"စေတာ္ဘယ္ရီအေစ့မွ မ်ိဳးပြားျခင္း" "စတော်ဘယ်ရီအစေ့မှ မျိုးပွားခြင်း"

xxxxxxxxxxxxxxx  unicode  font  xxxxxxxxxxx

 "စတော်ဘယ်ရီအစေ့မှ မျိုးပွားခြင်း"
=======================

ကောင်းစွာရင့်မှည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ပုံးတွင် အချဉ်ဖောက်၍ ပျော်သည်အထိ ထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ်ဆေး၍ မျိုးစေ့များ ထုတ်ယူရရှိနိုင်ပါသည်း မျိုးစေ့များ ကောင်းမွန် စွာ ခြောက်သွေ့အောင် အခန်းထဲ တွင် ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရ ပါသည်။

ရရှိထားသော မျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူနေသော ရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများထည့်၍ လက်မဝက်ပတ်လည် အကွက်များအရောပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါ မကျရောက်စေရန်အတွက် ပိုးသန့်ထားသော ရေဖြင့် အစိုဓာတ်လိုအပ်မှု အပေါ်မူတည်၍ အနည်းငယ်စီသာ ပက်ဖျန်းပေးရပါမည်။

အညှောက်ပေါက်ပြီး ပျိုးသက် ၄၅-၅ဝရက်ခန့်တွင်ရွေ့ပြောင်းစိုက်ပျိုးနိုင် ပါသည်။မိုးအကုန် ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ရွေ့ပြောင်းစိုက်ပျိုးလေ့ရှိ ပြီး စိုက်ဘောင်များပေါ်တွင် ပင်ကြားတန်းကြား ၂×၁ ပေ ထားရှိ စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးပင် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ လိုအပ်ပါသည်။

Pissaya Info
Source by - လယ်/ဆည်"စတော်ဘယ်ရီအစေ့မှ မျိုးပွားခြင်း"

Source by - လယ်/ဆည်

xxxxxxxxxxxxxxx   zawgyi  font  xxxxxxxxxxxxxxxxx

=======================
Pissaya Info
Source by - လယ်/ဆည်

 Image may contain: food

Image may contain: plant, flower and nature

Image may contain: plant, outdoor and food

Comments