ကန္စြန္းရြက္ စုိက္ပ်ဳိးနည္း (ကန်စွန်းရွက် စိုက်ပျိုးနည်း)

xxxxxxxxx        unicode  font    xxxxxxxxxx

ကန်စွန်းရွက် စိုက်ပျိုးနည်း

နိဒါန်း

မြန်မာ လူမျိုးများ ကြိုက်နှစ် သက်သော ဟင်းသီး ဟင်းရွက် ဖြစ်သည်။ ရှေးနှစ် ပေါင်းများစွာ ကပင် မြန်မာ ပြည်တွင် စိုက်ပျိုး
လာကြသည်။ အောက်မြန်မာပြည် ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။

မြေပြုပြင်နည်း

ထယ်(၂)စပ် ထိုးပြီး၊ ထွန်(၆-၈)စပ်မွေပါ။ ရေသို လှောင်ထိန်းသိမ်း နိုင်သော မြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော် ပါသည်။
တောင်ပေါ်ဒေသ၌ ဆောင်းတွင်း စိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်သင်းဖော်၍ အကွက်ဖော်ပါ။ ထို့နောက် ရေသွင်း
ပြီး ဆက်၍ ထွန်မွှေပါ။ အခင်းသစ်တွင်မြေပြင်ချိန်၌ နွားချေး(၁၀-၁၅)စီး ထည့်သွင်းပြီး မြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါ
သည်။

ရေကန်စွန်းစိုက်ပျိုးခြင်း

ကန်စွန်းကို အညွှန့်ဖြတ် ကာစိုက်က ပို၍ ရှင်သန်သည်။ အဆစ် အနည်းဆုံး လေးဆစ်ပါသော ကိုင်းများ ကို(၈-၁၀)လက်မ
အရှည်ခန့်ဖြတ် ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင်(၂-၃)ပင် စိုက်ပါ။ စိုက်ရာတွင် စပါးစိုက် သကဲ့သို့ လက်ဖြင့် အောက်ခြေပိုင်းကို
မြေထဲသို့အဆစ် နှစ်ဆစ်ထိ ဝင်အောင် ထိုးစိုက်ပါ။ တန်းကြား၊ ပင်ကြား (၁၂ x ၁၀)လက်မ ထား၍စိုက်ပါ။ မိုးတွင်း၌စိုက်ပါက
အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေး ရန်လိုသည်။

မျိုးစေ့နှုန်း

တစ်ဧကလျှင် ကန်စွန်းပင်ဖြတ်ပိုင်း(၁၀,၀၀၀-၁၅,၀၀၀)ထိ လိုအပ်သည်။

အပင်ပြုစုခြင်း

အပင်ချ စိုက်ပြီးလျှင် ပြီးချင်း သုံးလက်မ အနက်ရအောင် ရေသွင်းပေးပါ။ အခင်းထဲတွင် ရေ(၃-၆)လက်မ ရှိနေစေရန် ထိန်း
သိမ်းပါ။ နွေရာသီ ပူပြင်းပါက တစ်ပတ်တစ်ကြိမ်ရေလဲပေးသင့်သည်။ သို့မှသာ စိုက်ခင်းရှိ ရေများ ပူလာခြင်းကြောင့် အပင်
ကိုထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။ စိုက်ပြီးတစ်လအတွင်း ပေါင်းမြက်ပေါက်ပါက ရှင်းပေးပါ။ ထို့နောက် ရွက်ဖြန်းဆေး ပက်
ဖျန်းပေးပါ။

ခူးယူခြင်း

ရိတ်ခါနီးတွင် ရေကိုအခင်းအတွင်း ငါးလက်မသို့ လျှော့ချပြီး ကန်စွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်စွန်း
ငုတ်များသည် ရေပေါ်တွင်(၂-၃)လက်မ ပေါ်နေရမည်။ ကန်စွန်းပင်များကို စိုက်ပြီး (၆၀-၁၂၀)ရက်ကြာလျှင် ရိတ်သိမ်းနိုင်
သည်။ တစ်ဧကလျှင် ကန်စွန်းပိဿာချိန်(၅၀၀-၁၀၀၀)အထိ ထွက်နိုင် သည်။ ရိတ်သိမ်းပြီး (၁-၂)ရက်အတွင်း ရောင်းရပါ
မည်။

ထိုင်ဝမ်ကန်စွန်း ကုန်းကန်စွန်းစိုက်ပျိုးခြင်း
မြေကို ထွန်ယက်ပြီး သုံးပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ လေးလက်မအမြင့်ဘောင်များ ပြုလုပ်ပါ။ ဘောင်ပေါ်တွင်
အစေ့များကိုပင်ကြား၊ တန်းကြား(၄ x ၆)လက်မထား၍ တစ်ကျင်းလျှင် မျိုးစေ့(၂-၃)စေ့ခန့် ကို လက်မဝက်အနက် မြုပ်၍
စိုက်ပါ။ ကျင်းများကို မြေဖြင့်ဖုံး၍ကောက်ရိုး၊ သို့မဟုတ် စပါးခွံ နှစ်လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်သုံးရက်အတွင်း အ
ပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံး၊ ရောင်းချနိုင်သည်။ အပင်များဖြတ်ပြီး နွားချေးမြေ
ဆွေးစသည်တို့ ထည့်ပေးလျှင် နောက်ထပ်(၇-၁၀) ရက်အတွင်း ထပ်မံခူးယူနိုင်သည်။ ကန်စွန်းရွက်ကို (၃-၄)ကြိမ်မျှ
ဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ အရွယ်အစား(၃ x ၂၀)ပေ ဘောင်တစ်ဘောင်အတွက် မျိုးစေ့
နို့ဆီတစ်ဘူးလိုအပ်သည်။

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

xxxxxxxxxxxxxx   zawgyi font  xxxxxxxxxxxxxx
နိဒါန္း
ျမန္မာ လူမ်ဳိးမ်ား ႀကိဳက္ႏွစ္ သက္ေသာ ဟင္းသီး ဟင္းရြက္ ျဖစ္သည္။ ေရွးႏွစ္ ေပါင္းမ်ားစြာ ကပင္ ျမန္မာ ျပည္တြင္ စုိက္ပ်ဳိး
လာၾကသည္။ ေအာက္ျမန္မာျပည္ ေဒသအႏွံ႔အျပားတြင္ စုိက္ပ်ဳိးသည္။
ေျမျပဳျပင္နည္း
ထယ္(၂)စပ္ ထုိးၿပီး၊ ထြန္(၆-၈)စပ္ေမြပါ။ ေရသုိ ေလွာင္ထိန္းသိမ္း ႏုိင္ေသာ ေျမျဖစ္လွ်င္ ကန္ဇြန္းစုိက္ရန္ သင့္ေတာ္ ပါသည္။
ေတာင္ေပၚေဒသ၌ ေဆာင္းတြင္း စုိက္ရန္ မျဖစ္ႏုိင္ပါ။ ထြန္ေရးညက္လွ်င္ ကန္သင္းေဖာ္၍ အကြက္ေဖာ္ပါ။ ထုိ႔ေနာက္ ေရသြင္း
ၿပီး ဆက္၍ ထြန္ေမႊပါ။ အခင္းသစ္တြင္ေျမျပင္ခ်ိန္၌ ႏြားေခ်း(၁၀-၁၅)စီး ထည့္သြင္းၿပီး ေျမႀကီးကုိ မစုိက္ခင္ ႏွပ္ထားသင့္ပါ
သည္။
ေရကန္စြန္းစုိက္ပ်ဳိးျခင္း
ကန္စြန္းကုိ အၫႊန္႔ျဖတ္ ကာစုိက္က ပုိ၍ ရွင္သန္သည္။ အဆစ္ အနည္းဆံုး ေလးဆစ္ပါေသာ ကုိင္းမ်ား ကုိ(၈-၁၀)လက္မ
အရွည္ခန္႔ျဖတ္ ယူ၍ စုိက္က်င္းတစ္က်င္းလွ်င္(၂-၃)ပင္ စုိက္ပါ။ စုိက္ရာတြင္ စပါးစုိက္ သကဲ့သုိ႔ လက္ျဖင့္ ေအာက္ေျခပုိင္းကုိ
ေျမထဲသုိ႔အဆစ္ ႏွစ္ဆစ္ထိ ၀င္ေအာင္ ထုိးစုိက္ပါ။ တန္းၾကား၊ ပင္ၾကား (၁၂ x ၁၀)လက္မ ထား၍စုိက္ပါ။ မုိးတြင္း၌စုိက္ပါက
အပင္ေျခတြင္ တုတ္စုိက္ၿပီး ခ်ည္ထားေပး ရန္လုိသည္။
မ်ဳိးေစ့ႏႈန္း
တစ္ဧကလွ်င္ ကန္စြန္းပင္ျဖတ္ပုိင္း(၁၀,၀၀၀-၁၅,၀၀၀)ထိ လုိအပ္သည္။
အပင္ျပဳစုျခင္း
အပင္ခ် စုိက္ၿပီးလွ်င္ ၿပီးခ်င္း သံုးလက္မ အနက္ရေအာင္ ေရသြင္းေပးပါ။ အခင္းထဲတြင္ ေရ(၃-၆)လက္မ ရွိေနေစရန္ ထိန္း
သိမ္းပါ။ ေႏြရာသီ ပူျပင္းပါက တစ္ပတ္တစ္ႀကိမ္ေရလဲေပးသင့္သည္။ သုိ႔မွသာ စုိက္ခင္းရွိ ေရမ်ား ပူလာျခင္းေၾကာင့္ အပင္
ကုိထိခုိက္ျခင္းမွ ကာကြယ္ႏုိင္မည္။ စုိက္ၿပီးတစ္လအတြင္း ေပါင္းျမက္ေပါက္ပါက ရွင္းေပးပါ။ ထုိ႔ေနာက္ ရြက္ျဖန္းေဆး ပက္
ဖ်န္းေပးပါ။
ခူးယူျခင္း
ရိတ္ခါနီးတြင္ ေရကုိအခင္းအတြင္း ငါးလက္မသုိ႔ ေလွ်ာ့ခ်ၿပီး ကန္စြန္းၫႊန္႔မ်ားကုိ ရိတ္သိမ္းရမည္။ က်န္ေနေသာ ကန္စြန္း
ငုတ္မ်ားသည္ ေရေပၚတြင္(၂-၃)လက္မ ေပၚေနရမည္။ ကန္စြန္းပင္မ်ားကုိ စုိက္ၿပီး (၆၀-၁၂၀)ရက္ၾကာလွ်င္ ရိတ္သိမ္းႏုိင္
သည္။ တစ္ဧကလွ်င္ ကန္စြန္းပိႆာခ်ိန္(၅၀၀-၁၀၀၀)အထိ ထြက္ႏုိင္ သည္။ ရိတ္သိမ္းၿပီး (၁-၂)ရက္အတြင္း ေရာင္းရပါ
မည္။
ထုိင္၀မ္ကန္စြန္း ကုန္းကန္စြန္းစုိက္ပ်ဳိးျခင္း
ေျမကုိ ထြန္ယက္ၿပီး သံုးေပအက်ယ္၊ အရွည္သင့္တင့္စြာထား၍ ေလးလက္မအျမင့္ေဘာင္မ်ား ျပဳလုပ္ပါ။ ေဘာင္ေပၚတြင္
အေစ့မ်ားကုိပင္ၾကား၊ တန္းၾကား(၄ x ၆)လက္မထား၍ တစ္က်င္းလွ်င္ မ်ဳိးေစ့(၂-၃)ေစ့ခန္႔ ကုိ လက္မ၀က္အနက္ ျမဳပ္၍
စုိက္ပါ။ က်င္းမ်ားကုိ ေျမျဖင့္ဖံုး၍ေကာက္႐ုိး၊ သုိ႔မဟုတ္ စပါးခြံ ႏွစ္လက္မခန္႔ ထူထူဖံုးေပးပါ။ ႏွစ္ရက္သံုးရက္အတြင္း အ
ပင္မ်ားေပါက္လာၿပီး (၃-၄)ပတ္သားတြင္ အပင္ရင္းမွျဖတ္၍ စားသံုး၊ ေရာင္းခ်ႏုိင္သည္။ အပင္မ်ားျဖတ္ၿပီး ႏြားေခ်းေျမ
ေဆြးစသည္တုိ႔ ထည့္ေပးလွ်င္ ေနာက္ထပ္(၇-၁၀) ရက္အတြင္း ထပ္မံခူးယူႏုိင္သည္။ ကန္စြန္းရြက္ကုိ (၃-၄)ႀကိမ္မွ်
ဆြတ္ခူးၿပီးလွ်င္ ေနာက္ထပ္အသစ္ျပန္စုိက္ႏုိင္သည္။ အရြယ္အစား(၃ x ၂၀)ေပ ေဘာင္တစ္ေဘာင္အတြက္ မ်ဳိးေစ့
ႏုိ႔ဆီတစ္ဘူးလုိအပ္သည္။
- က်မ္းကိုး- ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးျခင္း လမ္းၫႊန္ (စားနပ္ရိကၡာဖူလံုမႈပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕)


 Image may contain: plant, grass, tree, sky, outdoor and nature
the farmer journalNo automatic alt text available.

Comments