#နည်းစနစ်ကျသရက်စိုက်ပျိုးနည်း

xxx   unicode  xxxx

#နည်းစနစ်ကျသရက်စိုက်ပျိုးနည်း

သရက်ပင် အဖူးကြွေခြင်း

တချို့နှစ်များတွင် သရက်ဖူးများအလိုအလျောက်ကြွေကျကုန်တတ်သည်။ သရက်ရွက်များအပေါ်တွင်လည်းကောင်း၊ အပင်အောက်ခြေတွင်လည်းကောင်း အစေ့များကျနေသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရသည်မှာ ရာသီဥတုဖောက်ပြန်သောကြောင့်ဖြစ်သည်။ နှင်းခါးရိုက်သည်ဟု ခေါ်ကြသ
ည်။

သရက်ပင်အကိုုင်းခြောက်ပြီး ကျိုးခြင်း

တချို့သော သရက်ပင်များတွင် အကိုင်းခြောက်ပြီး ကျိုးကျတတ်သည်။ အကိုင်းတွင် ပိုးပေါက်ကလေးများ တွေ့ရတတ်သည်။ ပင်စည်ဖောက်ပိုးကျရောက်သောကြောင့် ဖြစ်သည်။ ၄င်းပိုးမှာ သရက်ပင််အကိုင်းများ၊ ပင်စည်ကို ထိုးဖောက်ကာ အတွင်းသို့ဝင်ပြီး အူကိုလျှောက် စားတတ်သည်။ အကိုင်းများ ခြောက်လိုက်လာပြီး ကျိုးကျသွားတတ်သည်။ ပိုးများလျှင် အပင်ခြောက်ပြီး ငုတ်တုတ် သေတတ်သည်။
ကုသရန်မှာ ပိုးထိုးခြောက်နေသော အကိုင်းဖြတ်ပြီး အပင်များတွင် ကျန်သည့်အကိုင်းအငုတ်ကို ကတ္တရာစေး သုတ်လိမ်းထားပါ။ အကိုင်းကို ဖြတ်သည့်အခါ အပေါ်ဘက်သို့ ခပ်စောင်းစောင်းဆွေပြီး ဖြတ်ပါ။ မိုးရေများ လျှောကျသွားစေရန်ဖြစ်သည်။ ဆေးရနိုင်မည်ဆိုပါက ပါရာဒိုင်းကလိုရိုဗင်းဇင်းဆေးကို ပိုးပေါက်များထဲသို့ လောင်းထည့်ပြီး ပိတ်ထားပါ။ ဗော်ဒိုဆေးရည်ကို ခပ်ပျစ်ပျစ်ဖျော်ပြီး အပင်ကိုသုတ်လိမ်းပေးပါ။
သရက်ပင်တစ်ပင်လုံး ခြောက်ပြီးသေခြင်း
သရက်ပင်များ ရေမိုးအဆင်ပြေလျက် တစ်ပင်လုံးခြောက်ပြီး သေသည်ကို တွေ့ရတတ်သည်။ အထက်တွင်ဖော်ပြခဲ့သော ပင်စည်ဖောက်ပိုးကြောင့် လည်းကောင်း၊ အမြစ်ကို ခြကိုက်ခြင်းကြောင့်လည်းကောင်း ဖြစ်တတ်သည်။ အမြစ်ကိုခြကိုက်လျှင် အော်(လ်)ဒရင်းဖျော်ရည်ဆေးမှုန့်ကို ရေဖျော် အပင်ရင်းမြေထဲသို့ စိမ့်ဝင်းသွားအောင် လောင်းပေးပါ။

ရွက်စားပိုးကို ကာကွယ်နည်း

သရက်ပင်အရွက်များကို ခူများစားပစ်တတ်သည်။ တစ်ပင်လုံး ငုုံးတိတိကျန်သည်အထိ ပိုးစားသည်ကို တွေ့ရတတ်သည်။ ထိုခူကောင်လေးများမှာ ဖလံမှပေါက်လာသော ပိုးများဖြစ်သည်။
သရက်ရွက်များကို စားပြီးနောက် အိမ်ကလေးများလုပ်ကာ အရွက်အကိုင်းများတွင်ချိတ်ဆွဲနေသည်။ ထို့နောက် ထိုအိမ်ကလေးများအတွင်းမှ ဖလံဖြစ်ကာ ပျံထွက်လာလေသည်။ ထို့နောက် ဥကလေးများ ဥပြန်ကာ ထိုဥမှခူးများပေါက်ကာ သရက်ရွက်များကို စားပစ်ပြန်သည်။ သရက်ပင်သာမဟုတ် အခြားအပင်များကိုလည်း စားတတ်ကြသည်။
ရွက်စားပိုးကို နှိမ်နှင်းရန်မှာ ပိုးများစတွေ့လျှင်တွေ့ချင်း အင်းဒရင်းဆေးရည် ၁၉- ရာခိုင်နှုန်းဖြင့် ပတ်ဖျန်းပါ။ အိမ်နားနီးလျှင် ဆေးရည်မသုံးပါနှင့်။ ဆေးရွက်ကြီး ၅၅- ကျပ်သားကို ရေလေးဂါလန် နှင့် ၂၄- နာရီစိမ်ပြီး ရသည့်ရေနှင့် ဆပ်ပြာတစ်လက်မကိုလည်း ရေတစ်ဂါလန်နှင့် ဖျော်ထားသောရေကို ဆတူရေစပ်ပြီး ပက်ပါ။ ဆားရည်နှင့်လည်း ပတ်ပေးနိုင်သည်။ အပင်ကြီးများဖြစ်လို့ ဆေးပက်ဖျန်းရန် မဖြစ်နိုင်လျှင် အပင်အောက်မှ မီးဖိုပြီး မီးခိုးမှိုင်းတိုက်ပေးပါ။ ပိုးအိမ်များဖြစ်လာလျှင် ထိုးပိုးအိမ်များကို ဖြုတ်ကာမီးရှို့ပစ်ပါ။

ပင်မှည့်သရက်သီး ပုပ်ခြင်း

သရက်သီးများအပင်တွင် ရင့်မှည့်လာသည်နှင့်ပုပ်လာသည် ကိုတွေ့ရတတ်သည်။ မမှည့်ခင် ခူးဆွတ်ပြီး အုပ်ထားလျှင်လည်း မှည့်လာသည်နှင့်ပုပ်တော့သည်။ အများအားဖြင့် မျိုးကောင်းသရက်များတွင် ဖြစ်တတ်သည်။ ပုပ်သွားသော သရက်သီးမှည့်ကို ခွဲကြည့်လျှင် အထဲတွင် ပိုးတွေ့ရတတ်သည်။ ထိုပိုးကြောင့်ပင် သရက်သီးများပုပ်ကုန်ခြင်း ဖြစ်သည်။
ပိုးကျိုင်းကောင် အမျိုးအနွယ်ဖြစ်သော ပိုးစိမ်းကောင် ( အချို့က ပိုးစုန်းကောင်ဟု ခေါ်လေသည်) အမများသည် သရက်ပင်ပွင့်သည့်အချိန်တွင် အပွင့်များအတွင်း ဥများချပစ်ခဲ့သည်။ ထိုဥသည် အပွင့်မှ သရက်သီးများ သီးလာသည်အထိပါသွားပြီး သရက်သီးများအတွင်းတွင် ရှိနေတော့သည်။ ထို့နောက်သရက်သီးမှည့်လာသည့်အချိန် သရက်သီးအသားအနည်းငယ်ပျော့လာသည့်အခါတွင် ထိုဥမှ အကောင်ပေါက်ပြီး သရက်သီးကိုစားသည်။ သရက်သီးပုပ်တော့သည်။ ပိုးကောင်မှာ သရက်သီးကိုစားပြီး ဘဝပြောင်းကာ ပိုးကျိုင်းကောင်အဖြစ် ပြောင်းကာ ဖောက်ထွက်သွားသည်။ ထိုးကြောင့် တစ်ခါတရံ ပိုးကို မတွေ့ရပေ။
သရက်သီးကို ဖျက်စီးတတ်သည့် နောက်ပိုးတစ်မျိုးရှိသေး၏။ သစ်သီးထိုးစား ယင်ကောင်တစ်မျိုးဖြစ်သည်။ ထိုယင်သည် မှည့်စပြုသောသရက်သီးပေါ်တွင်နားကာ ဥများဥတတ်သည်။ ၄င်းတို့ဖင်ဖြင့် သရက်သီးကိုထိုးကာ ဥများကို ဥချသည်။ သရက်သီးမှာ ဖင်ထိုးသည့်အတွက် အဆိပ်ဖြစ်ကာပုပ်တော့သည်။ ပိုးဥများပေါက်လာသော ပိုးကလေးများသည် သရက်သီးကို စားသောက်ဖျက်ဆီးတတ်လေသည်။
ထိုပိုးများ အန္တရယ်ကို ကာကွယ်နှိမ်နှင်းရန် ဆေးပက်ဖျန်းလို့ မဖြစ်ပေ။ အကြောင်းမှာ ပိုးကောင်သည် သရက်သီးအတွင်းသို့ရောက်နေသဖြင့် ဆေးနှင့်မထိနိုင်တော့ပေ။ ဆေးနှင့်မထိက ပိုးကောင်မှာ မသေနိုင်ပေ။ နောက်တစ်ချက်မှာ စားသုံးစရာဖြစ်သည့်အတွက် အဆိပ်ဆေးများပက်ဖျန်းခြင်းဖြင့် စားသုံးသူများကို အန္တရယ်ဖြစ်စေနိုင်သည်။
ထိုပိုးများ၏ အန္တရယ်ကို အကောင်းဆုံးကာကွယ်ရန် နည်းလမ်းမှာ သရက်ပင်များပွင့်တော့မည့်အချိန် သို့မဟုတ် မိုးကုန်စပြုသည့်အချိန်မှစပြီး အပင်အောက်မှ မီးခိုးမှိုင်းတိုက်ပေးရန်ပင် ဖြစ်သည်။ သရက်ပင်များအောက်တွင် အမှိုက်များပုံပြီး နေဝင်စအချိန်မှစကာ တစ်နာရီခန့် မီးရှို့ပြီး မီးခိုးမှိုင်း တိုက်ပေးပါ။ နောက်မနက်စောစော မိုးမလင်းမီ တစ်နာရီခန့် မီးခိုးမှိုင်းတိုက်ပေးပါ။ နှစ်ရက်ခြား တစ်ခါ၊ သုံးရက်ခြား တစ်ခါ အသီးများသီးလာသည်အထိ ပြုလုပ်ပေးပါ။ ပိုးအန္တရယ် ကင်းဝေးမည် ဖြစ်သည်။

ဖူးတံခြောက်ရခြင်းအကြောင်း

သရက်ပင်များ ဖူးတံခြောက်ပြီး အသီးမတင်ဘဲရှိတတ်သည်။ သီးပြန်လာလည်း မှည့်သည့်အခါ အမည်းကွက်ကြီးများဖြစ်ကာ ပုတ်ကုန်တတ်သည်။ စိုက်ပျိုးသည့်ဒေသနှင့် သရက်မျိုးမကိုက်ညီ မသင့်လျော်ရင်လည်း ဖြစ်တတ်သည်။ မြေကြီးတွင် ရောဂါရှိနေလျှင်လည်း ဖြစ်တတ်သည်။ အပုပ်အစပ်များ၊ အိမ်သာတွင်းများနှင့်နီးလျှင်လည်း ဖြစ်တတ်သည်။ ရေဝပ်လျှင်လည်း ဖြစ်တတ်သည်။ မြေအချဉ်ဓာတ်များနေလျှင်လည်း ဖြစ်တတ်သည်။ နေရာကောင်းစွာ မရှိလျှင်လည်း ဖြစ်တတ်သည်။ ရေမဝပ်အောင် စိမ့်မစွဲအောင်၊ လောင်းရိပ်မကျအောင် ပြုပြင်ပေးပါ။ နေရောင်ကောင်းစွာရရှိအောင် အကိုင်းများကို ဖြတ်တောက်ပေးပါ။ မိုးမမိသောပြာတစ်တင်းကို မဖောက်ထုံး တစ်စလယ်ရောပြီး သရက်ပင်ကို မြေသြဇာကျွေးပါ။

သရက်သီးများ အက်ကွဲခြင်း

သရက်သီးများ အပင်တွင် ရင့်လာလျှင် အက်ကွဲကုန်သည်ကို တွေ့ရတတ်သည်။ မအက်ခင် အပင်မှခူးပြီး အုပ်လျှင်လည်း ခေါင်းပိုင်းကစပြီး ပုပ်တတ်သည်။ သရက်သီးအညှာရင်းတွင် ရေညှိကဲ့သို့ စိမ်းစိမ်းချွဲချွဲအညှိများ ကပ်နေတတ်သည်။ အရွက်နှင့်အကိုင်းများတွင်လည်း ဖြူဖြူအကွက်များ တွေ့ရတတ်သည်။ ရောဂါပိုးမွှားပါ ကျရောက်နေသောကြောင့် ဖြစ်တတ်သည်။ ယင်းသို့ြ့ဖစ်ရသည်မှာ အများအားဖြင့် ရာသီဥတုဒေသနှင့် မသင့်သော သရက်မျိုးများ စိုက်ခြင်းကြောင့် ဖြစ်တတ်သည်။
သရက်ပင်များသည် မြန်မာပြည်၏ မည်သည့်နေရာတွင်မဆိုု စိုက်လို့ ဖြစ်ထွန်းနိုင်သည်ဆိုသော်လည်း သူ့အရပ် သူ့ဒေသနှင့်ကိုက်ညီသော သရက်မျိုးများစိုက်ပျိုးမှသာ ကောင်းစွာဖြစ်ထွန်းသည်။ သို့မဟုတ်ပါက ကောင်းစွာဖြစ်ထွန်း သီးပွင့်ခြင်းမရှိပေ။ ဥပမာ- အထက်မြန်မာနိုင်ငံပူးပြင်းခြောက်တွေ့သော အရပ်ဒေသတွင် ဖြစ်ထွန်းသော အောင်ဒင်သရက်၊ မန္တလေးပန်းဆွဲသရက်များကို မိုးများပြီး ပူအိုက်စွတ်စိုသော အောက်မြန်မာနိုင်ငံတွင် စိုက်ပျိုးပါက ကောင်းစွာကြီးထွား သီးပွင့်မည့် မဟုတ်ပေ။ ထို့အတူ အောက်မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော မချစ်စု၊ တစုမိတ် စသည့် သရက်မျိုးများကို အထက်မြန်မာပြည် မန္တလေးကဲ့သို့သော အရပ်မျိုးတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမည် မဟုတ်ပေ။ အသီးများသီးလျှင်လည်း သီးလာသောအသီးများမှာ ကောင်းစွာရင့်မှည့်မည် မဟုတ်ပေ။ အသီးမတင်ခြင်း၊ သီးလာသည့်အသီးများ အက်ကွဲခြင်း၊ ပုပ်ခြင်း၊ ပိုးမွှားကျရောက်ခြင်း၊ မှိုရောဂါ ၊ ဗိုင်းရပ်ရောဂါ စသည်တို့ ဖြစ်တတ်သည်။ ယင်းပိုးမွှားများကို ပက်ဖျန်းနှိမ်နှင်းရန် ဆေးများရှိသည်။ ပိုးမွှားများအတွက် ကန့်၊ ထုံးဆေးရည် သို့မဟုတ် အော(လ်)ဗိုလီနီယမ်ဆေးရည်များနှင့်ပတ်ဖျန်းနိုင်ပြီး မှိုရောဂါအတွက် ပါရာနောက်ဆေးရည်၊ ကော့ပါးဖန်ဂီဆိုက်ဆေးရည်၊ ဗော်ဒိုဆေးရည်များဖြင့် ပက်ဖျန်းနှိမ်နှင်းနိုင်သည်။
သို့သော် အပင်ငယ်များကို ပက်ဖျန်းနှိမ်နှင်းနိုင်သော်လည်း အပင်ကြီးများကို ပက်ဖျန်းရန်မှာ ဆေးရည်လုံလောက်စွာအသုံးပြုနိုင်မှု၊ ဆေးဖျန်းကိရိယာရနိုင်မှုများပေါ်တွင် များစွာတည်လျက်ရှိပေသည်။ အပင်ကြီးများကို ဆေးဖျန်းပေးရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့်သရက်ပင်စိုက်မည်ဆိုလျှင် မျိုးကောင်းဖြစ်တိုင်း မစိုက်သင့်ပေ။ မိမိအရပ်ဒေသနှင့်သင့်သော သရက်မျိုးဖြစ်မဖြစ်၊ ပူအိုက်စွတ်စိုသော အရပ်တွင်ဖြစ်ထွန်းသည့် သရက်မျိုးလော၊ ပူပြင်းခြောက်သွေ့သည့် အရပ်တွင်ဖြစ်ထွန်းသည့် သရက်မျိုးလော စစ်ကြောပြီး ပိုးမွှားဒဏ်ခံနိုင်ရန် မိမိအရပ်သေနှင့်သင့်သော သရက်မျိုးကိုသာ စိုက်ပျိုးသင့်ပေသည်။

ကိုင်းဆက်စိုက်ခြင်း

သရက်ပင်သည် အမြင်အင်အား အလွန်ကောင်းသည်။ မျိုးရိုးဇာတိ စောင့်ထိန်းမှုလည်း ရှောက်၊ လိမ္မော်စသည်တို့ထက် ကောင်းသည်။ ထို့ကြောင့် မျိုးစေ့က ပျိုးထောင်လျှင်လည်း မျိူးကောင်းသရက်များကောင်းစွာ ဖြစ်ထွန်းနိုင်ပေသည်။ သို့သော်သိပ္ပံနည်းကျသော ကိုင်းဆက်စိုက်ပျိုးခြင်းမှာ ပိုကောင်းသော၊ သေချာသောနည်းဖြစ်သည်။
အပင်များကို မျိုးပွားရာတွင် ကိုင်းဆက်မျိုးပွားနည်းသည် သိပ္ပံနည်းကျသော မျိုးပွားနည်းဖြစ်သည်။ မူလအပင်တွင် သီးသောအသီး၏အရသာအတိုင်း ရရှိနိုင်သောနည်း ဖြစ်သည်။ သရက်ပင်များကိုလည်း ယင်းသိပ္ပံနည်းကျသော ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးနိုင်ပေသည်။
အရပ်ဒေသအလိုက်ပေါက်ရောက်သော သရက်ပင်များကို မြစ်ခံပင်ပြုလုပ်ပြီး အခြားမျိုးကောင်းသရက်များနှင့် ကိုင်းဆက် စိုက်ပျိုးနိုင်သည်။ ဥပမာ- မြန်မာပြည်တွင် ပေါက်ရောက်သော မချစ်စု၊ သလက်ဖက်၊ သင်္ဂလားမှအစ အခြားမည်သည့်သရက်မျိုးကိုမဆို ( ခပ်ကြမ်းကြမ်း သရက်မျိုးဖြစ်လျှင်ပိုကောင်းသည်) ဒေသအလျောက်ပေါက်ရောက်သော သရက်ပင်များကို မြစ်ခံပင်အဖြစ်ပြုလုပ်ပြီး အထက်မြန်မာနိုင်ငံမှ အောင်ဒင်၊ ပန်းဆွဲ၊ စိုင်တောင် စသည့် သရက်မျိုးများကို ကိုင်းဆက်ကာ အောက်မြန်မာပြည်တွင် စိုက်ပျိုးနိုင်သည်။ အထက်မြန်မာပြည်တွင် ပေါက်ရောက်သော သရက်ပင်များကို မြစ်ခံပြုပြီး အောက်မြန်မာနိုင်ငံမှ မျိုးကောင်းသရက်များဖြစ်ကြသော မချစ်စု၊ ရင်ကွဲ၊ သလပ်ဖက် စသည့်မျိုးများကို ကိုင်းဆက်ကာ အထက်မြန်မာပြည်တွင် စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။
မည်သည့်ဒေသတွင်မဆို ပေါက်ရောက်သောဒေသ ရာသီဥတု ရောဂါပိုးမွှားဒဏ်ကို ခံနိုုင်ရည်ရှိသော မျိုးညံံ့သရက်ရိုင်းများကို မြစ်ခံပြီး မျိုးကောင်းသရက်များနှင့် ကိုင်းဆက်စိုက်ပျိုးပါက ရောဂါပိုးမွှားနှင့်ရာသီဥတုဒဏ်ခံနိုင်ပြီင်္း အန့့့ံအရသာနှင့်ပြည့်စုံသော အသီးများကို ကောင်းစွာစားသုံးရမည် ဖြစ်သည်။ နိုင်ငံရပ်ခြား သရက်မျိုးကောင်းများကို စိုက်ပျိုးရာတွင်လည်း ယင်းနည်းဖြင့် စိုက်ပျိုးပါက အောင်မြင်မှုကို ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။Image may contain: food

Credit: #မင်းသော်တာImage may contain: plant
( ဥယျဉ်ခြံမြေ စိုက်ပျိုးနည်း ပဒေသာ)Image may contain: foodImage may contain: plant, tree, sky, outdoor and nature

Comments