သရက်ပင်၏ ပွင့်သီးကြွေကျမှုပြသနာ mangoes....... (သရက္ပင္၏ ပြင့္သီးေၾကြက်မႈျပသနာ mangoes....... )

XXXXXXXXXXXXXXXXXXXXXXXXXX             UNICODE    FONT      XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX 

 အသီးကြီးထွားဖွံ့ဖြိုးမှု စောစောပိုင်းအဆင့်တွင် ယူရီးယား (Urea) ၂ % ဖျော်၍ ဖျန်းခြင်း ပန်းဖူးဝင်ချိန်တွင် NAA 200 ppm ဖျော်၍ ဖျန်းခြင်း Paclobutrazol နှင့် KNO3 တို့ ပက်ဖျန်းပေးခြင်း.....
သရက်ပင်သည် ပန်းပွင့်ချိန်၌ ပွင့်နှုန်းများပြီး အသီးတင်မှုများသော်လည်း အလွန်အမင်းပွင့်သီး ကြွေကျမှုကြောင့် အသီးထွက်နှုန်းလျော့ကျမှုသည် မြန်မာအပါအဝင် သရက်စိုက်ပျိုးရာနိုင်ငံများတွင် ကြုံတွေ့ရသော ပြသနာတစ်ခုဖြစ်သည်။ သရက်ပင် တစ်ပင်သည် အပင်၏ သက်တမ်းကိုလိုက်၍ ပန်းခိုင်ပေါင်း ၂ဝဝဝ-၅ဝဝဝ အထိ ရှိနိုင်ပြီး ပန်းခိုင် တစ်ခိုင်တည်းမှာပင် မျိုးအလိုက် ပန်းပွင့်ပေါင်း ၁ဝဝဝ-ရဝဝဝ အထိ ရှိတတ်သည်။ သို့သော်လည်း ပွင့်သောပန်းတိုင်း အကြောင်းအမျိုးမျိုးကြောင့် အသီး မတင်ဖြစ်ကြရသည်။ တင်သောအသီးများအားလုံးလည်း ခူးဆွတ်ချိန်မတိုင်ဘဲ ကြွေကျပျက်စီးကြရသည်။ အထူးသဖြင့် ဝတ်မှုန်ကူးပြီး ပထမ ၃-၄ ပတ်အတွင်း ကြွေကျမှု အများဆုံးဟုဆိုသည်။ သရက်မျိုးအားလုံးတွင် ပွင့်သီးကြွေကျမှု ပြသနာရှိကြသည်။ သရက်ပင်၏ ပွင့်သီးကြွေကျမှုသည် မျိုးရိုးဗီဇ၊ ဇီဝကမ္မဗေဒ၊ စိုက်စနစ်၊ ပြင်ပပတ်ဝန်းကျင် လွှမ်းမိုးမှုတို့ကြောင့်ဖြစ်သော ရှုပ်ထွေးသည်ြ့ဖစ်စဉ် တစ်ရပ်သာဖြစ်၏။
အသီးတင်မှုနှုန်းသည် ပန်းပွင့်သည့်အချိန်၊ အဖိုပွင့်လိင်စုံပွင့်အချိုး (Sex ratio)၊ ဝတ်မှုန်ကူးမှု၊ သားလောင်းကြွေကျ ပျက်စီးမှု (Embryo abortion) စသည်တို့ပေါ် မူတည်ပြီး မျိုးအလိုက် ကွာခြားမှု ရှိတတ်သည်။ သရက်ပန်းပွင့် များသည် ညဘက်နှင့် နံနက်လင်းအားကြီးချိန်တို့တွင် ပွင့်ကြသည်။ ပန်းခိုင်တွင် အဖိုပွင့် (Male flower) နှင့် လိင်စုံပွင့် (Hermaphroditeflower) ဟူ၍ ပါရှိပြီး တခါတရံ အဖိုအမ မဟုတ်သောပန်းပွင့်များ (Neutral flower) လည်း တွေ့ရတတ်သည်။ ပန်းခိုင်၏ အရှည်အလျားသည် လက်မအနည်းငယ်မှ ၂ ပေအထိ ရှိတတ်သည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်စုစုပေါင်း အရေအတွက်သည် မျိုးပေါ်မူတည်ပြီး ၁ဝဝဝ-၆ဝဝဝ အထိ ရှိတတ်သည်။ ပန်းပွင့်များ၏ ၂၅-၉၈% သည် မျိုးနှင့် ၎င်းတို့ကြီးထွား ဖွံ့ဖြိုးချိန်ရှိ အပူချိန်တို့ပေါ် မူတည်ပြီး အဖိုပွင့်များ ဖြစ်တတ်သည်။ လိင်စုံပန်းပွင့်များသည် ဝတ်မှုန်ကူးသန္ဓေအောင်ပြီး အသီးတင်ကြသည်။ ထို့ကြောင့် ပန်းခိုင် တစ်ခုတွင် ပထမဦးဆုံးအသီးတင်မှုသည် ၎င်းပန်းခိုင်တွင် ပါဝင်သောလိင်စုံပွင့် အရေအတွက်ပေါ် များစွာတည်မီ နေပေသည်။ ပန်းခိုင်တစ်ခိုင်တွင် ပါရှိသော လိင်စုံပွင့်၏ ရာခိုင်နှုန်းသည်လည်း ပန်းခိုင်၏ စောစောထွက်မှု၊ နောက်ကျထွက်မှုတို့နှင့် မျိုးပေါ်မူတည်၍ ကွဲပြားမှုများရှိနိုင်သည်။ သုတေသနတွေ့ရှိချက်တစ်ခုအရ မျိုးအလိုက် ၂ - ၇၀ % အထိရှိသည်ဟု ဆိုသည်။ စောစောပိုင်းပန်းခိုင်များသည် အလယ်နှင့် နောက်ပိုင်းထွက် ပန်းခိုင်များထက် လိင်စုံပွင့်ရာခိုင်နှုန်း ပိုများနိုင်သည်ဟုလည်း ဆိုကြသည်။ ပန်းခိုင်၏ ထိပ်ဖျားပိုင်းတွင် လိင်စုံပွင့် အရေအတွက်အနည်းဆုံးဖြစ်သော်လည်း ရာခိုင်နှုန်းအနေဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ စောစောပိုင်းထွက်သော ပန်းခိုင်များသည် လိင်စုံပွင့်ရာခိုင်နှုန်း ပိုများသော်လည်း အသီးတင်မှုတွင် ရာသီအလယ်နှင့် ရာသီနောက်ပိုင်းထွက်သော ပန်းခိုင်များထက် ပို၍ နည်းတတ်သည်။ ပန်းပွင့်ရာသီ နောက်ကျမှထွက်သော ပန်းခိုင်များနှင့် အရိပ်ကျပိုင်းရှိ ပန်းခိုင်များသည် လိင်စုံပွင့်များပို၍ များတတ်သည်။ ထို့ကြောင့် အပင်တစ်ပင်တွင် အပင်၏ အတွင်းပိုင်းသည် အပြင်ဘက်ထက် ပို၍ လိင်စုံပွင့် များနေတတ်ပေသည်။အဖိုပွင့်၊ လိင်စုံပွင့် ပါဝင်မှုအချိုးသည် စိုက်ပျိုးသော ဒေသရှိ ရာသီဥတုအပေါ်တွင်လည်း များစွာတည်မှီနေပေသည်။
သရက်ပင်သည် အသီးတင်ရန် ဝတ်မှုန်ကူးမှု လိုအပ်သောအပင် (Cross-pollinated plant) ဖြစ်သည်။ သရက်အသီးတင်မှုတွင် ဝတ်မှုန်ထုတ်လုပ်မှုနှင့် ဝတ်မှုန်ကူးမှုသည် အရေးပါဆုံး အချက်တစ်ချက်ဟု ယူဆကြသည်။ သုတေသနတွေ့ရှိချက်တစ်ခုအရ လိင်စုံပွင့်စုစုပေါင်း၏ ၃-၃၅% သာ ဝတ်မှုန်ကူးကြောင်း သိရသည်။ ဝတ်မှုန်ကူး အင်းဆက်များ အလုပ်မလုပ်နိုင်အောင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာခြင်းတို့ဖြစ်ပေါ်က ထိုထက်ပင် နည်းသွားနိုင်ပေသည်။ သရက်ပွင့်ချိန် ဆောင်းရာသီမုန်တိုင်းများနှင့် တွေ့ကြုံရလျှင်လည်း သရက်အသီးတင်နှုန်း သိသိသာသာ နည်းသွားနိုင်ပေသည်။ ဝတ်မှုန်မကူးဘဲ ကြွေသွားခြင်း၊ ဝတ်မှုန်ကူးအသီးတင်ပြီးနောက် အာဟာရ မလုံလောက်၍ ကြွေသွားခြင်း၊ အသီးကြီးလာပြီးနောက် လေဒဏ်မိုးဒဏ်ကြောင့် ကြွေသွားခြင်းတုုိ့ကြောင့် လိင်စုံပွင့်တို့၏ ဝ.၁ % လောက်သာ အသီးမှည့်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း လေ့လာတွေ့ရှိကြသည်။
သရက်ပင်၏ လိင်စုံပွင့်များကြွေကျမှုနှင့် အသီးကင်းများကြွေကျမှုသည် ၉၉% ထက် မနည်းရှိပြီး လိင်စုံပွင့်အရေအတွက်၏ ဝ.၁ % သာ ယေဘုယျအားဖြင့် အသီးတင်နိုင်သည်ဟု တွေ့ရသည်။
သရက်တွင် များသောအားဖြင့် အသီး (၂) ကြိမ် ကြွေလေ့ရှိသည်။ ပထမ ဝတ်မှုန်ကူးသည်မှ ၂၁ ရက်အတွင်း အပွင့်များနှင့် သီးကင်းများကြွေလေ့ရှိပြီး ဒုတိယ ဝတ်မှုန်ကူးပြီး ၂၈-၃၅ ရက်နောက်ပိုင်း ကြီးထွားဖွံ့ဖြိုးဆဲအသီးများ ကြွေလေ့ရှိသည်။ တစ်ချို့သုတေသီများက သရက်အသီးကြီးထွားဖွံ့ဖြိုးချိန်အတွင်း ကြွေကျမှုကို သုံးကြိမ်သတ်မှတ် ဖော်ပြသည်ကို တွေ့ရသည်။ ပထမ အသီးသက် ၂ လသားအတွင်း ကြွေကျမှုကို Post-setting drop အဖြစ် သတ်မှတ်သည်။ ဒုတိယ အသီးသက် ၆၀-၇၅ ရက်အတွင်း ကြွေကျမှုကို Mid-seasondrop အဖြစ် သတ်မှတ်ပြီး တတိယ အသီးများ မရင့်မှည့်မီအချိန်နားတွင် ကြွေကျမှုကို Pre-harvestdrop အဖြစ် သတ်မှတ်သည်။ အသီးသန္ဓေအောင်ပြီးနောက် ကြွေကျမှုသည် သားလောင်း (Embryo) ဖွံ့ဖြိုးရန် အာဟာရဓာတ် ချို့တဲ့မှုကြောင့် ဖြစ်သည်ဟု ဖော်ပြကြသည်။ ကနဦးတွင် သားလောင်းပျက်စီးမှုကြောင့် ကြွေကျမှုသည် ပန်းပွင့်များ ပင်တည်းဝတ်မှုန်ကူး (Self-pollinated)လျှင်လည်း ဖြစ်တတ်သည်ဟု ဆိုသည်။ အပူချိန်မြင့်လွန်း/ နိမ့်လွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းသည် ဝတ်မှုန်ကူးမှုနှင့် အသီးတင်မှုတို့ကို ဆိုးဆိုးရွားရွားထိခိုက်စေသည်။ ယေဘုယျအားဖြင့် ပန်းပွင့်ချိန်အတွင်း အပူချိန်နိမ့်မှုသည် ပန်းပွင့်များ၏ အဖိုအင်္ဂါ၊ အမအင်္ဂါတို့ ဖွံ့ဖြိုး ကြီးထွားမှု၊ ဝတ်မှုန်ကူးမှုနှင့် သန္ဓေအောင်မှုတို့ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သည်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် အောက်လျော့နည်းလျှင် ဝတ်မှုန်ရှင်သန်မှု (Pollen viability) ကို ထိခိုက်စေပြီး အသီးကင်းများကို ပျက်စီးစေသည်။ ပန်းခိုင်ကြီးထွားဖွံ့ဖြိုးချိန်အတွင်း အပူချိန် နိမ့်လျှင်လည်း အဖိုပွင့်ရာခိုင်နှုန်း များတတ်သည်။
သရက်ပွင့်သီးကြွေကြခြင်း၏ အဓိကအကြောင်းရင်းများကို သုတေသီအများစု သုံးသပ်ကြသည်မှာ
ဝတ်မှုန်ကူးမှုမရှိခြင်း (lack of pollination)
ဝတ်မှုန်ခံမှ ဝတ်မှုန်လက်ခံမှုနည်းခြင်း (low stigmaticreceptivity)
လိင်စုံပွင့်အင်္ဂါချို့ယွင်းနေခြင်း (defectiveperfect flowers)
ဝတ်မှုန်ကူးမှုညံ့ခြင်း (poor pollen transference)
မျိုးပွားဆဲလ် (gamete) ၏ သန္ဓေအောင်သားလောင်း (viableembryo) ထုတ်လုပ်နိုင်စွမ်းမရှိခြင်း/ ဝတ်မှုန်ပေါက်ပွားမှုညံ့ခြင်း
ဝတ်မှုန်အိတ်ပေါက်ကွဲချိန် (anthesis) အတွင်း ရာသီဥတုဆိုးရွားခြင်း
သီးကင်းဝင်ချိန်တွင် ရာသီပူပြင်းခြောက်သွေ့ခြင်းနှင့် အပင်အား ရေပေးသွင်းမှု ပျက်ကွက်ခြင်း
အသီးကြီးထွားဖွံ့ဖြိုးချိန်အတွင်း မိုးသည်းထန်းစွာရွာခြင်းနှင့် လေပြင်းမုန်တိုင်းကျခြင်း
ဖားဥမှို (powdery mildew) နှင့် မှဲ့ပျောက်စွန်း (anthranose) ရောဂါတို့ ဆိုးဆိုးဝါးဝါးကျရောက်ခြင်းနှင့်
ဖြုတ်ပိုး (hopper) နှင့် ပိုးစေးနှဲ (mealy bug) တို့ ကျရောက်ခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ပြင် ပွင့်သီးကြွေကျရခြင်းမှာ အာဟာရဓာတ်များချို့တဲ့ခြင်းနှင့် အပင်တွင်းဟော်မုန်းများ မညီမျှခြင်း တို့ကြောင့်လည်း ဖြစ်ကြောင်းတွေ့ရသည်။
သရက်ပင်၏ ပွင့်သီးကြွေကျမှုအား တားဆီးကာကွယ်ရန် ထိရောက်သောနည်းလမ်းများမရှိသေးဟု သုတေသီ အများစုက ဆိုကြသည်။ ပိုးမွှားရောဂါကြောင့်ကြွေလျှင် ပိုးသတ်ဆေးမှိုသတ်ဆေးများ ပက်ဖျန်း၍ ကာကွယ်တားဆီးရန် ဖြစ်ပေသည်။ သရက်၏ သဘာဝအလျှောက် ပွင့်သီးကြွေကျမှုကို တားဆီးခြင်းသည် အပင်အား နှစ်ခြားသီးပွင့်ခြင်း အလေ့အထကို ပို၍ ဖြစ်စေနိုင်ကြောင်း တွေ့ရသည်။
အသီးတင်ပြီးနောက် ကိုင်းများအား အခေါက်ခွာ/ရစ် (Girdling) ပေးခြင်းဖြင့် အသီးကြွေကျမှုလျော့နည်း သွားကြောင်းကိုသုတေသီတစ်ဦးက စမ်းသပ်တွေ့ရှိခဲ့သည်။
တချို့က သရက်၏ ပွင့်သီးကြွေကျမှုပြသနာအား အပင်ကြီးထွားမှု ထိန်းညှိဆေးများ (Growthregulators) အသုံးပြု၍ တားဆီးကာကွယ်ဖြေရှင်းရန် သုတေသနပြု ဆောင်ရွက်ခဲ့ကြသည်။ NAA နှင့် 2,4,5-T တို့ထက် 2,4-D က ပို၍ ပွင့်သီးကြွေမှုအား တားဆီးနိုင်ကြောင်း တွေ့ခဲ့သည်။ ယေဘုယျအားဖြင့် 2,4-D (20 ppm) ထက်လျော့၍ အသုံးပြုလျှင် ပိုကောင်းပြီး ထိုထက်ပြင်းအား ပိုသွားလျှင် အစေ့နှင့် အသီးကြီးထွားမှုကို တုန့်နှေးသွားကြောင်း တွေ့ခဲ့ကြသည်။ 2,4-D (20 ppm) အား အသီးတင်ပြီးနောက် ၆ ပတ်ခန့်တွင် ဖျန်းသောအခါ ၃၀-၅၀ % အထိ အသီးတင်မှုကောင်းလာကြောင်း တွေ့ခဲ့ကြသည်။
အိန္ဒိယနိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက်မှာ ဇင့်ဆာလဖိတ် (ZnSO4) ဝ.၂-ဝ.၈% ဖျန်းပေးခြင်းဖြင့် တခိုင်ပါ လိင်စုံပွင့်အရေအတွက်နှင့် အထွက်နှုန်းတိုးလာကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ထို့အပြင် ယူရီးယား (Urea 4-6%) နှင့် ရေတစ်လီတာတွင် NAA ၃၀-၄၀ မီလီဂရမ်နှုန်း ရော၍ ဖျန်းပေးခြင်းနှင့် ယူရီးယား (Urea 6%) + ပိုတက်စီယမ်နိုက်ထရိတ် (KNO3 1.5-3%)+ ရေတစ်လီတာတွင် NAA ၄၀၀ မီလီဂရမ် ရော၍ ဖျန်းပေးခြင်းတို့သည် အသီးတင်မှု ပိုကောင်းကြောင်း တွေ့ခဲ့ကြသည်။
သရက်ပင်၏ ပွင့်သီးကြွေကျခြင်းပြဿနာအား တားဆီးကာကွယ်ဖြေရှင်းရန် အခြားသုတေသီများ ဖော်ပြအကြံပြုကြသည်မှာ
အသီးကြီးထွားဖွံ့ဖြိုးမှု စောစောပိုင်းအဆင့်တွင် ယူရီးယား (Urea) ၂ % ဖျော်၍ ဖျန်းခြင်း
ပန်းဖူးဝင်ချိန်တွင် NAA 200 ppm ဖျော်၍ ဖျန်းခြင်း
Paclobutrazol နှင့် KNO3 တို့ ပက်ဖျန်းပေးခြင်း
အသီးပဲစေ့အရွယ်လောက်တွင် NAA 200ppm ဖျန်းပေးခြင်း
အသီးကြီးထွားချိန်အတွင်း ပုံမှန်ရေသွင်းပေးခြင်း
လိုအပ်သော သွင်းအားစုများ (အနည်းလိုနှင့် အများလိုအာဟာရဓာတ်များ) ထည့်သွင်း ကျွေးပေးခြင်းနှင့်
ပိုးမွှားရောဂါတို့အား အချိန်မီ ထိထိရောက်ရောက် ကာကွယ်ပေးခြင်းတို့ဖြစ်ကြောင်း တွေ့ရပါသည်။ ။

ဟန်ဖြိုးအောင်(ဥယျာဉ်ခြံ)
၃-၈-၂ဝဝ၉ (ည ၈းဝဝ နာရီ)
ကျမ်းကိုး
- Mango Growing (AGFACTS) (JF Dirou)
- Mango (R. N. Singh)
- The Mango: Its Botany and Production (Ramon V.Valmayor)
- Fruits: Tropical and Subtropical (T K Bose and SK Mitra (eds.))
- Fruit Drop in Mango (Horticulture Reviews,Vol:31)

XXXXXXXXXXXXXXXXXX          ZAWGYI    FONT            XXXXXXXXXXXXXXXXXXXX
အသီးႀကီးၾထားၿဖံ့ၿဖိဳးမႈ ေစာေစာပိုင္းအဆင့္ၾတင္ ယူရီးယား (Urea) ၂ % ေဖ္ာ္၍ ဖ္န္း်ခင္း ပန္းဖူးဝငၡ္ိျႏၲင္ NAA 200 ppm ေဖ္ာ္၍ ဖ္န္း်ခင္း Paclobutrazol ႏြင့္ KNO3 တို႔ ပကၹ္န္းေပ်းခင္း.....

သရက္ပင္သည္ ပန္းပြင့္ခ်ိန္၌ ပြင့္ႏႈန္းမ်ားၿပီး အသီးတင္မႈမ်ားေသာ္လည္း အလြန္အမင္းပြင့္သီး ေၾကြက်မႈေၾကာင့္ အသီးထြက္ႏႈန္းေလ်ာ့က်မႈသည္ ျမန္မာအပါအဝင္ သရက္စိုက္ပ်ိဳးရာႏိုင္ငံမ်ားတြင္ ၾကဳံေတြ႕ရေသာ ျပသနာတစ္ခုျဖစ္သည္။ သရက္ပင္ တစ္ပင္သည္ အပင္၏ သက္တမ္းကိုလိုက္၍ ပန္းခိုင္ေပါင္း ၂၀ဝ၀-၅၀ဝ၀ အထိ ရွိႏိုင္ၿပီး ပန္းခိုင္ တစ္ခိုင္တည္းမွာပင္ မ်ိဳးအလိုက္ ပန္းပြင့္ေပါင္း ၁၀ဝ၀-၇၀ဝ၀ အထိ ရွိတတ္သည္။ သုိ႔ေသာ္လည္း ပြင့္ေသာပန္းတိုင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသီး မတင္ျဖစ္ၾကရသည္။ တင္ေသာအသီးမ်ားအားလံုးလည္း ခူးဆြတ္ခ်ိန္မတိုင္ဘဲ ေၾကြက်ပ်က္စီးၾကရသည္။ အထူးသျဖင့္ ဝတ္မႈန္ကူးၿပီး ပထမ ၃-၄ ပတ္အတြင္း ေၾကြက်မႈ အမ်ားဆံုးဟုဆိုသည္။ သရက္မ်ိဳးအားလံုးတြင္ ပြင့္သီးေၾကြက်မႈ ျပသနာရွိၾကသည္။ သရက္ပင္၏ ပြင့္သီးေၾကြက်မႈသည္ မ်ိဳးရိုးဗီဇ၊ ဇီဝကမၼေဗဒ၊ စိုက္စနစ္၊ ျပင္ပပတ္ဝန္းက်င္ လႊမ္းမိုးမႈတုိ႔ေၾကာင့္ျဖစ္ေသာ ရႈပ္ေထြးသည္ျ့ဖစ္စဥ္ တစ္ရပ္သာျဖစ္၏။
အသီးတင္မႈႏႈန္းသည္ ပန္းပြင့္သည့္အခ်ိန္၊ အဖိုပြင့္လိင္စံုပြင့္အခ်ိဳး (Sex ratio)၊ ဝတ္မႈန္ကူးမႈ၊ သားေလာင္းေၾကြက် ပ်က္စီးမႈ (Embryo abortion) စသည္တို႔ေပၚ မူတည္ၿပီး မ်ိဳးအလိုက္ ကြာျခားမႈ ရွိတတ္သည္။ သရက္ပန္းပြင့္ မ်ားသည္ ညဘက္ႏွင့္ နံနက္လင္းအားႀကီးခ်ိန္တို႔တြင္ ပြင့္ၾကသည္။ ပန္းခိုင္တြင္ အဖိုပြင့္ (Male flower) ႏွင့္ လိင္စံုပြင့္ (Hermaphroditeflower) ဟူ၍ ပါရွိၿပီး တခါတရံ အဖိုအမ မဟုတ္ေသာပန္းပြင့္မ်ား (Neutral flower) လည္း ေတြ႔ရတတ္သည္။ ပန္းခိုင္၏ အရွည္အလ်ားသည္ လက္မအနည္းငယ္မွ ၂ ေပအထိ ရွိတတ္သည္။ ပန္းခိုင္တစ္ခုတြင္ ပန္းပြင့္စုစုေပါင္း အေရအတြက္သည္ မ်ိဳးေပၚမူတည္ၿပီး ၁၀ဝ၀-၆၀ဝ၀ အထိ ရွိတတ္သည္။ ပန္းပြင့္မ်ား၏ ၂၅-၉၈% သည္ မ်ိဳးႏွင့္ ၎တို႔ႀကီးထြား ဖြံ႕ၿဖိဳးခ်ိန္ရွိ အပူခ်ိန္တို႔ေပၚ မူတည္ၿပီး အဖိုပြင့္မ်ား ျဖစ္တတ္သည္။ လိင္စံုပန္းပြင့္မ်ားသည္ ဝတ္မႈန္ကူးသေႏၶေအာင္ၿပီး အသီးတင္ၾကသည္။ ထို႔ေၾကာင့္ ပန္းခိုင္ တစ္ခုတြင္ ပထမဦးဆံုးအသီးတင္မႈသည္ ၎ပန္းခိုင္တြင္ ပါဝင္ေသာလိင္စံုပြင့္ အေရအတြက္ေပၚ မ်ားစြာတည္မီ ေနေပသည္။ ပန္းခုိင္တစ္ခုိင္တြင္ ပါရွိေသာ လိင္စံုပြင့္၏ ရာခိုင္ႏႈန္းသည္လည္း ပန္းခိုင္၏ ေစာေစာထြက္မႈ၊ ေနာက္က်ထြက္မႈတို႔ႏွင့္ မ်ိဳးေပၚမူတည္၍ ကြဲျပားမႈမ်ားရွိႏိုင္သည္။ သုေတသနေတြ႕ရွိခ်က္တစ္ခုအရ မ်ိဳးအလိုက္ ၂ - ၇၀ % အထိရွိသည္ဟု ဆိုသည္။ ေစာေစာပိုင္းပန္းခိုင္မ်ားသည္ အလယ္ႏွင့္ ေနာက္ပိုင္းထြက္ ပန္းခိုင္မ်ားထက္ လိင္စံုပြင့္ရာခိုင္ႏႈန္း ပိုမ်ားႏိုင္သည္ဟုလည္း ဆိုၾကသည္။ ပန္းခိုင္၏ ထိပ္ဖ်ားပိုင္းတြင္ လိင္စံုပြင့္ အေရအတြက္အနည္းဆံုးျဖစ္ေသာ္လည္း ရာခိုင္ႏႈန္းအေနျဖင့္ အမ်ားဆံုးျဖစ္ေၾကာင္း ေတြ႕ရသည္။ ေစာေစာပိုင္းထြက္ေသာ ပန္းခိုင္မ်ားသည္ လိင္စံုပြင့္ရာခိုင္ႏႈန္း ပိုမ်ားေသာ္လည္း အသီးတင္မႈတြင္ ရာသီအလယ္ႏွင့္ ရာသီေနာက္ပိုင္းထြက္ေသာ ပန္းခိုင္မ်ားထက္ ပို၍ နည္းတတ္သည္။ ပန္းပြင့္ရာသီ ေနာက္က်မွထြက္ေသာ ပန္းခိုင္မ်ားႏွင့္ အရိပ္က်ပိုင္းရွိ ပန္းခိုင္မ်ားသည္ လိင္စံုပြင့္မ်ားပို၍ မ်ားတတ္သည္။ ထို႔ေၾကာင့္ အပင္တစ္ပင္တြင္ အပင္၏ အတြင္းပိုင္းသည္ အျပင္ဘက္ထက္ ပို၍ လိင္စံုပြင့္ မ်ားေနတတ္ေပသည္။အဖိုပြင့္၊ လိင္စံုပြင့္ ပါဝင္မႈအခ်ိဳးသည္ စိုက္ပ်ိဳးေသာ ေဒသရွိ ရာသီဥတုအေပၚတြင္လည္း မ်ားစြာတည္မွီေနေပသည္။
သရက္ပင္သည္ အသီးတင္ရန္ ဝတ္မႈန္ကူးမႈ လိုအပ္ေသာအပင္ (Cross-pollinated plant) ျဖစ္သည္။ သရက္အသီးတင္မႈတြင္ ဝတ္မႈန္ထုတ္လုပ္မႈႏွင့္ ဝတ္မႈန္ကူးမႈသည္ အေရးပါဆံုး အခ်က္တစ္ခ်က္ဟု ယူဆၾကသည္။ သုေတသနေတြ႕ရွိခ်က္တစ္ခုအရ လိင္စံုပြင့္စုစုေပါင္း၏ ၃-၃၅% သာ ဝတ္မႈန္ကူးေၾကာင္း သိရသည္။ ဝတ္မႈန္ကူး အင္းဆက္မ်ား အလုပ္မလုပ္ႏိုင္ေအာင္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးရြာျခင္းတို႔ျဖစ္ေပၚက ထုိထက္ပင္ နည္းသြားႏိုင္ေပသည္။ သရက္ပြင့္ခ်ိန္ ေဆာင္းရာသီမုန္တိုင္းမ်ားႏွင့္ ေတြ႔ႀကံဳရလွ်င္လည္း သရက္အသီးတင္ႏႈန္း သိသိသာသာ နည္းသြားႏိုင္ေပသည္။ ဝတ္မႈန္မကူးဘဲ ေၾကြသြားျခင္း၊ ဝတ္မႈန္ကူးအသီးတင္ၿပီးေနာက္ အာဟာရ မလံုေလာက္၍ ေၾကြသြားျခင္း၊ အသီးႀကီးလာၿပီးေနာက္ ေလဒဏ္မိုးဒဏ္ေၾကာင့္ ေၾကြသြားျခင္းတုုိ႔ေၾကာင့္ လိင္စံုပြင့္တို႔၏ ဝ.၁ % ေလာက္သာ အသီးမွည့္အဆင့္သို႔ ေရာက္ရွိႏိုင္ေၾကာင္း ေလ့လာေတြ႔ရွိၾကသည္။
သရက္ပင္၏ လိင္စံုပြင့္မ်ားေၾကြက်မႈႏွင့္ အသီးကင္းမ်ားေၾကြက်မႈသည္ ၉၉% ထက္ မနည္းရွိၿပီး လိင္စံုပြင့္အေရအတြက္၏ ဝ.၁ % သာ ေယဘုယ်အားျဖင့္ အသီးတင္ႏိုင္သည္ဟု ေတြ႕ရသည္။
သရက္တြင္ မ်ားေသာအားျဖင့္ အသီး (၂) ႀကိမ္ ေၾကြေလ့ရွိသည္။ ပထမ ဝတ္မႈန္ကူးသည္မွ ၂၁ ရက္အတြင္း အပြင့္မ်ားႏွင့္ သီးကင္းမ်ားေၾကြေလ့ရွိၿပီး ဒုတိယ ဝတ္မႈန္ကူးၿပီး ၂၈-၃၅ ရက္ေနာက္ပိုင္း ႀကီးထြားဖြံ႔ၿဖိဳးဆဲအသီးမ်ား ေၾကြေလ့ရွိသည္။ တစ္ခ်ဳိ႕သုေတသီမ်ားက သရက္အသီးႀကီးထြားဖြံ႔ၿဖိဳးခ်ိန္အတြင္း ေၾကြက်မႈကို သံုးႀကိမ္သတ္မွတ္ ေဖာ္ျပသည္ကို ေတြ႔ရသည္။ ပထမ အသီးသက္ ၂ လသားအတြင္း ေၾကြက်မႈကို Post-setting drop အျဖစ္ သတ္မွတ္သည္။ ဒုတိယ အသီးသက္ ၆၀-၇၅ ရက္အတြင္း ေၾကြက်မႈကို Mid-seasondrop အျဖစ္ သတ္မွတ္ၿပီး တတိယ အသီးမ်ား မရင့္မွည့္မီအခ်ိန္နားတြင္ ေၾကြက်မႈကို Pre-harvestdrop အျဖစ္ သတ္မွတ္သည္။ အသီးသေႏၶေအာင္ၿပီးေနာက္ ေၾကြက်မႈသည္ သားေလာင္း (Embryo) ဖြံ႔ၿဖိဳးရန္ အာဟာရဓာတ္ ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္သည္ဟု ေဖာ္ျပၾကသည္။ ကနဦးတြင္ သားေလာင္းပ်က္စီးမႈေၾကာင့္ ေၾကြက်မႈသည္ ပန္းပြင့္မ်ား ပင္တည္းဝတ္မႈန္ကူး (Self-pollinated)လွ်င္လည္း ျဖစ္တတ္သည္ဟု ဆိုသည္။ အပူခ်ိန္ျမင့္လြန္း/ နိမ့္လြန္းျခင္းႏွင့္ ေလျပင္းမ်ားတိုက္ခတ္ျခင္းသည္ ဝတ္မႈန္ကူးမႈႏွင့္ အသီးတင္မႈတို႔ကို ဆိုးဆိုးရြားရြားထိခုိက္ေစသည္။ ေယဘုယ်အားျဖင့္ ပန္းပြင့္ခ်ိန္အတြင္း အပူခ်ိန္နိမ့္မႈသည္ ပန္းပြင့္မ်ား၏ အဖိုအဂၤါ၊ အမအဂၤါတို႔ ဖြံ႔ၿဖိဳး ႀကီးထြားမႈ၊ ဝတ္မႈန္ကူးမႈႏွင့္ သေႏၶေအာင္မႈတို႔ကို ဆိုးဆိုးရြားရြားထိခုိက္ေစႏုိင္သည္။ အပူခ်ိန္ ၁၀ ဒီဂရီစင္တီဂရိတ္ ေအာက္ေလ်ာ့နည္းလွ်င္ ဝတ္မႈန္ရွင္သန္မႈ (Pollen viability) ကို ထိခုိက္ေစၿပီး အသီးကင္းမ်ားကို ပ်က္စီးေစသည္။ ပန္းခိုင္ႀကီးထြားဖြံ႔ၿဖိဳးခ်ိန္အတြင္း အပူခ်ိန္ နိမ့္လွ်င္လည္း အဖိုပြင့္ရာခိုင္ႏႈန္း မ်ားတတ္သည္။
သရက္ပြင့္သီးေၾကြၾကျခင္း၏ အဓိကအေၾကာင္းရင္းမ်ားကုိ သုေတသီအမ်ားစု သုံးသပ္ၾကသည္မွာ
ဝတ္မႈန္ကူးမႈမရွိျခင္း (lack of pollination)
ဝတ္မႈန္ခံမွ ဝတ္မႈန္လက္ခံမႈနည္းျခင္း (low stigmaticreceptivity)
လိင္စံုပြင့္အဂၤါခ်ိဳ႕ယြင္းေနျခင္း (defectiveperfect flowers)
ဝတ္မႈန္ကူးမႈညံ့ျခင္း (poor pollen transference)
မ်ိဳးပြားဆဲလ္ (gamete) ၏ သေႏၶေအာင္သားေလာင္း (viableembryo) ထုတ္လုပ္ႏိုင္စြမ္းမရွိျခင္း/ ဝတ္မႈန္ေပါက္ပြားမႈညံ့ျခင္း
ဝတ္မႈန္အိတ္ေပါက္ကြဲခ်ိန္ (anthesis) အတြင္း ရာသီဥတုဆိုးရြားျခင္း
သီးကင္းဝင္ခ်ိန္တြင္ ရာသီပူျပင္းေျခာက္ေသြ႔ျခင္းႏွင့္ အပင္အား ေရေပးသြင္းမႈ ပ်က္ကြက္ျခင္း
အသီးႀကီးထြားဖြံ႔ၿဖိဳးခ်ိန္အတြင္း မိုးသည္းထန္းစြာရြာျခင္းႏွင့္ ေလျပင္းမုန္တိုင္းက်ျခင္း
ဖားဥမိႈ (powdery mildew) ႏွင့္ မွဲ႔ေပ်ာက္စြန္း (anthranose) ေရာဂါတို႔ ဆိုးဆိုးဝါးဝါးက်ေရာက္ျခင္းႏွင့္
ျဖဳတ္ပိုး (hopper) ႏွင့္ ပိုးေစးႏွဲ (mealy bug) တို႔ က်ေရာက္ျခင္းတို႔ေၾကာင့္ ျဖစ္သည္။

ထို႔ျပင္ ပြင့္သီးေၾကြက်ရျခင္းမွာ အာဟာရဓာတ္မ်ားခ်ိဳ႕တဲ့ျခင္းႏွင့္ အပင္တြင္းေဟာ္မုန္းမ်ား မညီမွ်ျခင္း တို႔ေၾကာင့္လည္း ျဖစ္ေၾကာင္းေတြ႔ရသည္။
သရက္ပင္၏ ပြင့္သီးေၾကြက်မႈအား တားဆီးကာကြယ္ရန္ ထိေရာက္ေသာနည္းလမ္းမ်ားမရွိေသးဟု သုေတသီ အမ်ားစုက ဆိုၾကသည္။ ပိုးမႊားေရာဂါေၾကာင့္ေၾကြလွ်င္ ပိုးသတ္ေဆးမိႈသတ္ေဆးမ်ား ပက္ဖ်န္း၍ ကာကြယ္တားဆီးရန္ ျဖစ္ေပသည္။ သရက္၏ သဘာဝအေလွ်ာက္ ပြင့္သီးေၾကြက်မႈကို တားဆီးျခင္းသည္ အပင္အား ႏွစ္ျခားသီးပြင့္ျခင္း အေလ့အထကို ပို၍ ျဖစ္ေစႏိုင္ေၾကာင္း ေတြ႔ရသည္။
အသီးတင္ၿပီးေနာက္ ကိုင္းမ်ားအား အေခါက္ခြာ/ရစ္ (Girdling) ေပးျခင္းျဖင့္ အသီးေၾကြက်မႈေလ်ာ့နည္း သြားေၾကာင္းကိုသုေတသီတစ္ဦးက စမ္းသပ္ေတြ႔ရွိခဲ့သည္။
တခ်ဳိ႕က သရက္၏ ပြင့္သီးေၾကြက်မႈျပသနာအား အပင္ႀကီးထြားမႈ ထိန္းၫွိေဆးမ်ား (Growthregulators) အသံုးျပဳ၍ တားဆီးကာကြယ္ေျဖရွင္းရန္ သုေတသနျပဳ ေဆာင္ရြက္ခဲ့ၾကသည္။ NAA ႏွင့္ 2,4,5-T တို႔ထက္ 2,4-D က ပို၍ ပြင့္သီးေၾကြမႈအား တားဆီးႏိုင္ေၾကာင္း ေတြ႔ခဲ့သည္။ ေယဘုယ်အားျဖင့္ 2,4-D (20 ppm) ထက္ေလ်ာ့၍ အသုံးျပဳလွ်င္ ပိုေကာင္းၿပီး ထိုထက္ျပင္းအား ပိုသြားလွ်င္ အေစ့ႏွင့္ အသီးႀကီးထြားမႈကို တုန္႔ေႏွးသြားေၾကာင္း ေတြ႔ခဲ့ၾကသည္။ 2,4-D (20 ppm) အား အသီးတင္ၿပီးေနာက္ ၆ ပတ္ခန္႔တြင္ ဖ်န္းေသာအခါ ၃၀-၅၀ % အထိ အသီးတင္မႈေကာင္းလာေၾကာင္း ေတြ႔ခဲ့ၾကသည္။
အိႏၵိယႏိုင္ငံမွ သုေတသီမ်ား၏ ေတြ႕ရွိခ်က္မွာ ဇင့္ဆာလဖိတ္ (ZnSO4) ဝ.၂-ဝ.၈% ဖ်န္းေပးျခင္းျဖင့္ တခိုင္ပါ လိင္စံုပြင့္အေရအတြက္ႏွင့္ အထြက္ႏႈန္းတိုးလာေၾကာင္း စမ္းသပ္ေတြ႔ရွိခဲ့သည္။ ထို႔အျပင္ ယူရီးယား (Urea 4-6%) ႏွင့္ ေရတစ္လီတာတြင္ NAA ၃၀-၄၀ မီလီဂရမ္ႏႈန္း ေရာ၍ ဖ်န္းေပးျခင္းႏွင့္ ယူရီးယား (Urea 6%) + ပုိတက္စီယမ္ႏုိက္ထရိတ္ (KNO3 1.5-3%)+ ေရတစ္လီတာတြင္ NAA ၄၀၀ မီလီဂရမ္ ေရာ၍ ဖ်န္းေပးျခင္းတို႔သည္ အသီးတင္မႈ ပိုေကာင္းေၾကာင္း ေတြ႔ခဲ့ၾကသည္။
သရက္ပင္၏ ပြင့္သီးေၾကြက်ျခင္းျပႆနာအား တားဆီးကာကြယ္ေျဖရွင္းရန္ အျခားသုေတသီမ်ား ေဖာ္ျပအႀကံျပဳၾကသည္မွာ
အသီးႀကီးထြားဖြံ႔ၿဖိဳးမႈ ေစာေစာပိုင္းအဆင့္တြင္ ယူရီးယား (Urea) ၂ % ေဖ်ာ္၍ ဖ်န္းျခင္း
ပန္းဖူးဝင္ခ်ိန္တြင္ NAA 200 ppm ေဖ်ာ္၍ ဖ်န္းျခင္း
Paclobutrazol ႏွင့္ KNO3 တို႔ ပက္ဖ်န္းေပးျခင္း
အသီးပဲေစ့အရြယ္ေလာက္တြင္ NAA 200ppm ဖ်န္းေပးျခင္း
အသီးႀကီးထြားခ်ိန္အတြင္း ပံုမွန္ေရသြင္းေပးျခင္း
လိုအပ္ေသာ သြင္းအားစုမ်ား (အနည္းလိုႏွင့္ အမ်ားလိုအာဟာရဓာတ္မ်ား) ထည့္သြင္း ေကြ်းေပးျခင္းႏွင့္
ပိုးမႊားေရာဂါတို႔အား အခ်ိန္မီ ထိထိေရာက္ေရာက္ ကာကြယ္ေပးျခင္းတို႔ျဖစ္ေၾကာင္း ေတြ႔ရပါသည္။ ။

ဟန္ၿဖိဳးေအာင္(ဥယ်ာဥ္ၿခံ)
၃-၈-၂၀ဝ၉ (ည ၈းဝ၀ နာရီ)
က်မ္းကိုး
- Mango Growing (AGFACTS) (JF Dirou)
- Mango (R. N. Singh)
- The Mango: Its Botany and Production (Ramon V.Valmayor)
- Fruits: Tropical and Subtropical (T K Bose and SK Mitra (eds.))
- Fruit Drop in Mango (Horticulture Reviews,Vol:31)
ဓာတ္ပံုု - Photobucket

ဓာတ်ပုုံ - PhotobucketRelated imageRelated imageImage result for MANGOES FARM GREENHOUSE

      

Comments