xxxxxxxxxxxxx   unicode   font  xxxxxxxxxxxx
 သစ်ပွလွှစာ + ဘိုကာရှီ ဖြင့် ကောက်ရိုးမှို စိုက်ပျိုးခြင်း  သစ်ပွလွှစာ + ဘိုကာရှီ ဖြင့် ကောက်ရိုးမှို စိုက်ပျိုးခြင်း
တည်နေရာ
ပုလဲနဒီ စိုက်ပျိုးရေးခြံ
မိုင်တိုင်အမှတ် (44) ဣစာသယကျောင်းလမ်း
တာဂွကျေးရွာ တိုက်ကြီးမြို့။
ဖုန်း -   09422496035
         09794541779
သုံးစွဲသောကုန်ကြမ်းများ
(အလျား 21ပေ အနံ 4ပေ ဘောင်အတွက်)
    လွှစာ (4) အိတ်             1200 ကျပ်
    ဘိုကာရှီ (2) အိတ်         10000ကျပ်
    ဂျပ်စက္ကူ (20) ပိသာ         3000ကျပ်
    ထိုင်းမှိုမျိုးထုပ် (6)ထုပ်      6000ကျပ်
    ငါးအမိုင်နိုအက်စစ်
ပြုလုပ်နည်း
    မြေပေါ်တွင် တာပေါ်လင်စခင်းပြီး လွှစာ(4)အိတ်နှင့် ဘိုကာရှီ(2)အိတ် ရောသမမွှေပါသည်။
    ငါးအမိုင်နိုအက်စစ် တစ်လီတာ ရောထည့်မွှေပါသည်။
    မွှေပြီးကုန်ကြမ်းများအား စင်ဘောင်ပေါ် တင်ပြီး ရုံအားအလုံပိတ်ပါသည်။ ကုန်ကြမ်းများ ဆကာပေါက်မှ ထွက်မကျစေရန် ဂျပ်စက္ကူ (5) ပိသာ ဖြဲစုပ်ပြီးရေစိမ်ခင်းပါသည်။
    သုံးရက်မြောက် ညနေတွင် အပုံအားထိုးဆွ အထက်အောက် လှန်ပါသည်။ (၄င်းအချိန်တွင် ရုံအတွင်းသို့ တိုက်ရိုက်မဝင်သေးပဲ ဘေးအကာအား ၅မိနစ်ကျော် ဝန်းကျင်ဖွင့်ပြီးမှ ဝင်ပါရန်) အတွင်းမှ အပူရှိန်နှင့် အနံ့နှစ်ခုပေါင်း ဓာတ်ငွေ့သည် ခေါင်းမူးပြီး အတော်ကို ခံစားလိုက်ရပါသည်။
    ၄င်းနေ့ တွေ့မြင်ရသည်မှာ မှိုရိုင်းမျှင်များ ပင့်ကူအိမ်သဖွယ် အပုံပေါ်တွင် ဖြူဖွေးနေအောင် မြင်တွေ့ရပါသည်။ အစိုဓာတ် နည်းသဖြင့် အပုံမွှပေးပြီး ငါးအမိုင်နိုအက်ဆစ် အနည်းငယ်အား ရေနှင့် ရောဖြန်းပေးလိုက်ပါသည်။ (အပုံတွင်း လက်ထိုးနှိုက်ကြည့််လျှင် အစိုဓာတ် ရရုံသာ)
    ထို့နောက်ရုံပြန်ပိတ်ပြီး နှပ်ထားလိုက်ပါသည်။ ရုံတွင်းအပူချိန်သည် (42°C)နှင့် စိုထိုင်းစမှာ (80-90)ကြား ရှိပါသည်။
    ခြောက်ရက်မြောက်နေ့ နံက်ပိုင်း ရုံဖွင့် အပုံဆွ ရေအနည်းငယ် ငါးအမိုင်နိုနှင့် ရောဖြန်း အပုံ၏ သုံးပုံတစ်ပုံကို ထုတ်ဖယ် စုပုံထားပါသည်။
    ဂျပ်စက္ကူဖြဲပြီးသား (လက်လေးလုံးခန့် အရွယ်အစား) 15 ပိသာအား ငါးအမိုင်နို (1)လီတာ ရောဖျော်ထားသော ရေတွင် နာရီဝက်ခန့်စိမ်ပြီး ရေစစ်စင်ပေါ်တင်ပြီး ခဏရေစစ်ပါသည်။
    သုံးပုံနှစ်ပုံ ကျန်ရှိနေသော ကုန်ကြမ်းပုံပေါ်တွင် ဂျပ်စက္ကူရေစိမ်ဖြဲထားသော (15)ပ်ိသာအား ဖြန့်ခင်းပါသည်။
    ထိုင်းမှိုမျိုး(6)ထုပ်အား ပွားစာနှင့်ရောပြီး ဂျပ်စက္ကူပေါ်မှ ဖြူးပါသည်။
    ထို့နောက် ဖယ်ထုတ်ထားသော ကုန်ကြမ်း တစ်ပုံအား အပေါ်မှထပ်ဖြူးပါသည်။ မှိုအားဆေး ထမင်းစားဇွန်း တစ်ဇွန်းကို ဆေးဖြန်းပုံးထဲရေအပြည့်ဖြင့်ဖျော်ဖြန်းပါသည်။
    ရုံပိတ်ပါပြီ အလွှာသုံးထပ်ဖြင့် အပူချိန် (40°c) အကျော်နှင့် စိုထိုင်းစ (80-90)ကြားဖြစ်ပါသည်။
    သုံးရက်မြောက်နေ့ ညနေတွင် ရုံခဏဖွင့်ပြီး မှိုအားဆေး ထမင်းစားဇွန်း တစ်ဇွန်းခန့်အား ရေတစ်ဂါလံဖြင့် ရောပြီး ဖြန်းပေးလိုက်ပါသည်။
    ငါးရက်မြောက် ညနေ အစိုဓာတ်မလို သဖြင့် လေသွင်းလေထုပ်လောက်ပဲ လုပ်ပေးပြီး ရုံပြန်ပိတ်ထားလိုက်ပါသည်။
    မှိုမျှင်များမြင်တွေ့နေရပါပြီ မှိုစင်တပြင်လုံး ဖြူဖွေးနေတာပဲ (မြင်ကွင်းက လှတာမို့ကြည်းနူးစရာ)
    နောက်ရက်များတွင် အပူချိန် (30-40)ကြား စိုထိုင်းစ (80-90)ကြား တောက်လျောက် ထိမ်းထားပါသည်။
    ၁၃ ရက်နေ့နံနက်ပိုင်း မှိုစခူး စျေးကွက်ပို့ပါပြီ။
ယခုစနစ်အတွက်စဉ်းစားရသမျှ
    လွှစာနှင့်ဘိုကာရှီတွဲသုံးသောကြောင့်  တိရစ္ဆာန်ချေး မသုံးတော့ပါ။ တိရစ္ဆာန်ချေးမှ ပါလာမည့်အပင်များ မပေါက်သဖြင့် မှိုစင်ပေါ်တွင် မှိုများအလုံးလိုက် အပြွတ်လိုက် မြင်ကွင်းအား ရှင်းလင်းစွာ မြင်တွေ့ရပါမည်။
    မှိုထွက်ချိန်တော့ ရက်အနည်းငယ် နောက်ကျသည်ဟု ထင်မြင်မိပါသည်။ ၄င်းရက်နောက်ကျမှုအား ကုန်ကြမ်းနှပ်သည့်အချိန်ကာလ (5)ရက်မဟုတ်ပဲ (10)ရက်လောက် နှပ်လိုက်လျှင် အဆင်ပြေနိုင်မည်ဟု ယူဆပါသည်။
    ထို့ကြောင့် နောက်တစ်ကြိမ်တွင် ကုန်ကြမ်းများအား မြေပေါ်တွင် တာပေါ်လင်ခင်းပြီး (10-15)ရက်နှပ်ထား ပြီးမှ စင်ပေါ်တင်စိုက်မည်ဟု စီစဉ်ထားပါသည်။ (သုံးရက်တစ်ကြိမ် လှန်ပေးရပါမည်) လွှစာနှင့် နှပ်စာပြုလုပ်သော စနစ်တွင် မှိုအထွက်ကာလ ကြာသည်ကို တွေ့ရပါသည်။ အထွက် ကုန်ချိန်တော့ မသိရသေးပါ။ အပုံထုထူသဖြင့် မှိုအလုံးကြီး သည်ကိုတွေ့ရှိရပါသည်။
    တစ်စင်နှင့်တစင် စိုက်ရက်မှာ (2)ရက်ခြားပါမည်။
မှတ်ချက်
ကျွန်တော်စိုက်သောစင်တစင်တွင် အထပ်လေးထပ်ဖြစ်ပါသည်။ ဘွိုင်လာစနစ် မသုံးပါ။ တာပေါ်လင် (70%)အစနှင့် ပလပ်စတစ်အကြည်စ သုံးထပ်ပေါင်း တခန်းကာထားပါသည်။
        Lu Gyan
xxxxxxxxxxxxx   zawgyi  font xxxxxxxxxxxxx
တည်နေရာ
ဖုန်း -   09422496035
         09794541779
  1. လွှစာ (4) အိတ်             1200 ကျပ်
  2. ဘိုကာရှီ (2) အိတ်         10000ကျပ်
  3. ဂျပ်စက္ကူ (20) ပိသာ         3000ကျပ်
  4. ထိုင်းမှိုမျိုးထုပ် (6)ထုပ်      6000ကျပ်
  5. ငါးအမိုင်နိုအက်စစ်
ပုလုပ်နည်း
  1. မြေပေါ်တွင် တာပေါ်လင်စခင်းပြီး လွှစာ(4)အိတ်နှင့် ဘိုကာရှီ(2)အိတ် ရောသမမွှေပါသည်။
  2. ငါးအမိုင်နိုအက်စစ် တစ်လီတာ ရောထည့်မွှေပါသည်။
  7. ခြောက်ရက်မြောက်နေ့ နံက်ပိုင်း ရုံဖွင့် အပုံဆွ ရေအနည်းငယ် ငါးအမိုင်နိုနှင့် ရောဖြန်း အပုံ၏ သုံးပုံတစ်ပုံကို ထုတ်ဖယ် စုပုံထားပါသည်။
  8. ဂျပ်စက္ကူဖြဲပြီးသား (လက်လေးလုံးခန့် အရွယ်အစား) 15 ပိသာအား ငါးအမိုင်နို (1)လီတာ ရောဖျော်ထားသော ရေတွင် နာရီဝက်ခန့်စိမ်ပြီး ရေစစ်စင်ပေါ်တင်ပြီး ခဏရေစစ်ပါသည်။
  9. သုံးပုံနှစ်ပုံ ကျန်ရှိနေသော ကုန်ကြမ်းပုံပေါ်တွင် ဂျပ်စက္ကူရေစိမ်ဖြဲထားသော (15)ပိသာအား ဖြန့်ခင်းပါသည်။
  10. ထိုင်းမှိုမျိုး(6)ထုပ်အား ပွားစာနှင့်ရောပြီး ဂျပ်စက္ကူပေါ်မှ ဖြူးပါသည်။
  12. ရုံပိတ်ပါပြီ အလွှာသုံးထပ်ဖြင့် အပူချိန် (40°c) အကျော်နှင့် စိုထိုင်းစ (80-90)ကြားဖြစ်ပါသည်။
  13. သုံးရက်မြောက်နေ့ ညနေတွင် ရုံခဏဖွင့်ပြီး မှိုအားဆေး ထမင်းစားဇွန်း တစ်ဇွန်းခန့်အား ရေတစ်ဂါလံဖြင့် ရောပြီး ဖြန်းပေးလိုက်ပါသည်။
  14. ငါးရက်မြောက် ညနေ အစိုဓာတ်မလို သဖြင့် လေသွင်းလေထုပ်လောက်ပဲ လုပ်ပေးပြီး ရုံပြန်ပိတ်ထားလိုက်ပါသည်။
  15. မှိုမျှင်များမြင်တွေ့နေရပါပြီ မှိုစင်တပြင်လုံး ဖြူဖွေးနေတာပဲ (မြင်ကွင်းက လှတာမို့ကြည်းနူးစရာ)
  16. နောက်ရက်များတွင် အပူချိန် (30-40)ကြား စိုထိုင်းစ (80-90)ကြား တောက်လျောက် ထိမ်းထားပါသည်။
  17. ၁၃ ရက်နေ့နံနက်ပိုင်း မှိုစခူး ဈေးကွက်ပို့ပါပြီ။
  4. တစ်စင်နှင့်တစင် စိုက်ရက်မှာ (2)ရက်ခြားပါမည်။
မှတ်ချက်
Comments