နံသာဖြူ စိုက်​ပျိုး​ရေး နှင်​့ အကြံပြုချက်​များ.....( နံသာျဖဴ စိုက္​ပ်ိဳး​ေရး ႏွင္​့ အၾကံျပဳခ်က္​မ်ား..... )


XXXXXXXXXXXXXXXX       UNICODE  FONT    XXXXXXXXXXXXXXX



 နံသာဖြူ စိုက်​ပျိုး​ရေး နှင်​့ အကြံပြုချက်​များ.....
နံသာဖြူ စိုက်​ပျိုး​ရေး နှင်​့ အကြံပြုချက်​များ...နံ့သာဖြူစိုက်ပျိုးနည်း နံ့သာဖြူစိုက်ပျိုးနည်း (ထွန်းမြနန္ဒာမှကူယူဖော်ပြသည်) စုပေါင်းရောင်းချဖို့အဖွဲ့ဖွဲ့ပါမည် 09797691300 - ငွေလိုရင် ထီမထိုးနဲ့ န့ံသာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူအများကို န့ံသာဖြူ စိုက်ပျိုးစေ ချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း စိုက်ပျိုးရေး ဌာနမှာ အလုပ်စဝင်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက် ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေ ရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင် ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြံပေး အရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁ဝပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ် များလာပြီး တန်ဖိုးများ လာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ဝင်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။ ကာလ သတ်မှတ်ချက် တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ဝင်ငွေရဖို့ သေချာတယ်။ နံ့သာဖြူရဲ့ စျေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။ မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့ ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့ အခါကျတော့ အများကြီး မဝယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ဝယ်ကြတယ်။ ဒီလောက် ဝယ်ရင်တောင် သူက တော်တော် အသုံးခံ တဲ့ပစ္စည်း။ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာ ရေမွှေးမှာ အခြေခံ ပစ္စည်းအဖြစ် သုံးကြတယ်။ သြစတြေးလျမှာဆိုရင် နိုင်ငံခြား ဝင်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင် အစိုးရစျေးက နံ့သာဖြူ တစ်တန်ကို သြစတြေးလျ ဒေါ်လာ ၁၅,၀၀၀ ရှိတယ်။ မှောင်ခိုစျေး မှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည် အနေနဲ့လည်း စျေးကွက် ရှိပါတယ်။ အဓိက ထွက်ဖို့ပဲ လိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ န့ံသာဖြူဆိုပြီး နှစ်မျိုးရှိတယ်။ အကောင်းဆုံးကတော့ အိန္ဒိယ န့ံသာဖြူပဲ။ ဒီမှာကတော့ အဆီ တစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။ န့ံသာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ ရပါသလဲ။ နံ့သာဖြူတို့၊ ကရမက် တို့ဆိုတာ မြန်မာ အမျိုးသမီးတွေ အတွက်တော့ နေ့စဉ် လိမ်းသင့်တဲ့ ပစ္စည်း။ နံ့သာဖြူလိမ်းရင် အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်း သွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူ လိမ်းရင် အပူကျ သွားမယ်။ ကလေးတွေ ဒတ်တွေ၊ ဝဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင် ပျောက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန် ပစ္စည်းတွေမှာ သုံးတယ်။ အဓိက ကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူ အဆီပဲဖြစ်ဖြစ်၊ အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာ ကုထုံးတွေမှာ သုံးတယ်။ ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။ ဒီအပင်က သစ်တောပင် ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့ နေရာဆို အနှစ်ပို ကျစ်လစ်တယ်။ မြေကောင်းတဲ့ နေရာဆို ဖြစ်ထွန်းတာ မြန်တယ်၊ နည်းနည်းပွတယ်။ အဓိက ကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့ နေရာမျိုး ကလွဲရင် ဖြစ်ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေ တွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့ အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာ သေချာတယ်။ ရှစ်နှစ်လောက် ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရ တဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ် သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။ န့ံသာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုး ရပါသလဲ။ စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁ဝနှစ်၊ ၁၂ နှစ် ရှိတဲ့အခါ ကျရင် သူ့အတွက် စရိိတ်မလို ဘူးပေါ့။ ခက်ခဲတာ တစ်ခုက အပင်က နုတဲ့အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေး ဖို့လိုတယ်။ ဂရုစိုက်ရတယ် ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေး ဖျန်းတာတို့ ပေါင်းရှင်းတာ တို့ပေါ့။ တစ်ပေခွဲ၊ နှစ်ပေ မြင့်သွားပြီ ဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ ဘူးပေါ့။ သာမန် ထိန်းသိမ်းရုံနဲ့ ဝင်ငွေရတယ်ပေါ့။ တစ်နှစ်လောက် ပြုစုရတယ် ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါ ကျတတ်တယ်။ မှိုဆေးကို တစ်လ တစ်ကြိမ် ဖျန်းပေး ရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက က တော့ ဒီအပင်ကို သတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့ လိိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့် လာတဲ့အခါ၊ အရွက်က ကြီးရင့် လာတဲ့အခါမှာ သူတို့ ခံနိုင်ရည် ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ် လောက်ပဲ ပုံမှန်ပေါင်းရှင်း တာလုပ်ပေးရင် ရတယ်။ မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူး ထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရတယ်။ ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလို ကြာတတ် တဲ့အတွက် ပျိုးဘူးထဲ မှာကျတော့ အပင်ပေါက်ရ ခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြားအပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူ ပျိုးပင် ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြား မယ်ဇလီတို့၊ ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက် ရှိမှ ထည့်ခိုင်းလဲ ဆိုတော့ သူ့ရဲ့ ကပ်ပါးပင်က သူ့ထက် ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ န့ံသာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။ န့ံသာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစား တွေနဲ့တွဲပြီး စိုက်ပျိုးသင့် ပါသလဲ။ နံ့သာဖြူနဲ့ ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော်လောက်ရှိ ပါတယ်။ မယ်ဇလီ ပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲစိုက်ကြ ပါတယ်။ အမျိုးပေါင်း ကတော့ တော်တော်များ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိက စိုက်ပျိုး ပါသလဲ။ အစကတော့ တို့က ပုပ္ပါးမှာ စိုက်တာ နှာရောင် နံ့သာဖြူ စန္ဒာကူးတော ဆိုပြီး စိုက်ထားတာ။ မင်းဘူး ဘက်မှာတော့ စီးပွားဖြစ် စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက်ထား ရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်း ပစ်ထားလို့ ရလို့ စိုက်ဖို့တိုက်တွန်းတာပါ။ န့ံသာဖြူက အတု၊ အစစ်ရှိလား။ အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။ နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း စျေး ဒေါ်လာ တစ်ထောင် ရှိတယ်။ န့ံသာဖြူရဲ့ အဆီနဲ့ မာလကာသားကို ပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။ ချက်ချင်းတော့ သူက နံ့သာဖြူ အနံ့ပဲ။ ခဏနေ ကြည့်တဲ့အခါ ကျတော့ အန့ံပြယ် သွားတယ်။ န့ံသာဖြူ အနှစ်က သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာ ပေါ်မနေဘဲ နစ်သွားတယ်။ အသားက အဝါရောင် သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွား တာပေါ့။ အပင်က ၁၅ ပေ လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူ အစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။ နံ့သာဖြူ ပျိုးပင်နဲ့ မျိုးစေ့တွေက ရောင်းစျေး ဘယ်လောက်ရှိ ပါသလဲ။ မျိုးစေ့ကတော့ ကာလအချိန် အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။ ပျိုးပင် အနိမ့်အမြင့် ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊ ၂၀၀၀ ရှိိတယ်။ မျိုးစေ့ထွက်တဲ့ အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။ နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။ အဓိက ကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။ စောင့်တယ် ဆိုတာ ကလည်း သေချာတဲ့ စောင့်နည်း မျိုးဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာ ပြီး ဖြစ်လို့ စိုက်ဖို့ တိုက်တွန်းတယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ ရပါတယ်။ ူ#credit






XXXXXXXXXXXXXXXXXX       ZAWGYI  FONT    XXXXXXXXXXXXXXXX

နံသာျဖဴ စိုက္​ပ်ိဳး​ေရး ႏွင္​့ အၾကံျပဳခ်က္​မ်ား.....

နံသာျဖဴ စိုက္​ပ်ိဳး​ေရး ႏွင္​့ အၾကံျပဳခ်က္​မ်ား...နံ႔သာျဖဴစိုက္ပ်ဳိးနည္း နံ႔သာျဖဴစိုက္ပ်ဳိးနည္း (ထြန္းျမနႏၵာမွကူယူေဖာ္ျပသည္) စုေပါင္းေရာင္းခ်ဖို႕အဖြဲ႕ဖြဲ႕ပါမည္ 09797691300 - ေငြလိုရင္ ထီမထုိးနဲ႔ န႔ံသာျဖဴပင္ စိုက္ပ်ဳိးပါဆိုတဲ့ အၾကံျပဳခ်က္ေလးနဲ႔ ပတ္သက္ၿပီး ေျပာျပေပးပါ။ လူအမ်ားကုိ န႔ံသာျဖဴ စိုက္ပ်ဳိးေစ ခ်င္တာပါ။ ၁၉၆၉ ခုႏွစ္မွာ ေက်ာက္ပန္း ေတာင္းၿမိဳ႔နယ္၊ ေၿမေက်းရွင္း စိုက္ပ်ဳိးေရး ဌာနမွာ အလုပ္စ၀င္တယ္။ ၁၉၅၆ ခုႏွစ္ကတည္းက ပုပၸါးေတာင္မွာ စစုိက္ ထားတယ္။ ေျမေက်းရွင္းကေန တာ၀န္ယူၿပီး စိုက္ထားတာပါ။ အိႏၵိယကေန ရလာတဲ့ နံ႔သာျဖဴပင္ ပ်ဳိးပင္ ၁၉၆ ပင္ကုိ ႏွာေရာင္ ဥယ်ာဥ္ျခံမွာ စိုက္ခဲ့ပါတယ္။ ၁၉၇၈ ခုႏွစ္မွာ ႏိုင္ငံေတာ္မွာ စုိက္ပ်ဳိးေရးနဲ႔ ပတ္သတ္တဲ့ အၾကံေပး အရာရွိ ဦးစုက နံ႔သာျဖဴပ်ဳိး ပင္ကုိ စမ္းၿပီးစိုက္တယ္။ ဦးတုိ႔လုပ္ခဲ့တဲ့ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္ရွိတဲ့ နံ႔သာျဖဴက ၁၀ပိႆာ၊ ၁၅ ပိႆာေလာက္ ထြက္တာ ေတြ႕ရတယ္။ နံ႔သာျဖဴ တစ္ပိႆာရဲ႕ ကာလ တန္ဖိုးက သံုးသိန္းေလာက္ရွိတယ္။ နံ႕သာျဖဴပင္က အပင္ငယ္ငယ္နဲ႔ေတာ့ ထုတ္လို႔မရဘူး။ အနည္းဆံုး ရွစ္ႏွစ္ေလာက္ေတာ့ ေစာင့္ရတာေပါ့။ ရွစ္ႏွစ္မွာ တစ္ပိႆာထြက္မယ္ဆုိရင္ ကိုးႏွစ္မွာ ႏွစ္ပိႆာ၊ သံုးပိႆာ ဆိုေတာ့ သူက ႏွစ္ၾကာလာေလေလ နံ႔သာျဖဴအႏွစ္ မ်ားလာၿပီး တန္ဖိုးမ်ား လာေလေလေပါ့။ သူက ႏွစ္ၾကာေလေလ တန္ဖိုးက တက္လာေလဆိုေတာ့ သူက ခ်က္ခ်င္းေတာ့ ၀င္ေငြမရေပမယ့္ ရဖို႔ကေတာ့ ေသခ်ာတယ္။ ကာလ သတ္မွတ္ခ်က္ တစ္ခု ရွစ္ႏွစ္ ကုိးႏွစ္ေလာက္ ေစာင့္ထားမယ္ဆုိရင္ ၀င္ေငြရဖို႔ ေသခ်ာတယ္။ နံ႔သာျဖဴရဲ႕ ေစ်းကြက္က ဘယ္ေနရာေတြမွာ ျဖစ္ထြန္းလဲ။ ျမန္မာျပည္မွာေတာ့ ဘယေဆးဆိုင္ ေတြမွာ ေရာင္းတယ္။ အေလးခ်ိန္နဲ႔ ေရာင္းတာ။ သူက တန္ဖိုးႀကီးတဲ့ အခါက်ေတာ့ အမ်ားႀကီး မ၀ယ္ႏုိင္ဘူး။ တစ္ခါ၀ယ္ရင္ ၁၀ သား၊ ၁၅ က်ပ္သားေလာက္ ၀ယ္ၾကတယ္။ ဒီေလာက္ ၀ယ္ရင္ေတာင္ သူက ေတာ္ေတာ္ အသံုးခံ တဲ့ပစၥည္း။ အိႏၵိယ၊ ဂ်ပန္၊ ၾသစေၾတးလ်၊ အေရွ႕အလယ္ပုိင္း ႏိုင္ငံေတြျဖစ္တဲ့ အာရပ္ႏုိင္ငံေတြမွာ ေရေမႊးမွာ အေျခခံ ပစၥည္းအျဖစ္ သံုးၾကတယ္။ ၾသစေၾတးလ်မွာဆိုရင္ ႏုိင္ငံျခား ၀င္ေငြရတဲ့ သီးႏွံတစ္ခုအျဖစ္ ထုတ္လုပ္ေနတယ္။ ၾသစေၾတးလ်မွာ တရား၀င္ အစိုးရေစ်းက နံ႔သာျဖဴ တစ္တန္ကုိ ၾသစေၾတးလ် ေဒၚလာ ၁၅,၀၀၀ ရွိတယ္။ ေမွာင္ခိုေစ်း မွာဆုိ တစ္တန္ကုိ ေဒၚလာ ႏွစ္သန္းခြဲ တန္တယ္။ ျမန္မာျပည္ အေနနဲ႔လည္း ေစ်းကြက္ ရွိပါတယ္။ အဓိက ထြက္ဖုိ႔ပဲ လိုတာ။ ထြက္ဖုိ႔ကလည္း စိုက္ဖို႔လိုတယ္။ နံ႔သာျဖဴက အိႏၵိယ နံ႔သာျဖဴနဲ႔ ၾသစေၾတးလ် န႔ံသာျဖဴဆိုၿပီး ႏွစ္မ်ဳိးရွိတယ္။ အေကာင္းဆံုးကေတာ့ အိႏၵိယ န႔ံသာျဖဴပဲ။ ဒီမွာကေတာ့ အဆီ တစ္ေအာင္စကို ေငြက်ပ္ ၁၅,၀၀၀၊ ၂၀,၀၀၀ ရွိတယ္။ န႔ံသာျဖဴကုိ ဘယ္ေနရာေတြမွာ အသံုးျပဳလုိ႔ ရပါသလဲ။ နံ႔သာျဖဴတို႔၊ ကရမက္ တို႔ဆုိတာ ျမန္မာ အမ်ဳိးသမီးေတြ အတြက္ေတာ့ ေန႔စဥ္ လိမ္းသင့္တဲ့ ပစၥည္း။ နံ႔သာျဖဴလိမ္းရင္ အပူၿငိမ္းတယ္။ သူ႔ကိုလိမ္းရင္ စိတ္ရႊင္လန္း သြားတယ္။ ေပါ့ပါ့ပါးပါး ၿဖစ္သြားတယ္။ ေနာက္တစ္ခုက ဖ်ားတယ္၊ နာတယ္ အပူမ်ားမယ္ဆုိရင္ နံ႔သာျဖဴ လိမ္းရင္ အပူက် သြားမယ္။ ကေလးေတြ ဒတ္ေတြ၊ ၀ဲေတြေပါက္ရင္ နံ႔သာျဖဴေသြးၿပီး လိမ္းေပးရင္ ေပ်ာက္တယ္။ တစ္ကမၻာလံုး အတိုင္းအတာ အရကေတာ့ အလွကုန္ ပစၥည္းေတြမွာ သံုးတယ္။ အဓိက ကေတာ့ ေရေမႊးတို႔၊ အလွ ကုန္ပစၥည္းတုိ႔ ထုတ္တဲ့အခါမွာ အေျခခံ ပစၥည္းေပါ့။နံ႔သာျဖဴ အဆီပဲျဖစ္ျဖစ္၊ အႏွစ္ပဲျဖစ္ျဖစ္ ဘယ္ေလာက္ၾကာၾကာ အနံ႔က ၿပယ္မသြားဘူး။ သူ႔ရဲ႕ အဆီနည္းနည္းေလး ထည့္လုိက္တာနဲ႔ အနံ႔က လႊမ္းသြားတယ္။ ၾသစေၾတးလ် နံ႔သာျဖဴကေတာ့ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ နံ႔သာ ကုထံုးေတြမွာ သံုးတယ္။ ဘယ္လုိ ေျမအမ်ဳိးအစားေတြမွာ စုိက္ပ်ဳိးတာ သင့္ေတာ္ပါသလဲ။ ဒီအပင္က သစ္ေတာပင္ ၿဖစ္တဲ့အတြက္ ေၿမသိပ္မေရြးဘူး။ ေၿမညံ့တဲ့ ေနရာဆို အႏွစ္ပို က်စ္လစ္တယ္။ ေၿမေကာင္းတဲ့ ေနရာဆုိ ၿဖစ္ထြန္းတာ ၿမန္တယ္၊ နည္းနည္းပြတယ္။ အဓိက ကေတာ့ စိမ့္စြဲေနတဲ့ ေနရာမ်ဳိး၊ ဆပ္ျပာေပါက္တဲ့ ေနရာမ်ဳိး ကလြဲရင္ ၿဖစ္ထြန္းတယ္။ ေက်ာက္ေတာင္ ေက်ာက္ၾကားေတြ၊ ေတာင္ကုန္းေတြ ၊ ေက်ာက္စရစ္ေျမ ေတြမွာလည္း ၿဖစ္တယ္။ အျဖစ္ေႏွးတဲ့ အတြက္ စိတ္ရွည္ေအာင္ ေစာင့္ရေပမယ့္ ရွစ္ႏွစ္ ေနာက္ပုိင္းဆုိ ထြက္မွာ ေသခ်ာတယ္။ ရွစ္ႏွစ္ေလာက္ ကတည္းက တစ္ပင္ကုိ သံုးသိန္းေလာက္ တြက္လို႔ရ တဲ့အတြက္ ထီထိုးတာထက္ ေသခ်ာတယ္။ ၁၀ ႏွစ္၊ ၁၂ ႏွစ္ သားဆုိ သံုးပိႆာ၊ သံုးပိႆာခြဲ ေလာက္ကေန ေလးပိႆာ၊ ငါးပိႆာ ေလာက္ ထြက္ႏုိင္တယ္။ န႔ံသာျဖဴကို ဘယ္လုိမ်ဳိး ျပဳစုစုိက္ပ်ဳိး ရပါသလဲ။ စိုက္ဖို႔က ကိုယ့္ျခံစည္း႐ုိး ပတ္လည္မွာ စိုက္လည္းရတယ္။ စီးပြားျဖစ္ စုိက္လည္း ရတယ္။ ကုိယ့္သားသမီးကုိ အေကာင္းဆံုး အေမြေပးခ်င္တယ္ဆိုရင္ သူသံုးႏွစ္သားေလာက္ကတည္းက စုိက္ ထားရင္ ၁၀ႏွစ္၊ ၁၂ ႏွစ္ ရွိတဲ့အခါ က်ရင္ သူ႔အတြက္ စရိိတ္မလုိ ဘူးေပါ့။ ခက္ခဲတာ တစ္ခုက အပင္က ႏုတဲ့အတြက္ ပထမ တစ္ႏွစ္မွာ ဂ႐ုစိုက္ေပး ဖို႔လိုတယ္။ ဂ႐ုစိုက္ရတယ္ ဆုိတာက မႈိသတ္ေဆး၊ ပိုးသတ္ေဆး ဖ်န္းတာတုိ႔ ေပါင္းရွင္းတာ တို႔ေပါ့။ တစ္ေပခြဲ၊ ႏွစ္ေပ ျမင့္သြားၿပီ ဆုိရင္ေတာ့ ဂ႐ုစိုက္စရာ မ လုိေတာ့ ဘူးေပါ့။ သာမန္ ထိန္းသိမ္း႐ုံနဲ႔ ၀င္ေငြရတယ္ေပါ့။ တစ္ႏွစ္ေလာက္ ၿပဳစုရတယ္ ဆိုတာက အပင္ကငယ္ေတာ့ အရြက္ ကႏုတယ္။ မႈိေရာဂါ က်တတ္တယ္။ မႈိေဆးကုိ တစ္လ တစ္ႀကိမ္ ဖ်န္းေပး ရတယ္။ ေပါင္းျမက္ရွင္း ေပးရတယ္။ အဓိက က ေတာ့ ဒီအပင္ကို သတ္မယ့္ ႏြယ္ပင္ႀကီးေတြ မရွိဖုိ႔ လိုိတယ္။ တစ္ႏွစ္ၾကာၿပီး တစ္ေပခြဲ၊ ႏွစ္ေပခြဲျမင့္ လာတဲ့အခါ၊ အရြက္က ႀကီးရင့္ လာတဲ့အခါမွာ သူတို႔ ခံႏုိင္ရည္ ရွိလာမယ္။ ေနာက္ပိုင္းက်ရင္ တစ္လတစ္ႀကိမ္ ေလာက္ပဲ ပံုမွန္ေပါင္းရွင္း တာလုပ္ေပးရင္ ရတယ္။ မ်ဳိးေစ့ကိုလည္း စိုက္လို႔ရတယ္။ ပ်ဳိးပင္ကုိလည္း စုိက္လို႔ရတယ္။ နံ႔သာျဖဴေစ့က မာေတာ့ အေစ့ကို ေရႏွစ္ရက္ေလာက္ စိမ္ရတယ္။ စိမ္ၿပီးေတာ့မွ ပ်ဳိးဘူး ထဲမွာလည္း တိုက္႐ိုက္ စုိက္လုိ႔ ရတယ္။ ပ်ဳိးေဘာင္ထဲမွာ ပ်ဳိးၿပီးမွ စိုက္လည္းရတယ္။ မ်ဳိးေစ့ကေန အပင္ေပါက္ဖို႔က ႏွစ္လကေန သံုးလထိ ေအာင္ ၾကာတတ္တယ္။ အဲဒီလို ၾကာတတ္ တဲ့အတြက္ ပ်ဳိးဘူးထဲ မွာက်ေတာ့ အပင္ေပါက္ရ ခက္တယ္။ အဲဒီေတာ့ ပ်ဳိးေဘာင္မွာေထာင္ၿပီး အပင္ေပါက္ေတာ့မွ ေရႊ႕စိုက္ရတယ္။ နံ႔သာျဖဴက ကပ္ပါးပင္၊ အျခား အပင္ကုိ မွီခုိၿပီးမွ စားေသာက္လို႔ရတဲ့ အပင္မ်ဳိးေပါ့။ အျခားအပင္ရဲ႕ အျမစ္ကို မွီခုိၿပီး စားေသာက္တယ္။ သူနဲ႔ယွဥ္တြဲၿပီး အျခားအပင္ကို စုိက္ရတဲ့အခါက်ေတာ့ နံ႔သာျဖဴ ပ်ဳိးပင္ ရွစ္လက္မေလာက္ ရွိတဲ့အခါက်မွ အျခား မယ္ဇလီတို႔၊ ေဘာစကိုင္းတို႔ ထည့္ေပးရတယ္။ ပ်ဳိးပင္ေလး ရွစ္လက္မေလာက္ ရွိမွ ထည့္ခုိင္းလဲ ဆိုေတာ့ သူ႔ရဲ႕ ကပ္ပါးပင္က သူ႔ထက္ ႀကီးသြားလုိ႔ မရဘူး။ ဒါေၾကာင့္မို႔ န႔ံသာျဖဴပင္ေလး ႀကီးသြားမွ မယ္ဇလီေစ့ကို ထည့္လို႔ရမယ္။ န႔ံသာျဖဴပင္ကို ဘယ္လိုကပ္ပါးပင္ အမ်ဳိးအစား ေတြနဲ႔တြဲၿပီး စိုက္ပ်ဳိးသင့္ ပါသလဲ။ နံ႔သာျဖဴနဲ႔ ယွဥ္တြဲၿပီး စုိက္လုိ႔ရတဲ့ ကပ္ပါးပင္ အမ်ဳိးေပါင္း ၃၀၀ ေက်ာ္ေလာက္ရွိ ပါတယ္။ မယ္ဇလီ ပင္ကေတာ့ အသင့္ေတာ္ဆံုးလို႔ ေၿပာပါတယ္။ ရွားတို႔၊ ထေနာင္းတို႔၊ ေဘာစကိုင္းတို႔လည္း တြဲစိုက္ၾက ပါတယ္။ အမ်ဳိးေပါင္း ကေတာ့ ေတာ္ေတာ္မ်ား ပါတယ္။ ၿမန္မာႏုိင္ငံရဲ႕ ဘယ္ေဒသေတြမွာ နံ႔သာျဖဴ အဓိက စိုက္ပ်ဳိး ပါသလဲ။ အစကေတာ့ တို႔က ပုပၸါးမွာ စုိက္တာ ႏွာေရာင္ နံ႔သာျဖဴ စႏၵာကူးေတာ ဆိုၿပီး စိုက္ထားတာ။ မင္းဘူး ဘက္မွာေတာ့ စီးပြားျဖစ္ စိုက္ၾကပါတယ္။ ဦးတို႔ကို ဒါကိုစိုက္ထား ႐ုံေပါ့၊ တစ္ႏွစ္ေလာက္ပဲ ျပဳစုၿပီး ေနာက္ပုိင္း ပစ္ထားလို႔ ရလို႔ စိုက္ဖို႔တုိက္တြန္းတာပါ။ န႔ံသာျဖဴက အတု၊ အစစ္ရွိလား။ အရည္အေသြးေကာင္း၊ မေကာင္း ဘယ္လုိၾကည့္ရမလဲ။ နံ႔သာျဖဴမွာ အတု၊ အစစ္ရွိတယ္။ နံ႔သာျဖဴအဆီက တစ္ေပါင္ကုိ အၾကမ္းဖ်င္း ေစ်း ေဒၚလာ တစ္ေထာင္ ရွိတယ္။ န႔ံသာျဖဴရဲ႕ အဆီနဲ႔ မာလကာသားကုိ ေပါင္းလုိက္တယ္။ အနံ႔ကစြဲသြားတယ္။ ခ်က္ခ်င္းေတာ့ သူက နံ႔သာျဖဴ အနံ႔ပဲ။ ခဏေန ၾကည့္တဲ့အခါ က်ေတာ့ အန႔ံျပယ္ သြားတယ္။ န႔ံသာျဖဴ အႏွစ္က ေသးေပမယ့္ သိပ္သည္း က်စ္လစ္တယ္။ ေလးတယ္။ ေရထဲမွာ ေပၚမေနဘဲ နစ္သြားတယ္။ အသားက အ၀ါေရာင္ သန္းတယ္။ သူက အရင္းက ပုိရင့္တယ္။ အဖ်ားပိုင္းက အႏွစ္က ေလ်ာ့သြား တာေပါ့။ အပင္က ၁၅ ေပ ေလာက္ရွိရင္ အႏွစ္က အေျခကေန ငါးေပ ေလာက္အထိရွိတယ္။ နံ႔သာျဖဴ အစစ္က ဘယ္ေတာ့မွ အနံ႔မျပယ္ဘူး။ နံ႔သာျဖဴ ပ်ဳိးပင္နဲ႔ မ်ဳိးေစ့ေတြက ေရာင္းေစ်း ဘယ္ေလာက္ရွိ ပါသလဲ။ မ်ဳိးေစ့ကေတာ့ ကာလအခ်ိန္ အလိုက္ တစ္ျပည္ကို က်ပ္ ၁၀,၀၀၀ ကေန ၅၀,၀၀၀ အထိရွိတယ္။ ပ်ဳိးပင္ အနိမ့္အျမင့္ ကိုလိုက္ၿပီး ပ်ဳိးပင္ တစ္ပင္ကုိ က်ပ္ ၁,၅၀၀၊ ၂၀၀၀ ရွိိတယ္။ မ်ဳိးေစ့ထြက္တဲ့ အခ်ိန္က ဇူလိုင္လ၊ ၾသဂုတ္လ၊ စက္တင္ဘာလ။ နံ႔သာျဖဴပင္က သံုးႏွစ္သား၊ ေလးႏွစ္သားေလာက္မွာ အသီးအပြင့္ ပြင့္တယ္၊ သီးတယ္။ နံ႔သာျဖဴနဲ႔ ပတ္သက္ၿပီး ဘယ္လိုမ်ား အၾကံျပဳခ်င္ပါသလဲ။ အဓိက ကေတာ့ စုိက္ဖို႔ေျပာခ်င္တယ္။ အခ်ိန္တစ္ခုေတာ့ ေစာင့္ရမယ္။ ေစာင့္တယ္ ဆုိတာ ကလည္း ေသခ်ာတဲ့ ေစာင့္နည္း မ်ဳိးၿဖစ္တယ္။ ဦးတို႔ကလည္း အပင္ရဲ႕သဘာ၀ကုိ ေသခ်ာေလ့လာ ၿပီး ၿဖစ္လို႔ စုိက္ဖို႔ တိုက္တြန္းတယ္။ အခက္ခဲရွိ ရင္လည္း ဦးတို႔ဆီကေန အၾကံဉာဏ္ ေတာင္းလို႔ ရပါတယ္




Comments