rice wine ျပုလုပ္နည္း

 video file download here>>>>>>>>>>>>

xxxxxxxxxxxx  unicode  font  xxxxxxxxxxx

  rice wine ဆိုပေမဲ့
ဆန်နဲ့လုပ်တာတော့မဟုတ်ပါဘူး
ကောက်ညင်းနဲ့ လုပ်တာပါ
အရက်တော့ မဟုတ်ပါဘူး
ဝိုင်အဆင့်ပဲရှိပါတယ်
Alc % နည်းလို့ပါ

ပြုလုပ်နည်းလေးကတော့ ဒီလိုပါ

ကျွန်တော် အသုံးပြုလိုက်တဲ့
အချိုးအစားကိုအရင်ပြောပါ့မယ်

ကောက်ညှင်းဆန် 250g
ရေ 1liter
သကြား 500g
တဆေး ထမင်းစားဇွန်း တစ်ဇွန်း အချိုးနဲ့ပါ

ကျွန်တော်
စမ်းသပ်လုပ်ကြည့်တာဖြစ်တဲ့အတွက်
ကောက်ညှင်းဆန် 2kg သုံးလိုက်ပါတယ်
အဲ့တော့ အပေါ်ကအချိုးအစားအတိုင်း
ကျန်တာတွေကို တွက်ကြည့်ကြပေါ့နော်

(ဝိုင်ဖြစ်သွားသောအခါ
ကောက်ညှင်းဆန် 2kg အတွက်
rice wine 4 liter လောက်ထွက်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်ကတော့

ရေဆူအောင်တည်ပါ
ရေဆူလာရင် သကြားများထဲ့မွှေပါ
မီးပိတ်ပြီး ကောက်ညှင်းဆန်ထဲ့ပါ
အဖုံးပိတ်ပါ
အေးတဲ့အထိ စောင့်ပါ
(ခေါင်ရည်စိမ်ရင်တော့
ကောက်ညှင်းဆန်ကို အစိမ်းမထဲ့ပဲ
အရင်ချက်ပြီးမှထဲ့တယ်လို့
လေ့လာဘူးပါတယ်)

အေးသွားပြီဆိုရင်
ဝိုင်ဖောက်မဲ့အိုးထဲ ပြောင်းထဲ့ပါ
တဆေးထဲ့ပါ
အဖုံးပိတ်ပါ
air lock တပ်ပြီး
၃ပတ်လောက်ထားပါ

(တဆေးက
ဝိုင်ဖောက်တဲ့တဆေး သပ်သပ်ရှိပါတယ်
ရန်ကုန်မှာ ဘယ်နေရာဝယ်ရမှန်းမသိပါဘူး
ဝယ်လို့ရမဲ့နေရာသိပါက မန့်ပေးသွားကြပါ

ဝိုင်ဖောက်တဆေးဝယ်မရလို့
မုန့်ဖုတ်တဆေးကိုပဲ သုံးလိုက်ပါတယ်

မုန့်ဖုတ်တဆေးကို ဝိုင်ဖောက်မယ်ဆိုရင်
တန်းပြီးသုံးလို့မရပါဘူး
အဆင့်တစ်ခုကိုပြုပြင်ဖြတ်ကျော်ရပါတယ်
အဲ့ဒီ့အဆင့်ကို
google မှာရှာဖတ်ပြီး ဖြတ်ကျော်လိုက်ပါတယ်
အောက်မှာရေးပြထားပါ့မယ်)

(air lock ကိုရန်ကုန်မှာ
ရှာဝယ်ကြည့်တာ မရပါဘူး
air lock ဝယ်လို့ရမဲ့နေရာများသိကြရင်
မန့်ပေးသွားကြပါ

air lock ဝယ်မရလို့ ကွကိုယ်ပဲ
လက်ဖြစ်လေးလုပ်လိုက်ပါတယ်
လုပ်နည်း အောက်မှာရေးပြထားပါတယ်)

၃ပတ်လောက်ထားပြီးရင်
အရောင်လေးကြည်လာပါလိမ့်မယ်
အရောင်မကြိုက်သေးရင်
ဆက်ထားပါ
ထားလေ အရောင်ကြည်လာလေပါ

ကြိုက်ပြီဆိုရင်
အနယ်တွေမပါအောင် ပုလင်းထဲပြောင်းထဲ့ပါ
အမှောင်ထဲမှ ၃ပတ်လောက်ထပ်သိမ်းပါ

ပြီးရင်သောက်လို့ရပြီ
အနံ့လေးရော အရသာလေးရောမဆိုးလှပါ
သောက်လို့အသင့်အသင့်ကောင်းပါတယ်
Alc % မများတဲ့အတွက် အရမ်းလဲမမူးပါခင်ဗျာ

====================

မုန့်ဖုတ် တဆေးအား
ဝိုင်ဖောက်သောအခါ
ပြုပြင်ရမည့် အဆင့်

(ကျွန်တော်သုံးလိုက်သည့် မုန့်ဖုတ်တဆေးကို first comment တွင်ကြည့်ပါ
city mart မှ ဝယ်ပါသည်)

ရေနွေးတည်ပါ
အအေးခံပါ
လက်ညိုးထိုးထဲ့ကြည့်ပါ
လက်ညိုးက အပူဒဏ်ခံနိုင်လောက်ယုံ
မပူမအေးနွေးနွေးလေးဖြစ်ပြီဆိုရင်
ဖန်ခွက်တစ်ခွက်ထဲ အဲ့ရေနွေးကို
တစ်ဝက်လောက်ထဲ့ပါ

သကြား ၂ဇွန်းလောက်ထဲ့ပြီး
သကြားပျော်သွားအောင်အရင်မွှေပါ
မွှေပြီးရင် တဆေးထဲ့ပါ
နဲနဲထပ်မွှေလိုက်ပါ

ခဏလောက်စောင့်ကြည့်ပါ
အမြုပ်များထွက်လာပါလိမိ့မယ်
အမြုပ်မထွက်ရင် အသုံးပြုလို့မရပါ
(second comment တွင် ကြည့်ပါ)

အဲ့လိုလေး အမြုပ်ထွက်လာပြီဆိုရင်
အသုံးပြုလို့ရပါပြီ

====================

air lock ပြုလုပ်နည်း

ဝိုင်ဖောက်မဲ့အိုးအဖုံးကို
အသုံးပြုမည့် ပလစ်စတစ်အကြည်ပိုက်လေး
ခပ်ကြပ်ကြပ်အနေအထားဖြင့်
ထိုးသွင်းနိုင်လောက်တဲ့
အပေါက်လေးဖောက်ပါ

ရေသန့်ဘူး အဖုံးကိုလဲ ထိုကဲ့သို့ဖောက်ပါ

ရေသန့်ဘူး လည်ပင်းအောက်နားလောက်မှာ
အပေါက်လေးတစ်ပေါက်ဖောက်ပါ

ရေသန့်ဘူးထဲရေအနည်းငယ်ထဲ့ပါ

ပိုက်တစ်စကို
ရေသန့်ဘူးအဖုံးအပေါက်မှထိုးသွင်းပြီး
ရေသန့်ဘူးထဲကရေထဲကိုနှစ်ပါ
(အောက်ခြေကိုထိတဲ့အထိမနှစ်ရ)

ပိုက်ထဲ့ထားသောရေသန့်ဘူးအဖုံးကို
သေချာလုံအောင်ပိတ်လိုက်ပါ

နောက်ကျန်နေသောအစတစ်ဖက်ကို
အပေါက်ဖောက်ထားသော
ဝိုင်အိုးအဖုံးထဲသို့ထိုးသွင်းလိုက်ပါ

အိုးထဲမှအရည်များကိုထိသည်ထိမထိုးထဲ့ရ

အိုးအဖုံးကိုပိတ်လိုက်ပါ

ရေထဲ့ထားသောရေသန့်ဘူးလေးကို
ဝိုင်အိုးထက်နိမ့်သောနေရာတွင် ထောင်ထားပါ
(third comment တွင်ကြည့်ကြပါ)

ကျွန်တော် အမှတ်မှားနေတာများရှိက
ပြင်ပေးကြပါ
ပိုကောင်းသော နည်းပညာများသိပါက
မျှဝေပေးကြပါ
xxxxxxxxxxxxx   zawgyi   xxxxxxxxxxxxx

rice wine ဆိုေပမဲ့
ဆန္နဲ့လုပ္တာေတာ့မဟုတ္ပါဘူး
ေကာက္ညင္းနဲ့ လုပ္တာပါ
အရက္ေတာ့ မဟုတ္ပါဘူး
ဝိုင္အဆင့္ပဲရွိပါတယ္
Alc % နည္းလို့ပါ
ျပုလုပ္နည္းေလးကေတာ့ ဒီလိုပါ
က်ြန္ေတာ္ အသံုးျပုလိုက္တဲ့
အခ်ိုးအစားကိုအရင္ေျပာပါ့မယ္
ေကာက္ညွင္းဆန္ 250g
ေရ 1liter
သျကား 500g
တေဆး ထမင္းစားဇြန္း တစ္ဇြန္း အခ်ိုးနဲ့ပါ
က်ြန္ေတာ္
စမ္းသပ္လုပ္ျကည့္တာျဖစ္တဲ့အတြက္
ေကာက္ညွင္းဆန္ 2kg သံုးလိုက္ပါတယ္
အဲ့ေတာ့ အေပါ္ကအခ်ိုးအစားအတိုင္း
က်န္တာေတြကို တြက္ျကည့္ျကေပါ့ေနာ္
(ဝိုင္ျဖစ္သြားေသာအခါ
ေကာက္ညွင္းဆန္ 2kg အတြက္
rice wine 4 liter ေလာက္ထြက္ပါတယ္)
ျပုလုပ္နည္း အဆင့္ဆင့္ကေတာ့
ေရဆူေအာင္တည္ပါ
ေရဆူလာရင္ သျကားမ်ားထဲ့ေမြွပါ
မီးပိတ္ျပီး ေကာက္ညွင္းဆန္ထဲ့ပါ
အဖံုးပိတ္ပါ
ေအးတဲ့အထိ ေစာင့္ပါ
(ေခါင္ရည္စိမ္ရင္ေတာ့
ေကာက္ညွင္းဆန္ကို အစိမ္းမထဲ့ပဲ
အရင္ခ်က္ျပီးမွထဲ့တယ္လု့ိ
ေလ့လာဘူးပါတယ္)
ေအးသြားျပီဆိုရင္
ဝိုင္ေဖာက္မဲ့အိုးထဲ ေျပာင္းထဲ့ပါ
တေဆးထဲ့ပါ
အဖံုးပိတ္ပါ
air lock တပ္ျပီး
၃ပတ္ေလာက္ထားပါ
(တေဆးက
ဝိုင္ေဖာက္တဲ့တေဆး သပ္သပ္ရွိပါတယ္
ရန္ကုန္မွာ ဘယ္ေနရာဝယ္ရမွန္းမသိပါဘူး
ဝယ္လို့ရမဲ့ေနရာသိပါက မန့္ေပးသြားျကပါ
ဝိုင္ေဖာက္တေဆးဝယ္မရလို့
မုန့္ဖုတ္တေဆးကိုပဲ သံုးလိုက္ပါတယ္
မုန့္ဖုတ္တေဆးကို ဝိုင္ေဖာက္မယ္ဆိုရင္
တန္းျပီးသံုးလို့မရပါဘူး
အဆင့္တစ္ခုကိုျပုျပင္ျဖတ္ေက်ာ္ရပါတယ္
အဲ့ဒီ့အဆင့္ကို
google မွာရွာဖတ္ျပီး ျဖတ္ေက်ာ္လိုက္ပါတယ္
ေအာက္မွာေရးျပထားပါ့မယ္)
(air lock ကိုရန္ကုန္မွာ
ရွာဝယ္ျကည့္တာ မရပါဘူး
air lock ဝယ္လို့ရမဲ့ေနရာမ်ားသိျကရင္
မန့္ေပးသြားျကပါ
air lock ဝယ္မရလို့ ကြကိုယ္ပဲ
လက္ျဖစ္ေလးလုပ္လိုက္ပါတယ္
လုပ္နည္း ေအာက္မွာေရးျပထားပါတယ္)
၃ပတ္ေလာက္ထားျပီးရင္
အေရာင္ေလးျကည္လာပါလိမ့္မယ္
အေရာင္မျကိုက္ေသးရင္
ဆက္ထားပါ
ထားေလ အေရာင္ျကည္လာေလပါ
ျကိုက္ျပီဆိုရင္
အနယ္ေတြမပါေအာင္ ပုလင္းထဲေျပာင္းထဲ့ပါ
အေမွာင္ထဲမွ ၃ပတ္ေလာက္ထပ္သိမ္းပါ
ျပီးရင္ေသာက္လို့ရျပီ
အနံ့ေလးေရာ အရသာေလးေရာမဆိုးလွပါ
ေသာက္လို့အသင့္အသင့္ေကာင္းပါတယ္
Alc % မမ်ားတဲ့အတြက္ အရမ္းလဲမမူးပါခင္ဗ်ာ
====================
မုန့္ဖုတ္ တေဆးအား
ဝိုင္ေဖာက္ေသာအခါ
ျပုျပင္ရမည့္ အဆင့္
(က်ြန္ေတာ္သံုးလိုက္သည့္ မုန့္ဖုတ္တေဆးကို first comment တြင္ျကည့္ပါ
city mart မွ ဝယ္ပါသည္)
ေရေႏြးတည္ပါ
အေအးခံပါ
လက္ညိုးထိုးထဲ့ျကည့္ပါ
လက္ညိုးက အပူဒဏ္ခံႏိုင္ေလာက္ယံု
မပူမေအးေႏြးေႏြးေလးျဖစ္ျပီဆိုရင္
ဖန္ခြက္တစ္ခြက္ထဲ အဲ့ေရေႏြးကို
တစ္ဝက္ေလာက္ထဲ့ပါ
သျကား ၂ဇြန္းေလာက္ထဲ့ျပီး
သျကားေပ်ာ္သြားေအာင္အရင္ေမြွပါ
ေမြွျပီးရင္ တေဆးထဲ့ပါ
နဲနဲထပ္ေမြွလိုက္ပါ
ခဏေလာက္ေစာင့္ျကည့္ပါ
အျမုပ္မ်ားထြက္လာပါလိမိ့မယ္
အျမုပ္မထြက္ရင္ အသံုးျပုလို့မရပါ
(second comment တြင္ ျကည့္ပါ)
အဲ့လိုေလး အျမုပ္ထြက္လာျပီဆိုရင္
အသံုးျပုလို့ရပါျပီ
====================
air lock ျပုလုပ္နည္း
ဝိုင္ေဖာက္မဲ့အိုးအဖံုးကို
အသံုးျပုမည့္ ပလစ္စတစ္အျကည္ပိုက္ေလး
ခပ္ျကပ္ျကပ္အေနအထားျဖင့္
ထိုးသြင္းႏိုင္ေလာက္တဲ့
အေပါက္ေလးေဖာက္ပါ
ေရသန့္ဘူး အဖံုးကိုလဲ ထိုကဲ့သို့ေဖာက္ပါ
ေရသန့္ဘူး လည္ပင္းေအာက္နားေလာက္မွာ
အေပါက္ေလးတစ္ေပါက္ေဖာက္ပါ
ေရသန့္ဘူးထဲေရအနည္းငယ္ထဲ့ပါ
ပိုက္တစ္စကို
ေရသန့္ဘူးအဖံုးအေပါက္မွထိုးသြင္းျပီး
ေရသန့္ဘူးထဲကေရထဲကိုႏွစ္ပါ
(ေအာက္ေျခကိုထိတဲ့အထိမႏွစ္ရ)
ပိုက္ထဲ့ထားေသာေရသန့္ဘူးအဖံုးကို
ေသခ်ာလံုေအာင္ပိတ္လိုက္ပါ
ေနာက္က်န္ေနေသာအစတစ္ဖက္ကို
အေပါက္ေဖာက္ထားေသာ
ဝိုင္အိုးအဖံုးထဲသို့ထိုးသြင္းလိုက္ပါ
အိုးထဲမွအရည္မ်ားကိုထိသည္ထိမထိုးထဲ့ရ
အိုးအဖံုးကိုပိတ္လိုက္ပါ
ေရထဲ့ထားေသာေရသန့္ဘူးေလးကို
ဝိုင္အိုးထက္နိမ့္ေသာေနရာတြင္ ေထာင္ထားပါ
(third comment တြင္ျကည့္ျကပါ)
က်ြန္ေတာ္ အမွတ္မွားေနတာမ်ားရွိက
ျပင္ေပးျကပါ
ပိုေကာင္းေသာ နည္းပညာမ်ားသိပါက
မ်ွေဝေပးျကပါ

Image may contain: drinkRelated imageImage result for rice wine
 Related imageRelated image

Comments