သဘာဝေျမၾသဇာ ဆိုသည္မွာ (သဘာဝမြေသြဇာ ဆိုသည်မှာ )

XXXXXXXXXXX UNICODE FONT XXXXXXXXXX credit #တောင်သူကြီးလက်စွဲ #နွား၏ စားမြုံ့ပြန်သည့် အစာချက်လုပ်မှုစနစ်မှာ အနည်းငယ် ရှုပ်ထွေးပါသည်။ မြက်များကို မျိုချစားသောက်လိုက်ပြီးနောက် ပထမအစာအိမ်တွင် ထားရှိသည်။ အဆိုပါအစာကို စားမြုံ့ပြန်၍ အစာပြန်လည်ချက်လုပ်ခြင်းဖြစ်သည်။ #နို့စားနွားတစ်ကောင်၏ တစ်ရက်စားမြုံ့ပြန်သည့်အချိန်မှာ ( ၈ )နာရီ ဖြစ်သည်။ စားသောက်လိုက်သော အစာများမှာ ပထမအစာအိမ်သို့ ဝင်သွားကြသည်။ ၄င်းစားမြုံ့ပြန်အစာအိမ်တွင် အစာပြည့်သွားသည့်အချိန်တွင် တတိယအစာအိမ်သို့ ရောက်ရှိသွားသည်။ #အဆိုပါအစာအိမ်တွင် အမှုန်အမွှားများကို သန့်စင်ပေးပြီး အရည်အချို့ကို စုပ်ယူလိုက်သည်။ ၄င်းနောက် ဒုတိယအစာအိမ်သို့ရောက်ရှိသွားသည်။ ၄င်းဒုတိယအစာအိမ်မှာ အမှန်တစ်ကယ် အစာချက်လုပ်သော အစာအိမ်ဖြစ်သည်။ အဆိုပါ အစာအိမ်တွင် အစာများကြေညက်စေရန် အစာချေအရည်များထုတ်ပေးသည်။ #အခြားသော နို့တိုက်သတ္တဝါများနှင့်မတူညီသည်မှာ သစ်ရွက်များမှ အဟာရဓာတ်များကို ပိုမိုစုပ်ယူစားသုံးနိုင်သော်လည်း စားမြုံ့ပြန်ခြင်းကြောင့် အာဟာရဓာတ်များ၏( ၇၅%) မှ ( ၉၀%)ကို စုပ်ယူနိုင်ခြင်းမရှိဘဲ အပြင်သို့ ပြန်လည်စွန့်ထုတ်ခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ အစာအိမ်သံသာရာလည်ပတ်မှုအဆုံးတွင် အာဟာရဓာတ် အားလုံးနီးပါးမှာ စွန့်ပစ်ပစ္စည်းများအဖြစ် ပြန်လည်ထွက်ရှိလာခြင်းဖြစ်သည်။ #၄င်းကို နွားချေး ( နောက်ချေး) ဟုခေါ်ဆိုကြသည်။ နွားချေးသည် စွန့်ပစ်အရည်နှင့် အစိုင်အခဲများ ပေါင်းစည်းထားခြင်းဖြစ်သည်။ မွေးမြူရေး တရိစ္ဆာန်အားလုံး၏ စွန့်ပစ်ပစ္စည်းများသည် မြေဆီလွှာအား အထူးပင်အကျိုးဖြစ်ထွန်းစေနိုင်သော အာဟာရဓာတ်များပါရှိသည့် သဘာဝမြေသြဇာများဖြစ်နေကြသည်။ #နွား၊ ဆိတ်၊ ယုန်၊ ကြက်၊ ငါး စသည်တို့တစ်မျိုးစီ၏ စွန့်ပစ်ပစ္စည်းများတွင် သီးခြားစီကောင်းမွန်သော ဂုဏ်သတ္တိရှိကြသည်။ နို့စားနွားများ၏ စွန့်ပစ်ပစ္စည်းများတွင် သီးနှံများအတွက် အာဟာရဓာတ်များစွာ ဖြစ်စေနိုင်ပြီး မြေဆီလွှာအား ပိုမို၍ မြေသြဇာကြွယ်ဝစေနိုင်ပြီး မြေဆီလွှာအား ပိုမို၍ မြေသြဇာကြွယ်ဝစေနိုင်ကြောင်း တွေ့ရှိရသည်။ #သို့သော်လည်း နွားချေးကို အခြားနေရာအများအပြားတွင်လည်း အကျိုးရှိရှိအသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်။ #နွားချေးစနစ်တကျ သိုလှောင်နည်း အကျယ် ( ၁၁ ) ပေ ပတ်လည်ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခုရွေးပါ။ ယင်းပတ်လည်တွင် ရေမဝပ်စေရန် ( ၆ ) လက်မအကျယ် မြောင်းပတ်ပတ်လည်တူးပါ။ အပူပိုင်းဒေသတွင် ၂ပေ ×၁ဝပေ× ၁ဝပေ ကျင်းတိမ်တူး၍ သုံးနိုင်ပါသည်။ ယင်းနေရာအား နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် ယာယီအမိုးငယ်တစ်ခုပြုလုပ်ပေးပါ။ မိုးမများလွန်းပါက အရိပ်ကောင်းသောသစ်ပင်ရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။ နွားများသိပ်သည့် တင်းကုပ်မြေပေါ်တွင် သစ်ရွက်ခြောက် အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက်၊ ကောက်မှော် ရရာတို့ကို အခင်းအဖြစ် ခင်းထား၍ ညဖက်တွင်နွားများကို သိပ်ပေးပါ။ တင်းကုပ်ရှင်းလင်းစဉ် နွားများမှ စွန့်ပစ်သော မစင်၊ ကျင်ငယ်ရည်နှင့် ရောနှောနေသော အမှိုက်များနှင့် မြေသားအနည်းငယ်ကို စုဆောင်းရောနှောပါ။ ယင်းအမှိုက်များကို သိုလှောင်သည့် မြေနေရာပေါ်တွင် ( ၆ ) လက်မထုခန့်ရှိ အလွှာအဖြစ်ဖြန့်ပေးပါ။ ယင်းအပေါ်မှ ထုံးမှုန့်၊ စဖိုပြာ စပါးခွံပြာများကို ပါးပါးဖြူးပေးပါ။ တီးစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့်ရရာကို နို့ဆီဗူးတစ်ဖူးခန့် ပါးပါးဖြူးထည့်နိုင်ပါက ပိုကောင်းမွန်ပါသည်။ ယင်းနည်းဖြင့် နွားချေးများကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။ #အကယ်၍ နွားချေးပုံထုထည်ကြီးမားလာပါက ဘေးပတ်ပတ်လည်မှ ယာယီအကာအရံများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အစိုဓာတ်နှင့် အာဟာရများ အငွေပျံပျောက်ဆုံးမှုလျော့နည်းစေရန်၊ အပေါ်ဆုံးအလွှာပေါ်တွင် အမှိုက်သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ ကျူဖျာ၊ ၀ါးထရံစသည်တို့ဖြင့် အုပ်ထားပေးပါ။ #နွားချေး၏ အသုံးဝင်မှုများ နွားတစ်ကောင်သည် တစ်ရက်လျှင် နွားချေး ပျမ်းမျှ ပေါင် ( ၅၀ ) ခန့် ထုတ်လုပ်ပေးနိုင်ပြီး ဆိတ်တစ်ကောင်မှ တစ်ရက်လျှင် ဆိတ်ချေး ပျမ်းမျှ ( ၁၀ ) ပေါင်ခန့် ထွက်ရှိပါသည်။ #နွားချေးကို သဘာဝမြေသြဇာအဖြစ် သာမက အောက်ဖော်ပြပါ ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်ကြောင်း သိရှိရသည်။ ( က ) ချက်ပြုတ်ရေးအတွက်လောင်စာအဖြစ် အသုံးပြုခြင်း။ ကမ္ဘာပေါ်ရှိ လူအများအပြားသည် နွားချေးခြောက်ကို မီးရှို့၍ လောင်စာအဖြစ် အသုံးပြုချက်ပြုတ်ခဲ့ကြသည်။ ( ခ ) Greenhouse များအား အပူပေးခြင်း။ ထွက်ရှိသောနွားချေးများစုစည်းပြီး မြေးဆွေးအမြစ်ပြုလုပ်ကာ Greenhouse များအား အနွေးဓာတ်ရရှိစေရန် ဆောင်ရွက်ကြသည်။ ( ဂ ) မှိုစိုက်ပျိုးထုတ်လုပ်ခြင်း။ နွားချေးခြောက်များသည် မှိုစိုက်ပျိုးထုတ်လုပ်ရေးအတွက် အကောင်းမွန်ဆုံးသော မြေအမျိုးအစားဖြစ်သည်။ ( ဃ ) ဘိုင်အိုဂတ်စ်အဖြစ် အသုံးပြုခြင်း။ နွားချေးမှ မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ပေးသဖြင့် ၄င်းမီသိန်းဓာတ်ငွေ့ကို စုစည်းကာ အပူပေးခြင်းနှင့် ချက်ပြုတ်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ( င ) မြေငွေ့ထိန်းအဖြစ် အသုံးပြုခြင်း။ နွားချေးများ လတ်လတ်ဆတ်ဆတ်ရှိစဉ် အပူဓာတ် ရှိနေသဖြင့် သစ်ပင်များ၏ခြေရင်းတွင် မြေဆွေးများမခြောက်သွေ့စေရန်အပေါ်မှ နွားချေးအစိုဖြင့် အုပ်မံကာ မြေဆီဓာတ်မပြယ်စေရန် အသုံးပြုနိုင်သည်။ #သုံးစွဲနည်း စနစ်တကျ သိုလှောင်ထားသော နွားချေးများကို အသုံးမပြုမီ အထက်အောက်သမအောင် ရောမွှေပါ။ တစ်ဧကလျှင် နွားလှည်း ( ၅ - ၁၀ ) စီးခန့်မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ မည်သည့်သီးနှံမဆို စိုက်ပျိုးနိုင်ပါသည်။ နွားချေးများထည့်ပြီးပါက ချက်ချင်းမြေဖြင့် ဖုံးအုပ်ထားရန် လိုအပ်ပါသည်။ #တခြားသော ဓာတ်မြေသြဇာများနှင့်အတူ ရောနှော၍လည်း ထည့်သွင်းနိုင်ပါသည်။ ကောင်းစွာဆွေးမြေ့ ကြေပျက်သော နွားချေးများကိုသာ ထည့်သွင်းသုံးစွဲပါ။ အာနိသင်နှင့် အကျိုးသက်ရောက်မှု စနစ်တကျသိုလှောင်ထားသော နွားချေးဆွေးမြေသြဇာတွင် အောက်ပါဓာတ်ပစ္စည်းများ ပါဝင်ပါသည်။ #အပင်အာဟာရ ပါဝင်မှုရာခိုင်နှုန်း နိုက်ထရိုဂျင် ၁.၄ % ဖော့စပရပ် ၂.၁% ပိုတက်စီယမ် ၁.၃% ကယ်စီယမ် ၂.၆% မဂ္ဂနီစီယမ် ၀.၂% ဆာလဖာ ၁.၆% အော်ဂဲနစ်ကာဘွန် ၁၉.၇% #အကျိုးကျေးဇူး အပင်အဓိက အာဟာရဓာတ်များအပြင် အော်ဂဲနစ် ကာဘွန်ပါဝင် မှုကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပိုမိုတိုးတက်ကောင်း မွန်စေ၍ အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။ စေးသောမြေကို ပွလာစေခြင်း သဲဆန်သောမြေကို စေးထန်လာစေခြင်း အစိုဓာတ်ထိန်းသိမ်းမှုကောင်းခြင်း လေဝင်လေထွက် ကောင်းခြင်း အပူအအေးမျှတစေခြင်း အာဟာရဓာတ်များကို ကာလရှည်ကြာစွာ တစိမ့်စိမ့်ထုတ်ပေးခြင်းတို့ဖြစ်သည်​။ Credit _Pissaya ထာဝရလက်တွဲဖော် နွားချေးသိုလှောင်ခြင်းစနစ်(1) " သဘာဝမြေသြဇာ (တိရစ္ဆာန် ချေး နှင့် ကျင်ငယ်ရေ သိုလှောင်ခြင်း စနစ်) " #သဘာဝမြေသြဇာ ဆိုသည်မှာ လူက အထူးမပြုလုပ် မပြုပြင်ရပဲ သဘာဝအလျောက် အလိုလိုဖြစ်ပေါ်လာသော မြေသြဇာကို ခေါ်ပါသည်။ #၄င်းတို့အနက် နွားချေးသည် အရေးကြီးဆုံးဖြစ်ပါသည်။ နွားချေးဟု ပြောသော်လည်း အခြားတိရစ္ဆာန်များ၏ ချေးများလည်း ပါဝင်ပါမည်။ #နွားချေး၌ သစ်ပင်များနှင့်တကွ ဘက်တီးရီးယားမှို စသော ပိုးမွှားများ စားသုံးရန် အစာအဟာရများ ပါဝင်သည်က တကြောင်း မြေ၏အနေအထားကို ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ပေးနိုင်သည်က တကြောင်း ထိုအချက်များကြောင့် ကောင်းမွန်သော သဘာဝ မြေသြဇာဖြစ်ပေသည်။ #သို့ပါသော်လည်း နွားချေးအတွင်း ပါဝင်သော အဟာရဓာတ်များ ဆုံးရှုံးမသွားအောင် စနစ်တကျ သိုလှောင်ထားမှသာ အဖိုးတန်သော မြေသြဇာ ဖြစ်မည်ကို ဂရုပြုသင့်ပေသည်။ #နွားချေးဟုဆိုတိုင်း တန်ဖိုးရှိသော မြေသြဇာ မဖြစ်နိုင်ပါ။ နေပူ မိုးရွာတွင် သင့်လျော်စွာ စုပုံထားသော နွားချေးသည် အဆီသြဇာများ ခန်းခြောက်ဆုံးရှုံးပြီး သစ်ရွက် ကောက်ရိုးခြောက်လောက်သာ အစွမ်းရှိပေမည်။ #နွားချေးသည် သိုလှောင်မှုခြင်း တူစေကာမှု လူတို့ပြုလုပ်သော ဓာတ်မြေသြဇာများကဲ့သို့ တစ်ခုနှင့်တစ်ခု အမြဲတန်း တစ်သမတ်တည်း မတူနိုင်ပဲ အစဉ်သဖြင့် ကွဲပြားခြားနား၏။ အချို့တွင် အာဟာရဓာတ် အဆီသြဇာများ၍ အချို့မှာ နည်းနေပေမည်။ မတူညီရသော အကြောင်းရင်းများမှာ - (1) ချေးတို့၏စွမ်းအားသည် တိရစ္ဆာန် အမျိုးအစားပေါ် မူတည်၏။ တစ်နည်းအားဖြင့်ဆိုသော် တိရစ္ဆာန်တို့၏ ချေးများသည် တစ်မျိုးနှင့် တစ်မျိုးမတူ နိုင်ပါ။ စွမ်းအားတန်ဖိုးကို ၄င်း၌ပါဝင်သော သစ်ပင်၏ အစာအဟာရ အနည်းအများနှင့် အစာအဟာရတို့ကို သစ်ပင်မှ စုပ်ယူစားသုံး နိုင်ခြင်း ရှိ / မရှိ စသောအချက်များပေါ်တွင် မူတည်ပါမည်။ (အောက်ပါဇယားကိုကြည့်) #ဇယားတွင် ဖော်ပြထားသော တန်ဖိုးအရ မြင်းချေးသည် နွားချေးထက် ပိုကောင်းနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ လူအများသည် နွားချေးကို မြင်းချေးထက် ပိုကြိုက်နှစ်သက် သည်မှာ မြင်းချေးသည် အကြေအညက်နည်း၍ မြက်ဖတ်များ ပါဝင်သောကြောင့် ရုတ်တရက်ကြည့်လျှင် အဆီသြဇာမရှိဟု ထင်ရသည် မြင်းချေးကို ကျနစွာ သိုလှောင်သုံးစွဲလျှင် နွာချေးထက် စွမ်းအားပိုမိုရရှိပါမည်။ #ထို့အပြင် ကျင်ငယ်ရေတို့သည် ချေးများထက် နိုက်ထရိုဂျင် နှင့် ပိုတက် ဓာတ်များ ပိုမိုပါဝင်ပါသည်။ ထို့ကြောင့် အဖိုးတန်သော ကျင်ငယ်ရေ မဆုံးပါး ပျောက်ပျက်မှုမရှိအောင် သိုလှောင်ထားရန်လည်း အရေးကြီးပါမည်။ ကျင်ငယ်ရေတွင် ပါဝင်သော ဓာတ်များသည် ရေတွင် အလွယ်တကူ ပျော်ဝင်ပြီးဖြစ်သဖြင့် သစ်ပင်များမှ အလွယ်တကူ စုပ်ယူနိုင်ကြပါသည်။ ကျင်ငယ်ရေ အလွယ်တကူ ခံယူနည်းမှာ တိရစ္ဆာန်များအောက်ခင်းတွင် ကောက်ရိုး / မြက်ခြောက်များ ခင်းပေးလျှက် ကျင်ငယ်ရေများကို စုပ်ယူနိုင်စေပါမည်။ (2) တိရစ္ဆာန်တို့တွင် အသက်ကြီးသော အကောင်များ၏ ချေး ကျင်ငယ်ရေသည် အသက်ငယ်သော အကောင်များ၏ ချေး ကျင်ငယ်ရေထက် ပိုမိုစွမ်းအားရှိကြပါသည်။ အဘယ်ကြောင့် ဆိုသော် အကောင်ငယ်များသည် စားသောအစားအစာများမှ ကြီးထွားဖို့အတွက် အရှိန်ယူနေရသည့် အချိန်ဖြစ်သဖြင့် ချေး နှင့် သေးတို့တွင် အာဟာရဓာတ် ပါဝင်မှုနည်းပေမည်။ အကောင်ကြီးများသည် ကြီးထွားနှုန်းအတွက် အားပေးရန် မလိုသည့်အတွက် ချေး သေး များမှာ ကဆီဓာတ် ပါဝင်မှုနှုန်း ပိုမိုများပါမည်။ ထို့နည်းတူစွာ ကိုယ်ဝန်ဆောင် အမ နှင့် နို့တိုက်နေရသော အမ ၏ ချေး သေး နှင့် အခြား အမများ၏ ချေး သေးက ပိုမိုကောင်းမွန်ပါသည်။ (3) အစားအစာသည်လည်း ချေး သေး ၏ တန်ဖိုးကို အထောက်အကူပြုပါသည်။ အဆီသြဇာကိုစားရသော တိရစ္ဆာန်နှင့် မစားရသော တိရစ္ဆာန်တို့၏ ချေး သေး များမှာလည်း တန်ဖိုးခြင်း ကွာပါမည်။ (4) သိုမှီးသိမ်းဆည်းရာမှာလည်း တန်ဖိုးခြင်း ကွာသွားနိုင်ပါမည်။ ရာနှုန်းပြည့် စွမ်းအားရှိသော မြေသြဇာက်ို လိုပါက စနစ်တကျ သိုလှောင်ရန်် အရေးကြီးပါသည်။ စနစ်တကျသိုလှောင် မထားသော ချေးကို ဝယ်မိပါက ကုန်ကျစရိတ်များပြီး အကျိုးဖြစ်ထွန်းမှု နည်းပါမည်။ ကျွဲ နွားတစ်ကောင်မှ တစ်နှစ်လျှင် ချေးတန်ချိန် (10)တန် နှုန်းထွက်ရှိသည် ဆိုကြပါစို့ သေချာစွာ သိမ်းဆည်းခြင်း မရှိပဲ နေပူ မိုးရွာထဲ ပြစ်ထားလျှင် တန်ဖိုး တစ်ဝက်ခန့် ဆုံးရှုံးနိုင်သဖြင့် ဝယ်ယူစရိတ်သည် (10)တန်စျေးပေးရပြီး ရရှိသော အကျိုးတရားမှာ (5)တန်သာ ရရှိပါမည်။ (5) သိုလှောင်မှုစနစ်သည် ချေးများအား အမိုးအကာ အောက်တွင်ထားရှိရမည် ဖြစ်ပြီး သေးများ စုပ်ယူရန်အတွက် အောက်ခြေ အခင်းတွင် ကောက်ရိုး မြက်ခြောက်များ ခင်းပေးရမည်။ ၄င်းအခင်းများကို တစ်ပါတ်လျှင် တစ်ကြိမ် လဲပေးပြီး ရရှိလာသော ကောက်ရိုး မြက်ခြောက်များကို အမိုးအောက်ရှိ ချေးများနှင့် ရောနှောထားပါ။ ထိုသို့ သိုလှောင်ထားခြင်းတွင် ဘက်တီးရီးယား ပိုးများသည် ချေးထဲ၌ ကျွင်းကျန်သော အာဟာရများနှင့် သြဂဲနစ်ဒြပ်များကို မှီဝဲ စားသောက်ခြင်းဖြင့် သြဂဲနစ်ဒြပ်များ လောင်ကျွမ်းကုန်ကြပေသည်။ အချိန်ကာလ အတန်အသင့် ကြာသော် ချေးပုံသည် ကျုံကျုံ လာပေမည်။ ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည်လည်း အာမိုးနီးယား ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲကာ လေထဲသို့ လွှင့်ပါးပျောက်ဆုံးပေသည်။ ယင်းသို့ ဆုံးရှုံးရသည်မှာ ဘက်တီးရီးယားပိုးများ၏ ပယောဂကြောင့် ဖြစ်သည့်အတွက် ၄င်းတို့ မတိုးပွားနိုင်အောင် ချေးပုံကို ပွပွမထားပဲ အပြင်လေ မဝင်နိုင်အောင် ဖိသိပ်ပေးရပါမည်။ ထိုသို့ ဖိသိပ်ထားခြင်းဖြင့် လေရှိမှပေါက်ဖွား နိုင်သော ဘက်တီးရီးယားများ ရှင်သန်မှု မရှိနိုင်တော့ပေ၊ ယင်းကဲ့သို့ လုပ်ဆောင်သော်လည်း တစ်ခါတစ်ရံတွင် ချေးပုံမှ အငွေ့ထောင်းထောင်း ထနေခြင်းမှာ ချေးထဲရှိ သြဂဲနစ်ဓာတ်များနှင့် လေထုထဲရှိ အောက်ဆီဂျင်ဓာတ်တို့ ပေါင်းစပ်ခြင်းပင် ဖြစ်ပါသည်။ #ထိုကြောင့် တိရစ္ဆာန် ချေး နှင့် သေးများကို စနစ်တကျ သိုလှောင်မှုမရှိလျှင် ၄င်းတို့၏ တန်ဖိုးများ အကျိုးမဲ့ ဆုံးရှုံးနိုင်ပြီး ကုန်ကျစရိတ်သာများပြီး အကျိုးရရှိမှု နည်းပါးနိုင်ကြောင်း ရေးသား တင်ပြလိုက်ပါသည်။ #ဦးအောင်သိန်း (ဥယျာဉ်စိုက်ပျိုးခြင်းပညာ) XXXXXXXXXXXXX ZAWGYI FONT XXXXXXXXXX credit #ေတာင္သူႀကီးလက္စဲြ #ႏြား၏ စားျမံဳ႕ျပန္သည့္ အစာခ်က္လုပ္မႈစနစ္မွာ အနည္းငယ္ ရႈပ္ေထြးပါသည္။ ျမက္မ်ားကုိ မ်ိဳခ်စားေသာက္လိုက္ၿပီးေနာက္ ပထမအစာအိမ္တြင္ ထားရွိသည္။ အဆိုပါအစာကုိ စားၿမံဳ႕ျပန္၍ အစာျပန္လည္ခ်က္လုပ္ျခင္းျဖစ္သည္။ #ႏို႔စားႏြားတစ္ေကာင္၏ တစ္ရက္စားၿမံဳ႕ျပန္သည့္အခ်ိန္မွာ ( ၈ )နာရီ ျဖစ္သည္။ စားေသာက္လိုက္ေသာ အစာမ်ားမွာ ပထမအစာအိမ္သို႔ ၀င္သြားၾကသည္။ ၄င္းစားၿမံဳ႕ျပန္အစာအိမ္တြင္ အစာျပည့္သြားသည့္အခ်ိန္တြင္ တတိယအစာအိမ္သို႔ ေရာက္ရွိသြားသည္။ #အဆိုပါအစာအိမ္တြင္ အမႈန္အမႊားမ်ားကုိ သန္႔စင္ေပးၿပီး အရည္အခ်ိဳ႕ကုိ စုပ္ယူလိုက္သည္။ ၄င္းေနာက္ ဒုတိယအစာအိမ္သို႔ေရာက္ရွိသြားသည္။ ၄င္းဒုတိယအစာအိမ္မွာ အမွန္တစ္ကယ္ အစာခ်က္လုပ္ေသာ အစာအိမ္ျဖစ္သည္။ အဆိုပါ အစာအိမ္တြင္ အစာမ်ားေၾကညက္ေစရန္ အစာေခ်အရည္မ်ားထုတ္ေပးသည္။ #အျခားေသာ နို႔တိုက္သတၱ၀ါမ်ားႏွင့္မတူညီသည္မွာ သစ္ရြက္မ်ားမွ အဟာရဓာတ္မ်ားကို ပိုမိုစုပ္ယူစားသံုးႏိုင္ေသာ္လည္း စားၿမံဳ႕ျပန္ျခင္းေၾကာင့္ အာဟာရဓာတ္မ်ား၏( ၇၅%) မွ ( ၉၀%)ကုိ စုပ္ယူႏိုင္ျခင္းမရွိဘဲ အျပင္သို႔ ျပန္လည္စြန္႔ထုတ္ျခင္း ျဖစ္သည္။ သို႔ျဖစ္ပါ၍ အစာအိမ္သံသာရာလည္ပတ္မႈအဆံုးတြင္ အာဟာရဓာတ္ အားလံုးနီးပါးမွာ စြန္႔ပစ္ပစၥည္းမ်ားအျဖစ္ ျပန္လည္ထြက္ရွိလာျခင္းျဖစ္သည္။ #၄င္းကို ႏြားေခ်း ( ေနာက္ေခ်း) ဟုေခၚဆုိၾကသည္။ ႏြားေခ်းသည္ စြန္႔ပစ္အရည္ႏွင့္ အစိုင္အခဲမ်ား ေပါင္းစည္းထားျခင္းျဖစ္သည္။ ေမြးျမဴေရး တရိစၦာန္အားလံုး၏ စြန္႔ပစ္ပစၥည္းမ်ားသည္ ေျမဆီလႊာအား အထူးပင္အက်ိဳးျဖစ္ထြန္းေစနိုင္ေသာ အာဟာရဓာတ္မ်ားပါရွိသည့္ သဘာ၀ေျမၾသဇာမ်ားျဖစ္ေနၾကသည္။ #ႏြား၊ ဆိတ္၊ ယုန္၊ ၾကက္၊ ငါး စသည္တို႔တစ္မ်ိဳးစီ၏ စြန္႔ပစ္ပစၥည္းမ်ားတြင္ သီးျခားစီေကာင္းမြန္ေသာ ဂုဏ္သတၱိရွိၾကသည္။ ႏို႔စားႏြားမ်ား၏ စြန္႔ပစ္ပစၥည္းမ်ားတြင္ သီးႏွံမ်ားအတြက္ အာဟာရဓာတ္မ်ားစြာ ျဖစ္ေစနိုင္ၿပီး ေျမဆီလႊာအား ပိုမို၍ ေျမၾသဇာၾကြယ္၀ေစႏိုင္ၿပီး ေျမဆီလႊာအား ပိုမို၍ ေျမၾသဇာၾကြယ္၀ေစနိုင္ေၾကာင္း ေတြ႕ရွိရသည္။ #သို႔ေသာ္လည္း ႏြားေခ်းကုိ အျခားေနရာအမ်ားအျပားတြင္လည္း အက်ိဳးရွိရွိအသံုးျပဳႏိုင္ေၾကာင္း ေတြ႔ရွိရသည္။ #ႏြားေခ်းစနစ္တက် သိုေလွာင္နည္း အက်ယ္ ( ၁၁ ) ေပ ပတ္လည္ရွိသည့္ ေရမ၀ပ္သည့္ ေျမေနရာတစ္ခုေရြးပါ။ ယင္းပတ္လည္တြင္ ေရမ၀ပ္ေစရန္ ( ၆ ) လက္မအက်ယ္ ေျမာင္းပတ္ပတ္လည္တူးပါ။ အပူပိုင္းေဒသတြင္ ၂ေပ ×၁၀ေပ× ၁၀ေပ က်င္းတိမ္တူး၍ သံုးႏိုင္ပါသည္။ ယင္းေနရာအား ေနဒဏ္မိုးဒဏ္မွ ကာကြယ္ရန္အတြက္ ယာယီအမိုးငယ္တစ္ခုျပဳလုပ္ေပးပါ။ မိုးမမ်ားလြန္းပါက အရိပ္ေကာင္းေသာသစ္ပင္ရိပ္ေအာက္တြင္ ျပဳလုပ္ႏိုင္ပါသည္။ ႏြားမ်ားသိပ္သည့္ တင္းကုပ္ေျမေပၚတြင္ သစ္ရြက္ေျခာက္ အမိႈက္၊ ေကာက္ရိုး၊ ရိုးျပတ္၊ ျမက္ေျခာက္၊ ေကာက္ေမွာ္ ရရာတို႔ကုိ အခင္းအျဖစ္ ခင္းထား၍ ညဖက္တြင္ႏြားမ်ားကုိ သိပ္ေပးပါ။ တင္းကုပ္ရွင္းလင္းစဥ္ ႏြားမ်ားမွ စြန္႔ပစ္ေသာ မစင္၊ က်င္ငယ္ရည္ႏွင့္ ေရာေႏွာေနေသာ အမိႈက္မ်ားႏွင့္ ေျမသားအနည္းငယ္ကုိ စုေဆာင္းေရာေႏွာပါ။ ယင္းအမိႈက္မ်ားကုိ သိုေလွာင္သည့္ ေျမေနရာေပၚတြင္ ( ၆ ) လက္မထုခန္႔ရွိ အလႊာအျဖစ္ျဖန္႔ေပးပါ။ ယင္းအေပၚမွ ထံုးမႈန္႔၊ စဖိုျပာ စပါးခြံျပာမ်ားကုိ ပါးပါးျဖဴးေပးပါ။ တီးစူပါ၊ ေက်ာက္မႈန္႔၊ လေခ်းမႈန္႔ရရာကုိ ႏို႔ဆီဗူးတစ္ဖူးခန္႔ ပါးပါးျဖဴးထည့္ႏိုင္ပါက ပိုေကာင္းမြန္ပါသည္။ ယင္းနည္းျဖင့္ ႏြားေခ်းမ်ားကုိ ႏွစ္ပတ္လည္ စုေဆာင္းသြားႏိုင္ပါသည္။ #အကယ္၍ ႏြားေခ်းပံုထုထည္ႀကီးမားလာပါက ေဘးပတ္ပတ္လည္မွ ယာယီအကာအရံမ်ား ျပဳလုပ္ေပးရန္ လိုအပ္ပါသည္။ အစိုဓာတ္ႏွင့္ အာဟာရမ်ား အေငြပ်ံေပ်ာက္ဆံုးမႈေလ်ာ့နည္းေစရန္၊ အေပၚဆံုးအလႊာေပၚတြင္ အမိႈက္သစ္၇ြက္ေျခာက္၊ ထန္းရြက္ေျခာက္၊ က်ဴဖ်ာ၊ ၀ါးထရံစသည္တို႔ျဖင့္ အုပ္ထားေပးပါ။ #ႏြားေခ်း၏ အသံုး၀င္မႈမ်ား ႏြားတစ္ေကာင္သည္ တစ္ရက္လွ်င္ ႏြားေခ်း ပ်မ္းမွ် ေပါင္ ( ၅၀ ) ခန္႔ ထုတ္လုပ္ေပးႏိုင္ၿပီး ဆိတ္တစ္ေကာင္မွ တစ္ရက္လွ်င္ ဆိတ္ေခ်း ပ်မ္းမွ် ( ၁၀ ) ေပါင္ခန္႔ ထြက္ရွိပါသည္။ #ႏြားေခ်းကုိ သဘာ၀ေျမၾသဇာအျဖစ္ သာမက ေအာက္ေဖာ္ျပပါ ကိစၥရပ္မ်ားတြင္လည္း အသံုးျပဳႏိုင္ေၾကာင္း သိရွိရသည္။ ( က ) ခ်က္ျပဳတ္ေရးအတြက္ေလာင္စာအျဖစ္ အသံုးျပဳျခင္း။ ကမၻာေပၚရွိ လူအမ်ားအျပားသည္ ႏြားေခ်းေျခာက္ကုိ မီးရႈိ႕၍ ေလာင္စာအျဖစ္ အသံုးျပဳခ်က္ျပဳတ္ခဲ့ၾကသည္။ ( ခ ) Greenhouse မ်ားအား အပူေပးျခင္း။ ထြက္ရွိေသာႏြားေခ်းမ်ားစုစည္းၿပီး ေျမးေဆြးအျမစ္ျပဳလုပ္ကာ Greenhouse မ်ားအား အေႏြးဓာတ္ရရွိေစရန္ ေဆာင္ရြက္ၾကသည္။ ( ဂ ) မႈိစိုက္ပ်ိဳးထုတ္လုပ္ျခင္း။ ႏြားေခ်းေျခာက္မ်ားသည္ မႈိစိုက္ပ်ိဳးထုတ္လုပ္ေရးအတြက္ အေကာင္းမြန္ဆံုးေသာ ေျမအမ်ိဳးအစားျဖစ္သည္။ ( ဃ ) ဘိုင္အိုဂတ္စ္အျဖစ္ အသံုးျပဳျခင္း။ ႏြားေခ်းမွ မီသိန္းဓာတ္ေငြ႔ ထုတ္လုပ္ေပးသျဖင့္ ၄င္းမီသိန္းဓာတ္ေငြ႔ကုိ စုစည္းကာ အပူေပးျခင္းႏွင့္ ခ်က္ျပဳတ္ျခင္းတို႔တြင္ အသံုးျပဳႏိုင္သည္။ ( င ) ေျမေငြ႕ထိန္းအျဖစ္ အသံုးျပဳျခင္း။ ႏြားေခ်းမ်ား လတ္လတ္ဆတ္ဆတ္ရွိစဥ္ အပူဓာတ္ ရွိေနသျဖင့္ သစ္ပင္မ်ား၏ေျခရင္းတြင္ ေျမေဆြးမ်ားမေျခာက္ေသြ႕ေစရန္အေပၚမွ ႏြားေခ်းအစိုျဖင့္ အုပ္မံကာ ေျမဆီဓာတ္မျပယ္ေစရန္ အသံုးျပဳႏိုင္သည္။ #သံုးစြဲနည္း စနစ္တက် သိုေလွာင္ထားေသာ ႏြားေခ်းမ်ားကုိ အသံုးမျပဳမီ အထက္ေအာက္သမေအာင္ ေရာေမႊပါ။ တစ္ဧကလွ်င္ ႏြားလွည္း ( ၅ - ၁၀ ) စီးခန္႔ေျမျပဳျပင္ခ်ိန္တြင္ ထည့္သြင္း၍ မည္သည့္သီးႏွံမဆို စိုက္ပ်ိဳးႏိုင္ပါသည္။ ႏြားေခ်းမ်ားထည့္ၿပီးပါက ခ်က္ခ်င္းေျမျဖင့္ ဖံုးအုပ္ထားရန္ လိုအပ္ပါသည္။ #တျခားေသာ ဓာတ္ေျမၾသဇာမ်ားႏွင့္အတူ ေရာေႏွာ၍လည္း ထည့္သြင္းႏိုင္ပါသည္။ ေကာင္းစြာေဆြးေျမ့ ေၾကပ်က္ေသာ ႏြားေခ်းမ်ားကုိသာ ထည့္သြင္းသံုးစြဲပါ။ အာနိသင္ႏွင့္ အက်ိဳးသက္ေရာက္မႈ စနစ္တက်သိုေလွာင္ထားေသာ ႏြားေခ်းေဆြးေျမၾသဇာတြင္ ေအာက္ပါဓာတ္ပစၥည္းမ်ား ပါ၀င္ပါသည္။ #အပင္အာဟာရ ပါ၀င္မႈရာခိုင္ႏႈန္း ႏိုက္ထရိုဂ်င္ ၁.၄ % ေဖာ့စပရပ္ ၂.၁% ပိုတက္စီယမ္ ၁.၃% ကယ္စီယမ္ ၂.၆% မဂၢနီစီယမ္ ၀.၂% ဆာလဖာ ၁.၆% ေအာ္ဂဲနစ္ကာဘြန္ ၁၉.၇% #အက်ိဳးေက်းဇူး အပင္အဓိက အာဟာရဓာတ္မ်ားအျပင္ ေအာ္ဂဲနစ္ ကာဘြန္ပါ၀င္ မႈေၾကာင့္ ေျမဆီလႊာ၏ ရုပ္ဂုဏ္သတၱိကုိ ပိုမိုတိုးတက္ေကာင္း မြန္ေစ၍ ေအာက္ပါအက်ိဳးေက်းဇူးမ်ားကုိ ရရွိႏိုင္မည္ ျဖစ္ပါသည္။ ေစးေသာေျမကို ပြလာေစျခင္း သဲဆန္ေသာေျမကုိ ေစးထန္လာေစျခင္း အစိုဓာတ္ထိန္းသိမ္းမႈေကာင္းျခင္း ေလ၀င္ေလထြက္ ေကာင္းျခင္း အပူအေအးမွ်တေစျခင္း အာဟာရဓာတ္မ်ားကုိ ကာလရွည္ၾကာစြာ တစိမ့္စိမ့္ထုတ္ေပးျခင္းတို႔ျဖစ္သည္​။ Credit _Pissaya ထာ၀ရလက္တြဲေဖာ္ ႏြားေခ်းသိုေလွာင္ျခင္းစနစ္(1) " သဘာဝေျမၾသဇာ (တိရစၧာန္ ေခ်း ႏွင့္ က်င္ငယ္ေရ သိုေလွာင္ျခင္း စနစ္) " #သဘာဝေျမၾသဇာ ဆိုသည္မွာ လူက အထူးမျပဳလုပ္ မျပဳျပင္ရပဲ သဘာဝအေလ်ာက္ အလိုလိုျဖစ္ေပၚလာေသာ ေျမၾသဇာကို ေခၚပါသည္။ #၄င္းတို႔အနက္ ႏြားေခ်းသည္ အေရးႀကီးဆံုးျဖစ္ပါသည္။ ႏြားေခ်းဟု ေျပာေသာ္လည္း အျခားတိရစၧာန္မ်ား၏ ေခ်းမ်ားလည္း ပါဝင္ပါမည္။ #ႏြားေခ်း၌ သစ္ပင္မ်ားႏွင့္တကြ ဘက္တီးရီးယားမိႈ စေသာ ပိုးမႊားမ်ား စားသံုးရန္ အစာအဟာရမ်ား ပါဝင္သည္က တေၾကာင္း ေျမ၏အေနအထားကို ေကာင္းသည္ထက္ေကာင္းေအာင္ ျပဳျပင္ေပးနိုင္သည္က တေၾကာင္း ထိုအခ်က္မ်ားေၾကာင့္ ေကာင္းမြန္ေသာ သဘာဝ ေျမၾသဇာျဖစ္ေပသည္။ #သို႔ပါေသာ္လည္း ႏြားေခ်းအတြင္း ပါဝင္ေသာ အဟာရဓာတ္မ်ား ဆံုးရံႈးမသြားေအာင္ စနစ္တက် သိုေလွာင္ထားမွသာ အဖိုးတန္ေသာ ေျမၾသဇာ ျဖစ္မည္ကို ဂရုျပဳသင့္ေပသည္။ #ႏြားေခ်းဟုဆိုတိုင္း တန္ဖိုးရွိေသာ ေျမၾသဇာ မျဖစ္နိုင္ပါ။ ေနပူ မိုးရြာတြင္ သင့္ေလ်ာ္စြာ စုပံုထားေသာ ႏြားေခ်းသည္ အဆီၾသဇာမ်ား ခန္းေျခာက္ဆံုးရံႈးျပီး သစ္ရြက္ ေကာက္ရိုးေျခာက္ေလာက္သာ အစြမ္းရွိေပမည္။ #ႏြားေခ်းသည္ သိုေလွာင္မႈျခင္း တူေစကာမႈ လူတို႔ျပဳလုပ္ေသာ ဓာတ္ေျမၾသဇာမ်ားက့ဲသို႔ တစ္ခုႏွင့္တစ္ခု အျမဲတန္း တစ္သမတ္တည္း မတူနိုင္ပဲ အစဥ္သျဖင့္ ကဲြျပားျခားနား၏။ အခ်ိဳ႕တြင္ အာဟာရဓာတ္ အဆီၾသဇာမ်ား၍ အခ်ိဳ႕မွာ နည္းေနေပမည္။ မတူညီရေသာ အေၾကာင္းရင္းမ်ားမွာ - (1) ေခ်းတို႔၏စြမ္းအားသည္ တိရစၧာန္ အမ်ိဳးအစားေပၚ မူတည္၏။ တစ္နည္းအားျဖင့္ဆိုေသာ္ တိရစၧာန္တို႔၏ ေခ်းမ်ားသည္ တစ္မ်ိဳးႏွင့္ တစ္မ်ိဳးမတူ နိုင္ပါ။ စြမ္းအားတန္ဖိုးကို ၄င္း၌ပါဝင္ေသာ သစ္ပင္၏ အစာအဟာရ အနည္းအမ်ားႏွင့္ အစာအဟာရတို႔ကို သစ္ပင္မွ စုပ္ယူစားသံုး နိုင္ျခင္း ရွိ / မရွိ စေသာအခ်က္မ်ားေပၚတြင္ မူတည္ပါမည္။ (ေအာက္ပါဇယားကိုၾကည့္) #ဇယားတြင္ ေဖာ္ျပထားေသာ တန္ဖိုးအရ ျမင္းေခ်းသည္ ႏြားေခ်းထက္ ပိုေကာင္းေနသည္ကို ေတြ႔ရွိရမည္ျဖစ္ပါသည္။ လူအမ်ားသည္ ႏြားေခ်းကို ျမင္းေခ်းထက္ ပိုႀကိဳက္ႏွစ္သက္ သည္မွာ ျမင္းေခ်းသည္ အေၾကအညက္နည္း၍ ျမက္ဖတ္မ်ား ပါဝင္ေသာေၾကာင့္ ရုတ္တရက္ၾကည့္လွ်င္ အဆီၾသဇာမရွိဟု ထင္ရသည္ ျမင္းေခ်းကို က်နစြာ သိုေလွာင္သံုးစဲြလွ်င္ ႏြာေခ်းထက္ စြမ္းအားပိုမို႐ရွိပါမည္။ #ထို႔အျပင္ က်င္ငယ္ေရတို႔သည္ ေခ်းမ်ားထက္ ႏိုက္ထရိုဂ်င္ ႏွင့္ ပိုတက္ ဓာတ္မ်ား ပိုမိုပါဝင္ပါသည္။ ထို႔ေၾကာင့္ အဖိုးတန္ေသာ က်င္ငယ္ေရ မဆံုးပါး ေပ်ာက္ပ်က္မႈမရွိေအာင္ သိုေလွာင္ထားရန္လည္း အေရးႀကီးပါမည္။ က်င္ငယ္ေရတြင္ ပါဝင္ေသာ ဓာတ္မ်ားသည္ ေရတြင္ အလြယ္တကူ ေပ်ာ္ဝင္ျပီးျဖစ္သျဖင့္ သစ္ပင္မ်ားမွ အလြယ္တကူ စုပ္ယူနိုင္ၾကပါသည္။ က်င္ငယ္ေရ အလြယ္တကူ ခံယူနည္းမွာ တိရစၧာန္မ်ားေအာက္ခင္းတြင္ ေကာက္ရိုး / ျမက္ေျခာက္မ်ား ခင္းေပးလွ်က္ က်င္ငယ္ေရမ်ားကို စုပ္ယူနိုင္ေစပါမည္။ (2) တိရစၧာန္တို႔တြင္ အသက္ႀကီးေသာ အေကာင္မ်ား၏ ေခ်း က်င္ငယ္ေရသည္ အသက္ငယ္ေသာ အေကာင္မ်ား၏ ေခ်း က်င္ငယ္ေရထက္ ပိုမိုစြမ္းအားရွိၾကပါသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ အေကာင္ငယ္မ်ားသည္ စားေသာအစားအစာမ်ားမွ ႀကီးထြားဖို႔အတြက္ အရွိန္ယူေနရသည့္ အခ်ိန္ျဖစ္သျဖင့္ ေခ်း ႏွင့္ ေသးတို႔တြင္ အာဟာရဓာတ္ ပါဝင္မႈနည္းေပမည္။ အေကာင္ႀကီးမ်ားသည္ ႀကီးထြားႏႈန္းအတြက္ အားေပးရန္ မလိုသည့္အတြက္ ေခ်း ေသး မ်ားမွာ ကဆီဓာတ္ ပါဝင္မႈႏႈန္း ပိုမိုမ်ားပါမည္။ ထို႔နည္းတူစြာ ကိုယ္ဝန္ေဆာင္ အမ ႏွင့္ ႏို႔တိုက္ေနရေသာ အမ ၏ ေခ်း ေသး ႏွင့္ အျခား အမမ်ား၏ ေခ်း ေသးက ပိုမိုေကာင္းမြန္ပါသည္။ (3) အစားအစာသည္လည္း ေခ်း ေသး ၏ တန္ဖိုးကို အေထာက္အကူျပဳပါသည္။ အဆီၾသဇာကိုစားရေသာ တိရစၧာန္ႏွင့္ မစားရေသာ တိရစၧာန္တို႔၏ ေခ်း ေသး မ်ားမွာလည္း တန္ဖိုးျခင္း ကြာပါမည္။ (4) သိုမွီးသိမ္းဆည္းရာမွာလည္း တန္ဖိုးျခင္း ကြာသြားနိုင္ပါမည္။ ရာႏႈန္းျပည့္ စြမ္းအားရွိေသာ ေျမၾသဇာက္ို လိုပါက စနစ္တက် သိုေလွာင္ရန္္ အေရးႀကီးပါသည္။ စနစ္တက်သိုေလွာင္ မထားေသာ ေခ်းကို ဝယ္မိပါက ကုန္က်စရိတ္မ်ားျပီး အက်ိဳးျဖစ္ထြန္းမႈ နည္းပါမည္။ ကြ်ဲ ႏြားတစ္ေကာင္မွ တစ္ႏွစ္လွ်င္ ေခ်းတန္ခ်ိန္ (10)တန္ နႈန္းထြက္ရွိသည္ ဆိုၾကပါစို႔ ေသခ်ာစြာ သိမ္းဆည္းျခင္း မရွိပဲ ေနပူ မိုးရြာထဲ ျပစ္ထားလွ်င္ တန္ဖိုး တစ္ဝက္ခန္႔ ဆံုးရံႈးနိုင္သျဖင့္ ဝယ္ယူစရိတ္သည္ (10)တန္ေစ်းေပးရျပီး ရရွိေသာ အက်ိဳးတရားမွာ (5)တန္သာ ရရွိပါမည္။ (5) သိုေလွာင္မႈစနစ္သည္ ေခ်းမ်ားအား အမိုးအကာ ေအာက္တြင္ထားရွိရမည္ ျဖစ္ျပီး ေသးမ်ား စုပ္ယူရန္အတြက္ ေအာက္ေျခ အခင္းတြင္ ေကာက္ရိုး ျမက္ေျခာက္မ်ား ခင္းေပးရမည္။ ၄င္းအခင္းမ်ားကို တစ္ပါတ္လွ်င္ တစ္ႀကိမ္ လဲေပးၿပီး ရရွိလာေသာ ေကာက္ရိုး ျမက္ေျခာက္မ်ားကို အမိုးေအာက္ရွိ ေခ်းမ်ားႏွင့္ ေရာေႏွာထားပါ။ ထိုသို႔ သိုေလွာင္ထားျခင္းတြင္ ဘက္တီးရီးယား ပိုးမ်ားသည္ ေခ်းထဲ၌ ကြ်င္းက်န္ေသာ အာဟာရမ်ားႏွင့္ ၾသဂဲနစ္ျဒပ္မ်ားကို မွီဝဲ စားေသာက္ျခင္းျဖင့္ ၾသဂဲနစ္ျဒပ္မ်ား ေလာင္ကြ်မ္းကုန္ၾကေပသည္။ အခ်ိန္ကာလ အတန္အသင့္ ၾကာေသာ္ ေခ်းပံုသည္ က်ံဳက်ံဳ လာေပမည္။ ပါဝင္ေသာ နိုက္ထရိုဂ်င္ဓာတ္သည္လည္း အာမိုးနီးယား ဓာတ္ေငြ႕အျဖစ္သို႔ ေျပာင္းလဲကာ ေလထဲသို႔ လႊင့္ပါးေပ်ာက္ဆံုးေပသည္။ ယင္းသို႔ ဆံုးရံႈးရသည္မွာ ဘက္တီးရီးယားပိုးမ်ား၏ ပေယာဂေၾကာင့္ ျဖစ္သည့္အတြက္ ၄င္းတို႔ မတိုးပြားနိုင္ေအာင္ ေခ်းပံုကို ပြပြမထားပဲ အျပင္ေလ မဝင္နိုင္ေအာင္ ဖိသိပ္ေပးရပါမည္။ ထိုသို႔ ဖိသိပ္ထားျခင္းျဖင့္ ေလရွိမွေပါက္ဖြား နိုင္ေသာ ဘက္တီးရီးယားမ်ား ရွင္သန္မႈ မရွိနိုင္ေတာ့ေပ၊ ယင္းက့ဲသို႔ လုပ္ေဆာင္ေသာ္လည္း တစ္ခါတစ္ရံတြင္ ေခ်းပံုမွ အေငြ႕ေထာင္းေထာင္း ထေနျခင္းမွာ ေခ်းထဲရွိ ၾသဂဲနစ္ဓာတ္မ်ားႏွင့္ ေလထုထဲရွိ ေအာက္ဆီဂ်င္ဓာတ္တို႔ ေပါင္းစပ္ျခင္းပင္ ျဖစ္ပါသည္။ #ထိုေၾကာင့္ တိရစၧာန္ ေခ်း ႏွင့္ ေသးမ်ားကို စနစ္တက် သိုေလွာင္မႈမရွိလွ်င္ ၄င္းတို႔၏ တန္ဖိုးမ်ား အက်ိဳးမ့ဲ ဆံုးရံႈးနုိင္ျပီး ကုန္က်စရိတ္သာမ်ားျပီး အက်ိဳးရရွိမႈ နည္းပါးႏိုင္ေၾကာင္း ေရးသား တင္ျပလိုက္ပါသည္။ #ဦးေအာင္သိန္း (ဥယ်ာဥ္စိုက္ပ်ိဳးျခင္းပညာ)

Comments