  မင်္ဂလာပါခင်ဗျာ။ စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ရုံးပတီသီး စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ရုံးပတီပင်ကတော့ အနွေးကြိုက် သီးနှံ့ပင်ပဲ ဖြစ်ပါတယ်။ နှစ်ရှည်ပင်ဖြစ်ပေမယ့် နှစ်ချင်း စိုက်ပြီးတော့ စားသုံးနိုင်ပါတယ်။ အသီးကိုသာ စားသုံးရပြီးတော့ အပင်အမြင့်က ၂ ပေကနေ ၈ ပေအထိ ရှိပါတယ်။ အပင်အကျယ်ကတော့ ၁ ပေကနေ ၂ ပေအထိ ကျယ်ပါတယ်။ အပွင့်ကတော့ အဝါနုရောင် ရှိပါတယ်။ မျိုးစေ့များကတော့ အရောင်စုံရှိပြီးတော့ အရွယ်ရောက်ပြီးအပင်တွေကတော့ သေးငယ်ကြပါတယ်။ ပန်းပွင့်ပွင့်ပြီး အသီးသီးပြီးတော့ အသီးရဲ့အရောင်ကတော့ အစိမ်းရောင်ရှိပါတယ်။ အသီးကိုတော့ အတို့အမြုတ်အဖြစ် စားသုံးနိုင်ပြီးတော့ ဟင်းချိုချက်၍သော်လည်ကောင်း၊ ကင်၍သော်လည်ကောင်း စားသုံးနိုင်ပါတယ်။ 
မငျ်ဂလာပါ 🦋🦋🦋
မင်္ဂလာပါ 🦋🦋🦋
စိုက်ပျိုးရေးနှင့် ပတ်သက်သမျှ နည်းပညာ ဗဟုသုတ
အဖြာဖြာကို နေ့စဉ်တင်ဆက်ပေးနေပါတယ်
တင်သမျှ မလွတ်တမ်းဖတ်ရအောင် #တီထွင်ဆန်းသစ်လယ်ယာတစ်ခွင်-smartknowledge ဆိုတဲ့ ကျနော်တို့
page လေးကို like လုပ်ထားပေးပါနော်👌👌👌
#မိမိဖတ်ရသလို အခြားလူများလည်း ဗဟုသုတ မျှဝေဖို့
အခု ပို့စ် လေးကို share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်🙏🙏
Comments