မာလကာပင် စိုက်ပျိုးနည်း

xxxxxxxxxx unicode font xxxxxxxxxx

 မာလကာပင် စိုက်ပျိုးနည်း

================= ၁။ ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစားနှင့်မျိုးများ မာလကာပင်သည် အမေရိကတိုက်နှင့် အပူပိုင်းဒေသ တိုင်းပြည်များ ဖြစ်သော မက္ကဆီကိုနှင် ့ ပီရူးတိုင်းပြည်များ စသည့် မူရင်းဒေသများမှ မြန်မာနိုင်ငံသို့ ပြန့်နှံ စိုက်ပျိုးလာကြ ပါသည်။ အလွန် စိုက်ပျိုးရ လွယ်ကူသော သီးပင်မျိုး ဖြစ်သည်။ မြေအမျိုးအစားမရွေး ဖြစ်ထွန်း နိုင်သော်လည်း ရေဝပ်ခြင်းကိုမူ မနှစ်သက်ပါ။ အပူပိုင်းသီးနှံဖြစ်သော်လည်း အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းသည်။ မာလကာ အပင်ကြီး သည် အပူဒဏ် နှင့်ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုး ဖြစ်သည်။ သို့်သော် ဆောင်းရာသီ သီးသန့် ရှိသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟု အဆိုရှိသည်။ မာလကာပင်၏ မျိုးရင်းသည် MYRTACEAE၊ ရုက္ခဗေဒအမည်- Psidium guajava၊ အင်္ဂလိပ်အမည်မှာ GUAVA ဖြစ်သည်။ မာလကာတွင် အကြမ်းအားဖြင့် အူနီမျိုး နှင့် အူဖြူမျိုးဟူ၍ ရှိသည်။ အူနီမျိုးသည် အသီး အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရတာပျော့ပျောင်းသည်။ အသီး ပုံသဏ္ဍန် ဘူးင်္သီးပုံ ဖြစ်သည်။ အူဖြူမျိုးသည် အသီး အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမာကျစ်သည်။ အသီး ပုံသဏ္ဍန် အလုံးပုံ ရှိသည်။ ၂။ စိုက်ပျိုးနည်း မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သား အရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနို်င်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ(၆_၆ မီတာ) အကွာအဝေးထားပြီး စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှု ပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူး စိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့် ပျိုးပင်၏ အနက်အတိုင်းတူးရမည်။ ပျိုးပင်အနက်သည် ပျိုးအိတ် အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည် ဖြစ်ပြီး ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာ ဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည် အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ စိုက်ပျိုးပြီးစ အပင်ငယ်ချိန်တွင် မာလကာပင် တန်းကြားထဲ ကြားသီးနှံအဖြစ် မတ်ပဲ၊ ပဲလွမ်းစသည့် ပဲများနှင့် ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်သည့် ရုံးပတီ၊ ခရမ်းချဉ်၊ ငရုတ်၊ စသည့်ဖြင့် စိုက်ပျိုး၍ ဝင်ငွေတိုးနိုင်ပါသည်။ ၃။အပင်ပြုစုနည်း မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။ အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။ အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။ ၄။ ပိုးမွှားရောဂါ ဖျက်ပိုးများအနေဖြင့် ပိုးစေးနှဲ၊ သီးထိုးယင်၊ ပျတို့ကျရောက်တတ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ် ဆေးများကို ပက်ဖျန်း သုံးစွဲရမည် ဖြစ်ပါသည်။ ရောဂါများအနေဖြင့် မာလကာပင်ငယ် များတွင် မာလကာပင် ညိုးသေရောဂါ ကျရောက်၍ မာလကာပင်ငယ်များ ညှိုးနွမ်း သေဆုံး တတ်ပါသည်။ ငှက်မျက်စိ ကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲ ရောဂါများ ကျရောက်တတ်ပါသည်။ ဘော်ဒို မှိုသတ်ဆးကို အပတ်စဉ်သုံးစွဲ ပက်ဖျန်းခြင်း သို့မဟုတ် ကော့ပါးပါသော မှိုသတ်ဆေကို သုံးစွဲနှိမ်နင်း နိုင်ပါသည်။ ၅။မြေဩဇာကျွေးနည်း မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound) ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။ ၆။ ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း မာလကာပင်သည် အစေ့မှ စိုက်လျှင် ၄-၅ နှစ်ကြာမှ အသီးသီးသည်။ မြေထုပ်စည်း မျိုးပွားပင်မှ နှစ်နှစ်အတွင်း အသီးသီးသည်။ မြေဩဇာ အပြည့်အဝ ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည်။ မာလကာပင် တစ်ပင်လျှင် တစ်နှစ်ပတ်လုံး အသီး အများဆုံး ၁ဝဝဝခန့် အထိ အသီးသီးနိုင်သည်။ ပျမ်းမျှ တစ်ပင်လျှင် အသီး ၂ဝဝ မှ ၃ဝဝ ထိ သီးသည်။ မာလကာပင်သည် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းသာ အသီးအထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်တမ်းသို့ ရောက်လျှင် ပင်ပျိုများ လဲလှယ် စိုက်သင့်ပါသည်။ ယခုအခါ မာလကာပင်ကို အပင် အရေအတွက် တိုးမြှင့်ခြင်း၊ ကိုင်းပြုပြင်ခြင်း တို့ဖြင့် အထွက်နှုန်းတိုးအောင် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ xxxxxx zawgyi font xxxxxxx မာလကာပင္ စိုက္ပ်ဳိးနည္း ================= ၁။ ေဒသ၊ ရာသီဥတု၊ ေျမအမ်ိဳးအစားႏွင့္မ်ဳိးမ်ား မာလကာပင္သည္ အေမရိကတိုက္ႏွင့္ အပူပိုင္းေဒသ တိုင္းျပည္မ်ား ျဖစ္ေသာ မကၠဆီကိုႏွင္ ့ ပီရူးတိုင္းျပည္မ်ား စသည့္ မူရင္းေဒသမ်ားမွ ျမန္မာႏိုင္ငံသို႕ ျပန္႕ႏွံ စိုက္ပ်ိဳးလာၾက ပါသည္။ အလြန္ စိုက္ပ်ိဳးရ လြယ္ကူေသာ သီးပင္မ်ိဳး ျဖစ္သည္။ ေျမအမ်ိဳးအစားမေရြး ျဖစ္ထြန္း ႏိုင္ေသာ္လည္း ေရဝပ္ျခင္းကိုမူ မႏွစ္သက္ပါ။ အပူပိုင္းသီးႏွံျဖစ္ေသာ္လည္း အပူသမပိုင္းမ်ားတြင္လည္း ျဖစ္ထြန္းသည္။ မာလကာ အပင္ၾကီး သည္ အပူဒဏ္ ႏွင့္ေရငန္ဒဏ္ကိုလည္း ခံႏိုင္ရည္ရွိေသာ အပင္မ်ိဳး ျဖစ္သည္။ သို္႕ေသာ္ ေဆာင္းရာသီ သီးသန္႕ ရွိေသာေဒသမ်ားတြင္ အသီးအရသာပို၍ ခ်ိဳသည္ဟု အဆိုရွိသည္။ မာလကာပင္၏ မ်ိဳးရင္းသည္ MYRTACEAE၊ ရုကၡေဗဒအမည္- Psidium guajava၊ အဂၤလိပ္အမည္မွာ GUAVA ျဖစ္သည္။ မာလကာတြင္ အၾကမ္းအားျဖင့္ အူနီမ်ိဳး ႏွင့္ အူျဖဴမ်ိဳးဟူ၍ ရွိသည္။ အူနီမ်ိဳးသည္ အသီး အတြင္းသားသည္ ပန္းေရာင္မွ အနီေရာင္ရွိ၍ စားသံုးရတာေပ်ာ့ေပ်ာင္းသည္။ အသီး ပံုသ႑န္ ဘူးသၤီးပံု ျဖစ္သည္။ အူျဖဴမ်ိဳးသည္ အသီး အတြင္းသားသည္ အျဖဴေရာင္ရွိျပီး အသီးမာက်စ္သည္။ အသီး ပံုသ႑န္ အလံုးပံု ရိွသည္။ ၂။ စိုက္ပ်ိဳးနည္း မာလကာပင္ကို ေဖေဖၚဝါရီ-မတ္လ သို႕မဟုတ္ ဩဂုတ္-စက္တင္ဘာလ မ်ားတြင္ စိုက္ပ်ိဳးၾကသည္။ မာလကာပင္ကို အေစ့မွေသာ္လည္းေကာင္း ၊ ကိုင္းဆက္၍ေသာ္လည္းေကာင္း၊ ေျမထုပ္စည္း၍ေသာ္လည္းေကာင္း၊ ကိုင္းျဖတ္ ပ်ိဳးအိုးတြင္ အျမစ္ေဖာက္၍ လည္းေကာင္း ပ်ိဳးပင္ ျပဳလုပ္၍ စိုက္ပ်ိဳးႏိုင္ပါသည္။ အေစ့ပ်ိဳးပင္ (သို႕) ေျမထုတ္စည္း ပ်ိဳးပင္ကို တစ္ႏွစ္သား အရြယ္ေရာက္လွ်င္ ေျမခ် စိုက္ပ်ိဳးႏို္င္ပါသည္။ တစ္ပင္ႏွင့္ တစ္ပင္ ပံုမွန္ ၂၀_၂၀ ေပ(၆_၆ မီတာ) အကြာအေဝးထားျပီး စိုက္ၾကေသာ္လည္း အပင္အေရအတြက္ ပါဝင္မႈ ပိုမိုမ်ားရန္ ၁၀_၁၀ ေပ (၃ _၃ မီတာ) အကြာ က်င္းတူး စိုက္ပ်ိဳးႏိုင္သည္။ က်င္းအနက္သည္ စိုက္ပ်ိဳးမည့္ ပ်ိဳးပင္၏ အနက္အတိုင္းတူးရမည္။ ပ်ိဳးပင္အနက္သည္ ပ်ိဳးအိတ္ အတြင္းရွိစဥ္ ပ်ိဳးပင္၏ ခါးအနက္အတိုင္း စိုက္ရမည္ ျဖစ္ျပီး က်င္းအလယ္ တည့္တည့္တြင္ မတ္မတ္ခ် စိုက္ရမည္။ စိုက္ျပီး အပင္ေျခကို ေသခ်ာစြာ ဖိေပးျပီး အညႊန့္အသစ္မ်ား လိုက္လာသည္ အထိ မိုးမရြာလွ်င္ ေရေလာင္းေပးရပါမည္။ စိုက္ပ်ိဳးျပီးစ အပင္ငယ္ခ်ိန္တြင္ မာလကာပင္ တန္းၾကားထဲ ၾကားသီးႏွံအျဖစ္ မတ္ပဲ၊ ပဲလြမ္းစသည့္ ပဲမ်ားႏွင့္ ဟင္းသီးဟင္းရြက္ သီးနွံမ်ား ျဖစ္သည့္ ရံုးပတီ၊ ခရမ္းခ်ဥ္၊ ငရုတ္၊ စသည့္ျဖင့္ စိုက္ပ်ိဳး၍ ဝင္ေငြတိုးႏိုင္ပါသည္။ ၃။အပင္ျပဳစုနည္း မာလကာပင္ စိုက္ခင္းတြင္ ေျမဆြေပးျခင္း၊ ေပါင္းသင္ေပးျခင္း၊ ေရေလာင္းေပးျခင္းမ်ား ျပဳလုပ္ရပါမည္။ အပင္ အျမင့္ ၄ေပခန္႕အထိ မားမားမတ္မတ္ တက္ရန္အတြက္ အပင္ေျခရင္းမွ ကိုင္းတက္မ်ား နွင့္ ေဘးတက္မ်ားကို ျဖတ္ေတာက္ေပးရပါမည္။ အပင္ ေလဝင္ေလထြက္ ေကာင္းရန္ အပင္ အတြင္းသို႕ ထိုးဝင္ေနေသာ ကိုင္းမ်ားကို ျဖတ္ေတာက္ ေပးရပါမည္။ သို႕မွသာ မာလကာပင္ အသီးကိုင္းမ်ား ပို၍ မ်ားျပားကာ အသီးေဝဆာျပီး ပိုမို အသီးသီးႏိုင္ပါသည္။ အသီး အရည္အေသြး ျမင့္ရန္ ႏွင့္ အသီး အတြင္း သီးထိုးယင္ က်ေရာက္မႈ မရွိေစရန္ အသီးအား အိတ္စြပ္ေပးျခင္းလည္း ျပဳလုပ္သင့္ ပါသည္။ ၄။ ပိုးမႊားေရာဂါ ဖ်က္ပိုးမ်ားအေနျဖင့္ ပိုးေစးႏွဲ၊ သီးထိုးယင္၊ ပ်တို႕က်ေရာက္တတ္ပါသည္။ ပင္လံုးျပန္႕အာနိသင္ရွိေသာ ပိုးသတ္ ေဆးမ်ားကို ပက္ဖ်န္း သံုးစြဲရမည္ ျဖစ္ပါသည္။ ေရာဂါမ်ားအေနျဖင့္ မာလကာပင္ငယ္ မ်ားတြင္ မာလကာပင္ ညိုးေသေရာဂါ က်ေရာက္၍ မာလကာပင္ငယ္မ်ား ညွိဳးႏြမ္း ေသဆံုး တတ္ပါသည္။ ငွက္မ်က္စိ ကြက္ေျပာက္ေရာဂါ၊ ၾကပ္ခိုးစြဲ ေရာဂါမ်ား က်ေရာက္တတ္ပါသည္။ ေဘာ္ဒို မိႈသတ္ဆးကို အပတ္စဥ္သံုးစြဲ ပက္ဖ်န္းျခင္း သို႕မဟုတ္ ေကာ့ပါးပါေသာ မိႈသတ္ေဆကို သံုးစြဲႏွိမ္နင္း ႏိုင္ပါသည္။ ၅။ေျမဩဇာေကြ်းနည္း မာလကာတစ္ပင္လွ်င္ မတ္လတြင္ တစ္ၾကိမ္၊ ေအာက္တိုဘာလတြင္ တစ္ၾကိမ္ စသျဖင့္ (၂)ၾကိမ္ခြဲ၍ ေျမဩ ဇာေကြ်းသင့္ပါသည္။ ေျမဩဇာပမာဏ (NPK Compound) ဓာတ္ေျမဩဇာ တစ္ႏွစ္လွ်င္ (၁.၅-၆ ပိႆာ)ကို ေကြ်းသင့္ ပါသည္။ ထိုသို႕ ဓါတ္ေျမဩဇာ ေကြ်းတိုင္း ႏြားေခ်း ေျမေဆြး သဘာဝ ေျမဩဇာကို တစ္ပင္လ်ွင္ (၂-၅)ေတာင္း ေကြ်းသင့္ပါသည္။ ၆။ ခူးဆြတ္ျခင္းႏွင့္ အထြက္ႏႈန္း မာလကာပင္သည္ အေစ့မွ စိုက္လွ်င္ ၄-၅ ႏွစ္ၾကာမွ အသီးသီးသည္။ ေျမထုပ္စည္း မ်ိဳးပြားပင္မွ ႏွစ္ႏွစ္အတြင္း အသီးသီးသည္။ ေျမဩဇာ အျပည့္အဝ ေကြ်း၍ ေရသြင္းေရေလာင္းေပးေသာ အပင္မ်ားက တစ္ႏွစ္ပတ္လံုး အသီးသီးႏိုင္သည္။ မာလကာပင္ တစ္ပင္လွ်င္ တစ္ႏွစ္ပတ္လံုး အသီး အမ်ားဆံုး ၁၀ဝ၀ခန္႕ အထိ အသီးသီးႏိုင္သည္။ ပ်မ္းမွ် တစ္ပင္လွ်င္ အသီး ၂၀ဝ မွ ၃၀ဝ ထိ သီးသည္။ မာလကာပင္သည္ အသက္ ၁၀ ႏွစ္မွ ၁၅ ႏွစ္အတြင္းသာ အသီးအထြက္ေကာင္းသည္။ ထို႕ေၾကာင့္ ထိုပင္သက္တမ္းသို့ ေရာက္လွ်င္ ပင္ပ်ိဳမ်ား လဲလွယ္ စိုက္သင့္ပါသည္။ ယခုအခါ မာလကာပင္ကို အပင္ အေရအတြက္ တိုးျမွင့္ျခင္း၊ ကိုင္းျပဳျပင္ျခင္း တို႕ျဖင့္ အထြက္ႏႈန္းတိုးေအာင္ စီးပြားျဖစ္ စိုက္ပ်ိဳးလာၾကပါသည္။ မေအးသႏၱာစိုး Ref Image result for guava agriculture/Green WayRelated imageImage may contain: plant, grass, outdoor and nature

Comments