"စဖိုျပာအသုံးျပဳနည္း" "စဖိုပြာအသုံးပြုနည်း"

xxxxxxxxxxxxxxxxx  unicode   xxxxxxxxxxxxxxxxx

 "စဖိုပြာအသုံးပြုနည်း"
===============

ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေးအတွက်
အပင်များကိုသာမက
စဖိုပြာ၊ထင်းပြာစသောပြာအမျိုးမျိုးကိုလည်း
အသုံးပြုနိုင်ပါသည်။

အသုံးပြုနည်း

နည်း-၁
စဖိုပြာ------------(၁)ခွက်{နို့ဆီဗူး}
ထုံးမှုန့်-----------(၁)ခွက်{နို့ဆီဗူး}
ရေ--------------(၈)ပုလင်း{၈လီတာ}

စဖိုပြာတစ်ခွက်၊ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင်
ဖျော်စပ်ပါ။
ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ
မွှေ၍သမပေးပါ။
ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက်
နာရီအနည်းငယ်ကြာထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍အသုံးပြုနိုင်ပြီဖြစ်သည်။
လောက်ကောင်များ၊ကျိုင်းကောင်များကို
ကာကွယ်နိုင်သည်။

နည်း(၂)
စဖိုပြာ-------(၆၀)ကျပ်သား/(၁)ကီလိုဂရမ်
ရေနံဆီ----(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ

စဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍
သမပေးပါ။
ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန်
ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။
သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့်
စုပ်စားပိုးများကိုကာကွယ်နိုင်သည်။
ဤစနစ်သည်သီးနှံပင်ပေါ်များတွင်
ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့်
ပက်ဖြူးသင့်သည်။
စုပ်စားပိုးများကိုကြိုတင်ကာကွယ်မှုအနေဖြင့်
အသုံးပြုခြင်းဖြစ်သည်။

နည်း(၃)
စဖိုပြာ---(၁)ဇွန်းမောက်မောက်-ထမင်းစားဇွန်း
ရေ----(၁)လီတာ
နို့ချဉ်----(၁)ခွက်-(၂၅၀)စီစီ

စဖိုပြာတစ်ဇွန်းမောက်မောက်ကိုရေတစ်လီတာဖြင့်
ရောမွှေသမ၍တစ်ညသိပ်စိမ်ထားပါ။
ထို့နောက်နို့ချဉ်(နို့ပျက်/ဒိန်ချဉ်)တစ်ခွက်နှင့်ရောမွှေ
သမပေးပါ။
ပြီးလျှင်ပိတ်စိမ်းပါးဖြင့်စစ်ချယူ၍
စစ်ကျရည်တစ်ဆရေသုံးဆရော၍
ပက်ဖျန်းအသုံးပြုနိုင်ပြီဖြစ်သည်။

နည်း(၄)
စဖိုပြာ------------(၁)ခွက်/(၂၅ဝဂရမ်)
သံပုရာရည်-------(၁)ခွက်/(၂၅ဝစီစီ)
ရေ-------------(၁၀)ပုလင်း/(၁ဝလီတာ)

စဖိုပြာတစ်ခွက်သံပုရာရည်တစ်ခွက်တို့ကို
ရေ(၁၀)ပုလင်းတွင်ရောမွှေသမပေးပြီး
ပြာမှုန့်များအနည်ကျသည်အထိထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍
သီးနှံပင်များကိုပက်ဖျန်းနိုင်သည်။
ဘူး၊ဖရုံ၊ကျိုင်းကောင်များကိုထိရောက်စွာ
ကာကွယ်နှိမ်နင်းနိုင်သည်။

နည်း(၅)
စဖိုပြာကိုဇကာချ၍ပြာနုနုရယူကာ
သီးနှံပင်များကိုပက်ဖြူးပေးခြင်းဖြင့်
ပျများ၊စုပ်စားပိုးများ၊ရွက်ထွင်းပိုးများကိုကာကွယ်နိုင်သည်။
ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းဖြစ်သော
ကောက်ရိုး၊ပြောင်းဖူးအူတိုင်များကို
မီးရှို့၍ရလာသောပြာများကိုလည်းအသုံးပြုနိုင်သည်။
ယူကလစ်ရွက်ခြောက်ကိုပြာချ၍လည်းအသုံးပြုနိုင်သည်။
သတိပြုရန်တစ်ချက်မှာ
အုန်းဆန်၊အုန်းခွံမှရသောပြာများသည်
ဟင်းသီးဟင်းရွက်ပင်များ၏အရွက်ကို
လောင်ကျွမ်းနိုင်သောအာနိသင်ရှိသဖြင့်
၎င်းပြာများကိုမသုံးသင့်ပါ။
သီးနှံပင်ခြေရင်းတွင်ပြာများဖြူးပေးထားခြင်းဖြင့်
ပုရွက်ဆိတ်များကိုလည်းကာကွယ်နိုင်သည်။
သင်္ဘောပင်ခြေရင်းတွင်ပြာများများပုံပေးခြင်းဖြင့်
သင်္ဘောပင်ပုပ်ရိသေဆုံးတတ်သည်ကိုမူသတိပြုရန်လိုသည်။
ရှမ်းပြည်တွင်အလေ့ကျပေါက်သော
စိန်နားပန်(Lantana aculeata)ကိုပြာချ၍
ပက်ဖြူးပေးခြင်းဖြင့်ရွက်ထွင်းပိုးများကိုကာကွယ်နိုင်သည်။
ဟင်းသီးဟင်းရွက်ပျိုးခင်းများတွင်
ပြာမှုန့်ဖြူးပေးထားခြင်းဖြင့်ပုရွက်ဆိတ်၊ပင်ဖြတ်ပိုးများကို
ကာကွယ်နိုင်သည်။
ဘိဇပ်ပင်ကိုမီးရှို့၍ရလာသောပြာသည်လည်း
ထိရောက်မှုရှိသည်။
ဘိဇပ်ပင်များသည်ပေါင်းပင်များဖြစ်သဖြင့်
ပေါင်းရှင်းပြီးသားဖြစ်သကဲ့သို့
ပြာကိုလည်းအကျိုးရှိစွာအသုံးချနိုင်သည်။
ဘိဇပ်ပင်များကိုုခုတ်စင်း၍
ပျိုးခင်းဘောင်၊စိုက်ဘောင်များပေါ်တွင်
နေလှန်းခြောက်သွေ့စေ၍မီးရှို့ပေးခြင်းဖြင့်
ပျိုးပင်၊စိုက်ပင်များကို
ပုရွက်ဆိတ်ရန်မှကင်းဝေးစေကာ
ပင်ဖြတ်ပိုးများကိုလည်းကြိုတင်ကာကွယ်ပေးသည်။
စိုက်ခင်းများတွင်ပင်ကြွင်းပသ်ကျန်များကို
မီးရှို့ပေးခြင်းဖြင့်
ပိုးများကိုကာကွယ်နိုင်သကဲ့သို့အပင်ရောဂါများကိုလည်း
သုတ်သင်ပြီးသားဖြစ်ကာမြေဆီလွှာကိုလည်း
ကောင်းမွန်စေပါသည်။

ပြာမှုန့်များကိုစိုက်ခင်များတွင်ပက်ဖြူးမည်ဆိုပါက
နည်း(၃)နည်းဖြင့်အသုံးပြုနိုင်သည်။

၁။ပြာမှုန့်များကိုလက်တွင်ဆုပ်ယူ၍
အပင်များပေါ်သို့ပက်ဖြူးခြင်းဖြစ်သည်။

၂။ပြာမှုန့်ကိုပိတ်စိမ်းပါးနှင့်ထုပ်ယူပြီး
အပင်များပေါ်တွင်ဆောင့်ခါချပေး၍ပက်ဖြူးပေးနိုင်သည်။

၃။ပြာမှုန့်ကိုပေါင်ဒါမှုန့်ဘူးခွံများတွင်ထည့်သွင်းပြီး
အပင်များပေါ်သို့ပက်ဖြူးပေးနိုင်သည်။

ရေးသူ = မောင်ဌေးအန့်
Source: ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး


xxxxxxxxxxxxxxxxx             zawgyi font    xxxxxxxxxxxx

"စဖိုျပာအသုံးျပဳနည္း"
===============
ဓာတုပိုးသတ္ေဆးကင္းစင္သီးႏွံထုတ္လုပ္ေရးအတြက္
အပင္မ်ားကိုသာမက
စဖိုျပာ၊ထင္းျပာစေသာျပာအမ်ဳိးမ်ဳိးကိုလည္း
အသုံးျပဳႏိုင္ပါသည္။
အသုံးျပဳနည္း
နည္း-၁
စဖိုျပာ------------(၁)ခြက္{ႏို႔ဆီဗူး}
ထံုးမႈန္႔-----------(၁)ခြက္{ႏို႔ဆီဗူး}
ေရ--------------(၈)ပုလင္း{၈လီတာ}
စဖိုျပာတစ္ခြက္၊ထံုးမႈန္႔တစ္ခြက္ကိုေရ(၈)လီတာတြင္
ေဖ်ာ္စပ္ပါ။
ျပာမႈန္႔မ်ားေရတြင္လုံးဝေပ်ာ္ဆင္းသြားသည္အထိ
ေမႊ၍သမေပးပါ။
ထံုးမႈန္႔၊ျပာမႈန္႔မ်ားေက်ပ်က္သည္အထိေမႊၿပီးေနာက္
နာရီအနည္းငယ္ၾကာထားပါ။
ထို႔ေနာက္ပိတ္စိမ္းပါးျဖင့္စစ္ခ်၍အသုံးျပဳႏိုင္ၿပီျဖစ္သည္။
ေလာက္ေကာင္မ်ား၊က်ဳိင္းေကာင္မ်ားကို
ကာကြယ္ႏိုင္သည္။
နည္း(၂)
စဖိုျပာ-------(၆၀)က်ပ္သား/(၁)ကီလိုဂရမ္
ေရနံဆီ----(၆)ဇြန္း-လက္ဖက္ရည္ဇြန္း/(၃၀)စီစီ
စဖိုျပာ(၆၀)က်ပ္သားကိုေရနံဆီ(၆)ဇြန္းျဖင့္ေရာေမႊ၍
သမေပးပါ။
ျပာမႈန္႔မ်ားအားလုံးေရနံဆီမ်ားစိမ့္ဝင္ႏိုင္ရန္
ေကာင္းေကာင္းေမႊေနာက္ေခ်မြေပးရပါသည္။
သီးႏွံပင္မ်ားေပၚတြင္ပက္ျဖဴးေပးျခင္းျဖင့္
စုပ္စားပိုးမ်ားကိုကာကြယ္ႏိုင္သည္။
ဤစနစ္သည္သီးႏွံပင္ေပၚမ်ားတြင္
ၾကာရွည္မတည္ရွိႏိုင္သျဖင့္တစ္ပတ္ႏွစ္ႀကိမ္ခန္႔
ပက္ျဖဴးသင့္သည္။
စုပ္စားပိုးမ်ားကိုႀကိဳတင္ကာကြယ္မႈအေနျဖင့္
အသုံးျပဳျခင္းျဖစ္သည္။
နည္း(၃)
စဖိုျပာ---(၁)ဇြန္းေမာက္ေမာက္-ထမင္းစားဇြန္း
ေရ----(၁)လီတာ
ႏို႔ခ်ဥ္----(၁)ခြက္-(၂၅၀)စီစီ
စဖိုျပာတစ္ဇြန္းေမာက္ေမာက္ကိုေရတစ္လီတာျဖင့္
ေရာေမႊသမ၍တစ္ညသိပ္စိမ္ထားပါ။
ထို႔ေနာက္ႏို႔ခ်ဥ္(ႏို႔ပ်က္/ဒိန္ခ်ဥ္)တစ္ခြက္ႏွင့္ေရာေမႊ
သမေပးပါ။
ၿပီးလ်ွင္ပိတ္စိမ္းပါးျဖင့္စစ္ခ်ယူ၍
စစ္က်ရည္တစ္ဆေရသုံးဆေရာ၍
ပက္ဖ်န္းအသုံးျပဳႏိုင္ၿပီျဖစ္သည္။
နည္း(၄)
စဖိုျပာ------------(၁)ခြက္/(၂၅၀ဂရမ္)
သံပုရာရည္-------(၁)ခြက္/(၂၅၀စီစီ)
ေရ-------------(၁၀)ပုလင္း/(၁၀လီတာ)
စဖိုျပာတစ္ခြက္သံပုရာရည္တစ္ခြက္တို႔ကို
ေရ(၁၀)ပုလင္းတြင္ေရာေမႊသမေပးၿပီး
ျပာမႈန္႔မ်ားအနည္က်သည္အထိထားပါ။
ထို႔ေနာက္ပိတ္စိမ္းပါးျဖင့္စစ္ခ်၍
သီးႏွံပင္မ်ားကိုပက္ဖ်န္းႏိုင္သည္။
ဘူး၊ဖရုံ၊က်ဳိင္းေကာင္မ်ားကိုထိေရာက္စြာ
ကာကြယ္ႏွိမ္နင္းႏိုင္သည္။
နည္း(၅)
စဖိုျပာကိုဇကာခ်၍ျပာႏုႏုရယူကာ
သီးႏွံပင္မ်ားကိုပက္ျဖဴးေပးျခင္းျဖင့္
ပ်မ်ား၊စုပ္စားပိုးမ်ား၊႐ြက္ထြင္းပိုးမ်ားကိုကာကြယ္ႏိုင္သည္။
ေကာက္ပဲသီးႏွံေဘးထြက္ပစၥည္းျဖစ္ေသာ
ေကာက္ရိုး၊ေျပာင္းဖူးအူတိုင္မ်ားကို
မီးရႈိ႕၍ရလာေသာျပာမ်ားကိုလည္းအသုံးျပဳႏိုင္သည္။
ယူကလစ္႐ြက္ေျခာက္ကိုျပာခ်၍လည္းအသုံးျပဳႏိုင္သည္။
သတိျပဳရန္တစ္ခ်က္မွာ
အုန္းဆန္၊အုန္းခြံမွရေသာျပာမ်ားသည္
ဟင္းသီးဟင္း႐ြက္ပင္မ်ား၏အ႐ြက္ကို
ေလာင္ကြၽမ္းႏိုင္ေသာအာနိသင္ရွိသျဖင့္
၎ျပာမ်ားကိုမသုံးသင့္ပါ။
သီးႏွံပင္ေျခရင္းတြင္ျပာမ်ားျဖဴးေပးထားျခင္းျဖင့္
ပု႐ြက္ဆိတ္မ်ားကိုလည္းကာကြယ္ႏိုင္သည္။
သေဘၤာပင္ေျခရင္းတြင္ျပာမ်ားမ်ားပုံေပးျခင္းျဖင့္
သေဘၤာပင္ပုပ္ရိေသဆံုးတတ္သည္ကိုမူသတိျပဳရန္လိုသည္။
ရွမ္းျပည္တြင္အေလ့က်ေပါက္ေသာ
စိန္နားပန္(Lantana aculeata)ကိုျပာခ်၍
ပက္ျဖဴးေပးျခင္းျဖင့္႐ြက္ထြင္းပိုးမ်ားကိုကာကြယ္ႏိုင္သည္။
ဟင္းသီးဟင္း႐ြက္ပ်ဳိးခင္းမ်ားတြင္
ျပာမႈန္႔ျဖဴးေပးထားျခင္းျဖင့္ပု႐ြက္ဆိတ္၊ပင္ျဖတ္ပိုးမ်ားကို
ကာကြယ္ႏိုင္သည္။
ဘိဇပ္ပင္ကိုမီးရႈိ႕၍ရလာေသာျပာသည္လည္း
ထိေရာက္မႈရွိသည္။
ဘိဇပ္ပင္မ်ားသည္ေပါင္းပင္မ်ားျဖစ္သျဖင့္
ေပါင္းရွင္းၿပီးသားျဖစ္သကဲ့သို႔
ျပာကိုလည္းအက်ဳိးရွိစြာအသုံးခ်ႏိုင္သည္။
ဘိဇပ္ပင္မ်ားကိုုခုတ္စင္း၍
ပ်ဳိးခင္းေဘာင္၊စိုက္ေဘာင္မ်ားေပၚတြင္
ေနလွန္းေျခာက္ေသြ႕ေစ၍မီးရႈိ႕ေပးျခင္းျဖင့္
ပ်ဳိးပင္၊စိုက္ပင္မ်ားကို
ပု႐ြက္ဆိတ္ရန္မွကင္းေဝးေစကာ
ပင္ျဖတ္ပိုးမ်ားကိုလည္းႀကိဳတင္ကာကြယ္ေပးသည္။
စိုက္ခင္းမ်ားတြင္ပင္ႂကြင္းပသ္က်န္မ်ားကို
မီးရႈိ႕ေပးျခင္းျဖင့္
ပိုးမ်ားကိုကာကြယ္ႏိုင္သကဲ့သို႔အပင္ေရာဂါမ်ားကိုလည္း
သုတ္သင္ၿပီးသားျဖစ္ကာေျမဆီလႊာကိုလည္း
ေကာင္းမြန္ေစပါသည္။
ျပာမႈန္႔မ်ားကိုစိုက္ခင္မ်ားတြင္ပက္ျဖဴးမည္ဆိုပါက
နည္း(၃)နည္းျဖင့္အသုံးျပဳႏိုင္သည္။
၁။ျပာမႈန္႔မ်ားကိုလက္တြင္ဆုပ္ယူ၍
အပင္မ်ားေပၚသို႔ပက္ျဖဴးျခင္းျဖစ္သည္။
၂။ျပာမႈန္႔ကိုပိတ္စိမ္းပါးႏွင့္ထုပ္ယူၿပီး
အပင္မ်ားေပၚတြင္ေဆာင့္ခါခ်ေပး၍ပက္ျဖဴးေပးႏိုင္သည္။
၃။ျပာမႈန္႔ကိုေပါင္ဒါမႈန္႔ဘူးခြံမ်ားတြင္ထည့္သြင္းၿပီး
အပင္မ်ားေပၚသို႔ပက္ျဖဴးေပးႏိုင္သည္။
ေရးသူ = ေမာင္ေဌးအန္႔
Source: ဓာတုပိုးသတ္ေဆးကင္းစင္သီးႏွံထုတ္လုပ္ေရး


No automatic alt text available.

Comments