❆ ❆ လီလီပန္း လက္ေတြ႔က်က်စိုက္ပ်ိဳးနည္း (လီလီပန်း လက်တွေ့ကျကျစိုက်ပျိုးနည်း)

xxxxxxxxxxxxxxx   unicode  font  xxxxxxxxxxxxxx


 စိုက်ပျိုးမည့်မြေအား ပန်းအမြစ်ဆင်းအားကောင်းရန်နှင့် ပန်းမျိုးဥပွားရန် မြေအား ထည်ရေးကောင်းပြီး မှံူညပ်အောင် မြေမြင်ပေးပါ၊

♕ စိုက်ပျိုးရန် စိုက်ဘောင်အား မြေအောက်ပေါက်ပြားတစ်နှိုက် ပေါက်ပြီး မြေပေါ် ၄ လက်ဘောင်တင်ပေးပါ။ စိုက်ဘောင်အား အနံ ၃ ပေမှာအကောင်းဆုံးဖြစ်ပြီး အလျား မှာ မြေအပေါ်မူတည်၍လိုသလို စိုက်နိုင်ပါတယ်။

ဥပမာ★ ★ ★

✏ ✏ ခြံကွက် ၆၀ ပေ× ၁၀၀ ပေ အတွက်

ဘောင် အလျား ၂၅ ပေ နှင့် အနံ ၃ ပေ (၁၆ ဘောင်) ရပါသည်။တစ်ဘောင်တွင် ပင်ကြား ၆ လက်​မ နှင့် တန်းကြား ၆ လက်မ စိုက်ပါက .... တစ်ဘောင် ဝင်ဆံ့ပင် ၃၀၀ ပင် နှင့် ၁၆ ဘောင် တတွက် ၄၈၀၀ ပင် စိုက်နိုင်ပါသည်။

✏ ✏ ခြံကွက် ၁၀၀ ပေ× ၁၀၀ ပေ အတွက်

ဘောင် အလျား ၃၀ ပေ နှင့် အနံ ၃ ပေ (၂၄ ဘောင်) ရပါသည်။တစ်ဘောင်တွင် ပင်ကြား ၆ လက်​မ နှင့် တန်းကြား ၆ လက်မ စိုက်ပါက .... တစ်ဘောင် ဝင်ဆံ့ပင် ၃၆ဝပင် နှင့် ၂၄ ဘောင် တတွက် ၈၆၄၀ ပင် စိုက်နိုင်ပါသည်။

✏ ✏ တစ်ဧက ၂၀၀၀ ပေ× ၂၀၀ ပေ အတွက်

ဘောင် အလျား ၃ဝပေ နှင့် အနံ ၃ ပေ (၉၆ ဘောင်) ရပါသည်။တစ်ဘောင်တွင် ပင်ကြား ၆ လက်​မ နှင့် တန်းကြား ၆ လက်မ စိုက်ပါက .... တစ်ဘောင် ဝင်ဆံ့ပင် ၃၆၀ ပင် နှင့် ၉၆ ဘောင် တတွက် ၃၄၅၆၀ ပင် စိုက်နိုင်ပါသည်။( ဤ စိုက်စနစ်မှာ ကျွန်ပ် နိုင်လင်းထွန်း ၏ စိုက်စနစ်သာ ဖြစ်ပါသည်။)

♕ ၎င်းဘောင်ပေါ်အား နွားချေးအခြောက်အမှုံ နှင့်မြေဆွေး အား သမအောင်နယ်နှပ်ပေးပါ။ ဥပွားရန် သဲနုန်းမြေနုကြိုက်သောကြောင့် တချို့သော မြေများတွင် ဘောင်ပေါ်အား သဲ ပါထပ်၍ရောနယ်ပေးပါ။ မြေခံမြေသြဇာကိုလဲ ရောစပ်ခံနိုင်ပါတယ်။ထိုနောက် မြေအသားကျရန် ၃ ရက် မှ တစ်ပက်အထိ ရေဖျန်း၍ နပ်ထားပါ။ စိုက်စနစ်အား အထက်ပါစနစ်ဖြင့်စိုက်ပါ။ ပန်းဥများကို မြေမြုပ်စိုက်ပါ။စိုက်ပြီး ဘောင်ပေါ် တွင် ဖွဲ (သို့မဟုတ်) ဖွဲပြာ ပါပါး ဖြူးနိုင်ပါသည်။

♕ လီလီမျိုးဥများကို မစိုက်ပျိုးခင် ပလက်စတစ် အလုံအိပ် သိုမဟုတ် ရိုးရိုး ပီနမ်အိပ်ထဲကို ထည့်၍ တစ်ပတ်ခန့်ထားပါ။အဆင်ပြပါက ၎င်းအိပ်ထဲသို့ အုန်းဆံမုန့်ဖြင့်ရော၍ သို့လှောင်ပေးပါ။

♕ လီလီပန်းပင်သည် ပိုးနှင့်ရောဂါဒဏ် ခံနိုင်သော အပင်ဖြစ်ပါသည်။ ပေါင်းနုတ် မြေသြဇာကြွေးခြင်ကို ပုံမှန် အပင်ပေါ်ကြည့်၍ လုပ်ပေးပါ။

♕ ပန်းပင်များသည် အမြင့်ပေ ၃ ပေမှ ၅ ပေ ရှိသောကြောင့် အပင်ရိုင်လဲမှူ မဖြစ်စေရန် ဝါးတန်းများ ထိုးပေးခြင်း၊ ဝါးငုတ်တိုင်များပေးခြင်း၊ ကြိုးခြည်ပေးခြင်းများ ပြုလုပ်ပေးပါ။

♕ အကယ်၍ ပန်းပွင့်ချိန်၌ မိုးရွာခြင်း ၊ဆီးနှင်းကျခြင်းများ ဖြစ်ပေါ်ပါက ရိုးရိုးရေဖြင့် ပြန်ဖျန်းပေးပါ။

♕ မျိုးဥ၊ ဥဖက်၊ ပင်စည်၊ မျိုးစေ့ မှ မျိုးပွားစိုက်ပျိုးနိုင်ပါသည်။
♕ ပန်းပင်ဖြတ်ရောင်းပြီး တစ်လမှ ၂ လ အကြာတွင် မျိူးဥတူးဖော်နိုင်ပြီး ပန်းပင်များအား မဖြတ်ဘဲ မျိုးစေ့ခံထားနိုင်သည်။

♕ လီလီပန်း အမျိုးအစားများမှာ များစွာ ရှိသဖြင့် မတူညီသော မျိုး ၊ အမြင့်၊ ပန်းခိုင်အရည်အတွက်၊ အရောင် ပံစံနှင့် ရာသီဥတု များများကို ထပ်မံဖော်ပြပေးသွားပါမည်။
( မှက်ချက်။ ။စိုက်ပျိုးရေးသည်ကျယ်ပြန့်ပါသည်။ ပညာမစုံ၍ လိုအပ်မှူများကို သီးခံခွင့်လွတ်ရန် တောင်းပန်အပ်ပါသည်)

xxxxxxxxxxxxxxxxxxxx     zawgyi  font  xxxxxxxxxxxxxxxxxx


စိုက္ပ်ိဳးမည့္ေျမအား ပန္းအျမစ္ဆင္းအားေကာင္းရန္ႏွင့္ ပန္းမ်ိဳးဥပြားရန္ ေျမအား ထည္ေရးေကာင္းၿပီး မွံူညပ္ေအာင္ ေျမျမင္ေပးပါ၊
♕ စိုက္ပ်ိဳးရန္ စိုက္ေဘာင္အား ေျမေအာက္ေပါက္ျပားတစ္ႏိႈက္ ေပါက္ၿပီး ေျမေပၚ ၄ လက္ေဘာင္တင္ေပးပါ။ စိုက္ေဘာင္အား အနံ ၃ ေပမွာအေကာင္းဆံုးျဖစ္ၿပီး အလ်ား မွာ ေျမအေပၚမူတည္၍လိုသလို စိုက္ႏိုင္ပါတယ္။
ဥပမာ★ ★ ★
ျခံကြက္ ၆၀ ေပ× ၁၀၀ ေပ အတြက္
ေဘာင္ အလ်ား ၂၅ ေပ ႏွင့္ အနံ ၃ ေပ (၁၆ ေဘာင္) ရပါသည္။တစ္ေဘာင္တြင္ ပင္ၾကား ၆ လက္​မ ႏွင့္ တန္းၾကား ၆ လက္မ စိုက္ပါက .... တစ္ေဘာင္ ဝင္ဆံ့ပင္ ၃၀၀ ပင္ ႏွင့္ ၁၆ ေဘာင္ တတြက္ ၄၈၀၀ ပင္ စိုက္ႏိုင္ပါသည္။
ျခံကြက္ ၁၀၀ ေပ× ၁၀၀ ေပ အတြက္
ေဘာင္ အလ်ား ၃၀ ေပ ႏွင့္ အနံ ၃ ေပ (၂၄ ေဘာင္) ရပါသည္။တစ္ေဘာင္တြင္ ပင္ၾကား ၆ လက္​မ ႏွင့္ တန္းၾကား ၆ လက္မ စိုက္ပါက .... တစ္ေဘာင္ ဝင္ဆံ့ပင္ ၃၆၀ပင္ ႏွင့္ ၂၄ ေဘာင္ တတြက္ ၈၆၄၀ ပင္ စိုက္ႏိုင္ပါသည္။
တစ္ဧက ၂၀၀၀ ေပ× ၂၀၀ ေပ အတြက္
ေဘာင္ အလ်ား ၃၀ေပ ႏွင့္ အနံ ၃ ေပ (၉၆ ေဘာင္) ရပါသည္။တစ္ေဘာင္တြင္ ပင္ၾကား ၆ လက္​မ ႏွင့္ တန္းၾကား ၆ လက္မ စိုက္ပါက .... တစ္ေဘာင္ ဝင္ဆံ့ပင္ ၃၆၀ ပင္ ႏွင့္ ၉၆ ေဘာင္ တတြက္ ၃၄၅၆၀ ပင္ စိုက္ႏိုင္ပါသည္။( ဤ စိုက္စနစ္မွာ ကြၽန္ပ္ ႏိုင္လင္းထြန္း ၏ စိုက္စနစ္သာ ျဖစ္ပါသည္။)
♕ ၎ေဘာင္ေပၚအား ႏြားေခ်းအေျခာက္အမွံု ႏွင့္ေျမေဆြး အား သမေအာင္နယ္ႏွပ္ေပးပါ။ ဥပြားရန္ သဲႏုန္းေျမႏုႀကိဳက္ေသာေၾကာင့္ တခ်ိဳ႕ေသာ ေျမမ်ားတြင္ ေဘာင္ေပၚအား သဲ ပါထပ္၍ေရာနယ္ေပးပါ။ ေျမခံေျမျသဇာကိုလဲ ေရာစပ္ခံႏိုင္ပါတယ္။ထိုေနာက္ ေျမအသားက်ရန္ ၃ ရက္ မွ တစ္ပက္အထိ ေရဖ်န္း၍ နပ္ထားပါ။ စိုက္စနစ္အား အထက္ပါစနစ္ျဖင့္စိုက္ပါ။ ပန္းဥမ်ားကို ေျမျမဳပ္စိုက္ပါ။စိုက္ၿပီး ေဘာင္ေပၚ တြင္ ဖြဲ (သို႔မဟုတ္) ဖြဲျပာ ပါပါး ျဖဴးႏိုင္ပါသည္။
♕ လီလီမ်ိဳးဥမ်ားကို မစိုက္ပ်ိဳးခင္ ပလက္စတစ္ အလံုအိပ္ သိုမဟုတ္ ႐ိုး႐ိုး ပီနမ္အိပ္ထဲကို ထည့္၍ တစ္ပတ္ခန္႔ထားပါ။အဆင္ျပပါက ၎အိပ္ထဲသို႔ အုန္းဆံမုန္႔ျဖင့္ေရာ၍ သို႔ေလွာင္ေပးပါ။
♕ လီလီပန္းပင္သည္ ပိုးႏွင့္ေရာဂါဒဏ္ ခံႏိုင္ေသာ အပင္ျဖစ္ပါသည္။ ေပါင္းႏုတ္ ေျမျသဇာေႂကြးျခင္ကို ပံုမွန္ အပင္ေပၚၾကည့္၍ လုပ္ေပးပါ။
♕ ပန္းပင္မ်ားသည္ အျမင့္ေပ ၃ ေပမွ ၅ ေပ ႐ွိေသာေၾကာင့္ အပင္႐ိုင္လဲမႉ မျဖစ္ေစရန္ ဝါးတန္းမ်ား ထိုးေပးျခင္း၊ ဝါးငုတ္တိုင္မ်ားေပးျခင္း၊ ႀကိဳးျခည္ေပးျခင္းမ်ား ျပဳလုပ္ေပးပါ။
♕ အကယ္၍ ပန္းပြင့္ခ်ိန္၌ မိုးရြာျခင္း ၊ဆီးႏွင္းက်ျခင္းမ်ား ျဖစ္ေပၚပါက ႐ိုး႐ိုးေရျဖင့္ ျပန္ဖ်န္းေပးပါ။
♕ မ်ိဳးဥ၊ ဥဖက္၊ ပင္စည္၊ မ်ိဳးေစ့ မွ မ်ိဳးပြားစိုက္ပ်ိဳးႏိုင္ပါသည္။
♕ ပန္းပင္ျဖတ္ေရာင္းၿပီး တစ္လမွ ၂ လ အၾကာတြင္ မ်ိဴးဥတူးေဖာ္ႏိုင္ၿပီး ပန္းပင္မ်ားအား မျဖတ္ဘဲ မ်ိဳးေစ့ခံထားႏိုင္သည္။
♕ လီလီပန္း အမ်ိဳးအစားမ်ားမွာ မ်ားစြာ ႐ွိသျဖင့္ မတူၫီေသာ မ်ိဳး ၊ အျမင့္၊ ပန္းခိုင္အရည္အတြက္၊ အေရာင္ ပံစံႏွင့္ ရာသီဥတု မ်ားမ်ားကို ထပ္မံေဖာ္ျပေပးသြားပါမည္။
( မွက္ခ်က္။ ။စိုက္ပ်ိဳးေရးသည္က်ယ္ျပန္႔ပါသည္။ ပညာမစံု၍ လိုအပ္မႉမ်ားကို သီးခံခြင့္လြတ္ရန္ ေတာင္းပန္အပ္ပါသည္)
Crd,♪ ♪ ♪ ႏိုင္လင္းထြန္း (Agri)
ျပင္ဦးလြင္ၿမိဳ႕


Image may contain: plant and natureImage may contain: plant, flower, nature and outdoorImage may contain: plant, outdoor and natureImage may contain: plant, outdoor and nature
Crd,♪ ♪ ♪ နိုင်လင်းထွန်း (Agri)Image may contain: plant, flower, nature and outdoor
✉ ✉ ✉ ပြင်ဦးလွင်မြို့Image may contain: plant, flower and nature

Comments