ခရမ်းသီးစိုက်ပျိုးနည်း



xxxx   unicode   font   xxxx


ခရမ်းသီးစိုက်ပျိုးနည်း
===============
ပျိုးထောင်ခြင်း
ကောင်းစွာဆွေးမြေ့သောချေးများ၊ သစ်ရွက်စိမ်း၊ မြေသြဇာများအသုံးပြု၍ (၃) ပေအကျယ်၊ (၃၀) ပေ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ မျိုးစေ့ များကို တစ်တန်းနှင့်တစ်တန်း (၄) လက်မခန့်ခြား ၍ ပျိုးရပါမည်။ အပင်များ ကြပ်မနေစေရန် လိုသောပျိုးပင်များ နုတ်ပစ်ရမည်။ တစ်ဧကမျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် ပျိုးနိုင်ပါသည်။
မြေပြုပြင်ခြင်း
----------
ပျိုးထောင်ချိန်တွင် စိုက်ခင်းကို မြေပြုပြင်ထားရပါမည်။ ထယ်(၃) စပ်မှ (၄) စပ်ထိုး၍ ထွန်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ မျိုးကိုလိုက်၍ ပင်ကြား၊ တန်းကြားအကွာအဝေး ကွာခြားတတ်သော်လည်း အများအားဖြင့် တန်းကြား (၃) ပေမှ (၄) ပေ ပင်ကြား (၂) ပေမှ (၃) ပေထား၍ ရွေ့ပြောင်းစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးခြင်း
---------
ပျိုးပင်များ အရွက် (၅) ရွက်ရရှိလျှင် စိုက်ခင်းသို့ ရွေ့စိုက်နိုင်သည်။ သတ်မှတ် ထားသော တန်းကြား၊ ပင်ကြား ဆုံရာကျင်းများတွင် ညနေခင်းပျိုးထောင်မှ ပျိုးပင်မာျးကိုနုတ်ယူ၍ အမြစ်ဖြောင့်တန်းအောင် ချစိုက်ရပါမည်။ စိုက်ချိန်တွင် အစိုဓာတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင်ဖြစ်၍ အပင်များ နေပးဒဏ် မှ ကာကွယ်နိုင်ရန် သစ်ပင်သစ်ကိုင်းများ စိုက်ပေးရမည်။ ပျိုးပင်များ ကောင်းစွာအမြစ်စွဲလျှင် အရိမ်များဖယ်ပေး နိုင်ပါသည်။
မြေသြဇာနှုန်းထားများ
----------------
နွားချေး - ၁ဝတန်
ယူရီးယား - ၅၀ ကီလို(၂) အိတ်
ပိုတက်ရှ် - ၅၀ ကီလို (၂) အိတ်
မြေပြုပြင်စဉ်တွင် ယူရီးယား (၅၀) ကီလို (၁) အိတ်၊ စိုက်ပြီး (၁) လနှင့် (၂) လကြာတွင် ယူရီးယား (၅၀) ကီလိုကို ထပ်မံထည့်သွင်းပေးရမည်။



Image result for eggplant farmImage result for eggplant farmImage result for eggplant farm


Image result for eggplant farm

Comments