စျေးကွက်တစ်ရှိန်ထိုး ကောင်းမွန်လာတဲ့ ဝဥစိုက်ပျိုးရေးကို ပဲခူးတိုင်းဒေသကြီးက တောင်သူတွေ အထူးစိတ်ပါဝင်စား

စျေးကွက်တစ်ရှိန်ထိုး ကောင်းမွန်လာတဲ့ ဝဥစိုက်ပျိုးရေးကို ပဲခူးတိုင်းဒေသကြီးက တောင်သူတွေ အထူးစိတ်ပါဝင်စား ========================================== စျေးကွက်တစ်ရှိန်ထိုး ကောင်းမွန်လာတဲ့ ဝဥစိုက်ပျိုးရေးကို ပဲခူးတိုင်းဒေသကြီးက တောင်သူတွေ အထူး စိတ်ပါဝင်စားနေပါတယ်။ ၂၀၁၆-၂၀၁ရခုနှစ်အတွင်း အလေ့ကျ ပေါက်ပင်မှ တူးရောင်းသည့် ဝဥအစို တစ်ပိဿာကို ၃၅၀ ကျပ်မှ ၅၀၀ ကျပ်၊ ခြံစိုက်ဝဥအစို အထိုင်စျေး တစ်ပိဿာကို ၁၀၀၀ ကျပ်ဝန်းကျင် အရည်အသွေးအပေါ် မူတည်၍ စျေးရရှိခဲ့ပြီး၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝဥစျေးကွက်မှာတော့ ဝဥတစ်ပိဿာကို ၁၂၀၀ ကျပ် စျေးနှုန်း ပေါက်စျေးရှိနေပါပြီ။ “၂၀၁၈ ခုနှစ်မှာဆိုရင် ဒီပဲခူးဘက်မှာ ဝဥကို စိတ်ဝင်စားသူ၊ စိုက်ပျိုးသူ အရင်ထက် ပိုများလာပါတယ်။ ဝဥက စျေးကွက်ကောင်းတဲ့အပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်နိုင်ငံတွေကို ရောင်းလို့ ရနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အရည်အသွေးကို သက်မှတ်ဝယ်ယူတဲ့ ဂျပန်နဲ့ EU နိုင်ငံတွေကို ဆက်စပ်ရောင်းချဖို့သာ အနည်းငယ် လိုအပ်ချက် ရှိသေးတာပါ” လို့ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ မေဘရဏီ ပျိုးဥယျာဉ်ခြံမှ ဝဥစျေးကွက် ဖော်ဆောင်နေသူ ဦးလှသိန်းက ပြောပါတယ်။ သြဂုတ်လကနေ အောက်တိုဘာလအတွင်း ဝဥတွေမှာ “ဂလူကို မန်နန်” လို့ခေါ်တဲ့ ဖိုင်ဘာအစေ့လုံး စုဆောင်းမှု မပြည်ဝသေးတဲ့ ကာလဖြစ်ပြီး “မန်နန်” အပြည့်ဝဆုံးအချိန်ဟာ အပင်ညှိုးခြောက် ပျက်စီးပြီး အပင်ကို သာမန်လူ မတွေ့နိုင်တော့တဲ့ အချိန်ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်စိုက်ပျိုးသူတွေအနေနဲ့ ချိန်ဆ စိုက်ပျိုးနိုင်ပါက ဝဥရှားတဲ့ ကာလတွေမှာပါ ဝယ်လက်တွေကို ရောင်းချနိုင်ပြီး စျေးကောင်း ပိုရမှာပါ။ “အလေ့ကျရှာဖွေလို့ မရတဲ့ ရာသီမှာ ဝဥကို စိုက်ခြံတွေမှာ ရနိုင်ပါတယ်။ ဝဥအရည်အသွေးက သိပ်သည်းဆ ပေါ် မူတည်တယ်လို့ တချို့က သက်မှတ်ပါတယ်။ သိပ်သည်းဆ အနည်းအများက စိုက်တဲ့မြေအမျိုးအစားပေါ် မူတည်ပါတယ်။ ခြံထွက်ဝဥကို ပါးပါးလှီးပြီး နေရောင်မှာ ထောင်ကြည့်ရင် သကြားပွင့်ပုံစံ မန်နန်တွေ ပြည့်ကြပ်နေတာကို တွေ့ရမှာပါ။ ဒီအရည်အသွေးကို ဝယ်သူတွေ ကြိုက်တတ်ပါတယ်။ ဝဥစျေးကွက်ကို ကိုယ်တိုင် စနစ်တကျစိုက်ပျိုးခြင်းနဲ့ ဖန်တီးယူကြပါ” လို့ ဦးလှသိန်းက ဆက်လက်ပြောပါတယ်။ ဝဥကို အခြောက်ပြားပြုလုပ်၍ အမှုန့်ကြိတ်ကာ “မန်နန်” ရယူခြင်း၊ ကျန်ဘေးထွက် အမှုန်များကို တိရစ္ဆာန်အစာ၊ ကြက်စာ၊ ဝက်စာအဖြစ် အသုံးပြုခြင်းတွေ ရှိတယ်လို့ စိုက်ပျိုးသူတွေထံက သိရပါတယ်။ ဝဥဟာ ပြည်ပပို့ကုန်တစ်ခုဖြစ်တာကြောင့် စိုက်ခြံတွေနဲ့ စိုက်ပျိုးမှု တွင်ကျယ်လာစေရေး၊ ထွက်နှုန်းချိန်ဆ စိုက်ပျိုးတတ်စေရေး၊ ဝဥ အစို၊အခြောက် စျေးကွက်ကောင်းလာရေး၊ အရည်အသွေးမီ ဝဥတန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေးတို့ဟာ ဝဥစိုက်ပျိုးရေးရဲ့ အရေးပါတဲ့အခန်းကဏ္ဍတွေ ဖြစ်လို့နေပါတယ်။ ဂျပန်နိုင်ငံမှာ ဝဥမှုန့်ကို ကော်ပြန့်၊ ခေါက်ဆွဲ၊ ဂျယ်လီ ပြုလုပ်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံံမှာ ပေါင်မုန့်၊ အရက်၊ ၀ိုင်ချက်လုပ်ခြင်း၊ တရုတ်နိုင်ငံံမှာ အစားအစာ၊ ခေါက်ဆွဲ၊ အသားတု ပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုခြင်းနဲ့ စားသောက်ကုန်၊ ဆေးဝါးတွေမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။ ---------------------- Image may contain: foodနန်းထက်ထက်ချစ်Image may contain: plant, outdoor and nature

Comments