔ ဟာေတြအကုန္လုံးမွာ အမ်ွင္ပါတဲ႕ သစ္ဥသစ္ဖုေတြျဖစ္ေနတာေႀကာင္႔ ၀မ္းဗိုက္အတြက္ ေကာင္းတယ္ဆိုတာကို သက္ေသျပႏိုင္တာနဲ႔ တစ္ထပ္တည္းက်ေနလို႕ ပိုမိုယံုႀကည္စြာစားေသာက္ႀကပါတယ္။ ၀ဥကို ဒီအတိုင္းအပင္ကေနရတဲ႔ အတိုင္းစားရင္ ယားတတ္တယ္လို႕ ျမန္မာေတြေကာ ဂ်ပန္ေတြေကာ ေျပာႀကပါတယ္။ ဒါ႔ေႀကာင္႔ သူ႕ကိုမွဳန္႕ညက္ေအာင္ေျချပီး ေရနဲ႕ႏွဲ၊ ႀကဳိခ်က္အေအးခံ ပံုသြင္းျပီး လုိရာအရသာ စားေသာက္နည္းနဲ႕စားသံုးႀကပါတယ္။ တခ်ိဳ႕ကေတာ႔ အစိမ္းကိုေရနဲ႕ နွဲ၊ ထံုးထဲ႔ျပီး ရတဲ႕ အႏွစ္ေတြကိုအေအးခံပံုသြင္းျပီးမွ ျပဳတ္တာလည္းရွိပါတယ္။ #သူ႕ကိုဟင္းအျဖစ္စားသံုးႀကသလို ဂ်ယ္လီ(jelly) လို႕ေခၚတဲ႔ မုန္႔ပဲသားရည္စာ အျဖစ္ျပဳလုပ္ျပီး စားသံုးႀကပါေသးတယ္။ ဝဥတြင္Mannam Grain ဓာတ္ပါဝင္ မႈေၾကာင့္ ကိုယ္လက္ၾကံ့ခိုင္ျခင္း၊ ဝၿဖိဳးေစျခင္း၊ ယားယံျခင္း၊ ဆာေလာင္မြတ္သိပ္မႈ တို႔ကို ေပ်ာက္ေစျခင္း၊ သလိပ္ထ၊ အဖ်ဥ္း၊ ဂူလံုး၊ ေလႁပြန္ေရာင္၊ လည္ေခ်ာင္းပူ၊ ေလနာ၊ ဝမ္းဗိုက္နာ၊ ဆင္ေျခေထာက္ ေရာဂါမ်ား ေပ်ာက္ကင္းေစျခင္း၊ ႏွလံုးတုန္ ရင္ခုန္ ေရာဂါမ်ားကာကြယ္ေပးျခင္း၊ အဆီပိုမ်ား ျဖစ္ေပၚမႈကို ဟန္႕တားေစျခင္း၊ ဆီးအိမ္ႀကီး ျခင္းမွ ကာကြယ္ေပးျခင္း၊ ဝဥ႐ိုင္းကို လွ်ာပြတ္ေဆးအျဖစ္ အသံုးျပဳျခင္းစသည့္ ပရေဆးမ်ားအျဖစ္ အသံုးျပဳၾကပါတယ္။ #တ႐ုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႕သည္ ျမန္မာႏိုင္ငံမွ ဝယ္ယူသြားသည့္ အထူအပါး အရြယ္အစားညီ ဝဥကုန္ ၾကမ္းမ်ားကို ကုန္ေခ်ာျပဳလုပ္ရာတြင္ ပထမဦးစြာ အမႈန္႕ႀကိတ္သည္။ အမႈန္႕ျဖစ္ေသာအခါ ဂ်ဳံမႈန္႕ကဲ့သို႕ ေပါ့ပါးသည့္ အမႈန္႕ႏွင့္ သၾကားကဲ့သို႕ေသာ ေလးသည့္ မင္နန္ Man-Non ပြင့္မ်ား ရရွိသည္။ က်န္ရွိေသာ ေပါ့ပါးသည့္ ဝဥမႈန္႕မ်ားကို တိရစၧာန္အစာအျဖစ္ အသံုးျပဳသည္။ Man-Non ပြင့္က ေလးမ်ားသည္ သဘာဝအမွ်င္ဓာတ္ ျဖစ္သည့္အတြက္ လူ၏ခႏၶာကိုယ္မွ အဆိပ္အေတာက္ႏွင့္ အဆီမ်ားကို စုပ္ယူႏိုင္သည္။ ၄င္းတြင္ အဆီဓာတ္ မပါဝင္သည့္အတြက္ အဝလြန္ျခင္း၊ ေသြးတုိး ဆီးခ်ဳိႏွင့္ အူမႀကီး ေရာဂါျဖစ္ျခင္းတို႕ကုိ တိုက္ဖ်က္ျခင္းကာကြယ္ ေပးျခင္းတို႕ေၾကာင့္ တ႐ုတ္၊ ဂ်ပန္ႏွင့္ အေနာက္ဥေရာပ ႏိုင္ငံမ်ားတြင္ အစားအစာအျဖစ္လည္းေကာင္း၊ ေဆးဝါးအျဖစ္လည္းေကာင္း၊ သေရစာအျဖစ္ လည္းေကာင္း ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ၾကပါသည္။ " စိုက္သင့္ေသာသီးႏွံျဖစ္ " #လယ္ယာၿခံေျမ စိုက္ပ်ဳိးသူမ်ားသည္ ႏွစ္ရွည္ပင္ၾကားတြင္ ေျမာင္းတင္၍ စိုက္ပ်ဳိးၾကသည္ဟု သိရသည္။ #ယခင္က ေတာထဲေတာင္ထဲတြင္ အေလ့က် ေပါက္ေရာက္ၿပီး မည္သူမွ် ဂ႐ုစိုက္ျခင္း မခံရေသာ ဝဥပင္မ်ားကို ယခုအခါ အျမတ္တႏုိး တန္ဖိုးထား စိုက္ပ်ဳိးေနၾကၿပီျဖစ္ပါသည္။ #ဝဥစိုက္ပ်ဳိးျခင္းသည္ ေတာင္သူလယ္သမားမ်ားအတြက္ ေရရွည္တြင္ အက်ဳိးစီးပြားမ်ားစြာ ျဖစ္ေစပါေၾကာင္း ေရးသားတင္္ျပအပ္ပါသည္။ 09778928990မ်ိဳးထက္​​ေအာင္​ကိုစံုစမ္​းပါကိုလူၾကမ္​းဝယ္​လက္​ပါ " ကိုးကားခ်က္ " ေပါက္ေပါက္ ၊ ျမန္မာေတာင္သူႀကီးမ်ားဂ်ာနယ္

Comments