* ပဲေစာင္းလ်ား (သုိ႔မဟုတ္) ပဲျမစ္ စုိက္ပ်ဳိးနည္း (* ပဲစောင်းလျား (သို့မဟုတ်) ပဲမြစ် စိုက်ပျိုးနည်း )

 VIDEO FILE DOWNLOAD HERE>>>>>>>>>>>>

XXXXXXXXXXXXXX    UNICODE  FONT    XXXXXXXXXXXXXXX

* ပဲစောင်းလျား (သို့မဟုတ်) ပဲမြစ် စိုက်ပျိုးနည်း #

မြန်မာအမည် - ပဲစောင်းလျား (သို့မဟုတ်) ပဲမြစ်
အင်္ဂလိပ်အမည်် - WINGED BEAN
ရုက္ခဗေဒအမည် - Psophocarpus Tetragonolobus
မျိုးရင်းအမည် - PAPILIONACEAE

၁။ မူရင်းဒေသ
ပါပူဝါနယူးဂီနီနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးပါသည်။

၂။ စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးသည်။

၃။ အမျိုးအစား
ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုက အတောင့်ကို ပဲစောင်းလျားဟုခေါ်ပြီး အမြစ်အတွက် စိုက်ပျိုးက ပဲမြစ်ဟု ခေါ်ဆိုကြသည်။

၄။ မြေနှင့် ရာသီဥတု
သဲနုန်းမြေတွင် ကောင်းမွန်စွာ စိုက်ပျိုးနိုင်သည်။ သို့သော် နွားချေး၊ မြေဆွေးလုံလောက်စွာ ထည့်ပေးရ သည်။ အကောင်းဆုံးမှာ မြေစေးဆန် မြေနက်တွင် စိုက်ပျိုးခြင်း ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် မိုးဦးတွင် စိုက်ပျိုးကြသည်။

၅။ မျိုးစေ့နှုန်းထား
တစ်ဧက မျိုးစေ့ (၂၂-၃၀) ကီလိုဂရမ် (၁ တင်းခန့်)။

၆။ မြေသြဇာနှုန်းထား
တစ်ဧကလျှင် နွားချေးဆွေး (၁) တန်။

၇။ မြေပြုပြင်ခြင်း
စိုက်ပျိုးသည့်မြေကို မပြုပြင်မီ နွားချေးမြေဆွေး ကြိုတင်ချထားပေးရမည်။ မေ၊ ဇွန်လတွင် မိုးစတင် ရွာသွန်း၍ ထယ်ထိုးရန် မြေအစိုဓာတ် သင့်လျော်သောအချိန်၌ မြေကို စတင်ပြုပြင်ရပါသည်။ ထယ် (၂-၄) စပ်အထိထိုး၍ (၇) သွားထွန်ဖြင့် ထွန်ရေးညက်သည်အထိ ထွန်မွှေပေးရသည်။ ၄င်းနောက် တစ်တန်းနှင့် တစ်တန်း (၂) ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေအကွာအဝေး ရရှိစေရန် ထွန်ဖြင့် ကြောင်းဆွဲပေး၍ ထွန်ကြောင်း ဆုံသည့်နေရာတွင် စိုက်သည်။

၈။ စိုက်ပျိုးခြင်း
အများအားဖြင့် ဇွန်၊ ဇူလိုင်လလောက်တွင် မြေပြုပြင်ပြီးဖြစ်၍ စတင်စိုက်ပျိုးကြသည်။ စိုက်ကြောင်းများ ဆုံရာ၌ တစ်ကျင်းလျှင် မျိုးစေ့ (၃-၅) စေ့အထိ တစ်လက်မအနက်တွင်ချ၍ စိုက်ပြီး မြေပြန်အုပ်ပေးရသည်။ မျိုးစေ့ချချိန်တွင် မြေ၌ အစိုဓာတ်အလုံအလောက်ရှိရန် သတိပြုပါ။

၉။ အပင်ပြုစုခြင်း
အရွက် (၃-၄) ရွက်ခန့်ထွက်လာသောအချိန်တွင် ကြားထွန်လိုက်ပေးသည်။ စိုက်ပြီး (၄၅) ရက်အတွင်း ရွက်စွယ်နှာမောင်း မထွက်မီ ပေါင်း (၂) ကြိမ်လိုက်ပြီး ဖြစ်ရမည်။ အပင်များကြီးလာ၍ မြေတွင် အုပ်သွားသော အခါ ပေါင်းလိုက်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ အိမ်ခြံဝင်းအတွင်း (သို့မဟုတ်) စိုက်ပျိုးသည့်မြေ သိပ် မကျယ်ဝန်းလျှင် စိုက်တန်းတစ်ပင်နှင့်တစ်ပင် (၆) လက်မခြားစိုက်ပြီး းအပင်များ မှီတွယ်တက်စေရန် တိုင်ထောင်ပေးခြင်း၊ စင်ထိုးပေးခြင်း ပြုလုပ်ရသည်။
စိုက်ခငး်ပေါင်းလိုက်ချိန်တွင် အပင်ခြေရင်း၌ တစ်ပါတည်း မြေတင်ပေးပါ။
၁၀။ ရေသွင်းခြင်း
ပဲစောင်းလျားကို မိုးရေမှ အစိုဓာတ်ယူစိုက်ပျိုးခြင်းကြောင့် ရေသွင်းရန်မလိုချေ။ သို့ရာတွင် ရေလောင်း ပေးရန်လိုသည်။
၁၁။ ရိတ်သိမ်းခြင်းနှင့် အထွက်
စိုက်ပြီး ရက် (၁၀၀) ခန့်ကြာလျှင် အသီးများကို စတင်ဆွတ်ခူးနိုင်သည်။ အသီးများကို မရင့်မီလက်ဖြင့် ဆွတ်ခူးသည်။ အပင်ပေါ်တွင် အသီးများနေ၍ မဆွတ်ခူးဘဲထားလျှင် အမြစ်ကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ ကြောင့် အသီးများနုနယ်စဉ်တွင် ခူးဆွတ်ရောင်းချရမည်။ စားသုံးရန်အတွက်လည်း သင့်လျော်သည်။
စိုက်ပြီး (၄၁/၂-၅) လအကြာတွင် အမြစ်ကို တူးဖော်နိုင်သည်။ အမြစ်ကို ပေါက်ပြားနှင့် ပေါက်၍ ဖော် သည်။ အစေ့ရယူလိုက နောက်ထပ် (၃၀-၄၅) ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ အသီးကောင်းစွာ ရင့်မှည့်မှ ဆွတ်ခူးရသည်။
တစ်ဧကလျှင် -
အသီးနု : ၁၅ဝဝပိဿာမှ ၂ဝဝဝပိဿာခန့်
အမြစ် : ၁၂ဝဝပိဿာမှ ၁ရဝဝပိဿာခန့်
အစေ့: ၂ဝဝပိဿာမှ ၂ရဝပိဿာခန့်
XXXXXXXXX   ZAWGYI  FONT  XXXXXXXXX


* ပဲေစာင္းလ်ား (သုိ႔မဟုတ္) ပဲျမစ္ စုိက္ပ်ဳိးနည္း #
ျမန္မာအမည္ - ပဲေစာင္းလ်ား (သုိ႔မဟုတ္) ပဲျမစ္
အဂၤလိပ္အမည္္ - WINGED BEAN
႐ုကၡေဗဒအမည္ - Psophocarpus Tetragonolobus
မ်ဳိးရင္းအမည္ - PAPILIONACEAE
၁။ မူရင္းေဒသ
ပါပူ၀ါနယူးဂီနီႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ စိုက္ပ်ဳိးပါသည္။
၂။ စိုက္ပ်ဳိးသည့္ေဒသ
ျမန္မာျပည္အႏွံ႔အျပားတြင္ စုိက္ပ်ဳိးသည္။
၃။ အမ်ဳိးအစား
ဟင္းသီးဟင္းရြက္အျဖစ္ အသံုးျပဳက အေတာင့္ကို ပဲေစာင္းလ်ားဟုေခၚၿပီး အျမစ္အတြက္ စိုက္ပ်ဳိးက ပဲျမစ္ဟု ေခၚဆိုၾကသည္။
၄။ ေျမႏွင့္ ရာသီဥတု
သဲႏုန္းေျမတြင္ ေကာင္းမြန္စြာ စိုက္ပ်ဳိးႏုိင္သည္။ သို႔ေသာ္ ႏြားေခ်း၊ ေျမေဆြးလံုေလာက္စြာ ထည့္ေပးရ သည္။ အေကာင္းဆံုးမွာ ေျမေစးဆန္ ေျမနက္တြင္ စုိက္ပ်ဳိးျခင္း ျဖစ္သည္။ ပူအုိက္စြတ္စုိေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္ေသာေၾကာင့္ မုိးဦးတြင္ စုိက္ပ်ဳိးၾကသည္။
၅။ မ်ဳိးေစ့ႏႈန္းထား
တစ္ဧက မ်ဳိးေစ့ (၂၂-၃၀) ကီလုိဂရမ္ (၁ တင္းခန္႔)။
၆။ ေျမၾသဇာႏႈန္းထား
တစ္ဧကလွ်င္ ႏြားေခ်းေဆြး (၁) တန္။
၇။ ေျမျပဳျပင္ျခင္း
စိုက္ပ်ဳိးသည့္ေျမကို မျပဳျပင္မီ ႏြားေခ်းေျမေဆြး ႀကိဳတင္ခ်ထားေပးရမည္။ ေမ၊ ဇြန္လတြင္ မုိးစတင္ ရြာသြန္း၍ ထယ္ထုိးရန္ ေျမအစိုဓာတ္ သင့္ေလ်ာ္ေသာအခ်ိန္၌ ေျမကုိ စတင္ျပဳျပင္ရပါသည္။ ထယ္ (၂-၄) စပ္အထိထုိး၍ (၇) သြားထြန္ျဖင့္ ထြန္ေရးညက္သည္အထိ ထြန္ေမႊေပးရသည္။ ၄င္းေနာက္ တစ္တန္းႏွင့္ တစ္တန္း (၂) ေပ၊ တစ္ပင္ႏွင့္တစ္ပင္ တစ္ေပအကြာအေ၀း ရရွိေစရန္ ထြန္ျဖင့္ ေၾကာင္းဆြဲေပး၍ ထြန္ေၾကာင္း ဆံုသည့္ေနရာတြင္ စုိက္သည္။
၈။ စိုက္ပ်ဳိးျခင္း
အမ်ားအားျဖင့္ ဇြန္၊ ဇူလုိင္လေလာက္တြင္ ေျမျပဳျပင္ၿပီးျဖစ္၍ စတင္စိုက္ပ်ဳိးၾကသည္။ စုိက္ေၾကာင္းမ်ား ဆံုရာ၌ တစ္က်င္းလွ်င္ မ်ဳိးေစ့ (၃-၅) ေစ့အထိ တစ္လက္မအနက္တြင္ခ်၍ စုိက္ၿပီး ေျမျပန္အုပ္ေပးရသည္။ မ်ဳိးေစ့ခ်ခ်ိန္တြင္ ေျမ၌ အစိုဓာတ္အလံုအေလာက္ရွိရန္ သတိျပဳပါ။
၉။ အပင္ျပဳစုျခင္း
အရြက္ (၃-၄) ရြက္ခန္႔ထြက္လာေသာအခ်ိန္တြင္ ၾကားထြန္လုိက္ေပးသည္။ စိုက္ၿပီး (၄၅) ရက္အတြင္း ရြက္စြယ္ႏွာေမာင္း မထြက္မီ ေပါင္း (၂) ႀကိမ္လုိက္ၿပီး ျဖစ္ရမည္။ အပင္မ်ားႀကီးလာ၍ ေျမတြင္ အုပ္သြားေသာ အခါ ေပါင္းလုိက္ရန္ ခက္ခဲေသာေၾကာင့္ ျဖစ္သည္။ အိမ္ၿခံ၀င္းအတြင္း (သုိ႔မဟုတ္) စိုက္ပ်ဳိးသည့္ေျမ သိပ္ မက်ယ္၀န္းလွ်င္ စိုက္တန္းတစ္ပင္ႏွင့္တစ္ပင္ (၆) လက္မျခားစိုက္ၿပီး းအပင္မ်ား မွီတြယ္တက္ေစရန္ တုိင္ေထာင္ေပးျခင္း၊ စင္ထုိးေပးျခင္း ျပဳလုပ္ရသည္။
စုိက္ခငး္ေပါင္းလိုက္ခ်ိန္တြင္ အပင္ေျခရင္း၌ တစ္ပါတည္း ေျမတင္ေပးပါ။
၁၀။ ေရသြင္းျခင္း
ပဲေစာင္းလ်ားကုိ မုိးေရမွ အစိုဓာတ္ယူစုိက္ပ်ဳိးျခင္းေၾကာင့္ ေရသြင္းရန္မလုိေခ်။ သုိ႔ရာတြင္ ေရေလာင္း ေပးရန္လုိသည္။
၁၁။ ရိတ္သိမ္းျခင္းႏွင့္ အထြက္
စုိက္ၿပီး ရက္ (၁၀၀) ခန္႔ၾကာလွ်င္ အသီးမ်ားကုိ စတင္ဆြတ္ခူးႏိုင္သည္။ အသီးမ်ားကို မရင့္မီလက္ျဖင့္ ဆြတ္ခူးသည္။ အပင္ေပၚတြင္ အသီးမ်ားေန၍ မဆြတ္ခူးဘဲထားလွ်င္ အျမစ္ႀကီးထြားမႈကို ထိခိုက္ေစသည္။ ထုိ႔ ေၾကာင့္ အသီးမ်ားႏုနယ္စဥ္တြင္ ခူးဆြတ္ေရာင္းခ်ရမည္။ စားသံုးရန္အတြက္လည္း သင့္ေလ်ာ္သည္။
စုိက္ၿပီး (၄၁/၂-၅) လအၾကာတြင္ အျမစ္ကုိ တူးေဖာ္ႏိုင္သည္။ အျမစ္ကုိ ေပါက္ျပားႏွင့္ ေပါက္၍ ေဖာ္ သည္။ အေစ့ရယူလုိက ေနာက္ထပ္ (၃၀-၄၅) ရက္အၾကာတြင္ ဆြတ္ခူးႏိုင္သည္။ အသီးေကာင္းစြာ ရင့္မွည့္မွ ဆြတ္ခူးရသည္။
တစ္ဧကလွ်င္ -
အသီးႏု : ၁၅၀၀ပိႆာမွ ၂၀၀၀ပိႆာခန္႔
အျမစ္ : ၁၂၀၀ပိႆာမွ ၁၇၀၀ပိႆာခန္႔
အေစ့: ၂၀၀ပိႆာမွ ၂၇၀ပိႆာခန္႔
ရ႐ွိႏုိင္ပါသည္။
Image may contain: plant, outdoor and natureImage may contain: plantImage may contain: plant, outdoor and natureရရှိနိုင်ပါသည်။Image may contain: plant and outdoor

Comments