တောင်သူများ ငရုတ်ပင် စနစ်တကျ စိုက်ပျိုးရေး XXXXXXXေ တာင္သူမ်ား င႐ုတ္ပင္ စနစ္တက် စိုက္ပ်ိဳးေရး

ငရုတ်ပင်ရဲ့ မူရင်းဒေသက တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံကပဲ ဖြစ်ပါတယ်။ စိုက်ပျိုးချိန်ကို မူတည်ပြီးတော့ မိုးငရုတ်နဲ့ ဆောင်းငရုတ်ဆိုပြီး နှစ်မျိုး ခေါ်ဝေါ်ကြပါတယ်။ ဆောင်းငရုတ်မှာတော့ ကုန်းငရုတ်နဲ့ ကိုင်းငရုတ်ဆိုပြီးတော့လည်း နှစ်မျိုးရှိပြန်ပါတယ်။ ငရုတ်ပင်က မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါတယ်။ နုံးတင်မြေနုကျွန်းတွေမှာဆိုရင်တော့ ငရုတ်စိုက်ပျိုးရန် အကောင်းဆုံးပဲဖြစ်ပါတယ်။ ငရုတ်ပင်က အပူပိုင်း စွတ််စိုတာကို ကြိုက်နှစ်သက်ပြီးတော့ ရေဝပ်ခြင်းကို မနှစ်သက်ပါဘူး။ ငရုတ်ပင်စိုက်ပျိုးရန်အတွက်က ပထမဦးစွာ ပျိုးထောင်ရန် လိုအပ်ပါတယ်။ ပျိုးခင်းမြေကို ထယ်တစ်စပ်် ထွန်ရှစ်စပ် မွှေပြီးတော့ ကြမ်းတုံးတိုက်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အနံသုံးပေ အမြင့်ခြောက်လက်မရှိတဲ့ ပျိုးပေါင််တွေကို ပြုလုပ်ပေးရမှာပါ။ တစ်ပေါင်နဲ့တစ်ပေါင်ကိုတော့ လူသွားလမ်း တစ်ပေခန့် ခြားထားပေးရမှာပါ။ ပျိုးပေါင််တွေပေါ်မှာ နွားချေးမှုန့် မြေဆွေးမှုန့်တွေကို စကာချပြီးတော့ ပျိုးပေါင်မြေနဲ့ သမအောင် ရောပြီး မွှေပေးရမှာပါ။ ငရုတ်စေ့များကိုတော့ အဝတ်ပါးပါးနဲ့ ထုတ်ပြီး တစ်ညခန့် ရေစိမ်ထားပြီးမှ ကျဲပေးရမှာလည်း ဖြစ်ပါတယ်။ ပျိုးပေါင််များအပေါ်မှာ ငရုတ်ကို ကျဲပြီးတဲ့နောက်ပိုင်းမှာ မြေမှုန့် ပါးပါးလေး ဖုန်းပြီးတော့ အပေါ်က ကောက်ရိုး အုပ်ထားပေးရမှာပါ။ ပျိုးခင်းကို ရေသင့်ရုံ မှန်မှန်လောင်းပေးရမှာလည်း ဖြစ်ပါတယ်။ ငရုတ်ပင်များကတော့ ရက် ၄၀ သားနဲ့ ၅၀ ရက်သားမှာ စိုက်ခင်းကို ပြောင်းရွှေ့စိုက်ပေးရမှာလည်း ဖြစ်ပါတယ်။ ငရုတ်ပင်စိုက်မယ့် စိုက်ပျိုးမြေကိုတော့ ထယ်တစ်စပ်် ထွန်နှစ်စပ် ဝင်ရမှာလည်း ဖြစ်ပါတယ်။ မြေသြဇာကောင်းတဲ့ မြေကလွဲပြီး ကျန်တဲ့မြေများမှာဆိုရင်တော့ တစ်ဧကကို နွားချေး လှည်း အစီး ၂၀ မှ ၂၅ စီး ယူတီယာ ၁၀ ပိဿ တီစူပါ ၅ ပိဿ ပိုတက် ၄ ပိဿခန့်ကို ရောယှက်ပြီးတော့ သမအောင် ထွန်နဲ့ မွှေပေးရမှာလည်း ဖြစ်ပါတယ်။ မင်္ဂလာပါ 🦋🦋🦋
စိုက်ပျိုးရေးနှင့် ပတ်သက်သမျှ နည်းပညာ ဗဟုသုတ
အဖြာဖြာကို နေ့စဉ်တင်ဆက်ပေးနေပါတယ်
တင်သမျှ မလွတ်တမ်းဖတ်ရအောင် #တီထွင်ဆန်းသစ်လယ်ယာတစ်ခွင်-smartknowledge ဆိုတဲ့ ကျနော်တို့
page လေးကို like လုပ်ထားပေးပါနော်👌👌👌
#မိမိဖတ်ရသလို အခြားလူများလည်း ဗဟုသုတ မျှဝေဖို့
အခု ပို့စ် လေးကို share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်🙏🙏


င႐ုတ္ပင္ရဲ႕ မူရင္းေဒသက ေတာင္အေမရိကတုိက္ ဘရာဇီးႏုိင္ငံကပဲ ျဖစ္ပါတယ္။ စုိက္ပ်ိဳးခ်ိန္ကုိ မူတည္ၿပီးေတာ့ မုိးင႐ုတ္နဲ႔ ေဆာင္းင႐ုတ္ဆုိၿပီး ႏွစ္မ်ိဳး ေခၚေဝၚၾကပါတယ္။ ေဆာင္းင႐ုတ္မွာေတာ့ ကုန္းင႐ုတ္နဲ႔ ကိုင္းင႐ုတ္ဆုိၿပီးေတာ့လည္း ႏွစ္မ်ိဳးရွိျပန္ပါတယ္။ င႐ုတ္ပင္က ေျမအမ်ိဳးအစားမေရြး စုိက္ပ်ိဳးႏုိင္ပါတယ္။ ႏံုးတင္ေျမႏုကၽြန္းေတြမွာဆုိရင္ေတာ့ င႐ုတ္စုိက္ပ်ိဳးရန္ အေကာင္းဆံုးပဲျဖစ္ပါတယ္။ င႐ုတ္ပင္က အပူပုိင္း စြတ္္စိုတာကုိ ႀကိဳက္ႏွစ္သက္ၿပီးေတာ့ ေရဝပ္ျခင္းကုိ မႏွစ္သက္ပါဘူး။ ငရုတ္ပင္စုိက္ပ်ိဳးရန္အတြက္က ပထမဦးစြာ ပ်ိဳးေထာင္ရန္ လုိအပ္ပါတယ္။ ပ်ိဳးခင္းေျမကုိ ထယ္တစ္စပ္္ ထြန္ရွစ္စပ္ ေမႊၿပီးေတာ့ ၾကမ္းတုံးတုိက္ေပးဖုိ႔ လိုအပ္ပါတယ္။ ၿပီးရင္ေတာ့ အနံသံုးေပ အျမင့္ေျခာက္လက္မရွိတဲ့ ပ်ိဳးေပါင္္ေတြကုိ ျပဳလုပ္ေပးရမွာပါ။ တစ္ေပါင္နဲ႔တစ္ေပါင္ကုိေတာ့ လူသြားလမ္း တစ္ေပခန္႔ ျခားထားေပးရမွာပါ။ ပ်ိဳးေပါင္္ေတြေပၚမွာ ႏြားေခ်းမႈန္႔ ေျမေဆြးမႈန္႔ေတြကုိ စကာခ်ၿပီးေတာ့ ပ်ိဳးေပါင္ေျမနဲ႔ သမေအာင္ ေရာၿပီး ေမႊေပးရမွာပါ။ င႐ုတ္ေစ့မ်ားကုိေတာ့ အဝတ္ပါးပါးနဲ႔ ထုတ္ၿပီး တစ္ညခန္႔ ေရစိမ္ထားၿပီးမွ က်ဲေပးရမွာလည္း ျဖစ္ပါတယ္။ ပ်ိဳးေပါင္္မ်ားအေပၚမွာ င႐ုတ္ကုိ က်ဲၿပီးတဲ့ေနာက္ပိုင္းမွာ ေျမမႈန္႔ ပါးပါးေလး ဖုန္းၿပီးေတာ့ အေပၚက ေကာက္႐ိုး အုပ္ထားေပးရမွာပါ။ ပ်ိဳးခင္းကုိ ေရသင့္႐ံု မွန္မွန္ေလာင္းေပးရမွာလည္း ျဖစ္ပါတယ္။ င႐ုတ္ပင္မ်ားကေတာ့ ရက္ ၄၀ သားနဲ႔ ၅၀ ရက္သားမွာ စုိက္ခင္းကုိ ေျပာင္းေရႊ႕စုိက္ေပးရမွာလည္း ျဖစ္ပါတယ္။ င႐ုတ္ပင္စိုက္မယ့္ စုိက္ပ်ိဳးေျမကိုေတာ့ ထယ္တစ္စပ္္ ထြန္ႏွစ္စပ္ ဝင္ရမွာလည္း ျဖစ္ပါတယ္။ ေျမၾသဇာေကာင္းတဲ့ ေျမကလြဲၿပီး က်န္တဲ့ေျမမ်ားမွာဆုိရင္ေတာ့ တစ္ဧကကုိ ႏြားေခ်း လွည္း အစီး ၂၀ မွ ၂၅ စီး ယူတီယာ ၁၀ ပိႆ တီစူပါ ၅ ပိႆ ပိုတက္ ၄ ပိႆခန္႔ကို ေရာယွက္ၿပီးေတာ့ သမေအာင္ ထြန္နဲ႔ ေမႊေပးရမွာလည္း ျဖစ္ပါတယ္။ မဂၤလာပါ 🦋🦋🦋
စိုက္ပ်ိုးေရးနွင့္ ပတ္သက္သမ်ွ နည္းပညာ ဗဟုသုတ
အျဖာျဖာကို ေန့စဥ္တင္ဆက္ေပးေနပါတယ္
တင္သမ်ွ မလြတ္တမ္းဖတ္ရေအာင္ #တီထြင္ဆန္းသစ္လယ္ယာတစ္ခြင္-smartknowledge ဆိုတဲ့ က်ေနာ္တို့
page ေလးကို like လုပ္ထားေပးပါေနာ္👌👌👌
#မိမိဖတ္ရသလို အျခားလူမ်ားလည္း ဗဟုသုတ မ်ွေ၀ဖို့
အခု ပို့စ္ ေလးကို share ျခင္းျဖင့္ ကုသိုလ္ယူနိုင္ပါတယ္🙏🙏

Comments