တစ္ဧက တန္ (၈၀) အထက္ ထြက္ရွိမည့္ တစ္ဆစ္ခ်င္း ပ်ိဳးေထာင္စိုက္နည္းစနစ္ (တစ်ဧက တန် (၈၀) အထက် ထွက်ရှိမည့် တစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ်)

xxxxxxxxxxxxxxxxxxxx unicode font xxxxxxxxxxxxxxxxxxxxxxxxx တစ်ဧက တန် (၈၀) အထက် ထွက်ရှိမည့် တစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ် ကြံမျိုးရွေးချယ်ခြင်း အထွက်နူန်းကောင်း၍ လက်ရှိတောင်သူများ လက်ခံပွားများ စိုက်ပျိုးနေသော အထွက်ကောင်း မျိုးများအား အသုံးပြု စိုက်ပျိုးရပါမည်။ ကြံမျိုးအနေဖြင့် မျက်လုံးဖူး (၁၀-၁၂) ဖူးပါ ကြံပင် ၄၅၀ - ၅၀၀ (၁ တန်) ခန့်သာ လိုအပ်ပါသည်။ ကြံမျိုးစီရင်ခြင်း ပိုးမွှားရောဂါကင်းစင်သော သက်နု ကြံချောင်းများမှ ကြံတစ်ဆစ်ပိုင်းမျိုး (မျက်လုံးဖူး) များအား ကြံမျက်လုံးဖူး ဖဲ့ထုတ်သောကိရိယာ (သို့မဟုတ်) ဓါးထက်ထက်ဖြင့် ခုတ်ပိုင်းရပါမည်။ (ခုတ ပိုင်းပြီး ထွက်ရှိလာသော ဆစ်ကြားကြံအပိုင်းအစများအား ကြိတ်ဝါးကြံအဖြစ် ပေးသွင်းနိုင်ပါ သည်။) မှိုရောဂါ ကာကွယ်ရန်အတွက် ကြံတစ်ဆစ်ပိုင်းမျိုးများအား Topsin ဆေးရည် (၁၀၀) ဂရမ် နှင့် ရေ (၂၂) ဂါလန် (သို့မဟုတ်) ထုံး (၄) ပိဿာနှင့် ရေ (၁၀၀) ဂါလန်တွင် နာရီဝက်ခန့် စိမ်ပေးရပါမည်။ မျက်လုံးဖူးများ နိုးကြားလာပြီး အပင်ပေါက်မြန်စေရန်အတွက် ပလပ်စတစ် အိတ်ကြီးများအတွင်း ထည့်ပြီး (၁) ရက်ခန့် ထားပေးရပါမည်။ ပျိုးထောင်ခြင်း ပလပ်စတစ်ခွက်/ ပလပ်စတစ်အိတ်/ ပျိုးတန်းဖြင့် ပျိုးထောင်နိုင်ခြင်း ကြံကြိတ်ဖတ် (သို့) အုန်း ဆံဖတ်ဆွေးအား ဖွဲပြာနှင့် ရော၍ ခွက်/ အိတ်/ ဘန်းအတွင်း တစ်ဝက်ထိထည့်ပြီး ကြံမျက်လုံးဖူး ကို အပေါ်ထား၍ ထည့်ပေးကာ အပေါ်မှထပ်ဖြည့် ဖုံးပေးရပါမည်။ (မြေဆွေး၊ စက်ဖွဲပြာ၊ သဲ (၂: ၁: ၁) ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါသည်။ ပျိုးပင်သက်တမ်းတလျှောက် ရိပ်ကြဲစင်အောက်တွင် ထားရှိရပါမည်။ အစိုဓါတ်အပေါ်မူတည်၍ ရေပန်းကရားဖြင့် ရေလောင်းပေးရပါမည်။ (၅ - ၇) ရက်အတွင်း အပင်စတင်ပေါက်ပြီး (၁၅) ရက်အတွင်း အပင်ပေါက်စုံပါသည်။ အရွက် (၂) ရွက် ထွက်ချိန်မှစ၍ ရေကိုတိုးမြှင့်လောင်း ပေး ရပါမည်။ ပျိုးပင် (၂၅ - ၃၀) ရက်သားတွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ပြောင်းရွှေ့မစိုက်မီ ပျိုးခင်းအား (၁) ရက် ရေဖြတ်ပေးရပါမည်။ မြေပြုပြင်ခြင်း ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ရရှိစေရန် ထယ် (၂) လွှာ၊ ထွန် (၄) လွှာ ထွန်ယက်ပေး ရပါမည်။ မြေပြုပြင်စဉ်တွင် မြေခံအဖြစ် နွားချေး (၁၀) စီးမှ (၂၀) စီး (၅ တန်) ခန့် ဖြန့်ထည့် ပေးပြီး အစိုဓါတ်ဆုံးရှုံးမှု နည်းပါးစေရန် ကြမ်းရိုက် နှပ်ထားပေးရပါမည်။ အစိုဓာတ်အနေတော် တွင် စိုက်မြောင်းတစ်ခုနှင့်တစ်ခု (၅ ပေခွဲ) ခြား၍ စိုက်မြောင်း ဖော်ပေးရပါမည်။ စိုက်ပျိုးခြင်း ပျိုးပင်များအား ပျိုးထုပ်စည်းမပျက်အောင် ရွှေ့ပြောင်း စိုက်ပျိုးရပါမည်။ စိုက်မြောင်းအတွင်း မြေအောင်းပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာများ ထည့်သွင်းပေးရပါမည်။ စိုက်မြောင်းအတွင်း ပင်ကြား (၉ လက်မ) ခြားပြီး ပျိုးပင်တစ်ပင်နှင့် တစ်ပင် မျက်နှာချင်းဆိုင် ထောင့်ဖြတ်ပုံစံ မြေချ စိုက်ပျိုးရပါမည်။ မစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးပါက ရေလောင်း (သို့မဟုတ်) ရေအနည်းငယ် သွင်းပေးရပါမည်။ အရန်ပျိုးပင်များအားထား၍ ဆက်လက်ပြုစုပြီး စိုက်မြောင်းအတွင်း ပင်သေပင်ပျောက်ရှိက ချက်ချင်း ဖာထေးစိုက်ပျိုးပေးရမည်။ (သက်တူ/ရွယ်တူပျိုးပင်ဖြစ်ရပါမည်။) အပင်ပြုစုခြင်း ပေါင်းမြက်နှိမ်နင်းခြင်းအား မျိုးပိုင်းချစိုက်ပျိုးပြီး (၄) လသားအတွင်း ကင်းစင်အောင် ဆောင် ရွက်ပေးရပါမည်။ ကြံပင်ပွားထွက်ချိန် ကြံပင်သက်တမ်း (၉၀ - ၁၂၀) ရက်သားအတွင်း အစို ဓာတ် လုံလောက်အောင် သွင်းရေစီစဉ်၍ ယူရီးယားဓာတ်မြေသြဇာကို (၂ - ၃) ကြိမ်ခွဲထည့်ပြီး ဘောင်လုံးပေးရပါမည်။ ကြံပင်ယိုင်လဲမှုမှ ကာကွယ်ရန် မိုးဦးကျ ကာလတွင် ဘောင်ကြီးလုံး ခြင်းကို မဖြစ်မနေ ဆောင်ရွက်ပေးရပါမည်။ ကြံခင်းအား လေဝင်လေထွက်ကောင်းပြီး ပိုးမွှားများခိုအောင်းမှု မရှိစေရန် ကြံပင်သက်တမ်း တစ်လျှောက် အောက်အရွက်များ ဝါခြောက်လာပါက ကြံရွက်ချပေးရပါမည်။ (ကြံပင်ပေါ်တွင် အစိမ်းရောင်ကြံရွက် (၁၀) ရွက်မှ (၁၂) ရွက်ခန့် ကျန်ရှိရပါမည်။) ကြံခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ၊ ဆောင်ရွက်ပေးရပါမည်။ ပိုးမွှားရောဂါ ကျ ရောက်မှုများကို မျက်ခြေမပြတ်စစ်ဆေး၍ ကျရောက်မှုရှိပါက ချက်ချင်း ကာကွယ်နှိမ်နှင်း ရပါ မည်။ ရိတ်သိမ်းခြင်း မျိုးအတွက် ခုတ်သိမ်းမည်ဆိုပါက သက်တမ်း (၈ - ၉) လသားတွင် ခုတ်သိမ်းရပါမည်။ ကြိတ် ဝါးကြံအတွက် ကြံပေးသွင်းရောင်းချနိုင်ရန် နှင့် ချိန်ကိုက်၍ ခုတ်သိမ်းရပါမည်။ လပိုင်း ဆက် လက် ပြုပြင်ရန်အတွက် သက်တမ်း (၁၂) လ မကျော်လွန်မီ ခုတ်သိမ်းရပါမည်။ အလေအလွင့် မရှိစေရန်အတွက် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ ခုတ်သိမ်းရပါမည်။ ကောက်သင်းကောက်ခြင်း အား မဖြစ်မနေ ဆောင်ရွက်ပေးရပါမည်။ အထွက်နူန်း တန်းကြား (၅ပေခွဲ) ပင်ကြား (၉ လက်မ) ရှိ၍ အပင်ဦးရေများပြီး ပင်ပွားများသဖြင့် တစ်ဧက အထွက်နူန်း တန် (၈၀) နှင့် အထက် ထွက်ရှိနိုင်ပါသည်။ အကျိုးကျေးဇူး တစ်ဆစ်ချင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ်သည် ကမ္ဘာတွင် ဒုတိယကြံအများဆုံး စိုက်ပျိုးထုတ် လုပ်သည့် အိန္ဒိယနိုင်ငံတွင် လက်ရှိ အသုံးပြုအောင်မြင်နေသော စိုက်နည်းစနစ်ဖြစ်ပြီး ကြံ တောင်သူများ လိုက်နာကျင့်သုံး စိုက်ပျိုးလာပါက အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။ (က) ကြံမျိုးအသုံးပြုမှုနည်း၍ မျိုးအတွက် ကုန်ကျစာရိတ် သက်သာခြင်း၊ (ခ) ကြံတစ်ဆစ်ပိုင်းမျိုးခုတ်ပြီး ထွက်ရှိလာသော ဆစ်ကြားကြံ အပိုင်းအစများအား ကြိတ်ဝါး ကြံအဖြစ် ပေးသွင်း၍ အပိုဝင်ငွေရရှိနိုင်ခြင်း။ (ဂ) အပင်ပေါက်နူန်း ညီညာကောင်းမွန်ခြင်း။ (ဃ) ပင်ပွားညီပြီး များခြင်း။ (င) စိုက်ခင်းအား မြေပြုပြင်ပြင်ဆင်ချိန် ပိုမိုရရှိခြင်း။ (စ) မြေသြဇာများ အလေအလွင့်မရှိ ထိရောက်စွာ အသုံးပြုနိုင်ခြင်း။ (ဆ) လေနှင့် နေရောင်ခြည်ကို ပိုမိုရရှိခြင်း။ (ဇ) ထိရောက်စွာ ပေါင်းနှိမ်နင်းခြင်း။ (ဈ) ရေသွင်း/ ရေထုတ်လွယ်ကူခြင်း။ (ည) တစ်ဧက တန် (၈၀) ထွက်ရှိနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်ပိုမိုရရှိခြင်း။ စိုက်ပျိုးရေးဦးစီးဌာန

xxxxxxxxxxxxxxxxxx zawgyi font xxxxxxxxxxxxxxxx


တစ္ဧက တန္ (၈၀) အထက္ ထြက္ရွိမည့္ တစ္ဆစ္ခ်င္း ပ်ိဳးေထာင္စိုက္နည္းစနစ္ ႀကံမ်ိဳးေ႐ြးခ်ယ္ျခင္း အထြက္ႏူန္းေကာင္း၍ လက္ရွိေတာင္သူမ်ား လက္ခံပြားမ်ား စိုက္ပ်ိဳးေနေသာ အထြက္ေကာင္း မ်ိဳးမ်ားအား အသုံးျပဳ စိုက္ပ်ိဳးရပါမည္။ ႀကံမ်ိဳးအေနျဖင့္ မ်က္လုံးဖူး (၁၀-၁၂) ဖူးပါ ႀကံပင္ ၄၅၀ - ၅၀၀ (၁ တန္) ခန႔္သာ လိုအပ္ပါသည္။ ႀကံမ်ိဳးစီရင္ျခင္း ပိုးမႊားေရာဂါကင္းစင္ေသာ သက္ႏု ႀကံေခ်ာင္းမ်ားမွ ႀကံတစ္ဆစ္ပိုင္းမ်ိဳး (မ်က္လုံးဖူး) မ်ားအား ႀကံမ်က္လုံးဖူး ဖဲ့ထုတ္ေသာကိရိယာ (သို႔မဟုတ္) ဓါးထက္ထက္ျဖင့္ ခုတ္ပိုင္းရပါမည္။ (ခုတ ပိုင္းၿပီး ထြက္ရွိလာေသာ ဆစ္ၾကားႀကံအပိုင္းအစမ်ားအား ႀကိတ္ဝါးႀကံအျဖစ္ ေပးသြင္းႏိုင္ပါ သည္။) မႈိေရာဂါ ကာကြယ္ရန္အတြက္ ႀကံတစ္ဆစ္ပိုင္းမ်ိဳးမ်ားအား Topsin ေဆးရည္ (၁၀၀) ဂရမ္ ႏွင့္ ေရ (၂၂) ဂါလန္ (သို႔မဟုတ္) ထုံး (၄) ပိႆာႏွင့္ ေရ (၁၀၀) ဂါလန္တြင္ နာရီဝက္ခန႔္ စိမ္ေပးရပါမည္။ မ်က္လုံးဖူးမ်ား ႏိုးၾကားလာၿပီး အပင္ေပါက္ျမန္ေစရန္အတြက္ ပလပ္စတစ္ အိတ္ႀကီးမ်ားအတြင္း ထည့္ၿပီး (၁) ရက္ခန႔္ ထားေပးရပါမည္။ ပ်ိဳးေထာင္ျခင္း ပလပ္စတစ္ခြက္/ ပလပ္စတစ္အိတ္/ ပ်ိဳးတန္းျဖင့္ ပ်ိဳးေထာင္ႏိုင္ျခင္း ႀကံႀကိတ္ဖတ္ (သို႔) အုန္း ဆံဖတ္ေဆြးအား ဖြဲျပာႏွင့္ ေရာ၍ ခြက္/ အိတ္/ ဘန္းအတြင္း တစ္ဝက္ထိထည့္ၿပီး ႀကံမ်က္လုံးဖူး ကို အေပၚထား၍ ထည့္ေပးကာ အေပၚမွထပ္ျဖည့္ ဖုံးေပးရပါမည္။ (ေျမေဆြး၊ စက္ဖြဲျပာ၊ သဲ (၂: ၁: ၁) ေရာစပ္ၿပီးလည္း အသုံးျပဳႏိုင္ပါသည္။ ပ်ိဳးပင္သက္တမ္းတေလွ်ာက္ ရိပ္ႀကဲစင္ေအာက္တြင္ ထားရွိရပါမည္။ အစိုဓါတ္အေပၚမူတည္၍ ေရပန္းကရားျဖင့္ ေရေလာင္းေပးရပါမည္။ (၅ - ၇) ရက္အတြင္း အပင္စတင္ေပါက္ၿပီး (၁၅) ရက္အတြင္း အပင္ေပါက္စုံပါသည္။ အ႐ြက္ (၂) ႐ြက္ ထြက္ခ်ိန္မွစ၍ ေရကိုတိုးျမႇင့္ေလာင္း ေပး ရပါမည္။ ပ်ိဳးပင္ (၂၅ - ၃၀) ရက္သားတြင္ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးႏိုင္ပါသည္။ ေျပာင္းေ႐ႊ႕မစိုက္မီ ပ်ိဳးခင္းအား (၁) ရက္ ေရျဖတ္ေပးရပါမည္။ ေျမျပဳျပင္ျခင္း ထယ္ေရးနက္နက္၊ ထြန္ေရးညက္ညက္ ရရွိေစရန္ ထယ္ (၂) လႊာ၊ ထြန္ (၄) လႊာ ထြန္ယက္ေပး ရပါမည္။ ေျမျပဳျပင္စဥ္တြင္ ေျမခံအျဖစ္ ႏြားေခ်း (၁၀) စီးမွ (၂၀) စီး (၅ တန္) ခန႔္ ျဖန႔္ထည့္ ေပးၿပီး အစိုဓါတ္ဆုံးရႈံးမႈ နည္းပါးေစရန္ ၾကမ္း႐ိုက္ ႏွပ္ထားေပးရပါမည္။ အစိုဓာတ္အေနေတာ္ တြင္ စိုက္ေျမာင္းတစ္ခုႏွင့္တစ္ခု (၅ ေပခြဲ) ျခား၍ စိုက္ေျမာင္း ေဖာ္ေပးရပါမည္။ စိုက္ပ်ိဳးျခင္း ပ်ိဳးပင္မ်ားအား ပ်ိဳးထုပ္စည္းမပ်က္ေအာင္ ေ႐ႊ႕ေျပာင္း စိုက္ပ်ိဳးရပါမည္။ စိုက္ေျမာင္းအတြင္း ေျမေအာင္းပိုးသတ္ေဆးႏွင့္ ဓါတ္ေျမၾသဇာမ်ား ထည့္သြင္းေပးရပါမည္။ စိုက္ေျမာင္းအတြင္း ပင္ၾကား (၉ လက္မ) ျခားၿပီး ပ်ိဳးပင္တစ္ပင္ႏွင့္ တစ္ပင္ မ်က္ႏွာခ်င္းဆိုင္ ေထာင့္ျဖတ္ပုံစံ ေျမခ် စိုက္ပ်ိဳးရပါမည္။ မစိုက္ပ်ိဳးမီႏွင့္ စိုက္ပ်ိဳးၿပီးပါက ေရေလာင္း (သို႔မဟုတ္) ေရအနည္းငယ္ သြင္းေပးရပါမည္။ အရန္ပ်ိဳးပင္မ်ားအားထား၍ ဆက္လက္ျပဳစုၿပီး စိုက္ေျမာင္းအတြင္း ပင္ေသပင္ေပ်ာက္ရွိက ခ်က္ခ်င္း ဖာေထးစိုက္ပ်ိဳးေပးရမည္။ (သက္တူ/႐ြယ္တူပ်ိဳးပင္ျဖစ္ရပါမည္။) အပင္ျပဳစုျခင္း ေပါင္းျမက္ႏွိမ္နင္းျခင္းအား မ်ိဳးပိုင္းခ်စိုက္ပ်ိဳးၿပီး (၄) လသားအတြင္း ကင္းစင္ေအာင္ ေဆာင္ ႐ြက္ေပးရပါမည္။ ႀကံပင္ပြားထြက္ခ်ိန္ ႀကံပင္သက္တမ္း (၉၀ - ၁၂၀) ရက္သားအတြင္း အစို ဓာတ္ လုံေလာက္ေအာင္ သြင္းေရစီစဥ္၍ ယူရီးယားဓာတ္ေျမၾသဇာကို (၂ - ၃) ႀကိမ္ခြဲထည့္ၿပီး ေဘာင္လုံးေပးရပါမည္။ ႀကံပင္ယိုင္လဲမႈမွ ကာကြယ္ရန္ မိုးဦးက် ကာလတြင္ ေဘာင္ႀကီးလုံး ျခင္းကို မျဖစ္မေန ေဆာင္႐ြက္ေပးရပါမည္။ ႀကံခင္းအား ေလဝင္ေလထြက္ေကာင္းၿပီး ပိုးမႊားမ်ားခိုေအာင္းမႈ မရွိေစရန္ ႀကံပင္သက္တမ္း တစ္ေလွ်ာက္ ေအာက္အ႐ြက္မ်ား ဝါေျခာက္လာပါက ႀကံ႐ြက္ခ်ေပးရပါမည္။ (ႀကံပင္ေပၚတြင္ အစိမ္းေရာင္ႀကံ႐ြက္ (၁၀) ႐ြက္မွ (၁၂) ႐ြက္ခန႔္ က်န္ရွိရပါမည္။) ႀကံခင္းအတြင္း ေရမဝပ္ေစရန္ ေရထုတ္ေျမာင္း၊ စိမ့္ေျမာင္း၊ ပတ္ေျမာင္းမ်ား၊ ေဆာင္႐ြက္ေပးရပါမည္။ ပိုးမႊားေရာဂါ က် ေရာက္မႈမ်ားကို မ်က္ေျခမျပတ္စစ္ေဆး၍ က်ေရာက္မႈရွိပါက ခ်က္ခ်င္း ကာကြယ္ႏွိမ္ႏွင္း ရပါ မည္။ ရိတ္သိမ္းျခင္း မ်ိဳးအတြက္ ခုတ္သိမ္းမည္ဆိုပါက သက္တမ္း (၈ - ၉) လသားတြင္ ခုတ္သိမ္းရပါမည္။ ႀကိတ္ ဝါးႀကံအတြက္ ႀကံေပးသြင္းေရာင္းခ်ႏိုင္ရန္ ႏွင့္ ခ်ိန္ကိုက္၍ ခုတ္သိမ္းရပါမည္။ လပိုင္း ဆက္ လက္ ျပဳျပင္ရန္အတြက္ သက္တမ္း (၁၂) လ မေက်ာ္လြန္မီ ခုတ္သိမ္းရပါမည္။ အေလအလြင့္ မရွိေစရန္အတြက္ ႀကံပင္ေျခေျမႀကီးႏွင့္ကပ္၍ ခုတ္သိမ္းရပါမည္။ ေကာက္သင္းေကာက္ျခင္း အား မျဖစ္မေန ေဆာင္႐ြက္ေပးရပါမည္။ အထြက္ႏူန္း တန္းၾကား (၅ေပခြဲ) ပင္ၾကား (၉ လက္မ) ရွိ၍ အပင္ဦးေရမ်ားၿပီး ပင္ပြားမ်ားသျဖင့္ တစ္ဧက အထြက္ႏူန္း တန္ (၈၀) ႏွင့္ အထက္ ထြက္ရွိႏိုင္ပါသည္။ အက်ိဳးေက်းဇူး တစ္ဆစ္ခ်င္း ပ်ိဳးေထာင္စိုက္ပ်ိဳးနည္းစနစ္သည္ ကမာၻတြင္ ဒုတိယႀကံအမ်ားဆုံး စိုက္ပ်ိဳးထုတ္ လုပ္သည့္ အိႏၵိယႏိုင္ငံတြင္ လက္ရွိ အသုံးျပဳေအာင္ျမင္ေနေသာ စိုက္နည္းစနစ္ျဖစ္ၿပီး ႀကံ ေတာင္သူမ်ား လိုက္နာက်င့္သုံး စိုက္ပ်ိဳးလာပါက ေအာက္ပါအက်ိဳးေက်းဇူးမ်ားကို ရရွိႏိုင္မည္ ျဖစ္ပါသည္။ (က) ႀကံမ်ိဳးအသုံးျပဳမႈနည္း၍ မ်ိဳးအတြက္ ကုန္က်စာရိတ္ သက္သာျခင္း၊ (ခ) ႀကံတစ္ဆစ္ပိုင္းမ်ိဳးခုတ္ၿပီး ထြက္ရွိလာေသာ ဆစ္ၾကားႀကံ အပိုင္းအစမ်ားအား ႀကိတ္ဝါး ႀကံအျဖစ္ ေပးသြင္း၍ အပိုဝင္ေငြရရွိႏိုင္ျခင္း။ (ဂ) အပင္ေပါက္ႏူန္း ညီညာေကာင္းမြန္ျခင္း။ (ဃ) ပင္ပြားညီၿပီး မ်ားျခင္း။ (င) စိုက္ခင္းအား ေျမျပဳျပင္ျပင္ဆင္ခ်ိန္ ပိုမိုရရွိျခင္း။ (စ) ေျမၾသဇာမ်ား အေလအလြင့္မရွိ ထိေရာက္စြာ အသုံးျပဳႏိုင္ျခင္း။ (ဆ) ေလႏွင့္ ေနေရာင္ျခည္ကို ပိုမိုရရွိျခင္း။ (ဇ) ထိေရာက္စြာ ေပါင္းႏွိမ္နင္းျခင္း။ (ဈ) ေရသြင္း/ ေရထုတ္လြယ္ကူျခင္း။ (ည) တစ္ဧက တန္ (၈၀) ထြက္ရွိႏိုင္သျဖင့္ စိုက္ပ်ိဳးထုတ္လုပ္မႈ အက်ိဳးအျမတ္ပိုမိုရရွိျခင္း။ စိုက္ပ်ိဳးေရးဦးစီးဌာန

Comments