ေျမေဆြးျပဳလုပ္နည္း (မြေဆွေးပြုလုပ်နည်း)

 xxxxxxxxxxxxxxxxxxx unicode font xxxxxxxxxxxxxxxxxxxxxxxxx သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စိုက်ပျိုး ထားသည့် အပင်များ ကောင်းစွာ ကြီးထွား သန်မာပြီး သီးနှံအထွက် တိုးတက်စေရန် အတွက် ဓာတ်မြေသြဇာ များနှင့်အတူ သဘာဝမြေသြဇာများ ဖြစ်သည့် နွားချေး၊ ကြက်ချေးစတဲ့ တိရိစ္ဆာန်အညစ်အကြေးများ၊ အပင်များ၏ ရိုးဖြတ်၊ ပဲမှော်၊ သစ်ရွက်များ စသည့် သီးနှံအကြွင်း အကျန်များကို ဆွေးစေရန်ပြုလုပ်ကာ မြေဆွေး အဖြစ် မြေတွင် ထည့်သွင်း ကျွေးမွေး ပေးကြပါတယ်။ မြေဆွေးများဟာ ကောင်းမွန်တဲ့အော်ဂဲနစ် မြေသြဇာများ ဖြစ်သကဲ့သို့ မြေရဲ့ ရုပ်ဂုဏ်သတ္တိကို ပြုပြင်ပေးရာမှာလည်း အထူး အသုံးဝင်တာကို စိုက်ပျိုးသူများ ကောင်းစွာသိရှိကြပါတယ်။ သီးနှံအကြွင်းအကျန်များကို မြေဆွေးပြုလုပ်ရာမှာ နွားချေး၊ ကြက်ချေး စသည်တို့ကိုပါ ထည့်ရောကာ ပြုလုပ်ကြပါတယ်။ သာမန်မြေဆွေးပြု လုပ်ရာတွင် ပုံမှန်အားဖြင့် လေးလမှ ငါးလခန့် ကြာတတ်ပါတယ်။ သာမန်မြေဆွေး ပြုလုပ်နည်းထက် ပိုမိုလျင်မြန်ပြီး ပိုမိုကောင်းမွန်တဲ့ မြေဆွေး ရရှိစေရန်အတွက် အကျိုးပြု အဏုဇီဝလို့ခေါ်တဲ့ အီးအမ် (Effective Microorganism) (EM) ကို အသုံးပြုပြီး သီးနှံအကြွင်း အကျန်များကို အမြန်ဆွေး စေရန် ပြုလုပ် အသုံးပြုကြတာ ကိုတော့ အများစုသော စိုက်ပျိုးသူများသိရှိပြုလုပ်တတ်ကြမယ်လို ့ထင်ပါတယ်။ အီးအမ်ကိုသုံးပြီး ပြုလုပ် ရရှိလာတဲ့ မြေဆွေးကို ဘော်ကရှီ (Bokashi) လို့ ခေါ်ကြပါတယ်။ အီးအမ်နည်းပညာကတော့ ဂျပန်နိုင်ငံက စတင်ခဲ့တာ ဖြစ်ပါတယ်။ အီးအမ်ကို ကိုယ်တိုင် ပြုလုပ်နိုင်တာ မဟုတ်ဘဲ အီးအမ်အပြင်းကို ဝယ်ပြီး တင်လဲရည်၊ ဖွဲနု၊ရေ စသည်တို့နဲ့ ထပ်မံရော စပ်ပြီးမှ မြေဆွေး ပြုလုပ်မယ့် အပင်အကြွင်း အကျန်များပေါ် ပက်ဖျန်းပေးကာ မြေဆွေး ပြုလုပ်ကြရတာဖြစ်ပါတယ်။ အီးအမ်မရရှိ နိုင်ပါက အစားထိုးသုံးနိုင်ဖို့ အတွက် တိုင်းရင်းဖြစ် အဏုဇီဝကို ၀ါးရုံပင်အောက်မှာ မွေးမြူရယူတဲ့နည်း တစ်နည်းလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီလိုပြည်တွင်းမှာ ပြုလုပ် ပြီးရလာတဲ့ ပြည်တွင်းဖြစ်အဏုဇီဝကိုတော့ “ဒိုချာကင်”ဆိုပြီး ခေါ်ပါတယ်။ သူ့ကို အသုံးပြုကာ မြေဆွေးပြုလုပ်တဲ့နည်းကို လည်း မြန်မာနိုင်ငံမှာ အသုံးပြုခဲ့ကြပါ တယ်။ ယခုဖော်ပြမယ့် နည်းကတော့ ကိုးရီးယားနိုင်ငံမှတီထွင်ခဲ့တဲ့ မြေဆွေးပြုလုပ် နည်းဖြစ်ပြီး ရက်သတ္တ ၃ ပတ်နဲ့ အချိန်တို အတွင်း ဆွေးစေနိုင်တယ်လို့ဆိုပါတယ်။ မြေဆွေးပြုလုပ်ပုံပြုလုပ်နည်းကတော့ သာမန်မြေဆွေးပြုလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ သို့သော် ဒီနည်းမှာ ပြုလုပ်မယ့် မြေဆွေး ပုံထဲကို ကိုယ်တိုင်မွေးမြူထားတဲ့ ပြည်တွင်းဖြစ် အဏုဇီဝ (Indigenous Microorganism) (IMO)ကို ထည့်သွင်းပြုလုပ်တာ ဖြစ်ပါတယ်။ ဒီနည်းမှာ အဆင့်နှစ်ဆင့် ပါဝင်ပါတယ်။ ပထမအဆင့်အနေနဲ့ ထည့်သွင်းပေးမယ့်(IMO) မွေးမြူခြင်း ဖြစ်ပြီး၊ ဒုတိယ အဆင့်ကတော့ မြေဆွေးပုံ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ် စမ်းသပ် အသုံးပြုကြည့်နိုင်ပါတယ်။ ပြည်တွင်းဖြစ် အဏုဇီဝ(IMO) မွေးမြူခြင်း မြေဆွေးပြုလုပ်ရာတွင် အဆွေးမြန်စေရန် ထည့်သွင်းပေးရမယ့် IMO မွေးမြူပွားများ နည်းနဲ့ ထည့်သွင်း ပေးနိုင်ရန် အတွက် ပြင်ဆင်လုပ်ကိုင်ပေးရမှု လုပ်ငန်း များကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ် ဆောင်ရွက်ကြရပါတယ်။ လိုအပ်တဲ့ပစ္စည်း များကတော့ ထမင်း၊ ပလပ်စတစ်ခွက်၊ သကြား၊ စက္ကူဖြူ၊ဖွဲနုနဲ့ရေတို့ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၁)IMO-1 အဆင့် မွေးမြူခြင်း။ ပလပ်စတစ်ခွက် တစ်ခုထဲသို့ ထမင်း အနည်းငယ် ထည့်ပြီး အသုံးမပြုရသေးတဲ့ စက္ကူအဖြူရောင်နဲ့ လုံခြုံစွာဖုံးအုပ်ပေးပါ။ (သတင်းစာ စက္ကူများနဲ့ အသုံးပြုပြီးသား စက္ကူများကိုမသုံးရပါ)၊ ထမင်းထည့်ထားတဲ့ ခွက်ကို ၀ါးရုံပင်အောက်မှာ နှစ်ရက်ထား ပေးထားပါ။ ထမင်းပေါ်မှာ မှိုများ ပေါက်ပွား နေတာကို တွေ့လာရပါ့မယ်။ ၀ါးရုံပင်အောက် ထမင်းခွက်ထားပေးခြင်းဖြင့် ပြည် တွင်းဖြစ် အဏုဇီဝ(၁)(IMO-1) ကို ကောင်းစွာ မွေးမြူပေးနိုင်မှာဖြစ်ပါတယ်။ (ဒိုချာကင်နည်းမှာလည်း ၀ါးရုံပင်က မြေကို သုံးတာတွေ့ရပါတယ်။ ၀ါးရုံပင်ရဲ့အကျိုး ပြုမှုများကို လေ့လာဖော်ထုတ်သင့်ပါတယ်)။ လုပ်ငန်းစဉ်(၂) IMO-2 အဆင့် ပြင်ဆင်ခြင်း။ ဒီအဆင့်မှာတော့ ရရှိလာတဲ့ IMO-1 ထဲကို အညိုရောင် သကြားကို ထုထည် ဆတူရောပေးရမှာ ဖြစ်ပါတယ်။ ရောထားပြီး ပလပ်စတစ်ခွက်ကို စက္ကူနဲ့ လုံစွာဖုံးအုပ်ပေးပြီး ၇ ရက်ထားပါ။ ရရက် ကြာလာသော် IMO-2 အဆင့် ရရှိပြီဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၃) IMO-3 အဆင့် ပြင်ဆင်ခြင်း။ ဒီအဆင့်မှာတော့ ရလာတဲ့ IMO-2 ကို ရေနဲ့ရောပေးရန် ဖြစ်ပါတယ်။ IMO-2 ၁၀ ဂရမ်ကို ရေ တစ်လီတာရော ထည့်ပေးပြီး အညိုရောင် ရလာသည်ထိ ကောင်းစွာ ရောမွှေပေးပါ။ ထို့နောက် ၈ ကီလိုဂရမ် ချိန်ထား တဲ့ဖွဲနုထဲကို လောင်းထည့်ပေးပြီး ကောင်းစွာသမအောင် ရောမွှေပေးပြီးနောက် လုံခြုံစွာ ဖုံးအုပ်ပေးကာ ၅ ရက်ထားပေးထားပါ။ လုပ်ငန်းစဉ်(၄) IMO-4 အဆင့် ပြင်ဆင်ခြင်း။ ဒီအဆင့်မှာတော့ ပြင်ဆင်ထားတဲ့ IMO-3 ကို မြေကြီးနဲ့ ထုထည်ဆတူရော နယ်ပေးပြီးနောက် လုံခြုံစွာ ဖုံးအုပ်ပေးပြီး ၅ ရက်ထားပါ။ ဒီအဆင့်ကို IMO-4 အဆင့်လို့ ခေါ်ပါတယ်။ ဒီအရောထဲမှာ မှိုမျှင်များပါဝင် နေမှုကို မြင်တွေ့နေခြင်းဖြင့် IMO-4 အဆင့် အောင်မြင်မှုရှိ၊ မရှိကို သိနိုင်ပါတယ်။ မြေဆွေးပုံ ပြုလုပ်ခြင်း မြက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ သစ်ရွက်စတဲ့ စုဆောင်းရယူထားတဲ့ သစ်ပင်ထွက် စွန့်ပစ်ပစ္စည်းများ၊ မီးဖိုချောင်မှ စွန့်ပစ်လိုက်တဲ့ အသီးအနှံ အကြွင်း အကျန်များ စသည်တို့ကို သေးငယ်တဲ့ အစိတ်အပိုင်းလေးများ ဖြစ်နေစေရန် နုတ်နုတ်စင်း ပေးထားပါ။ အကယ်၍ ခြောက်နေပါက အစိုဓာတ်(ရေပါဝင်မှု)(၆ဝရာခိုင်နှုန်း)ခန့် ရှိနေစေရန် ရေလောင်းပေးထားပါ။ မြေဆွေးပြုလုပ်နည်းမှာ ပုံမှန်မြေဆွေးပုံပြုလုပ်နည်း ကဲ့သို့ပင် စွန့်ပစ်ပစ္စည်းများ တစ်ထပ် IMO-4 အဆင့် တစ်ထပ်စီ ထား၍ ပုံပေးပြီး ရက်သတ္တသုံးပတ် ထားပေးပါ။ မြေဆွေးပုံရဲ့ အမြင်ကို ၂ မှ ၂.၅ ပေထက်မထားသင့်ပါ။ ပုံထားတဲ့မြေဆွေးပုံတွင်းမှာရှိနေတဲ့ အပူချိန်ကို နေ့စဉ်စစ်ဆေးကြည့်ပါ။ အပုံတွင်း အပူချိန်ဟာ ၅၀° မှ ၆၀° C ရှိနေပါက အသင့် တော်ဆုံးဖြစ်ပါတယ်။ ရက်သတ္တ ၃ ပတ်ကြာလာတဲ့အခါ မြေဆွေးပုံရဲ့အရောင်ဟာ အညိုနုရောင်မှ အညိုရင့်ရောင်ပြောင်းလာ တာကို မြင်တွေ့ရပါက မြေဆွေးကောင်းစွာဖြစ်ပြီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြေဆွေးပုံထဲမှာ အဖြူရောင်အမှုန် များ မြင်တွေ့နေရပါက မြေဆွေးကောင်းစွာ ဖြစ်နေပြီဖြစ်ကြောင်း သိနိုင်ပါတယ်။ သာမန်ပြုလုပ် သုံးစွဲနေတဲ့ မြေဆွေး များ၊ အီးအမ်ကို အသုံးပြုထားတဲ့ ဘော်ကရှီ မြေဆွေး၊ ဒိုချာကင်သုံးပြီးပြုလုပ်ထားတဲ့ မြေဆွေး၊ ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချနေကြတဲ့ အော်ဂဲနစ် မြေဆွေးမြေသြဇာများနဲ့အတူ ယခုတင်ပြတဲ့ ပြည်တွင်း အဏုဇီဝနဲ့ ပြုလုပ်ထားတဲ့ မြေဆွေးများဟာ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးမှာ အထူး အသုံးဝင်မှာဖြစ်ပါတယ်။ သို့သော် ယနေ့ထိ မည်သည့်နည်းနဲ့ ပြုလုပ်ရရှိထားတဲ့ မြေဆွေးများဟာ မည်သည့်သီးနှံကို ပိုမိုကောင်းမွန်စေပါတယ် ဆိုတဲ့ စမ်းသပ်ဖော်ထုတ်တွေ့ရှိထားတာမရှိသေးတဲ့ အတွက် စိုက်ပျိုးရေးပညာရှင်များ အကူအညီဖြင့် စတင်စမ်းသပ်ပေးသင့်ပါကြောင်း အကြံပြုလိုပါတယ်။ ဒီနည်းမှာ မြေဆွေးပြုလုပ်ရာမှာ ထည့်သုံးတဲ့ IMO -4 ကိုမြေသားနဲ့ရောနှောပြုလုပ်ထားတာ ဖြစ်လို့ နွားချေး၊ကြက်ချေး မရနိုင်တဲ့ဒေသများမှာ မြေဆွေးပြုလုပ်ရန်ပိုမိုအဆင်ပြေ လွယ်ကူစေမှာဖြစ်ပါတယ်။ ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်မားလာနေမှုနဲ့အတူ အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ် စားသုံးလာကြစေရန် အားပေးနေတဲ့အချိန်မှာ သဘာဝ မြေသြဇာများကို နည်းမျိုးစုံနဲ့ပြုလုပ် အသုံး ပြုလာနိုင်ကြစေရေး ၀ိုင်းဝန်းအားပေးကူညီ ကြရန် ဖြစ်ပါတယ်။


xxxxxxxxxxxxxxxxx zawgyi font xxxxxxxxxxxxxxxx သီးႏွံမ်ား စိုက္ပ်ဳိး ထုတ္လုပ္ရာတြင္ စိုက္ပ်ဳိး ထားသည့္ အပင္မ်ား ေကာင္းစြာ ႀကီးထြား သန္မာၿပီး သီးႏွံအထြက္ တိုးတက္ေစရန္ အတြက္ ဓာတ္ေျမၾသဇာ မ်ားႏွင့္အတူ သဘာ၀ေျမၾသဇာမ်ား ျဖစ္သည့္ ႏြားေခ်း၊ ၾကက္ေခ်းစတဲ့ တိရိစၧာန္အညစ္အေၾကးမ်ား၊ အပင္မ်ား၏ ႐ုိးျဖတ္၊ ပဲေမွာ္၊ သစ္ရြက္မ်ား စသည့္ သီးႏွံအၾကြင္း အက်န္မ်ားကို ေဆြးေစရန္ျပဳလုပ္ကာ ေျမေဆြး အျဖစ္ ေျမတြင္ ထည့္သြင္း ေကြၽးေမြး ေပးၾကပါတယ္။ ေျမေဆြးမ်ားဟာ ေကာင္းမြန္တဲ့ေအာ္ဂဲနစ္ ေျမၾသဇာမ်ား ျဖစ္သကဲ့သို႔ ေျမရဲ႕ ႐ုပ္ဂုဏ္သတိၱကို ျပဳျပင္ေပးရာမွာလည္း အထူး အသံုး၀င္တာကို စိုက္ပ်ဳိးသူမ်ား ေကာင္းစြာသိရွိၾကပါတယ္။ သီးႏွံအၾကြင္းအက်န္မ်ားကို ေျမေဆြးျပဳလုပ္ရာမွာ ႏြားေခ်း၊ ၾကက္ေခ်း စသည္တို႔ကိုပါ ထည့္ေရာကာ ျပဳလုပ္ၾကပါတယ္။ သာမန္ေျမေဆြးျပဳ လုပ္ရာတြင္ ပံုမွန္အားျဖင့္ ေလးလမွ ငါးလခန္႔ ၾကာတတ္ပါတယ္။ သာမန္ေျမေဆြး ျပဳလုပ္နည္းထက္ ပိုမိုလ်င္ျမန္ၿပီး ပိုမိုေကာင္းမြန္တဲ့ ေျမေဆြး ရရွိေစရန္အတြက္ အက်ိဳးျပဳ အဏုဇီ၀လို႔ေခၚတဲ့ အီးအမ္ (Effective Microorganism) (EM) ကို အသံုးျပဳၿပီး သီးႏွံအၾကြင္း အက်န္မ်ားကို အျမန္ေဆြး ေစရန္ ျပဳလုပ္ အသံုးျပဳၾကတာ ကိုေတာ့ အမ်ားစုေသာ စိုက္ပ်ိဳးသူမ်ားသိရွိျပဳလုပ္တတ္ၾကမယ္လုိ ႔ထင္ပါတယ္။ အီးအမ္ကိုသံုးၿပီး ျပဳလုပ္ ရရွိလာတဲ့ ေျမေဆြးကို ေဘာ္ကရွီ (Bokashi) လို႔ ေခၚၾကပါတယ္။ အီးအမ္နည္းပညာကေတာ့ ဂ်ပန္ႏိုင္ငံက စတင္ခဲ့တာ ျဖစ္ပါတယ္။ အီးအမ္ကို ကိုယ္တိုင္ ျပဳလုပ္ႏိုင္တာ မဟုတ္ဘဲ အီးအမ္အျပင္းကို ၀ယ္ၿပီး တင္လဲရည္၊ ဖြဲႏု၊ေရ စသည္တို႔နဲ႔ ထပ္မံေရာ စပ္ၿပီးမွ ေျမေဆြး ျပဳလုပ္မယ့္ အပင္အၾကြင္း အက်န္မ်ားေပၚ ပက္ဖ်န္းေပးကာ ေျမေဆြး ျပဳလုပ္ၾကရတာျဖစ္ပါတယ္။ အီးအမ္မရရွိ ႏိုင္ပါက အစားထိုးသံုးႏိုင္ဖို႔ အတြက္ တိုင္းရင္းျဖစ္ အဏုဇီ၀ကို ၀ါး႐ံုပင္ေအာက္မွာ ေမြးျမဴရယူတဲ့နည္း တစ္နည္းလည္း အသံုးျပဳခဲ့ၾကပါတယ္။ ဒီလိုျပည္တြင္းမွာ ျပဳလုပ္ ၿပီးရလာတဲ့ ျပည္တြင္းျဖစ္အဏုဇီ၀ကိုေတာ့ “ဒိုခ်ာကင္”ဆိုၿပီး ေခၚပါတယ္။ သူ႕ကို အသံုးျပဳကာ ေျမေဆြးျပဳလုပ္တဲ႔နည္းကို လည္း ျမန္မာႏိုင္ငံမွာ အသံုးျပဳခဲ့ၾကပါ တယ္။ ယခုေဖာ္ျပမယ့္ နည္းကေတာ့ ကိုးရီးယားႏိုင္ငံမွတီထြင္ခဲ့တဲ့ ေျမေဆြးျပဳလုပ္ နည္းျဖစ္ၿပီး ရက္သတၱ ၃ ပတ္နဲ႔ အခ်ိန္တို အတြင္း ေဆြးေစႏိုင္တယ္လို႔ဆိုပါတယ္။ ေျမေဆြးျပဳလုပ္ပံုျပဳလုပ္နည္းကေတာ့ သာမန္ေျမေဆြးျပဳလုပ္နည္းအတိုင္းပဲ ျဖစ္ပါတယ္။ သို႔ေသာ္ ဒီနည္းမွာ ျပဳလုပ္မယ့္ ေျမေဆြး ပံုထဲကို ကိုယ္တိုင္ေမြးျမဴထားတဲ့ ျပည္တြင္းျဖစ္ အဏုဇီ၀ (Indigenous Microorganism) (IMO)ကို ထည့္သြင္းျပဳလုပ္တာ ျဖစ္ပါတယ္။ ဒီနည္းမွာ အဆင့္ႏွစ္ဆင့္ ပါ၀င္ပါတယ္။ ပထမအဆင့္အေနနဲ႔ ထည့္သြင္းေပးမယ့္(IMO) ေမြးျမဴျခင္း ျဖစ္ၿပီး၊ ဒုတိယ အဆင့္ကေတာ့ ေျမေဆြးပံု ျပဳလုပ္ျခင္း ျဖစ္ပါတယ္။ ကိုယ္တိုင္ျပဳလုပ္ စမ္းသပ္ အသံုးျပဳၾကည့္ႏိုင္ပါတယ္။ ျပည္တြင္းျဖစ္ အဏုဇီ၀(IMO) ေမြးျမဴျခင္း ေျမေဆြးျပဳလုပ္ရာတြင္ အေဆြးျမန္ေစရန္ ထည့္သြင္းေပးရမယ့္ IMO ေမြးျမဴပြားမ်ား နည္းနဲ႔ ထည့္သြင္း ေပးႏိုင္ရန္ အတြက္ ျပင္ဆင္လုပ္ကိုင္ေပးရမႈ လုပ္ငန္း မ်ားကို အဆင့္ေလးဆင့္ ခြဲျခားသတ္မွတ္ ေဆာင္ရြက္ၾကရပါတယ္။ လိုအပ္တဲ့ပစၥည္း မ်ားကေတာ့ ထမင္း၊ ပလပ္စတစ္ခြက္၊ သၾကား၊ စကၠဴျဖဴ၊ဖြဲႏုနဲ႔ေရတို႔ျဖစ္ပါတယ္။ လုပ္ငန္းစဥ္(၁)IMO-1 အဆင့္ ေမြးျမဴျခင္း။ ပလပ္စတစ္ခြက္ တစ္ခုထဲသို႔ ထမင္း အနည္းငယ္ ထည့္ၿပီး အသံုးမျပဳရေသးတဲ႔ စကၠဴအျဖဴေရာင္နဲ႔ လံုျခံဳစြာဖံုးအုပ္ေပးပါ။ (သတင္းစာ စကၠဴမ်ားနဲ႔ အသံုးျပဳၿပီးသား စကၠဴမ်ားကိုမသံုးရပါ)၊ ထမင္းထည့္ထားတဲ့ ခြက္ကို ၀ါး႐ံုပင္ေအာက္မွာ ႏွစ္ရက္ထား ေပးထားပါ။ ထမင္းေပၚမွာ မိႈမ်ား ေပါက္ပြား ေနတာကို ေတြ႕လာရပါ့မယ္။ ၀ါး႐ံုပင္ေအာက္ ထမင္းခြက္ထားေပးျခင္းျဖင့္ ျပည္ တြင္းျဖစ္ အဏုဇီ၀(၁)(IMO-1) ကို ေကာင္းစြာ ေမြးျမဴေပးႏိုင္မွာျဖစ္ပါတယ္။ (ဒိုခ်ာကင္နည္းမွာလည္း ၀ါး႐ံုပင္က ေျမကို သံုးတာေတြ႕ရပါတယ္။ ၀ါး႐ံုပင္ရဲ႕အက်ဳိး ျပဳမႈမ်ားကို ေလ့လာေဖာ္ထုတ္သင့္ပါတယ္)။ လုပ္ငန္းစဥ္(၂) IMO-2 အဆင့္ ျပင္ဆင္ျခင္း။ ဒီအဆင့္မွာေတာ့ ရရွိလာတဲ့ IMO-1 ထဲကို အညိဳေရာင္ သၾကားကို ထုထည္ ဆတူေရာေပးရမွာ ျဖစ္ပါတယ္။ ေရာထားၿပီး ပလပ္စတစ္ခြက္ကို စကၠဴနဲ႔ လံုစြာဖံုးအုပ္ေပးၿပီး ၇ ရက္ထားပါ။ ၇ရက္ ၾကာလာေသာ္ IMO-2 အဆင့္ ရရွိၿပီျဖစ္ပါတယ္။ လုပ္ငန္းစဥ္(၃) IMO-3 အဆင့္ ျပင္ဆင္ျခင္း။ ဒီအဆင့္မွာေတာ့ ရလာတဲ့ IMO-2 ကို ေရနဲ႔ေရာေပးရန္ ျဖစ္ပါတယ္။ IMO-2 ၁၀ ဂရမ္ကို ေရ တစ္လီတာေရာ ထည့္ေပးၿပီး အညိဳေရာင္ ရလာသည္ထိ ေကာင္းစြာ ေရာေမႊေပးပါ။ ထို႔ေနာက္ ၈ ကီလိုဂရမ္ ခိ်န္ထား တဲ့ဖြဲႏုထဲကို ေလာင္းထည့္ေပးၿပီး ေကာင္းစြာသမေအာင္ ေရာေမႊေပးၿပီးေနာက္ လံုျခံဳစြာ ဖံုးအုပ္ေပးကာ ၅ ရက္ထားေပးထားပါ။ လုပ္ငန္းစဥ္(၄) IMO-4 အဆင့္ ျပင္ဆင္ျခင္း။ ဒီအဆင့္မွာေတာ့ ျပင္ဆင္ထားတဲ့ IMO-3 ကို ေျမႀကီးနဲ႔ ထုထည္ဆတူေရာ နယ္ေပးၿပီးေနာက္ လံုျခံဳစြာ ဖံုးအုပ္ေပးၿပီး ၅ ရက္ထားပါ။ ဒီအဆင့္ကို IMO-4 အဆင့္လို႔ ေခၚပါတယ္။ ဒီအေရာထဲမွာ မိႈမွ်င္မ်ားပါ၀င္ ေနမႈကို ျမင္ေတြ႕ေနျခင္းျဖင့္ IMO-4 အဆင့္ ေအာင္ျမင္မႈရွိ၊ မရွိကို သိႏိုင္ပါတယ္။ ေျမေဆြးပံု ျပဳလုပ္ျခင္း ျမက္၊ ေကာက္႐ိုး၊ ေျပာင္း႐ုိး၊ သစ္ရြက္စတဲ့ စုေဆာင္းရယူထားတဲ့ သစ္ပင္ထြက္ စြန္႔ပစ္ပစၥည္းမ်ား၊ မီးဖိုေခ်ာင္မွ စြန္႔ပစ္လိုက္တဲ့ အသီးအႏွံ အၾကြင္း အက်န္မ်ား စသည္တို႔ကို ေသးငယ္တဲ့ အစိတ္အပိုင္းေလးမ်ား ျဖစ္ေနေစရန္ ႏုတ္ႏုတ္စင္း ေပးထားပါ။ အကယ္၍ ေျခာက္ေနပါက အစိုဓာတ္(ေရပါ၀င္မႈ)(၆၀ရာခုိင္ႏႈန္း)ခန္႔ ရွိေနေစရန္ ေရေလာင္းေပးထားပါ။ ေျမေဆြးျပဳလုပ္နည္းမွာ ပံုမွန္ေျမေဆြးပံုျပဳလုပ္နည္း ကဲ့သို႔ပင္ စြန္႔ပစ္ပစၥည္းမ်ား တစ္ထပ္ IMO-4 အဆင္႔ တစ္ထပ္စီ ထား၍ ပံုေပးၿပီး ရက္သတၱသံုးပတ္ ထားေပးပါ။ ေျမေဆြးပံုရဲ႕ အျမင္ကို ၂ မွ ၂.၅ ေပထက္မထားသင္႔ပါ။ ပံုထားတဲ့ေျမေဆြးပံုတြင္းမွာရွိေနတဲ့ အပူခ်ိန္ကို ေန႔စဥ္စစ္ေဆးၾကည့္ပါ။ အပံုတြင္း အပူခ်ိန္ဟာ ၅၀° မွ ၆၀° C ရွိေနပါက အသင့္ ေတာ္ဆံုးျဖစ္ပါတယ္။ ရက္သတၱ ၃ ပတ္ၾကာလာတဲ့အခါ ေျမေဆြးပံုရဲ႕အေရာင္ဟာ အညိဳႏုေရာင္မွ အညိဳရင့္ေရာင္ေျပာင္းလာ တာကို ျမင္ေတြ႕ရပါက ေျမေဆြးေကာင္းစြာျဖစ္ၿပီဆိုတာ သိႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ေျမေဆြးပံုထဲမွာ အျဖဴေရာင္အမႈန္ မ်ား ျမင္ေတြ႕ေနရပါက ေျမေဆြးေကာင္းစြာ ျဖစ္ေနၿပီျဖစ္ေၾကာင္း သိႏိုင္ပါတယ္။ သာမန္ျပဳလုပ္ သံုးစြဲေနတဲ့ ေျမေဆြး မ်ား၊ အီးအမ္ကို အသံုးျပဳထားတဲ့ ေဘာ္ကရွီ ေျမေဆြး၊ ဒိုခ်ာကင္သံုးၿပီးျပဳလုပ္ထားတဲ့ ေျမေဆြး၊ ျပည္တြင္းမွာ ထုတ္လုပ္ ေရာင္းခ်ေနၾကတဲ့ ေအာ္ဂဲနစ္ ေျမေဆြးေျမၾသဇာမ်ားနဲ႔အတူ ယခုတင္ျပတဲ့ ျပည္တြင္း အဏုဇီ၀နဲ႔ ျပဳလုပ္ထားတဲ့ ေျမေဆြးမ်ားဟာ သီးႏွံမ်ား စိုက္ပ်ိဳးထုတ္လုပ္ေရးမွာ အထူး အသံုး၀င္မွာျဖစ္ပါတယ္။ သို႔ေသာ္ ယေန႔ထိ မည္သည့္နည္းနဲ႔ ျပဳလုပ္ရရွိထားတဲ့ ေျမေဆြးမ်ားဟာ မည္သည့္သီးႏွံကို ပိုမိုေကာင္းမြန္ေစပါတယ္ ဆိုတဲ့ စမ္းသပ္ေဖာ္ထုတ္ေတြ႕ရွိထားတာမရွိေသးတဲ့ အတြက္ စုိက္ပ်ဳိးေရးပညာရွင္မ်ား အကူအညီျဖင့္ စတင္စမ္းသပ္ေပးသင့္ပါေၾကာင္း အႀကံျပဳလုိပါတယ္။ ဒီနည္းမွာ ေျမေဆြးျပဳလုပ္ရာမွာ ထည့္သံုးတဲ့ IMO -4 ကုိေျမသားနဲ႔ေရာေႏွာျပဳလုပ္ထားတာ ျဖစ္လို႔ ႏြားေခ်း၊ၾကက္ေခ်း မရႏိုင္တဲ့ေဒသမ်ားမွာ ေျမေဆြးျပဳလုပ္ရန္ပိုမိုအဆင္ေျပ လြယ္ကူေစမွာျဖစ္ပါတယ္။ ဓာတ္ေျမၾသဇာေစ်းႏႈန္းမ်ား ျမင္႔မားလာေနမႈနဲ႔အတူ ေအာ္ဂဲနစ္ စိုက္ပ်ဳိးနည္းစနစ္ကို က်ယ္ျပန္႔စြာ စိုက္ပ်ဳိးထုတ္လုပ္ စားသံုးလာၾကေစရန္ အားေပးေနတဲ့အခ်ိန္မွာ သဘာ၀ ေျမၾသဇာမ်ားကို နည္းမ်ဳိးစံုနဲ႔ျပဳလုပ္ အသံုး ျပဳလာႏိုင္ၾကေစေရး ၀ိုင္း၀န္းအားေပးကူညီ ၾကရန္ ျဖစ္ပါတယ္။ Image result for imo ေျမေဆြးImage result for imo ေျမေဆြးImage result for imo ေျမေဆြး

Comments