"ကြမ္းပင္ျဖစ္ထြန္းေအာင္ျမင္ဖို႔သိသင့္တဲ႔အေျခခံလိုအပ္ခ်က္မ်ား "("ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့သိသင့်တဲ့အခြေခံလိုအပ်ချက်များ ")

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx        unicode   font      xxxxxxxxxxxxxxxxxxxxxx

 "ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့သိသင့်တဲ့အခြေခံလိုအပ်ချက်များ "

၁။ မြေခံအားကောင်းရမည်
ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်း
မွေနှောက် အနားပေးသင့်ပါတယ်။
လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး
ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီး
ယားအကျွင်းကျန်များရှိနိုင်ပါသည်)
မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့
မြေသစ်တင်စိုက်ပိုကောင်းပါသည်။
ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ။
အနိမ့်မြင့် မရှိပါစေနှင့်။
ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ် ဖျူပါရန်ထည့်ပါ။
ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည်။
အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေးတမျိုးမျိုးထည့်ပါ။
ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့်နိုင်ပါသည်။

၂။ မျိုးရွေးချယ်မှု မှန်ကန်ရပါမည်
ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည်။
တနှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည်။
မီးစွတ် ဆီစွန်းမရှိစေရ။ တပင်ခြင်းတရုံခြင်း အတန်း
တိုင်းစီစစ်ရပါမည်။ ရောဂါရှိအပင်ကို ဖြတ်တောက်
ရှင်းထားခြင်း၊ အပင်အစားထိုးစိုက်ထားခြင်း ရှိမရှိသိရပါမည်။
ကိုယ့်ခြံရောဂါအနည်းကျင်းရှိ မခိုးမခန့်လုပ်ပြီး မတိုးချဲ့သင့်ပါ။
စိတ်မချရပါဘူး။ရောဂါရှိခြံကနေ စျေးချိုလို့ အလကားရလို့သွား
မစိုက်ပါနဲ့။ တခြားရင်းထားတာတွေပါဆုံးရှုံးပါမည်။

၃။ ကွမ်းခြံတည်လျှင်ပစ္စည်းအသစ်များကိုသာအသုံးပြုပါ
ဝါး အကာ အမိုး အသစ်ပဲအသုံးပြုပါ။
စိုက်ပျိုးရေးမိုးကာ အမိုးအတွက်လဲကောင်းပါသည်။
ခြံဟောင်းက ဝါး အမိုးကာတွေက မှိုဘတ်တီးရီးယား
တွေကပ်ပါလာနိုင်လို့ပါ။

၄။ ကွမ်းခြံ သန့်ရှင်းပါစေ
ပေါင်းမြက် အမှိုက်သရိုက် မရှိအောင်ဂရုစိုက်ပါ။
အပင်ငယ်စဉ် ပေါက်ရောက်မှုပိုများပါတယ်။
မနှုတ်ပဲအထူချည်းပြစ်မထားပါနဲ့။ ပေါင်းမြက်ကနေ စုပ်စားပိုး
တွေခိုအောင်းနိုင်သလို မှိုရောဂါများလဲဖြစ်ပွားနိုင်ပါတယ်။
ကွမ်းပင်လသားရလင်းစီးသွားရင် ပေါင်းမြက်
မပေါက်နိုင်တော့ပါ။ ခြံသန့်ရှင်းပြီး လေဝင်လေထွက်ကောင်းရပါမည်။

၅။ မလိုအပ်ပဲ အစာအဟာရမကျွေးပါနဲ့
အပင်ငယ်စဉ်ဖြစ်ချင်ဇောနဲ့ ကွန်ပေါင်းကျွေး
အားဆေးဖျန်းတာတွေမလုပ်ပါနဲ့ အဖြစ်မြန်တဲ့ကွမ်း
ကအရိုးပွပြီး ရောဂါဝင် အကျမြန်ပါတယ် ကွမ်းကနှစ်
ရှည်ပင်မျိုးနွယ် နှစ်သက်တမ်းရှည်မှ အကျိုးခံစားခွင့်
များပါမည်။

၆။ မြေသစ်ကျွေးပါ
ကွမ်းပင်၆လသားတခါ ၁နှစ်သားတခါ အခါအားလျော်
သလို အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး မြေသစ်
ကျွေးပေးပါ (နှစ်ဝါးခြားတပင်) လေးငါးပြီ မြေသစ်ကျွေးပါ လောင်းပြီး ပေါ်နေတဲ့အမြစ် အောက်ခြေအဆစ်တွေကို လက်နဲ့လိုက်ပြုပြင်ဖုံး
ပေးပါ အပင်အဖြစ်များ ဆူနေပါပိုတက်ဆီယမ်ကျွေးပါ
အခါအားလျော်စွာ ဂျက်ပဆင် (Quality) ကောင်း့
တာအသုံးပြုပါ ထည့်ပါ အပင်နှစ်သက်တမ်းရ အဟာ
ရလိုပါမှမိမိနှစ်သက်ရာ 15 R စတဲ့ကွန်ပေါင်းမြေသြ
ဇာအသုံးပြုနိုင်ပါတယ်။

၇။ ရောဂါမကျရောက်အောင် ပြင်ဆင်ကာကွယ်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုပဲကြိုက်ပါတယ်ရေငန်မ
ကြိုက်ပါ ရေငတ်တာ အစိုဓာတ်များတာ မကြိုက်ပါဘူး
အထူးအဖြင့် အစိုဓာတ်များရင် ရောဂါဝင်ပါမည်
မိုးရာသီ အထူးဂရုစိုက်ရပါမယ် ရေနှုတ်မြောင်း
ကောင်းရပါမည် မိုးဘယ်လောက်ရွာရွာ အောင့်မနေပဲ
တန်းထွက်သွားရပါမည် ကွမ်းပင်ရဲ့ အရိပ်အနေထား
အပူချိန်အနည်းများလဲ သိရပါမယ်
မီးစွတ်ဆီစွန်း စဖြစ်လာလျှင်သတိထားပါ ကူးစက်မြန်
ပါတယ် တွေ့စရောဂါရအရွက်တွေခူးပြစ်ပါ ထိသေ ပင်လုံးပြန့် ဘတ်တီးရီးယားသတ်ဆေးဖျန်းပါ ဆေးပတ်နီးပြီး ဆေးအုပ်စုလွဲဖျန်းပါ အရွက်ရောဂါစ
ဖြစ်ပြီး မနိုင်မှအရိုးသွားဖြစ်ပါသည် ရိုးမဲဆစ်ပြုတ်
ပျောက်တဲ့ဆေးမပေါ်သေးပါ။

၈။ စုပ်စားပိုး
နွေရာသီ တအားဆိုးပါသည်။ မိုးပိုင်းသိပ်မရှိပါ။
ရေမော်တာနဲ့ထိုးဖျန်းလဲသက်သာပါတယ်။
တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးမှုန့်များလဲစိမ်ဖျန်း
နိုင်ပါတယ်။ ပိုးမွှားမနိုင်ပါကကွမ်းပင်ရဲ့အလုပ်လုပ်
နိုင်စွမ်းတွေလျော့ကျပါမည်။ အရွက်ဖားပြုတ်ကြောထပြီး
ရောင်းတန်းမဝင်တော့ပါ။ မနိုင်တဲ့ခြံတွေ နှိမ်နှင်းရခက်တဲ့ပိုးများကိုလဲ
နောက်ဆုံးပေါ်ဆေးအုပ်စုအသစ်တွေထွက်နေပါတယ်။
ဆေးဆိုင်တွေမေး စိုက်ပျိုးရေး ဝန်ထမ်းများနှင့်တိုင်ပင်ပါ။
ထိရောက်အောင် ဖျန်းပါ။ ဆေးကို စနစ်တကျသတိနှင့်ကိုင်တွယ်ပါ။
စည်းကမ်းလိုက်နာပါ။

ဓာတုဗေဒ၊ မှို၊ ဘတ်တီးရီးယားသတ်ဆေး၊ ဘိုင်အို
ဇီဝ အော်ဂဲနစ် ဘာညာစတာတွေတော့ မိမိယုံကြည်
နှစ်သက်လက်ခံနိုင်တဲ့ ဆေးကို သုံးစွဲပါလို့ပြောလိုပါတယ်။

မြေကောင်း ကွမ်းမျိုးကောင်း လိုအပ်ချက်မရှိ ခြံတည်စိုက်ပြီးရုံနဲ့မရသေးပါ။
လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေလဲပြုလုပ်ပေးရပါမယ်။
ကွမ်းခြံ ဘာဖြစ်နေ ဘာလိုနေတယ်ဆိုတာ သိရှိပြီး
အနာနဲ့ဆေးကိုက်ဖို့အရေးကြီး လိုအပ်ပါတယ်။

နိုင်ငံအဝှမ်းဒေသစုံကွမ်းစိုက်ကြပါတယ်။ ရာသီဥတု
မြေ၊ ရေ၊ မျိုး နည်းစနစ်တွေမတူညီကြပါ။ ကိုယ့်ဒေသနဲ့
ကိုက်ညီမဲ့နည်းစနစ်ကို အသုံးပြုပါ။ ကိုယ်ပိုင်အတွေး
လဲထည့်သုံးပါ။ များများလေ့လာပါလို့ အကြံပြုလိုပါတယ်။

ကွမ်းစိုက်တောင်သူများ အောင်မြင်ပျော်ရွှင်ကြပါစေ
စေတနာဖြင့်

Credit; Moe Zaw Hein

xxxxxxxxxxxxxxxxxxxxx   zawgyi  font  xxxxxxxxxxxxxxxxxxx

"ကြမ္းပင္ျဖစ္ထြန္းေအာင္ျမင္ဖို႔သိသင့္တဲ႔အေျခခံလိုအပ္ခ်က္မ်ား "
၁။ ေျမခံအားေကာင္းရမည္
ကြမ္းမစိုက္ခင္တျခားသီးႏွံမစိုက္ပဲ ထယ္ေရးနက္နက္ထိုး သုံးေလးျပန္ေနပူလွန္း
ေမြေႏွာက္ အနားေပးသင့္ပါတယ္။
လတ္တေလာကြမ္း ခရမ္းခ်ဥ္စတဲ႔ ေျမေနရာမ်ဳိး
ခ်က္ခ်င္းျပန္မစိုက္သင့္ပါ (ေျမႀကီးထဲ မႈိဘတ္တီးရီး
ယားအကြ်င္းက်န္မ်ားရွိနိဳင္ပါသည္)
ျမစ္ႏႈံး (သို႔)တျခားေနရာမွ ေျမဆီလႊာေကာင္းတဲ႔
ေျမသစ္တင္စိုက္ပိုေကာင္းပါသည္။
ျခံမတည္ခင္ညီညာေအာင္ေျမကို ျပဳျပင္ေပးပါ။
အနိမ့္ျမင့္ မရွိပါေစႏွင့္။
ျခေပါတဲ႔အရပ္ေဒသေတြ ေျမျပဳျပင္စဥ္ ဖ်ဴပါရန္ထည့္ပါ။
ဝါးျခစားရင္ ေလမိုးဒဏ္မခံနိဳင္ပဲ ျခံျပိဳပါမည္။
အပင္စိုက္က်င္းထဲသို႔ ဘတ္တီးရီးယားသတ္ေဆးတမ်ဳိးမ်ဳိးထည့္ပါ။
ပိုတက္ဆီယမ္ ဂ်ပ္ပဆင္လဲထည့္နိဳင္ပါသည္။
၂။ မ်ဳိးေရြးခ်ယ္မႈ မွန္ကန္ရပါမည္
ေရာဂါကင္းတဲ႔ျခံမွ ကြမ္းမ်ဳိးျဖစ္ရမည္။
တႏွစ္သားအတြင္း ျခံသစ္ကဆိုပိုေကာင္းသည္။
မီးစြတ္ ဆီစြန္းမရွိေစရ။ တပင္ျခင္းတရုံျခင္း အတန္း
တိုင္းစီစစ္ရပါမည္။ ေရာဂါရွိအပင္ကို ျဖတ္ေတာက္
ရွင္းထားျခင္း၊ အပင္အစားထိုးစိုက္ထားျခင္း ရွိမရွိသိရပါမည္။
ကိုယ့္ျခံေရာဂါအနည္းက်င္းရွိ မခိုးမခန္႔လုပ္ျပီး မတိုးခ်ဲ႕သင့္ပါ။
စိတ္မခ်ရပါဘူး။ေရာဂါရွိျခံကေန ေစ်းခ်ဳိလို႔ အလကားရလို႔သြား
မစိုက္ပါနဲ႔။ တျခားရင္းထားတာေတြပါဆုံးရႈံးပါမည္။
၃။ ကြမ္းျခံတည္လွ်င္ပစၥည္းအသစ္မ်ားကိုသာအသုံးျပဳပါ
ဝါး အကာ အမိုး အသစ္ပဲအသုံးျပဳပါ။
စိုက္ပ်ဳိးေရးမိုးကာ အမိုးအတြက္လဲေကာင္းပါသည္။
ျခံေဟာင္းက ဝါး အမိုးကာေတြက မႈိဘတ္တီးရီးယား
ေတြကပ္ပါလာနိဳင္လို႔ပါ။
၄။ ကြမ္းျခံ သန္႔ရွင္းပါေစ
ေပါင္းျမက္ အမႈိက္သရုိက္ မရွိေအာင္ဂရုစိုက္ပါ။
အပင္ငယ္စဥ္ ေပါက္ေရာက္မႈပိုမ်ားပါတယ္။
မႏႈတ္ပဲအထူခ်ည္းျပစ္မထားပါနဲ႔။ ေပါင္းျမက္ကေန စုပ္စားပိုး
ေတြခိုေအာင္းနိဳင္သလို မႈိေရာဂါမ်ားလဲျဖစ္ပြားနိဳင္ပါတယ္။
ကြမ္းပင္လသားရလင္းစီးသြားရင္ ေပါင္းျမက္
မေပါက္နိဳင္ေတာ့ပါ။ ျခံသန္႕ရွင္းျပီး ေလဝင္ေလထြက္ေကာင္းရပါမည္။
၅။ မလိုအပ္ပဲ အစာအဟာရမေကြ်းပါနဲ႕
အပင္ငယ္စဥ္ျဖစ္ခ်င္ေဇာနဲ႔ ကြန္ေပါင္းေကြ်း
အားေဆးဖ်န္းတာေတြမလုပ္ပါနဲ႔ အျဖစ္ျမန္တဲ႔ကြမ္း
ကအရုိးပြျပီး ေရာဂါဝင္ အက်ျမန္ပါတယ္ ကြမ္းကႏွစ္
ရွည္ပင္မ်ဳိးႏြယ္ ႏွစ္သက္တမ္းရွည္မွ အက်ဳိးခံစားခြင့္
မ်ားပါမည္။
၆။ ေျမသစ္ေကြ်းပါ
ကြမ္းပင္၆လသားတခါ ၁ႏွစ္သားတခါ အခါအားေလ်ာ္
သလို အပင္ရဲ႕လိုအပ္ခ်က္ေပၚမူတည္ျပီး ေျမသစ္
ေကြ်းေပးပါ (ႏွစ္ဝါးျခားတပင္) ေလးငါးျပီ ေျမသစ္ေကြ်းပါ ေလာင္းျပီး ေပၚေနတဲ႔အျမစ္ ေအာက္ေျခအဆစ္ေတြကို လက္နဲ႔လိုက္ျပဳျပင္ဖုံး
ေပးပါ အပင္အျဖစ္မ်ား ဆူေနပါပိုတက္ဆီယမ္ေကြ်းပါ
အခါအားေလ်ာ္စြာ ဂ်က္ပဆင္ (Quality) ေကာင္း႔
တာအသုံးျပဳပါ ထည့္ပါ အပင္ႏွစ္သက္တမ္းရ အဟာ
ရလိုပါမွမိမိႏွစ္သက္ရာ 15 R စတဲ႔ကြန္ေပါင္းေျမႀသ
ဇာအသုံးျပဳနိဳင္ပါတယ္။
၇။ ေရာဂါမက်ေရာက္ေအာင္ ျပင္ဆင္ကာကြယ္ပါ
ပူေႏြးစိုစြတ္တဲ႔ ရာသီဥတုပဲႀကိဳက္ပါတယ္ေရငန္မ
ႀကိဳက္ပါ ေရငတ္တာ အစိုဓာတ္မ်ားတာ မႀကိဳက္ပါဘူး
အထူးအျဖင့္ အစိုဓာတ္မ်ားရင္ ေရာဂါဝင္ပါမည္
မိုးရာသီ အထူးဂရုစိုက္ရပါမယ္ ေရႏႈတ္ေျမာင္း
ေကာင္းရပါမည္ မိုးဘယ္ေလာက္ရြာရြာ ေအာင့္မေနပဲ
တန္းထြက္သြားရပါမည္ ကြမ္းပင္ရဲ႕ အရိပ္အေနထား
အပူခ်ိန္အနည္းမ်ားလဲ သိရပါမယ္
မီးစြတ္ဆီစြန္း စျဖစ္လာလွ်င္သတိထားပါ ကူးစက္ျမန္
ပါတယ္ ေတြ႕စေရာဂါရအရြက္ေတြခူးျပစ္ပါ ထိေသ ပင္လုံးျပန္႔ ဘတ္တီးရီးယားသတ္ေဆးဖ်န္းပါ ေဆးပတ္နီးျပီး ေဆးအုပ္စုလြဲဖ်န္းပါ အရြက္ေရာဂါစ
ျဖစ္ျပီး မနိဳင္မွအရုိးသြားျဖစ္ပါသည္ ရုိးမဲဆစ္ျပဳတ္
ေပ်ာက္တဲ႔ေဆးမေပၚေသးပါ။
၈။ စုပ္စားပိုး
ေႏြရာသီ တအားဆိုးပါသည္။ မိုးပိုင္းသိပ္မရွိပါ။
ေရေမာ္တာနဲ႔ထိုးဖ်န္းလဲသက္သာပါတယ္။
တမာပိုးသတ္ေဆး၊ ေဆးရြက္ႀကီးမႈန္႕မ်ားလဲစိမ္ဖ်န္း
နိဳင္ပါတယ္။ ပိုးမႊားမနိဳင္ပါကကြမ္းပင္ရဲ႕အလုပ္လုပ္
နိဳင္စြမ္းေတြေလ်ာ့က်ပါမည္။ အရြက္ဖားျပဳတ္ေႀကာထျပီး
ေရာင္းတန္းမဝင္ေတာ့ပါ။ မနိဳင္တဲ႔ျခံေတြ ႏွိမ္ႏွင္းရခက္တဲ႔ပိုးမ်ားကိုလဲ
ေနာက္ဆုံးေပၚေဆးအုပ္စုအသစ္ေတြထြက္ေနပါတယ္။
ေဆးဆိုင္ေတြေမး စိုက္ပ်ဳိးေရး ဝန္ထမ္းမ်ားႏွင့္တိုင္ပင္ပါ။
ထိေရာက္ေအာင္ ဖ်န္းပါ။ ေဆးကို စနစ္တက်သတိႏွင့္ကိုင္တြယ္ပါ။
စည္းကမ္းလိုက္နာပါ။
ဓာတုေဗဒ၊ မႈိ၊ ဘတ္တီးရီးယားသတ္ေဆး၊ ဘိုင္အို
ဇီဝ ေအာ္ဂဲနစ္ ဘာညာစတာေတြေတာ့ မိမိယုံႀကည္
ႏွစ္သက္လက္ခံနိဳင္တဲ႔ ေဆးကို သုံးစြဲပါလို႔ေျပာလိုပါတယ္။
ေျမေကာင္း ကြမ္းမ်ဳိးေကာင္း လိုအပ္ခ်က္မရွိ ျခံတည္စိုက္ျပီးရုံနဲ႔မရေသးပါ။
လိုအပ္တဲ႔ျပဳစုေစာင့္ေရွာက္မႈေတြလဲျပဳလုပ္ေပးရပါမယ္။
ကြမ္းျခံ ဘာျဖစ္ေန ဘာလိုေနတယ္ဆိုတာ သိရွိျပီး
အနာနဲ႕ေဆးကိုက္ဖို႔အေရးႀကီး လိုအပ္ပါတယ္။
နိဳင္ငံအဝွမ္းေဒသစုံကြမ္းစိုက္ႀကပါတယ္။ ရာသီဥတု
ေျမ၊ ေရ၊ မ်ဳိး နည္းစနစ္ေတြမတူညီႀကပါ။ ကိုယ့္ေဒသနဲ႔
ကိုက္ညီမဲ႔နည္းစနစ္ကို အသုံးျပဳပါ။ ကိုယ္ပိုင္အေတြး
လဲထည့္သုံးပါ။ မ်ားမ်ားေလ့လာပါလို႔ အႀကံျပဳလိုပါတယ္။
ကြမ္းစိုက္ေတာင္သူမ်ား ေအာင္ျမင္ေပ်ာ္ရႊင္ႀကပါေစ
ေစတနာျဖင့္
Credit; Moe Zaw Hein



 Image may contain: plant, outdoor and natureImage may contain: plant, outdoor and nature
    

Comments