ကြက်မောက်စိုက်ပျိုးရေး( ၾကက္ေမာက္စိုက္ပ်ိုးေရး)

XXXXXXXXXXXXXXXXXXXXXXXXX  UNICODE    FONT   XXXXXXXXXXXXXXXXXXXX




  မြန်မာမျိုး ကန်ကလေး (၁)၊ (၂) မျိုး၊ မလေးရှားမှR3 (Reng Thug Cheng), R 134, R 160 (Khaw Tow), R 161 (Lee Long), R162 (Ong Heok)မျိုးများ၊ ထိုင်းနိုင်ငံမှ Rongrien, Seechompoo, Bang Yee Khan, See tong မျိုးများ၊ အင်ဒိုနီးရှားနိုင်ငံမှ Lebakulus, Banjai, Rapiah, Seematjaan မျိုး များ၊ ဖိလစ်ပိုင်နိုင်ငံမှ Maharlika, See-matjaan, Seejona မျိုးများနှင့် စင်ကာပူ နိုင်ငံမှ Jitlee (Dek), R-37, Ah Kow Cheng, Kim San Cheng စသည့်မျိုးများသည်....
စီးပွားဖြစ် ကြက်မောက်ခြံ တည်ထောင် စိုက်ပျိုးမည် ဆိုလျှင်ကြက်မောက်သီးသည် အရည်ရွှန်း သည်။ ချိုမွှေးသော အရသာ ရှိသဖြင့် လူတိုင်းကြိုက် နှစ်သက်သည်။ ကြက်မောက်၏ မူရင်းဒေသသည် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို ့ဖြစ်သည်။ အင်္ဂလိပ် အမည် RAMBUTAN ဖြစ်ပြီး SAPINDACEAE မျိုးရင်းဝင် ဖြစ်သည်။
ကြက်မောက်ပင်တွင် အဖိုပွင့်ပွင့် သော အဖိုပင်များ၊ (အစေ့ စိုက်ပင်များ၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုုင်နှုန်းသည် အဖို ပင်များဖြစ်သည်။)၊ လိင်စုံပန်းပွင့်ပြီး တချို့ အပင်များသည် အမပွင့်ကဲ့သို့ လုပ်ဆောင် သော အပင်များ၊ လိင်စုံပန်းပွင့်ပြီး တချို့ သောအပွင့်များသည် အမပွင့်ကဲ့သို့ လုပ် ဆောင်ပြီး၊ တချို့အပွင့်များသည် အဖိုပွင့်ကဲ့သို့ တာဝန်ထမ်းဆောင်သည့်အပင်များ (ဤအပင်အမျိုးအစားမှာ များစွာတွေ့ရှိရ ပြီး၊ အဖိုပွင့်ရာခိုင်နှုန်း နည်းတတ်ပါ သည်။) ကြက်မောက်ကို စီးပွားဖြစ်စိုက်ပျိုး မည်ဆိုလျှင် မျိုးရွေးချယ် မှုသည် အဓိကကျသည်။
ကြက်မောက်သီးတွင် အသားအစေ့ ကပ်သည့်မျိုးနှင့် အသားအစေ့မကပ်သည့် မျိုးဟူ၍ နှစ်မျိုးခွဲကြသည်။ မြန်မာမျိုး ကန်ကလေး (၁)၊ (၂) မျိုး၊ မလေးရှားမှR3 (Reng Thug Cheng), R 134, R 160 (Khaw Tow), R 161 (Lee Long), R162 (Ong Heok)မျိုးများ၊ ထိုင်းနိုင်ငံမှ Rongrien, Seechompoo, Bang Yee Khan, See tong မျိုးများ၊ အင်ဒိုနီးရှားနိုင်ငံမှ Lebakulus, Banjai, Rapiah, Seematjaan မျိုး များ၊ ဖိလစ်ပိုင်နိုင်ငံမှ Maharlika, See-matjaan, Seejona မျိုးများနှင့် စင်ကာပူ နိုင်ငံမှ Jitlee (Dek), R-37, Ah Kow Cheng, Kim San Cheng စသည့်မျိုးများသည် အရည်အသွေးလည်းကောင်း၊ အထွက်လည်းကောင်း သဖြင့် စိုက်ပျိုးသင့်သည်။
ကြက်မောက် စီးပွားဖြစ်စိုက်ပျိုးရန် မျိုးရွေးချယ်ရာတွင် အထွက်ကောင်းခြင်း၊ အသီးအရွယ်အစားကြီးခြင်း၊ (တစ်လုံး ၃၄ ဂရမ်ထက် ပိုရမည်။)၊ အရသာချိုမွှေးခြင်း၊ အသားအစေ့တွင် ကပ်မှုနည်းခြင်း၊ ဆွဲ ဆောင်မှုအရောင်းအသွေးရှိခြင်း၊ နှစ်စဉ်ပုံ မှန်သီးဖပွင့် သည့်မျိုး ဖြစ်ခြင်း စသည့် အရည်အသွေး ကောင်းများကို အခြေခံ၍ ရွေးချယ်ရန် လိုသည်။
ကြက်မောက် ပင်သည် အများ အားဖြင့် တောင်မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ အတွင်း စိုက်ပျိုးဖြစ်ထွန်းပြီး၊ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ် တွင် ပို၍ အောင်မြင်သည်။ ပင်လယ်ရေ မျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်သည်။ နှစ်စဉ် တစ်နှစ် ပတ်လုံးမိုးရွာသွန်းမှုညီညာပြီး မိုးရေချိန် ၂,၀၀၀ မီလီမီတာမှ ၅,၀၀၀ မီလီမီတာရှိရန် လိုအပ်ပါသည်။
မိုးမရွာသောလများတွင် ရေသွင်းပေးရန် လိုအပ်ပါသည်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နိမ့်လျှင် အပင်ကြီးထွားမှု ထိခိုက်စေပြီး အပူ ချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှု ရပ်တံ့စေသည်။ ပန်းဖူး ဖြစ်ပေါ်စေရန်အတွက် ခြောက်သွေ့သောကာလ အနည်းဆုံးတစ်လခန့် လိုအပ်သည်။
ကြက်မောက်ပင်သည် မြေမျိုးအစား အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သစ် ဆွေးဓာတ်ကြယ်ဝပြီး ရေစိမ့်အား ကောင်းသည့်သဲနှုန်းမြေတွင် အပင်ကြီးထွားမှုနှင့် သီးထွက်ကောင်းစေသည်။ ဓာတ်မြေသြဇာ နှင့် သဘာဝမြေသြဇာ ထည့်ပေးနိုင်ပါက ဂဝံမြေနီတွင်လည်း စိုက်ပျိုးနိုင်သည်။ ဏံ ၄ ဒသမ ၅ မှ ၆ ဒသမ ၅ သင့်တော်ပြီး၊ သံ ဓာတ်နှင့် သွပ်ဓာတ်ချို့တဲ့မှု ဖြစ်ပါက ရေစီးဆင်းစိမ့်ဝင်မှုကောင်းအောင် ပြုပြင်ပေးရန် လိုသည်။ မြေအောက်ရေ၏ ရေမျက်နှာပြင် အမြင့်သည် မြေမျက်နှာပြင် သုံးမီတာမှ လေးမီတာထက် မနည်းသင့်ပေ။
ကြက်မောက်စိုက်ခင်း ထူထောင်ရန် အတွက် ပျိုးပင်ရရှိသည် အဓိကဖြစ်သည်။ ပျိုးပင်ပွားရာတွင် ဒိုင်းပုံအဖူးဆက်ခြင်း၊ လေးဒေါင့်ကွက် အဖူးမြှုပ်ခြင်း၊ Forkert Budding နည်းဖြင့် အဖူးမြှုပ်ခြင်း၊ အကိုင်းဆက်ခြင်း၊ မြေထုပ်စည်းခြင်းနည်းများဖြင့် ပျိုးပင် ထုတ်လုပ်နိုင်သည်။ (ကြက်မောက် ပျိုးပင်ထုတ်လုပ်နည်း အသေးစိတ်ကို ဖော်ပြပြီး ဖြစ်ပါသည်။)
ကြပ်မောက်စိုက်ပျိုးမည့် စိုက်ခင်းမြေ နေရာအား မြေယာရှင်းလင်းခြင်း၊ မီးရှို့ခြင်း၊ စိုက်ခင်းများ ပနက်ရိုက်ခြင်း၊ စိုက်ကျင်း များတူးခြင်း၊ ကျင်းစာကြေးခြင်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများ ကို ဦးစွာမ တည်ဆောင်ရွက်ရန် လိုပါသည်။
ကြက်မောက်စိုက်ပျိုးရန် တန်းကြား ၁၂ ပေ၊ ပင်ကြား ၁၂ ပေ၊ စတုရန်းပုံ စိုက် ပျိုးရေးစနစ်သည် အသုံးများသည်။ အပင် ၃ဝဝကျော်ခန့် ဝင်ဆန့်သည်။ တချို့သော နိုင်ငံများတွင် စတုရန်းပုံအလယ်တွင် တစ် ပင်စိုက်စနစ် အသုံးပြုကြသည်။ ငါးပွင့် ဆိုင် စနစ်ဖြစ်သည်။ အလယ်တွင် စိုက်ခဲ့သော အပင်ကို အသီးများနှစ်စဉ်ယူပြီးလျှင် ရှစ်နှစ် ၁၀ နှစ်သက်ရလျှင် ခုတ်ပစ်သည်။
Rongrien, R-9, R-၁၅၆ ကဲ့သို့ အပင်ကြီး မျိုးများဆိုလျှင် ပင်ကြားတန်းကြား အကွာ အဝေးကို အကျယ်ယူစိုက်ပျိုးကြသည်။ စိုက်ကျင်းကို မိုးမကျမီ ဧပြီလတွင် အကျယ် သုံးပေပတ်လည်၊ အနက် သုံးပေ တူးပြီး၊ တူး၍ရရှိသော အပေါ်ယံ ခြောက် လက်မရှိ မြေစာများကို ညာဘက်တွင် ပုံ ထားရပါမည်။ အောက်မြေစာများကို ဘယ် ဘက်တွင် ပုံရပါမည်။ စိုက်ကျင်းထဲသို့ မြက်ခြောက်၊ကောက်ရိုး၊ သစ်ရွက်ခြောက် များထည့်၍ မီးရှို့ပြီး၊ မြေသင်းသပ်ပေးရန် လိုအပ်သည်။ နောက် ကောင်းစွာ ဆွေးမြေ့ နေသော မြေဆွေး၊ သစ်ဆွေးမြေ နှစ်ဆကို အပေါ်ယံ ခြောက်လက်မရှိသော မြေတစ်ဆ တို့ကို သမအောင်ရောမွှေပေးရန် လိုပါသည်။
ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ N:P:K (၁၅း ၁၅း ၁၅) ဓာတ်မြေသြဇာ နိုဆီဘူး တစ်ဘူးခွဲ၊ မြေအောင်း ပိုးသတ်ဆေး စတီးဇွန်း တစ်ဇွန်းတို့ကို ရောစပ်၍ မြေဆွေးနှင့် ရောပြီး ကောင်းစွာသမအောင် ရောမွှေ ပေးပါ။ ရောပြီးသော မြေဆွေး ဓာတ်မြေသြဇာ အရောမြေကို ကျင်းအောက်ခြေမှတူး ၍ရသော (ကျင်းဘယ်ဘက်တွင် ပုံထား သော) မြေနှင့် ၃း၁ အဆဖြင့် ရော၍ သမ အောင် မွှေပြီး စိုက်ကျင်းထဲသို့ ထည့်ပေးရ မည်။ မြေမဟာစေရန် ခြေဖြင့် ဖွဖွနင်း သိပ်ပေးရန် လိုပါသည်။
မိုးမကျမီအတွင်း အပင် မစိုက်မီ ကျင်းကို ရေတစ်ပတ်တစ်ကြိမ် မှန်မှန်လောင်းပေး ရမည်ဖြစ်သည်။ ကြပ်မောက်စိုက်ပျိုးမည့်မြေကို ဓာတ်ခွဲ ကြည့်ပါက မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့နေလျှင် ဒိုလိုမိုက်ကျောက်မှုန့် ၂၀၀ ဂရမ်ကို တစ်ကျင်းနှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ မိုးဦးကျ၍ မိုးမှန်လာပြီဆိုပါက ကောင်းစွာသန်စွမ်းဖွံ့ဖြိုးနေသော ပျိုးပင်များကို စိုက်ကျင်းအတွင်းသို့ မြေလုံးမကွဲ၊ အမြစ်မပြတ်စေရန် ဂရုပြုပြီး စိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးပြီး ပါက အပင်ခါ မချောင်စေရန် အပင်ခြေ ပတ်ပတ်လည် ခြေဖြင့် ပတ်နင်းပေးရန် ဖြစ်သည်။ ၎င်း နောက်လေတိုက်လျှင် ယိုင်မသွားစေရန် လေးပေ အရည် ၀ါးငုတ်တိုင်စိုက်၍ အပင်ကို ၀ါး ငုတ်တိုင်နှင့် ချည်​​ပေးထားရန်ဖြစ်သည်။
လေတိုက်၍ ယိုင်ခြင်း၊ ခါချောင်၍ အပင်လှုပ် နေလျှင် အမြစ်တော်တော်နှင့် မစွဲဘဲ သေ သွားနိုင်ပါသည်။ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အပင်စိုက်ပျိုးပြီးလျှင် တစ်ပင်ချင်း ရေဝအောင် လောင်းပေးရန် လိုအပ်သည်။ ကြက်မောက်ပင်စိုက်ပျိုးပြီး ခြောက်လမှ ရှစ်လအထိ အရိပ်လုပ်ပေးရန် လိုပါ သည်။ လေတိုက်မှု ခံနိုင်အောင် တစ်ပင်ချင်းအား လက်ငယ်၊ အုန်းလက်၊ ဓနိစသည်များဖြင့် လေကာလုပ်ပေးရန် လိုပါသည်။ အပင်တစ်နှစ်သားအရွယ်တွင် ပုံသဏ္ဌာန်မှန် အောင် ပုံသွင်းပေးခြင်းသည် သီးထွက် ကောင်းကောင်း ရရှိစေရန် အထောက်အကူ ပြုစေပါသည်။
အပင်ပုံသွင်း ပေးပါက သစ်ကိုင်းဂွကျယ်သော အပင်များ ဖြစ်လာ ပါသည်။ ထိုင်းနိုင်ငံတွင် အထူးသဖြင့် Rongrien မျိုးများတွင် Modified ပင်မ အညွန့်ကို ၇၀ စင်တီမီတာအထိ ကြီးထားစေ ပါသည်။ သန်စွမ်းပြီး ဒေါင့်ကျယ်သော ဘေးကိုင်း သုံးကိုင်းမှ လေးကိုင်း ဖွံ့ဖြိုးကြီးထွား လာအောင် ထားပါသည်။ ဤကိုင်းကြီး များသည် ပင်မကိုင်းကြီးများဖြစ်လာပြီး၊ ဒုတိယ နှစ်တွင် ၎င်း ကိုင်းကြီးများကို ဖြတ်ပေးခြင်း ဖြင့် ဒုတိယကိုင်းများ ထွက်လာစေပါသည်။
နောက်ပိုင်းတွင် ရေတက်များ၊ ကြားကိုင်း များ၊ ကိုင်းသေကိုင်းခြောက်များကို ဖြတ် ပေးရန်သာ ဖြစ်ပါသည်။ ကြက်မောက်ပင်နှစ်စဉ် သီးထွက် ကောင်းပြီး၊ နှစ်စဉ်သီးနေစေရန် အပင်ငယ်မှစ၍ ဂရုပြုပြီး ပြုစုစောင့်ရှောက်မြေသြဇာ ကျွေးရန် လိုပါသည်။ သုံးနှစ်သားအရွယ် အသီးသီးချိန် NPK တစ်နှစ်လျှင် သုည ဒသမ ၅ ကီလိုဂရမ် လိုအပ်ပါသည်။ အသီးအများဆုံး ထွက်သည့်အချိန်တွင် NPK တစ်နှစ်လျှင် ငါးကီလိုဂရမ်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။
တစ်ပင်လျှင် သဘာဝမြေဆွေး တစ်တင်းမှ တစ်တင်းခွဲ ထည့်ပေးရန် လိုပါသည်။ အပင်သက်တမ်း တစ်ဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ သီးနှုန်း တက်လာပါ မည်။ နှစ်စဉ်သီးထွက်ကောင်းပြီး၊ နှစ်စဉ် အသီးသီးနေစေရန် အပင်ဇီဝကမ္မဖြစ်စဉ်နှင့် ကိုက်ညီ၍ ဓာတ်မြေသြဇာ ေ​ကျွးပေးနေရန် လိုအပ်ပါသည်။ အောက်ပါမြေသြဇာနှုန်း ထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လျှင် ပိုကောင်းပါသည်။
ကြက်မောက်ပင်သည် အနည်းလို အာဟာရဓာတ်များ ချို့တဲ့ပါက သီးထွက် နှုန်းနှင့် အသီးတင်မှုကို ထိခိုက်စေပါသည်။ မဂ္ဂနီစီယမ်ဓာတ်များ ချို့တဲ့ပါလျင် အရွက် မွှားများ အရွယ်အစားသေးငယ်ခြင်း၊ ရွက် ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ် ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက Ethephon 15 ppm တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်း ပြင်းအားကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒို့လို မိုက်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းမျာ ပြုလုပ်ပေးရန် လိုအပ်သည်။ ကယ်လ်စီယမ်ချို့တဲ့ပါက အပင်ခြောက် လာခြင်း၊ အရွက်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြီးထွားမှုအပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်းအတွက် မဖောက်ထုံး၊ သို့မဟုတ် ဒို့လိုကျောက်မှုန့်ကို အပင်မစိုက်မီ ကတည်းက ထည့်ပေးရန်လိုသည်။
သို့ရာ တွင် ထုံးပါသောပစ္စည်းများကို အပင်ငယ် စဉ်တွင် ထည့်ပေးပါက အနည်းဆုံးအရေ အတွက်သာထည့်ပေးရန် သတိပြုသင့်သည်။ သွပ်ဓာတ်ချို့တဲ့မှု မရှိသော်လည်း ဇင့်ဆာလ်ဖိတ် နှစ်ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးနိုင်ပါက အထွက်နှုန်းကောင်းမှုကို အကျိုးပြုစေပါသည်။ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ များကို ထည့်ရာတွင် အပင်၏ အရွက်အုံ အဝန်းအဝိုင်း၏ ဧရိယာတည့်တည့်တွင် မြောင်းတူး၍ထည့်ပေးရန် သတိပြုသင့်သည်။
ပန်းပွင့်ရက် ၁၀ ရက်မှ ၁၃ ရက်ခန့် စောစေရန် နအ့နစ့သည ၁၅ စစာ မှ ၂၀၀ စစာ ဖျန်းပေးခြင်းဖြင့် ရရှိနိုင်သည်။ မှည့် နေသောအသီးကို ဗြဗ ဖျန်းပေးခြင်းဖြင့် အသီးဆွတ်ခူးချိန်ကို နောက်ကျစေနိုင် သော်လည်း မဆွတ်ခူးရသေးသော အသီး များအတွင်းရှိအစေ့များ အပင်ပေါက်လာ စေနိုင်ပါသည်။ ဗြဗ ၂၀၀ စစာ ကို ွဗ ၂၀ စစာ နှင့်ရောဖျန်းခြင်းဖြင့် အသီးတင်မှုများ စေနိုင်သည်။
အသီးတင်မှုကောင်းစေရန် အတွက် ပန်းပွင့်အရေအတွက် တစ်ဝက် ခန့်ပွင့်ချိန်တွင် ဖျန်းပေးပါက ပို၍ထိရောက်သည်။ အသီးကြွေမှု ကင်းဝေးစေရန်အတွက် အသီးတင်ပြီး တစ်လအကြာတွင် ဖျန်းပေး ရန် လိုအပ်သည်။ ကြက်မောက်ပင်၏ အသီးအရောင်တိုးတက်မှုမှာ အလင်းရောင်ရရှိမှု၊ အလင်း ပြင်အားတို့နှင့် ဆက်စပ်မှုရှိနေပြီး၊ အသီး အခွံအနီရောင်ဖြစ်ပေါ်မှုမှာ Anthocyanin ထုတ်လုပ်မှုအပေါ် အဓိက တည်မီနေသည်။
အသီးအဆံချောင်ခြင်း၊ အချဉ်ဓာတ်များ ခြင်း၊ အရသာမချိုမွှေးခြင်းတို့မှာ အသီး ကြီးထွားချိန်တွင် ခြောက်သွေ့သောပတ် ဝန်းကျင်ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။ အသီးကြီးထွားမှု နောက်ပိုင်းကာလ မိုး သည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံရပါက အသီးအက်ကွဲတတ်ပါသည်။ ထိုင်းနိုင်ငံတွင် အသီးကို ပန်းပွင့်စုံပြီး ရက် ၉၀ မှ ရက် ၁၀၀ တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီးနောက် ရက် ၉၀ မှ ရက် ၁၀၀ ရက်တွင်လည်း ကောင်း၊ မလေးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီး ရက် ၁၀၀ မှ ရက် ၁၃၀ ရက်တွင်လည်းကောင်း အသီးဆွတ်ခူးကြသည်ကို တွေ့ရှိ ရသည်။
အသီးအရောင်စတင်ဖြစ်ပေါ်ပြီး ၁၆ ရက်မှ ၁၈ ရက်တွင် စျေးကွက်တင်ပို့ နိုင်ပြီဖြစ်သည်။ အပင်တစ်ပင်တွင်ရှိ အသီး အားလုံးရင့်မှည့် လာရန်အတွက် ရက် ၃၀ ခန့် လိုအပ်ပါသည်။ မလေးရှားနှင့် ထိုင်း နိုင်ငံတို့တွင် အသီးတစ်လုံးချင်း ရောင်းချ ကြသည်ကိုတွေ့ရသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ငါးရက်တစ်ကြိမ် အသီးဆွတ်ခူးလေ့ ရှိပါသည်။
နိုင်ငံအလိုက် စားသုံးသူကြိုက်နှစ် သက်မှု ကွဲပြားကြပါသည်။ ဥရောပ အကြိုက်မှာ အမျှင်မပါဘဲ အသားနှင့်အစေ့ ကပ်မနေသော မျိုးဖြစ်ပါသည်။ အာရှ အကြိုက်များ ကြတ်ဆတ်ပြီး အစေ့မပါဘဲ အရသာချိုမွှေး အရည်ရွှန်းမျိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့်အသီး တစ်လုံးအလေး ချိန် ၃၀ ဂရမ်ထက်ပိုခြင်းကို ကြိုက်နှစ်သက် ကြသည်။ ပန်းရောင်မျိုးအတွက် အသီး၏ အလေးချိန်တစ်ကီ လိုဂရမ်လျှင် အထူးတန်း ၂၈ လုံး၊ ဒုတိယတန်း ၃၆ လုံးရှိရန် စံသတ်မှတ်ထားပါသည်။
ကြက်မောက်သီများ ထုပ်ပိုးရန် အတွက် ဖိုင်ဘာကဒ်ထူပုံးများ အသုံးပြုပြီး၊ မပို့မီ ၁၃ စင်တီဂရိတ်၌ သိုလှောင်ထား နိုင်ပါသည်။ အသီးများ ကဒ်ထူပုံးများ အတွင်းသို့ ထည့်ရာတွင် အစိုဓာတ် ထိန်း ကြားခံပစ္စည်းတစ်မျိုးမျိုး ထည့်သွင်းပါက အသီးများ လတ်လတ်ဆတ်ဆတ် ကြာ ရှည်ခံသည်ကို တွေ့ရှိရသည်။ အပေါက် ဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်သွင်းထုပ်ပိုးလျှင် အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်သည် အသင့်တော်ဆုံးဖြစ် သည်။ စျေးကွက်တွင် ၁၀ ရက်ထိ အထားခံသည်။
အပူချိန်ခုနစ်ဒီဂရီ စင်တီ ဂရိတ်ထက် နည်းပါက ရေစိုနာဖြစ်ပေါ်တတ်ပါသည်။ ကြက်မောက်၏ နိုင်ငံတကာစျေး ကွက်ဝင် အရည်အသွေးရှိ စံအထွက်နှုန်းများ ကိုကြည့်ပါက ထိုင်းနိုင်ငံတွင် ၁၂ နှစ်သား တစ်ပင်မှ ၃၀၀ ကီလိုဂရမ်၊ အင်ဒိုနီးရှား နိုင်ငံတွင် တစ်ဟတ်တာ ၄ ဒသမ ၅ ကီလိုဂရမ်၊ မလေးရှားနိုင်ငံတွင် ၁၅ နှစ်သားတစ် ပင်မှ ၁၆၅ ကီလိုဂရမ်၊ ဖိလစ်ပိုင်နိုင်ငံ အပင်ကြီးတစ်ပင်မှ၂၀၀ ကီလိုဂရမ်မှ ၃၀၀ ကီလိုဂရမ်၊ သြစတြေးလျနိုင်ငံတွင် ခြောက် နှစ်သား အပင်တစ်ပင်မှ ၈၀ ကီလိုဂရမ်မှ ၁၂၀ ကီလိုဂရမ်၊ စင်ကာပူနိုင်ငံတွင် အပင် ကြီးတစ်ပင်မှ ၁၅၀ ကီလိုဂရမ်မှ ၁၈၀ ကီလိုဂရမ်နှုန်းများ ထွက်ရှိသည်ကို တွေ့ရှိရ သည်။ မြန်မာနိုင်ငံတွင် ၁၀ နှစ်သားတစ် ပင်မှ အသီးကီလိုဂရမ် ၃၀၀ ထွက်ရှိသော် လည်း နိုင်ငံတကာစျေးကွက်ဝင် အရည် အသွေးမီ စံမီအသီးမှာ တစ်ပင် ၂၀ ကီလို ဂရမ်မှ ၃၀ ကီလိုဂရမ်သာ ထွက်ရှိသည်။ နည်းပညာပိုင်းဆိုင်ရာ များစွာကြိုးစားရန် လိုနေသေးသည်ကို ထောက်​ပြနေသည်။
သို့ပါ၍ စီးပွားဖြစ် ကြက်မောက်ခြံ တစ်ခြံတည်ထောင်မည်ဆိုပါက အထက်ပါ နည်းပညာများဖြင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
- အောင်ဆန်း (စိုက်ပျိုးရေး)




XXXXXXXXXXXXXXXXXX    ZAWGYI   FONT   XXXXXXXXXXXXXXXXX

ျမန္မာမ်ဳိး ကန္ကေလး (၁)၊ (၂) မ်ဳိး၊ မေလးရွားမွR3 (Reng Thug Cheng), R 134, R 160 (Khaw Tow), R 161 (Lee Long), R162 (Ong Heok)မ်ဳိးမ်ား၊ ထုိင္းႏုိင္ငံမွ Rongrien, Seechompoo, Bang Yee Khan, See tong မ်ဳိးမ်ား၊ အင္ဒိုနီးရွားႏုိင္ငံမွ Lebakulus, Banjai, Rapiah, Seematjaan မ်ဳိး မ်ား၊ ဖိလစ္ပိုင္ႏုိင္ငံမွ Maharlika, See-matjaan, Seejona မ်ဳိးမ်ားႏွင့္ စင္ကာပူ ႏုိင္ငံမွ Jitlee (Dek), R-37, Ah Kow Cheng, Kim San Cheng စသည့္မ်ဳိးမ်ားသည္....

စီးပြားျဖစ္ ၾကက္ေမာက္ျခံ တည္ေထာင္ စုိက္ပ်ဳိးမည္ ဆုိလွ်င္ျကက္ေမာက္သီးသည္ အရည္ရႊန္း သည္။ ခ်ဳိေမႊးေသာ အရသာ ရွိသျဖင့္ လူတုိင္းႀကိဳက္ ႏွစ္သက္သည္။ ၾကက္ေမာက္၏ မူရင္းေဒသသည္ မေလးရွားႏွင့္ အင္ဒုိနီးရွား ႏုိင္ငံတို ႔ျဖစ္သည္။ အဂၤလိပ္ အမည္ RAMBUTAN ျဖစ္ၿပီး SAPINDACEAE မ်ဳိးရင္း၀င္ ျဖစ္သည္။
ၾကက္ေမာက္ပင္တြင္ အဖိုပြင့္ပြင့္ ေသာ အဖုိပင္မ်ား၊ (အေစ့ စိုက္ပင္မ်ား၏ ၄၀ ရာခုိင္ႏႈန္းမွ ၆၀ ရာခုိုင္ႏႈန္းသည္ အဖုိ ပင္မ်ားျဖစ္သည္။)၊ လိင္စံုပန္းပြင့္ၿပီး တခ်ဳ႕ိ အပင္မ်ားသည္ အမပြင့္ကဲ့သို႔ လုပ္ေဆာင္ ေသာ အပင္မ်ား၊ လိင္စံုပန္းပြင့္ၿပီး တခ်ဳိ႕ ေသာအပြင့္မ်ားသည္ အမပြင့္ကဲ့သို႔ လုပ္ ေဆာင္ၿပီး၊ တခ်ဳိ႕အပြင့္မ်ားသည္ အဖုိပြင့္ကဲ့သို႔ တာ၀န္ထမ္းေဆာင္သည့္အပင္မ်ား (ဤအပင္အမ်ဳိးအစားမွာ မ်ားစြာေတြ႕ရွိရ ၿပီး၊ အဖုိပြင့္ရာခုိင္ႏႈန္း နည္းတတ္ပါ သည္။) ၾကက္ေမာက္ကို စီးပြားျဖစ္စိုက္ပ်ဳိး မည္ဆိုလွ်င္ မ်ဳိးေရြးခ်ယ္ မႈသည္ အဓိကက်သည္။
ၾကက္ေမာက္သီးတြင္ အသားအေစ့ ကပ္သည့္မ်ဳိးႏွင့္ အသားအေစ့မကပ္သည့္ မ်ဳိးဟူ၍ ႏွစ္မ်ဳိးခြဲၾကသည္။ ျမန္မာမ်ဳိး ကန္ကေလး (၁)၊ (၂) မ်ဳိး၊ မေလးရွားမွR3 (Reng Thug Cheng), R 134, R 160 (Khaw Tow), R 161 (Lee Long), R162 (Ong Heok)မ်ဳိးမ်ား၊ ထုိင္းႏုိင္ငံမွ Rongrien, Seechompoo, Bang Yee Khan, See tong မ်ဳိးမ်ား၊ အင္ဒိုနီးရွားႏုိင္ငံမွ Lebakulus, Banjai, Rapiah, Seematjaan မ်ဳိး မ်ား၊ ဖိလစ္ပိုင္ႏုိင္ငံမွ Maharlika, See-matjaan, Seejona မ်ဳိးမ်ားႏွင့္ စင္ကာပူ ႏုိင္ငံမွ Jitlee (Dek), R-37, Ah Kow Cheng, Kim San Cheng စသည့္မ်ဳိးမ်ားသည္ အရည္အေသြးလည္းေကာင္း၊ အထြက္လည္းေကာင္း သျဖင့္ စိုက္ပ်ဳိးသင့္သည္။
ၾကက္ေမာက္ စီးပြားျဖစ္စိုက္ပ်ဳိးရန္ မ်ဳိးေရြးခ်ယ္ရာတြင္ အထြက္ေကာင္းျခင္း၊ အသီးအရြယ္အစားႀကီးျခင္း၊ (တစ္လံုး ၃၄ ဂရမ္ထက္ ပိုရမည္။)၊ အရသာခ်ဳိေမႊးျခင္း၊ အသားအေစ့တြင္ ကပ္မႈနည္းျခင္း၊ ဆြဲ ေဆာင္မႈအေရာင္းအေသြးရွိျခင္း၊ ႏွစ္စဥ္ပံု မွန္သီးဖပြင့္ သည့္မ်ဳိး ျဖစ္ျခင္း စသည့္ အရည္အေသြး ေကာင္းမ်ားကို အေျခခံ၍ ေရြးခ်ယ္ရန္ လိုသည္။
ၾကက္ေမာက္ ပင္သည္ အမ်ား အားျဖင့္ ေတာင္ေျမာက္ လတၱီတြဒ္ ၁၂ ဒီဂရီ အတြင္း စိုက္ပ်ဳိးျဖစ္ထြန္းၿပီး၊ အပူခ်ိန္ ၂၀ ဒီဂရီစင္တီဂရိတ္မွ ၃၀ ဒီဂရီစင္တီဂရိတ္ တြင္ ပို၍ ေအာင္ျမင္သည္။ ပင္လယ္ေရ မ်က္ႏွာျပင္မွ မီတာ ၇၀၀ အတြင္းသည္ အသင့္ေတာ္ဆံုးျဖစ္သည္။ ႏွစ္စဥ္ တစ္ႏွစ္ ပတ္လံုးမိုးရြာသြန္းမႈညီညာၿပီး မုိးေရခ်ိန္ ၂,၀၀၀ မီလီမီတာမွ ၅,၀၀၀ မီလီမီတာရွိရန္ လိုအပ္ပါသည္။
မိုးမရြာေသာလမ်ားတြင္ ေရသြင္းေပးရန္ လိုအပ္ပါသည္။ အပူခ်ိန္ ၁၀ ဒီဂရီစင္တီဂရိတ္နိမ့္လွ်င္ အပင္ႀကီးထြားမႈ ထိခိုက္ေစၿပီး အပူ ခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္ထက္ျမင့္ပါက အပင္ႀကီးထြားမႈ ရပ္တံ့ေစသည္။ ပန္းဖူး ျဖစ္ေပၚေစရန္အတြက္ ေျခာက္ေသြ႕ေသာကာလ အနည္းဆံုးတစ္လခန္႔ လိုအပ္သည္။
ၾကက္ေမာက္ပင္သည္ ေျမမ်ဳိးအစား အမ်ဳိးမ်ဳိးတြင္ စိုက္ပ်ဳိးႏုိင္ေသာ္လည္း သစ္ ေဆြးဓာတ္ႂကယ္၀ၿပီး ေရစိမ့္အား ေကာင္းသည့္သဲႏႈန္းေျမတြင္ အပင္ႀကီးထြားမႈႏွင့္ သီးထြက္ေကာင္းေစသည္။ ဓာတ္ေျမၾသဇာ ႏွင့္ သဘာ၀ေျမၾသဇာ ထည့္ေပးႏုိင္ပါက ဂ၀ံေျမနီတြင္လည္း စိုက္ပ်ဳိးႏုိင္သည္။ ဏံ ၄ ဒသမ ၅ မွ ၆ ဒသမ ၅ သင့္ေတာ္ၿပီး၊ သံ ဓာတ္ႏွင့္ သြပ္ဓာတ္ခ်ဳိ႕တဲ့မႈ ျဖစ္ပါက ေရစီးဆင္းစိမ့္၀င္မႈေကာင္းေအာင္ ျပဳျပင္ေပးရန္ လိုသည္။ ေျမေအာက္ေရ၏ ေရမ်က္ႏွာျပင္ အျမင့္သည္ ေျမမ်က္ႏွာျပင္ သံုးမီတာမွ ေလးမီတာထက္ မနည္းသင့္ေပ။
ၾကက္ေမာက္စိုက္ခင္း ထူေထာင္ရန္ အတြက္ ပ်ဳိးပင္ရရွိသည္ အဓိကျဖစ္သည္။ ပ်ဳိးပင္ပြားရာတြင္ ဒိုင္းပံုအဖူးဆက္ျခင္း၊ ေလးေဒါင့္ကြက္ အဖူးျမႇဳပ္ျခင္း၊ Forkert Budding နည္းျဖင့္ အဖူးျမႇဳပ္ျခင္း၊ အကိုင္းဆက္ျခင္း၊ ေျမထုပ္စည္းျခင္းနည္းမ်ားျဖင့္ ပ်ဳိးပင္ ထုတ္လုပ္ႏိုင္သည္။ (ၾကက္ေမာက္ ပ်ဳိးပင္ထုတ္လုပ္နည္း အေသးစိတ္ကို ေဖာ္ျပၿပီး ျဖစ္ပါသည္။)
ၾကပ္ေမာက္စိုက္ပ်ဳိးမည့္ စိုက္ခင္းေျမ ေနရာအား ေျမယာရွင္းလင္းျခင္း၊ မီး႐ိႈ႕ျခင္း၊ စိုက္ခင္းမ်ား ပနက္႐ိုက္ျခင္း၊ စိုက္က်င္း မ်ားတူးျခင္း၊ က်င္းစာေႂကးျခင္း၊ ေရရရွိေရး လုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း လုပ္ငန္းမ်ား ကို ဦးစြာမ တည္ေဆာင္ရြက္ရန္ လိုပါသည္။
ၾကက္ေမာက္စိုက္ပ်ဳိးရန္ တန္းၾကား ၁၂ ေပ၊ ပင္ၾကား ၁၂ ေပ၊ စတုရန္းပံု စိုက္ ပ်ဳိးေရးစနစ္သည္ အသံုးမ်ားသည္။ အပင္ ၃၀၀ေက်ာ္ခန္႔ ၀င္ဆန္႔သည္။ တခ်ဳိ႕ေသာ ႏုိင္ငံမ်ားတြင္ စတုရန္းပံုအလယ္တြင္ တစ္ ပင္စိုက္စနစ္ အသံုးျပဳၾကသည္။ ငါးပြင့္ ဆိုင္ စနစ္ျဖစ္သည္။ အလယ္တြင္ စိုက္ခဲ့ေသာ အပင္ကို အသီးမ်ားႏွစ္စဥ္ယူၿပီးလွ်င္ ရွစ္ႏွစ္ ၁၀ ႏွစ္သက္ရလွ်င္ ခုတ္ပစ္သည္။
Rongrien, R-9, R-၁၅၆ ကဲ့သို႔ အပင္ႀကီး မ်ဳိးမ်ားဆိုလွ်င္ ပင္ၾကားတန္းၾကား အကြာ အေ၀းကို အက်ယ္ယူစိုက္ပ်ဳိးၾကသည္။ စိုက္က်င္းကို မိုးမက်မီ ဧၿပီလတြင္ အက်ယ္ သံုးေပပတ္လည္၊ အနက္ သံုးေပ တူးၿပီး၊ တူး၍ရရွိေသာ အေပၚယံ ေျခာက္ လက္မရွိ ေျမစာမ်ားကို ညာဘက္တြင္ ပံု ထားရပါမည္။ ေအာက္ေျမစာမ်ားကို ဘယ္ ဘက္တြင္ ပံုရပါမည္။ စိုက္က်င္းထဲသို႔ ျမက္ေျခာက္၊ေကာက္႐ိုး၊ သစ္ရြက္ေျခာက္ မ်ားထည့္၍ မီး႐ိႈ႕ၿပီး၊ ေျမသင္းသပ္ေပးရန္ လိုအပ္သည္။ ေနာက္ ေကာင္းစြာ ေဆြးေျမ႕ ေနေသာ ေျမေဆြး၊ သစ္ေဆြးေျမ ႏွစ္ဆကို အေပၚယံ ေျခာက္လက္မရွိေသာ ေျမတစ္ဆ တို႔ကို သမေအာင္ေရာေမႊေပးရန္ လုိပါသည္။
ဂ်စ္ပဆန္ေက်ာက္မႈန္႔ ႏို႔ဆီတစ္ဘူး၊ N:P:K (၁၅း ၁၅း ၁၅) ဓာတ္ေျမၾသဇာ ႏိုဆီဘူး တစ္ဘူးခြဲ၊ ေျမေအာင္း ပိုးသတ္ေဆး စတီးဇြန္း တစ္ဇြန္းတို႔ကို ေရာစပ္၍ ေျမေဆြးႏွင့္ ေရာၿပီး ေကာင္းစြာသမေအာင္ ေရာေမႊ ေပးပါ။ ေရာၿပီးေသာ ေျမေဆြး ဓာတ္ေျမၾသဇာ အေရာေျမကို က်င္းေအာက္ေျခမွတူး ၍ရေသာ (က်င္းဘယ္ဘက္တြင္ ပံုထား ေသာ) ေျမႏွင့္ ၃း၁ အဆျဖင့္ ေရာ၍ သမ ေအာင္ ေမႊၿပီး စိုက္က်င္းထဲသို႔ ထည့္ေပးရ မည္။ ေျမမဟာေစရန္ ေျချဖင့္ ဖြဖြနင္း သိပ္ေပးရန္ လိုပါသည္။
မုိးမက်မီအတြင္း အပင္ မစိုက္မီ က်င္းကို ေရတစ္ပတ္တစ္ႀကိမ္ မွန္မွန္ေလာင္းေပး ရမည္ျဖစ္သည္။ ၾကပ္ေမာက္စိုက္ပ်ဳိးမည့္ေျမကို ဓာတ္ခြဲ ၾကည့္ပါက မဂၢနီစီယမ္ဓာတ္ခ်ဳိ႕တဲ့ေနလွ်င္ ဒိုလိုမိုက္ေက်ာက္မႈန္႔ ၂၀၀ ဂရမ္ကို တစ္က်င္းႏႈန္း ထည့္ေပးရန္ လိုအပ္ပါသည္။ မုိးဦးက်၍ မိုးမွန္လာၿပီဆုိပါက ေကာင္းစြာသန္စြမ္းဖြံ႕ၿဖိဳးေနေသာ ပ်ဳိးပင္မ်ားကို စိုက္က်င္းအတြင္းသို႔ ေျမလံုးမကြဲ၊ အျမစ္မျပတ္ေစရန္ ဂ႐ုျပဳၿပီး စိုက္ပ်ဳိးရမည္ ျဖစ္သည္။ စိုက္ပ်ဳိးၿပီး ပါက အပင္ခါ မေခ်ာင္ေစရန္ အပင္ေျခ ပတ္ပတ္လည္ ေျချဖင့္ ပတ္နင္းေပးရန္ ျဖစ္သည္။ ၎ ေနာက္ေလတုိက္လွ်င္ ယုိင္မသြားေစရန္ ေလးေပ အရည္ ၀ါးငုတ္တုိင္စိုက္၍ အပင္ကို ၀ါး ငုတ္တိုင္ႏွင့္ ခ်ည္​​ေပးထားရန္ျဖစ္သည္။
ေလတုိက္၍ ယိုင္ျခင္း၊ ခါေခ်ာင္၍ အပင္လႈပ္ ေနလွ်င္ အျမစ္ေတာ္ေတာ္ႏွင့္ မစြဲဘဲ ေသ သြားႏုိင္ပါသည္။ အလြန္အေရးႀကီးေသာ အခ်က္ျဖစ္သည္။ အပင္စိုက္ပ်ဳိးၿပီးလွ်င္ တစ္ပင္ခ်င္း ေရ၀ေအာင္ ေလာင္းေပးရန္ လိုအပ္သည္။ ၾကက္ေမာက္ပင္စိုက္ပ်ဳိးၿပီး ေျခာက္လမွ ရွစ္လအထိ အရိပ္လုပ္ေပးရန္ လိုပါ သည္။ ေလတုိက္မႈ ခံႏုိင္ေအာင္ တစ္ပင္ခ်င္းအား လက္ငယ္၊ အုန္းလက္၊ ဓနိစသည္မ်ားျဖင့္ ေလကာလုပ္ေပးရန္ လိုပါသည္။ အပင္တစ္ႏွစ္သားအရြယ္တြင္ ပုံသဏၭာန္မွန္ ေအာင္ ပံုသြင္းေပးျခင္းသည္ သီးထြက္ ေကာင္းေကာင္း ရရွိေစရန္ အေထာက္အကူ ျပဳေစပါသည္။
အပင္ပံုသြင္း ေပးပါက သစ္ကိုင္းဂြက်ယ္ေသာ အပင္မ်ား ျဖစ္လာ ပါသည္။ ထုိင္းႏုိင္ငံတြင္ အထူးသျဖင့္ Rongrien မ်ဳိးမ်ားတြင္ Modified ပင္မ အၫြန္႔ကို ၇၀ စင္တီမီတာအထိ ႀကီးထားေစ ပါသည္။ သန္စြမ္းၿပီး ေဒါင့္က်ယ္ေသာ ေဘးကိုင္း သံုးကိုင္းမွ ေလးကိုင္း ဖြံ႕ၿဖိဳးႀကီးထြား လာေအာင္ ထားပါသည္။ ဤကိုင္းႀကီး မ်ားသည္ ပင္မကုိင္းႀကီးမ်ားျဖစ္လာၿပီး၊ ဒုတိယ ႏွစ္တြင္ ၎ ကိုင္းႀကီးမ်ားကို ျဖတ္ေပးျခင္း ျဖင့္ ဒုတိယကိုင္းမ်ား ထြက္လာေစပါသည္။
ေနာက္ပိုင္းတြင္ ေရတက္မ်ား၊ ၾကားကိုင္း မ်ား၊ ကိုင္းေသကိုင္းေျခာက္မ်ားကို ျဖတ္ ေပးရန္သာ ျဖစ္ပါသည္။ ၾကက္ေမာက္ပင္ႏွစ္စဥ္ သီးထြက္ ေကာင္းၿပီး၊ ႏွစ္စဥ္သီးေနေစရန္ အပင္ငယ္မွစ၍ ဂ႐ုျပဳၿပီး ျပဳစုေစာင့္ေရွာက္ေျမၾသဇာ ေကၽြးရန္ လုိပါသည္။ သံုးႏွစ္သားအရြယ္ အသီးသီးခ်ိန္ NPK တစ္ႏွစ္လွ်င္ သုည ဒသမ ၅ ကီလုိဂရမ္ လုိအပ္ပါသည္။ အသီးအမ်ားဆံုး ထြက္သည့္အခ်ိန္တြင္ NPK တစ္ႏွစ္လွ်င္ ငါးကီလိုဂရမ္ႏႈန္း ထည့္ေပးရန္ လိုအပ္ပါသည္။
တစ္ပင္လွ်င္ သဘာ၀ေျမေဆြး တစ္တင္းမွ တစ္တင္းခြဲ ထည့္ေပးရန္ လိုပါသည္။ အပင္သက္တမ္း တစ္ျဖည္းျဖည္း ႀကီးလာသည္ႏွင့္အမွ် သီးႏႈန္း တက္လာပါ မည္။ ႏွစ္စဥ္သီးထြက္ေကာင္းၿပီး၊ ႏွစ္စဥ္ အသီးသီးေနေစရန္ အပင္ဇီ၀ကမၼျဖစ္စဥ္ႏွင့္ ကိုက္ညီ၍ ဓာတ္ေျမၾသဇာ ေ​ကၽြးေပးေနရန္ လိုအပ္ပါသည္။ ေအာက္ပါေျမၾသဇာႏႈန္း ထားမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳ လွ်င္ ပိုေကာင္းပါသည္။
ၾကက္ေမာက္ပင္သည္ အနည္းလုိ အာဟာရဓာတ္မ်ား ခ်ဳိ႕တဲ့ပါက သီးထြက္ ႏႈန္းႏွင့္ အသီးတင္မႈကို ထိခိုက္ေစပါသည္။ မဂၢနီစီယမ္ဓာတ္မ်ား ခ်ဳိ႕တဲ့ပါလ်င္ အရြက္ မႊားမ်ား အရြယ္အစားေသးငယ္ျခင္း၊ ရြက္ ေၾကာစိမ္းမ်ားၾကား အေရာင္ပ်က္ျခင္း၊ အရြက္ေႂကြျခင္း၊ ပန္းပြင့္နည္းျခင္း၊ အျမစ္ ဖြံ႕ၿဖိဳးမႈအားနည္းျခင္း စသည့္လကၡဏာမ်ား ျဖစ္ေပၚသည္။ မဂၢနီစီယမ္ဓာတ္ခ်ဳိ႕တဲ့ပါက Ethephon 15 ppm တစ္ရာခုိင္ႏႈန္းမွ ႏွစ္ရာခုိင္ႏႈန္း ျပင္းအားကို အရြက္ေပၚဖ်န္းေပးျခင္း၊ ဒို႔လုိ မိုက္ေက်ာက္မႈန္႔ကို အပင္ေျခတြင္ ထည့္ေပးျခင္းမ်ာ ျပဳလုပ္ေပးရန္ လိုအပ္သည္။ ကယ္လ္စီယမ္ခ်ဳိ႕တဲ့ပါက အပင္ေျခာက္ လာျခင္း၊ အရြက္ႀကီးထြားမႈ ေႏွးေကြးျခင္း၊ အပင္ႀကီးထြားမႈအပုိင္းမ်ား ရပ္တန္႔ျခင္း၊ ထိခိုက္ျခင္းအတြက္ မေဖာက္ထံုး၊ သို႔မဟုတ္ ဒို႔လုိေက်ာက္မႈန္႔ကို အပင္မစိုက္မီ ကတည္းက ထည့္ေပးရန္လိုသည္။
သို႔ရာ တြင္ ထံုးပါေသာပစၥည္းမ်ားကို အပင္ငယ္ စဥ္တြင္ ထည့္ေပးပါက အနည္းဆံုးအေရ အတြက္သာထည့္ေပးရန္ သတိျပဳသင့္သည္။ သြပ္ဓာတ္ခ်ဳိ႕တဲ့မႈ မရွိေသာ္လည္း ဇင့္ဆာလ္ဖိတ္ ႏွစ္ရာခုိင္ႏႈန္း ျပင္းအားျဖင့္ တစ္ႏွစ္ေလးႀကိမ္ ဖ်န္းေပးႏုိင္ပါက အထြက္ႏႈန္းေကာင္းမႈကို အက်ဳိးျပဳေစပါသည္။ ဓာတ္ေျမၾသဇာႏွင့္ သဘာ၀ေျမၾသဇာ မ်ားကို ထည့္ရာတြင္ အပင္၏ အရြက္အံု အ၀န္းအ၀ိုင္း၏ ဧရိယာတည့္တည့္တြင္ ေျမာင္းတူး၍ထည့္ေပးရန္ သတိျပဳသင့္သည္။
ပန္းပြင့္ရက္ ၁၀ ရက္မွ ၁၃ ရက္ခန္႔ ေစာေစရန္ ႏအ့နစ့သည ၁၅ စစာ မွ ၂၀၀ စစာ ဖ်န္းေပးျခင္းျဖင့္ ရရွိႏုိင္သည္။ မွည့္ ေနေသာအသီးကို ၿဗဗ ဖ်န္းေပးျခင္းျဖင့္ အသီးဆြတ္ခူးခ်ိန္ကို ေနာက္က်ေစႏိုင္ ေသာ္လည္း မဆြတ္ခူးရေသးေသာ အသီး မ်ားအတြင္းရွိအေစ့မ်ား အပင္ေပါက္လာ ေစႏုိင္ပါသည္။ ၿဗဗ ၂၀၀ စစာ ကို ြဗ ၂၀ စစာ ႏွင့္ေရာဖ်န္းျခင္းျဖင့္ အသီးတင္မႈမ်ား ေစႏုိင္သည္။
အသီးတင္မႈေကာင္းေစရန္ အတြက္ ပန္းပြင့္အေရအတြက္ တစ္၀က္ ခန္႔ပြင့္ခ်ိန္တြင္ ဖ်န္းေပးပါက ပို၍ထိေရာက္သည္။ အသီးေၾကြမႈ ကင္းေ၀းေစရန္အတြက္ အသီးတင္ၿပီး တစ္လအၾကာတြင္ ဖ်န္းေပး ရန္ လိုအပ္သည္။ ၾကက္ေမာက္ပင္၏ အသီးအေရာင္တုိးတက္မႈမွာ အလင္းေရာင္ရရွိမႈ၊ အလင္း ျပင္အားတုိ႔ႏွင့္ ဆက္စပ္မႈရွိေနၿပီး၊ အသီး အခြံအနီေရာင္ျဖစ္ေပၚမႈမွာ Anthocyanin ထုတ္လုပ္မႈအေပၚ အဓိက တည္မီေနသည္။
အသီးအဆံေခ်ာင္ျခင္း၊ အခ်ဥ္ဓာတ္မ်ား ျခင္း၊ အရသာမခ်ဳိေမႊးျခင္းတို႔မွာ အသီး ႀကီးထြားခ်ိန္တြင္ ေျခာက္ေသြ႕ေသာပတ္ ၀န္းက်င္ျဖစ္ေပၚျခင္းေၾကာင့္ ျဖစ္ရသည္။ အသီးႀကီးထြားမႈ ေနာက္ပိုင္းကာလ မိုး သည္းထန္စြာ ရြာသြန္းမႈႏွင့္ ၾကံဳရပါက အသီးအက္ကြဲတတ္ပါသည္။ ထုိင္းႏုိင္ငံတြင္ အသီးကို ပန္းပြင့္စံုၿပီး ရက္ ၉၀ မွ ရက္ ၁၀၀ တြင္လည္းေကာင္း၊ အင္ဒိုနီးရွားႏုိင္ငံတြင္ ပန္းပြင့္စံုၿပီးေနာက္ ရက္ ၉၀ မွ ရက္ ၁၀၀ ရက္တြင္လည္း ေကာင္း၊ မေလးရွားႏုိင္ငံတြင္ ပန္းပြင့္စံုၿပီး ရက္ ၁၀၀ မွ ရက္ ၁၃၀ ရက္တြင္လည္းေကာင္း အသီးဆြတ္ခူးၾကသည္ကို ေတြ႕ရွိ ရသည္။
အသီးအေရာင္စတင္ျဖစ္ေပၚၿပီး ၁၆ ရက္မွ ၁၈ ရက္တြင္ ေစ်းကြက္တင္ပို႔ ႏုိင္ၿပီျဖစ္သည္။ အပင္တစ္ပင္တြင္ရွိ အသီး အားလံုးရင့္မွည့္ လာရန္အတြက္ ရက္ ၃၀ ခန္႔ လိုအပ္ပါသည္။ မေလးရွားႏွင့္ ထုိင္း ႏုိင္ငံတုိ႔တြင္ အသီးတစ္လံုးခ်င္း ေရာင္းခ် ၾကသည္ကိုေတြ႕ရသည္။ အင္ဒုိနီးရွား ႏုိင္ငံတြင္ ငါးရက္တစ္ႀကိမ္ အသီးဆြတ္ခူးေလ့ ရွိပါသည္။
ႏုိင္ငံအလုိက္ စားသံုးသူႀကိဳက္ႏွစ္ သက္မႈ ကြဲျပားၾကပါသည္။ ဥေရာပ အႀကိဳက္မွာ အမွ်င္မပါဘဲ အသားႏွင့္အေစ့ ကပ္မေနေသာ မ်ဳိးျဖစ္ပါသည္။ အာရွ အႀကိဳက္မ်ား ႂကတ္ဆတ္ၿပီး အေစ့မပါဘဲ အရသာခ်ဳိေမႊး အရည္ရႊန္းမ်ဳိးျဖစ္ပါသည္။ ေယဘုယ်အားျဖင့္အသီး တစ္လံုးအေလး ခ်ိန္ ၃၀ ဂရမ္ထက္ပိုျခင္းကို ႀကိဳက္ႏွစ္သက္ ၾကသည္။ ပန္းေရာင္မ်ဳိးအတြက္ အသီး၏ အေလးခ်ိန္တစ္ကီ လုိဂရမ္လွ်င္ အထူးတန္း ၂၈ လံုး၊ ဒုတိယတန္း ၃၆ လံုးရွိရန္ စံသတ္မွတ္ထားပါသည္။
ၾကက္ေမာက္သီမ်ား ထုပ္ပိုးရန္ အတြက္ ဖုိင္ဘာကဒ္ထူပံုးမ်ား အသံုးျပဳၿပီး၊ မပို႔မီ ၁၃ စင္တီဂရိတ္၌ သိုေလွာင္ထား ႏုိင္ပါသည္။ အသီးမ်ား ကဒ္ထူပံုးမ်ား အတြင္းသုိ႔ ထည့္ရာတြင္ အစုိဓာတ္ ထိန္း ၾကားခံပစၥည္းတစ္မ်ဳိးမ်ဳိး ထည့္သြင္းပါက အသီးမ်ား လတ္လတ္ဆတ္ဆတ္ ၾကာ ရွည္ခံသည္ကို ေတြ႕ရွိရသည္။ အေပါက္ ေဖာက္ထားေသာ ပလပ္စတစ္အိတ္တြင္ ထည့္သြင္းထုပ္ပိုးလွ်င္ အပူခ်ိန္ ၁၀ ဒီဂရီ စင္တီဂရိတ္သည္ အသင့္ေတာ္ဆံုးျဖစ္ သည္။ ေစ်းကြက္တြင္ ၁၀ ရက္ထိ အထားခံသည္။
အပူခ်ိန္ခုနစ္ဒီဂရီ စင္တီ ဂရိတ္ထက္ နည္းပါက ေရစိုနာျဖစ္ေပၚတတ္ပါသည္။ ၾကက္ေမာက္၏ ႏုိင္ငံတကာေစ်း ကြက္၀င္ အရည္အေသြးရွိ စံအထြက္ႏႈန္းမ်ား ကိုၾကည့္ပါက ထိုင္းႏုိင္ငံတြင္ ၁၂ ႏွစ္သား တစ္ပင္မွ ၃၀၀ ကီလုိဂရမ္၊ အင္ဒိုနီးရွား ႏုိင္ငံတြင္ တစ္ဟတ္တာ ၄ ဒသမ ၅ ကီလုိဂရမ္၊ မေလးရွားႏိုင္ငံတြင္ ၁၅ ႏွစ္သားတစ္ ပင္မွ ၁၆၅ ကီလုိဂရမ္၊ ဖိလစ္ပိုင္ႏိုင္ငံ အပင္ႀကီးတစ္ပင္မွ၂၀၀ ကီလုိဂရမ္မွ ၃၀၀ ကီလုိဂရမ္၊ ၾသစေၾတးလ်ႏုိင္ငံတြင္ ေျခာက္ ႏွစ္သား အပင္တစ္ပင္မွ ၈၀ ကီလုိဂရမ္မွ ၁၂၀ ကီလုိဂရမ္၊ စင္ကာပူႏုိင္ငံတြင္ အပင္ ႀကီးတစ္ပင္မွ ၁၅၀ ကီလိုဂရမ္မွ ၁၈၀ ကီလုိဂရမ္ႏႈန္းမ်ား ထြက္ရွိသည္ကို ေတြ႕ရွိရ သည္။ ျမန္မာႏုိင္ငံတြင္ ၁၀ ႏွစ္သားတစ္ ပင္မွ အသီးကီလုိဂရမ္ ၃၀၀ ထြက္ရွိေသာ္ လည္း ႏုိင္ငံတကာေစ်းကြက္၀င္ အရည္ အေသြးမီ စံမီအသီးမွာ တစ္ပင္ ၂၀ ကီလုိ ဂရမ္မွ ၃၀ ကီလိုဂရမ္သာ ထြက္ရွိသည္။ နည္းပညာပုိင္းဆိုင္ရာ မ်ားစြာႀကိဳးစားရန္ လိုေနေသးသည္ကို ေထာက္​ျပေနသည္။
သို႔ပါ၍ စီးပြားျဖစ္ ၾကက္ေမာက္ျခံ တစ္ျခံတည္ေထာင္မည္ဆုိပါက အထက္ပါ နည္းပညာမ်ားျဖင့္ ျဖည့္ဆည္းပံ့ပိုးေပးရန္ လုိအပ္ပါေၾကာင္း တင္ျပလုိက္ရပါသည္။
- ေအာင္ဆန္း (စုိက္ပ်ဳိးေရး)







Comments