မရမ္းပင္ စိုက္ပ်ိဳးနည္း..

  1. မရမ်းပင် စိုက်ပျိုးနည်း...#မြန်မာအမည် = မရမ်း အင်္ဂလိပ်အမည် = Marian Tree ရုက္ခဗေဒအမည် = Bouea burmanica မျိုးရင်းအမည် = Anacardiaceae #မျိုးများ အချိုမျိုး အချဉ်မျိုး နှစ်မျိုးရှိ။ #ဒေသ မန္တလေးတိုင်း ပဲခူး ရန်ကုန် ဧရာဝတီ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း #ရေမြေ ရာသီဥတု မြေစေးဆန်သောနုန်းမြေ ပူအိုက်စွတ်စိုသော ရာသီဥတု။ မိုးရေချိန်မှာ (50-150)လက်မဖြစ်။ #ပျိုးထောင်နည်း အသီးမှည့်အခွံကို သင်ပစ်ပြီးအသားမဖယ်ပဲ ပြာလူးကာ အရိပ်အောက်တွင် (3)ရက်ခန့်ဖြန့်ပါ၊ အစေ့စိုက်ပင်အား ပျိုးသက်တစ်နှစ်ကျော်မှ မြေချစိုက်ရပါမည်။ #စိုက်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး (30×30)ပေ တစ်ဧကအတွက် (48)ပင်ဖြစ်။ #မြေသြဇာကျွေးနည်း ကြီးထွားမှုနှေးသော အပင်မျိုးဖြစ်ကာ အပင်ငယ် တစ်ပင်လျှင် နွားချေးတစ်တင်းနှုန်း အပင်ကြီး သုံးတင်းနှုန်း။ ယူရီးယား တီစူပါ ပိုတက် (1:2:1)ရောပြီး အပင်ငယ်အတွက် (1)ပေါင် အပင်ကြီး(2)ပေါင်။ #အပင်ပြုစုနည်း ကိုင်းခြောက်ရှင်းပေးခြင်း သုံးနှစ်သားအထိ ရေသွင်းပေးပါ။ လောင်းရိပ်များရှင်းပေးပါ။ မတ် ဇွန်လများတွင် အသီးရင့်မှည့်တတ်သဖြင့် စျေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းတို့ကို မိုးပြတ်သော ရာသီမှစ၍ ဆောင်ရွက်ပေးရပါမည်။ #အထွက်နှုန်း (7)နှစ်ကြာလျှင် အသီးစတင်ခူးစွတ်နိုင်ပြီး အပင်ငယ်မှ (5000-7000)လုံး အပင်ကြီးမှ (20000-30000)လုံး ********** #အသုံးဝင်ပုံ #မရန်းပင်သည် ဆယ့်နှစ်ရာသီ စိမ်းလန်းသောအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ ထိရှိသည်။ ရုက္ခဒေအလိုအားဖြင့် ဗိုအီအိုပေါဇီတီဖိုလီယာ ဟုခေါ်၍ အန်နကာဒီအေးစီအီး မျိုးရင်းတွင်ပါဝင်သည်။ #မြန်မာနိုင်ငံ တနင်္သာရီတိုင်းနှင့် ကပ္ပလီကျွန်းစုတွင် အလွန်ပေါများသည်။ မိုးအလွန်ပါးသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှတပါး အခြားအပိုင်းများ၌ မရန်းခြံများကို တွေ့မြင်နိုင်သည်။ အကိုင်းကူးစိုက်နည်းဖြင့် အပင်သစ်များ ပွားလာအောင် ပြုလုပ်နိုင်သော အပင်မျိုးပင်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် အစေ့ပျိုး၍သာ မရန်းပင် စိုက်လေ့ရှိကြသည်။ အပင်မကြီးလွယ်ချေ။ #မရန်းပင်များသည် ထူထပ်သိပ်သည်းသော အရွက်တို့ဖြင့် သိုက်မြိုက်ဝေဆာလျက်ရှိရာ အလွန်လှပသော အပင်မျိုးဖြစ်သည်။ လှပတင့်တယ်၍ အရိပ်အာဝါသကောင်းရရှိသော သစ်ပင်များဖြစ်သည့်အလျောက် အထိုအပင်ကို လူတို့အလွန် နှစ်သက်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တောလက်ကျေးရွာများနှင့် ဘုန်းကြီးကျောင်းဝင်းများ၌ မရန်ပင်များကို စိုက်ပျိုးထားတတ်ကြသည်။ #မရန်းရွက်များသည် လှံသွားပုံရှိ၍ ၄ လက်မခန့် ရှည်သည်။ ပြောင်လက်၍ ချောနေသည်။ အခေါက်တွင် ပတ်သေးပတ်ကြောင်းများ ခပ်စိပ်စိပ်ရှိ၍ မွဲပြာညစ်ညစ်အရောင်ရှိသည်။ မရန်ပွင်းများမှာ သေးငယ်သောလည်း ၃ လက်မခန့် ရှည်သော အခိုင်များဖြင့် ပွင့်ကြသည်။ နတ်တော်လနှင့် ပြာသိုလများတွင် အပွားများပွင့်၍ တန်ခူးလနှင့် ကဆုန်လများတွင် မှည့်ကြသည်။ အသီးချဉ်မျိုးနှင့် အသီးချိုမျိုးဟူ၍ မရန်းပင်နှစ်မျိုး နှစ်စားရှိသည်။ အချင်ပင်၏ အသီးမှည့်များသည် လိမ္မော်ရင့်ရောင်ရှိ၍ အချိုသီးထက် အလုံးကြီးသည်။ မရန်းချိုသီးမှည့်သည် အဝါဖျော့ဖျော့အရောင်ရှိ၍ အရသာမှာ ချဉ်ဖြုံ့ဖြုံ့ရှိသည်။ #မရန်းပင်များကို အသီးအလို့ငှာ စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာလူမျိုးတို့သည် မရန်းသီးကို အကင်းမှအစ အသီးမှည့်သည်အထိ အမျိုးမျိုး ပြုပြင်စီမံ၍ စားလေ့ရှိကြသည်။ မရန်းသီးဆားစိမ်၊ မရန်းသီးသနပ်၊ မရန်းယို၊ မရန်းပြားစသည်ဖြင့် မရမ်းသီးကို ကြာရှည်ခံအောင် ဖွယ်ဖွယ်ရာရာ စီမံ၍ စားသုံးတတ်ကြသည်။ #မရန်းပင်ကို အချို့ဒေများတွင် မရင်းပင် ဟူ၍လည်းခေါ်ကြသည်။ မွန်ဘာသာဖြင့် မရန်းပင်ကို ဘရန်း၊ သို့မဟုတ် ဘရိုင်းဟူ၍ခေါ်သည်။ ထားဝယ်စကားဖြင့် “ဇင်းသီး၊ ဇင်းဗန်” ဟု ခေါ်ဆိုကြသည်။ #ဆေးဖက်ဝင်မရမ်း ရေးသားဖော်ပြသူ YMBG GROUP AT 12:01 PM SUNDAY, MARCH 20, 2011 #မရမ်းပင်သည် ချို ၊ ချဉ် ၊ ဖန် သောအရသာရှိပြီး နှစ်ရှည်ခံအပင်ကြီးမျိုးဖြစ်သည် ။ အသီးများသည် သီတင်းကျွတ် ၊ တန်ဆောင်မုန်းတွင် သီးပြီး ၊ တပို ့တွဲ ၊ တပေါင်းလများတွင် အသီးမှည့်သည် ။ မရမ်းပင်၏ အသီး ၊ အစေ့ တို့သည် ဆေးဖက်ဝင်သည် ။ မရမ်းသီးသည် သွေးဝမ်းသွားခြင်း ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း ၊ အသားကြားအရိုးကြားတို့တွင် နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်း စေပါသည်။ မရမ်းသီးကို သုတ်စားခြင်း ၊ ချက်စားခြင်း စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်း ၊ ခံတွင်းအရသာမပေါ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း ၊ မီးယပ်ဝမ်းသွားခြင်းများ အတွက် မရမ်းသီးဆားရည်စိမ်အရည် သောက်ပေးခြင်း ၊ ဆားစိမ်ကိုသုတ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်းအဆီဖုံးသောရောဂါများ ပျောက်ကင်းစေရန်နှင့် အဆီများသောအသားများတွင် လည်း မရမ်းသီးကိုထည့်ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသောအဆီများကို ချေဖျက်နိုင်သည် ။ အထူးသဖြင့်မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်ပါသည် ။ သု ဇေ ရှိုင်း (၀ိုင်အမ်ဘီဂျီ) ********** #စိုက်ပျိုးရေးမိတ်ဆွေများ၏ဆွေးနွေးချက်များ #Aung Khant မွန်ပြည်နယ် ဘီးလင်း ကျိုက်ထို တောင်စွန်းနယ် အများဆုံးစိုက်တယ် ကိုဂျမ်း ခုချိန်ဆို ဆားနဲ့နယ် အခြောက်လှမ်း တဲ့ ဂွင်ပြီးလို့ ရောင်းတောင်ကုန်ပြီးလှောင်လက်ထဲ ရောက်လောက်ပြီ သေချာတာကတော့ အဲ့နယ်က အထွက်ဆုံးပဲ။ #phyowai thaw ပဲခူးတိုင်းအနောက်ပိုင်းရွှေတောင် မြိ ု ့မှာအများကြီးရှိပါတယ်ကိုင်းကူး ပင်တောင်မှအနဲဆုံးဆယ်နှစ်ကျော် လောက်ကြာမှသီးပါတယ်သုံးနှစ်နှင့် မသီးပါသီးတဲ့နည်းလေးရှိလျှင်မျှဝေ ပေးပါလက်ရှိအပင်တွေလဲအများကြီးရှိ ပါတယ်အဘိုးအဖွားလက်ထက်မှစိုက် ထားတဲ့အပင်တွေပါ။ ဟုတ်ကဲ့ကျေးဇူးပါသရက်ကတော့ အပင်ဖြစ်လဲမြန်တယ်သုံးနှစ်လောက်ဆို သီးပါတယ်မရမ်းမှာကမဖြစ်နှိင်ပါအစေ့ စိုက်ဆိုအနဲဆုံးအနှစ်သုံးဆယ်ကျော်ပါ တယ်ဒါတောင်အပြ ုအစုကောင်းမုပါ အခုလိုအနည်းလမ်းလေးပြောပြတာ ကျေးဇူးပါ။ #zaw aung ကိုင်းကူး တာ တော့ ဟုတ် ပါတယ် ဒါပေမဲ့ အစော သီးတဲ့ မျိုးနဲ့ နောက်ကျမျိုး နှစ်မျိုးတွေ့ရတယ် တစ်မျိုးနဲ့တစ်မျိုး ၁၅ရက် ခန် ့ကွာဟမူရှိပါတယ် ဒါကြောင့် စီးပွားဖြစ်စိုက်မယ်ဆို အစော သီးတဲ့ မျိုး ကို ရ နိုင်ဖို့လို ပခတယ် ဒေသတစ်ခုတည်းမှာ ၁၅ရက်စောသီးတော့စီးပွားရေးစျေးကွက်အရ ရှားပါချိန်စျေးကောင်းတာ ထုံစံပါ ပဲ လို အကြံပြု ပါရစေ။ ကိုက်းကူ ချိန် ၆၀ ရက်ခန် ့ စောင့်ရမယိ ခုချိန် အသီးချိန် ဖြစ်နေတော့ --- #mya hmuu tha dar ထိုင်းမှာ အချိုစိုက်တယ် မွန်ပြည်နယ်မှာ ချိူချဉ်နဲ့ အချဉ် အစိုက်များတယ် မရမ်းက သရက်လို အပင်ဖြစ်ဖို့မလွယ် ဖြစ်လာရင်လဲ အသီးရဖို့ကြာတယ် သီးပြန်တော့လဲ အသီးသီးချိန်က တိုတောင်းတယ်၊ အသီးကင်းလေးတွေ ထောင်းစားတဲ့ အရွယ်မှာ ဈေးကောင်းရလို့ တခါခူး ခူးရောင်းကြတယ်။ အသီးရင့်တော့ တခါခူးရောင်းကြတယ်။ အရင်က မော်လမြိုင် ထမင်းဆိုင်တွေဆို မရမ်းပြားခြောက်နဲ့ ဟင်းချက်တာ အရမ်းစားကောင်းတယ် အခုတော့ သူတို့တောင် မဆောင်ထားနိုင်တော့ဘူး။ စီးပွားဖြစ်စိုက်နိုင်ရင်တော့ ကောင်းပါတယ်။ #နတ်ရှင်နောင် ဓာတုကလျာ တောင်ငူမှာစိုက်ပါတယ် လေးနှစ် ငါးနှစ်နဲ့သီးပါတယ်မြေကောင်းကောင်းသလိုပေါ့ အချိုသီးကတော့စျေးမရလို့သိပ်မစိုက်တော့ပါ။ #myo latt soe အများအားဖြစ် စီးပွားမဖြစ်လို့စားဖို့သာ အနည်းငယ်သာစိုက်ပါတယ်ခင်ဗျား မရမ်းသီးစျေးကွက်ဆိုတာ ဘယ်မှာရှိလဲ ရှိရင် အော်ဂဲနစ်စစ်စစ် အသီးရှိတယ် တနင်္သာရီမြို ့နယ်။ #aung ko htwe ၄ / ၅ နှစ်နဲ့သီးတဲ့အပင်သီးပါတယ်ရေမြေ ပြုစုမှု့နဲ့မျိုးပေါ်မှာလည်းကွာသွားမှာပေါ့ဗျာ ဒီဘက်မှာတော့ မရမ်းစျေးကွက်ကမိုက်တယ် ကိုင်းကူးနည်းလေးတွေ့ရင်တင်ပေးပါအုန်းအကို။ #tin hlwar oo ပဲခူးတိုင်းထုံးကြီးရွှာဘက်မှာလေ့လာကြည့်ပါ။တနိုင်ငံလုံးမှာဒီကထွက်တဲ့မရမ်းကအသားထူဆုံးပဲ။အပင်တွေရဲ့အောက်မှာနာနတ်ပင်တွေရှိတယ်။ #ချစ်ပြုံး မရမ်းကစီးပွားဖြစ်မယ်ထင်တယ် အကင်းဆိုစျေးကောင်းရတယ် တစ်ပိတ်သာဆိုတစ်သောင်းခွဲးအနည်းဆုံးရှိတယ်ဘီလင်းဘက်မှာပါ အရင်လူတွေစိုက်ထားတာပါကိုယ့်လက်ထက်မှာတော့တစ်ပင်မှမစိုက်ရသေးဘူး အကင်းချိန်ပဲစျေးကောင်းရပါတယ် အလုံးကြီးသွားရင်စျေးမရတော့ဘူး ခွဲးစိမ်အခြောက်လှမ်းပါတယ်။ #win hlaing ခြံလိုက်တော့ မဟုတ်ဘူး။ တောင်ငူမှာ စိုက်ကြတယ်။ အပင်ကြီးရင် အသီးကို ပင်ပြတ် တစ်ပင် တစ်သိန်းပေးတယ်။ ပြဿ ၁. နာက ၃နှစ်မှာ ၁နှစ် အသီးနည်းတာ။ #chit jet chit jet စပြီးစိုက်ချိန်တော့ကုန်ကျစရိတ်သက်သာအောင်နဲနဲဘဲဝယ်စိုက်ပေါ့ အဲဒါနဲ့တစ်ချိန်ထဲမြန်မာမျိုးရင်းစိုက်မယ် ပြီးရင်ကိုင်းကူးယူမယ် အချိန်တော့ယူရမယ််။ #maung maung maungmaung မရမ်းက နှစ်ရှည်ပင်ပါ ၇ နှစ်အစောဆုံး သီးပါတယ် ရာသီဥတု မမှန်ရင် အသီး မမှန်ပါဘူး အစာကျတော့လည်း အပင်ငယ်စဉ်မှာ ကျွေးနိုင်ပေမယ့် အပင်ကြီးလာရင် မလွယ်ပါဘူး တစ်သီးစားဖြစ်တဲ့အတွက် ရာသီဥတု မ ကောင်းတဲ့နှစ်နဲ့ကြုံရင် အကျိုးမရှိပါဘူး အပင်ပျိုတွေ အလွန်သီးမှ ပိသာချိန် ၃၀ ပါပဲ သက်တမ်းရင့် အပင်( 15 - 20 )ဆိုရင် အပင် အားကောင်းရင်တော့ အချိန် ၁၅၀ က နေ ၅၀၀ လောက်အထိ ထွက်ပါတယ် ပဲခူးကျောက်တန်းမှာက ရွာလုံးကျွတ် ခြံသမားတိုင်းမှာ မရမ်းရှိပါတယ် ဒါပေမယ့် သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးထားတာ တစ်ခြံမှ မရှိပါဘူး ဘိုးဘွားမိဘ တွေလက်ထက်က စိုက်ပျိုးခဲ့တာကို သားသမီးလက်ထက် ခူးစားတဲ့သ ဘောပါ မရမ်းသီးစျေးက အခု ၁ပိသာမှ ၁၁၀၀ ပဲရှိပါတယ် အခြောက်လှမ်းပြီး လှောင်နိုင်ရင်တော့ တန်ဆောင်မုန်း နတ်တော် ဆို ကြိုက်စျေးခေါ်ရောင်းလို့ရပါတယ် စျေးကောင်းတဲ့နှစ်ဆိုရင် ထက်ဝက်ချိုး မြတ်ပါတယ် နှစ်ရှည်ပင်ပါ ကိုင်းကူးက စမ်းသပ်ကြည့်ပေမယ့် နည်းမကျလို့လားမသိ အစဉ်မ ပြေပါဘူး။ မရမ်းက အပင်ပေါင်း ဂရုစိုက်ရတယ် အစ်ကို ဥပမာ ကျီးပေါင်းပင်လိုမျိုး သစ်ခွပုံစံ ကပ်ပါးပင်လိုမျိုး နှင်းခါးအကျများရင် အသီးပိုးဝင်ပါတယ် နှင်းမရပြန်ရင်လည်း အပူများပြီး လေသီးအဝင်များပါတယ် သီးကင်းလိုက်နေတုန်း ရွက်နုထိုးလာရင် အသီးပိုးဝင်ပါတယ် ဘယ်လိုမြေမျိုးမှာမဆို ဖြစ်ထွန်းပါတယ် ဆားငံဆိုရင်တော့ သေပါတယ်။ ပင်မကြီးအောက်က အပင်ပေါက်ကို မိုးဦးကျ မြေနူးချိန်မှာ ရွေ့စိုက်လို့ရပါတယ် ဦးရွက် နှစ်ရွက်ပဲထွက်သေးတဲ့ အပင်ပေါက်တွေကို အောက်ခံမြေသားပါ ပါအောင် တူးပြီး ပျိုးအ်ိတ်ထဲရွေ့လို့ရပါတယ် နွေပေါက်လာရင်တော့ ရေလိုက်ပေးရပါတယ် နေပြင်းရင် အရိပ်ခပ်ပါးပါးလုပ်ပေး နှစ်ရွက်ထက်ပိုပြီး အရွက်ထွက်များနေရင်တော့ ၁ဝပင် ၁ ပင် ရှင်ခဲပါတယ်။ #ko ko aung စိုက်​ပျိုး​ရေးဝါသနာပါသူချင်​းစိတ်​ရှည်​စွာရှင်​းပြတာ​ကျေးဇူးတင်​ပါတယ်​.နည်​းပညာများအသုံးပြုပြီးအပင်​ကြီးများနှစ်​ခြင်​းသီးရနိင်​ပါပြီ.ရာသီကိုအံတုနိင်​ပါပြီ အပင်​ပုများအပင်​​ရေများများစိုက်​ပျိုးခြင်​းဖြင်​့လည်​းအဆင်​​ပြေနိင်​ပါသည်​သရက်​ကဲ့သို့ပင်​အကျိုးဖြစ်​နိင်​သည်​ဟု​တွေးမိပါသည်​.ဝင်​​ငွေခြင်​းတူလျှင်​.သရက်​ကဲ့သို့အိပ်​စွပ်​ကုန်​ကျစရိတ်​မရှိပါmessengerဖြင်​့ဗဟုသုတများဖလှယ်နိင်​ပါတယ်​။ #pdo mango ကိုင်းကူးတာခက်တယ်.အောက်ခံပင်ကိုတခြားမျိုးတူ အကြမ်းခံရှာရင်ပိုအဆင်ပြေနိုင်မယ်.မရမ်းပင်ပေါက်ကအမြစ်လေဝင်ရင်သေတာများတယ်.အပင်မကြီးအောက်ကအပင်ပေါက်တွေပျိုးအိပ်ထဲပြောင်းတာ သေကုန်တယ်.မရမ်းကိုပင်ခြားတန်းခြားနဲ့ သရက်လိုစိုက်ရင်အသီးတင်နှုံးနဲတယ်ပြောကြတယ်.အနဲလိုအဟာရ လိုအပ်ပုံပါဘဲ.မရမ်းအချဉ်သီးမှစျေးကွက်ကောင်းပါတယ်.ကျွန်တော်လည်းစိတ်ဝင်စားလို့လေ့လာနေပါတယ်.ကျေးဇူးပါ ကိုလူကြမ်း။ #U oo tun tun ငါသိတတ်စကအပင်ငါအသက်် အခုအသက်၄ဝကျော်သာ ရောက်တယ် အပင်ကဒီအတိုင်းဘဲ တပင်တနှစ် ၂သိန်းနဲ့၅သိန်းကြားဘဲ။ ကျုပ်အထင်မျိုး ကွာတာထင်တယ် နောက်ကျသီးတဲ့ အပင်ကို ဆေးဖြန်း အစာကျွေးလုပ်ကြည့်တာ အစောသီးတဲ့ အပင် ဘာအမှမလုပ်ဘဲထား ဘယ်နှစ်မှ မကျော်ဘူး ဒါကြောင့်မျိုးရိုးကွာတယ်ထင်ပြီး အစောပေါ်တဲ့အပင် ကမျိုးစေ့ယူ မလို့စိုက်လို့ လူ့တရပ်၅နှစ်သားဆို သေသွား တတ်သေးတယ် ကိုယ်တို့ဘဲ အားကိုးပါရစေ့။ #B sky ast ိကိုင်းကူးတာတော့မအောင်မြင်ဘူးဖြစ်နေတယ်ဘက်ကူးတာတောမလုပ်တတ်တော့မလုပ်ဘူးသေးဘူး မရမ်းသီးခြံတွေတော့ပဲခူး ့်မြိုနယ်ကျောက်တန်းမှာစိုက်နေကျတယ်ခုချိန်ဆိုရင်ခူးနေကျပြီ။ ZAWGYI မရမ္းပင္ စိုက္ပ်ိဳးနည္း...#ျမန္မာအမည္ = မရမ္း အဂၤလိပ္အမည္ = Marian Tree ရုကၡေဗဒအမည္ = Bouea burmanica မ်ိဳးရင္းအမည္ = Anacardiaceae #မ်ိဳးမ်ား အခ်ိဳမ်ိဳး အခ်ဥ္မ်ိဳး ႏွစ္မ်ိဳးရွိ။ #ေဒသ မႏၲေလးတိုင္း ပဲခူး ရန္ကုန္ ဧရာဝတီ မြန္ျပည္နယ္ ကရင္ျပည္နယ္ တနသၤာရီတိုင္း #ေရေျမ ရာသီဥတု ေျမေစးဆန္ေသာႏုန္းေျမ ပူအိုက္စြတ္စိုေသာ ရာသီဥတု။ မိုးေရခ်ိန္မွာ (50-150)လက္မျဖစ္။ #ပ်ိဳးေထာင္နည္း အသီးမွည့္အခြံကို သင္ပစ္ျပီးအသားမဖယ္ပဲ ျပာလူးကာ အရိပ္ေအာက္တြင္ (3)ရက္ခန္႔ျဖန္႔ပါ၊ အေစ့စိုက္ပင္အား ပ်ိဳးသက္တစ္ႏွစ္ေက်ာ္မွ ေျမခ်စိုက္ရပါမည္။ #စိုက္က်င္း ႏွစ္ေပပတ္လည္ စိုက္တန္းအကြာအေဝး (30×30)ေပ တစ္ဧကအတြက္ (48)ပင္ျဖစ္။ #ေျမၾသဇာေကြ်းနည္း ႀကီးထြားမႈေႏွးေသာ အပင္မ်ိဳးျဖစ္ကာ အပင္ငယ္ တစ္ပင္လွ်င္ ႏြားေခ်းတစ္တင္းႏႈန္း အပင္ႀကီး သံုးတင္းႏႈန္း။ ယူရီးယား တီစူပါ ပိုတက္ (1:2:1)ေရာျပီး အပင္ငယ္အတြက္ (1)ေပါင္ အပင္ႀကီး(2)ေပါင္။ #အပင္ျပဳစုနည္း ကိုင္းေျခာက္ရွင္းေပးျခင္း သံုးႏွစ္သားအထိ ေရသြင္းေပးပါ။ ေလာင္းရိပ္မ်ားရွင္းေပးပါ။ မတ္ ဇြန္လမ်ားတြင္ အသီးရင့္မွည့္တတ္သျဖင့္ ေစ်းေကာင္းရေစရန္ႏွင့္ အသီးေစာေစာရေစရန္ ေရႏွင့္ ေျမၾသဇာေကြ်းျခင္းတို႔ကို မိုးျပတ္ေသာ ရာသီမွစ၍ ေဆာင္ရြက္ေပးရပါမည္။ #အထြက္ႏႈန္း (7)ႏွစ္ၾကာလွ်င္ အသီးစတင္ခူးစြတ္နိုင္ျပီး အပင္ငယ္မွ (5000-7000)လံုး အပင္ႀကီးမွ (20000-30000)လံုး ********** #အသံုးဝင္ပံု #မရန္းပင္သည္ ဆယ့္ႏွစ္ရာသီ စိမ္းလန္းေသာအပင္လတ္မ်ဳိးျဖစ္၍ အျမင့္ေပ ၄၀ ထိရွိသည္။ ႐ုကၡေဒအလိုအားျဖင့္ ဗိုအီအိုေပါဇီတီဖိုလီယာ ဟုေခၚ၍ အန္နကာဒီေအးစီအီး မ်ဳိးရင္းတြင္ပါဝင္သည္။ #ျမန္မာႏိုင္ငံ တနသၤာရီတိုင္းႏွင့္ ကပၸလီကြ်န္းစုတြင္ အလြန္ေပါမ်ားသည္။ မိုးအလြန္ပါးေသာ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားမွတပါး အျခားအပိုင္းမ်ား၌ မရန္းၿခံမ်ားကို ေတြ႕ျမင္ႏိုင္သည္။ အကိုင္းကူးစိုက္နည္းျဖင့္ အပင္သစ္မ်ား ပြားလာေအာင္ ျပဳလုပ္ႏိုင္ေသာ အပင္မ်ဳိးပင္ျဖစ္ေသာ္လည္း၊ ျမန္မာႏိုင္ငံတြင္ အေစ့ပ်ဳိး၍သာ မရန္းပင္ စိုက္ေလ့ရွိၾကသည္။ အပင္မႀကီးလြယ္ေခ်။ #မရန္းပင္မ်ားသည္ ထူထပ္သိပ္သည္းေသာ အ႐ြက္တို႔ျဖင့္ သိုက္ၿမိဳက္ေဝဆာလ်က္ရွိရာ အလြန္လွပေသာ အပင္မ်ဳိးျဖစ္သည္။ လွပတင့္တယ္၍ အရိပ္အာဝါသေကာင္းရရွိေသာ သစ္ပင္မ်ားျဖစ္သည့္အေလ်ာက္ အထိုအပင္ကို လူတို႔အလြန္ ႏွစ္သက္ၾကသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ေတာလက္ေက်း႐ြာမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းဝင္းမ်ား၌ မရန္ပင္မ်ားကို စိုက္ပ်ဳိးထားတတ္ၾကသည္။ #မရန္း႐ြက္မ်ားသည္ လွံသြားပုံရွိ၍ ၄ လက္မခန္႔ ရွည္သည္။ ေျပာင္လက္၍ ေခ်ာေနသည္။ အေခါက္တြင္ ပတ္ေသးပတ္ေၾကာင္းမ်ား ခပ္စိပ္စိပ္ရွိ၍ မြဲျပာညစ္ညစ္အေရာင္ရွိသည္။ မရန္ပြင္းမ်ားမွာ ေသးငယ္ေသာလည္း ၃ လက္မခန္႔ ရွည္ေသာ အခိုင္မ်ားျဖင့္ ပြင့္ၾကသည္။ နတ္ေတာ္လႏွင့္ ျပာသိုလမ်ားတြင္ အပြားမ်ားပြင့္၍ တန္ခူးလႏွင့္ ကဆုန္လမ်ားတြင္ မွည့္ၾကသည္။ အသီးခ်ဥ္မ်ဳိးႏွင့္ အသီးခ်ဳိမ်ဳိးဟူ၍ မရန္းပင္ႏွစ္မ်ဳိး ႏွစ္စားရွိသည္။ အခ်င္ပင္၏ အသီးမွည့္မ်ားသည္ လိေမၼာ္ရင့္ေရာင္ရွိ၍ အခ်ိဳသီးထက္ အလုံးႀကီးသည္။ မရန္းခ်ဳိသီးမွည့္သည္ အဝါေဖ်ာ့ေဖ်ာ့အေရာင္ရွိ၍ အရသာမွာ ခ်ဥ္ၿဖဳံ႕ၿဖံဳ႕ရွိသည္။ #မရန္းပင္မ်ားကို အသီးအလို႔ငွာ စိုက္ပ်ဳိးေလ့ရွိၾကသည္။ ျမန္မာလူမ်ဳိးတို႔သည္ မရန္းသီးကို အကင္းမွအစ အသီးမွည့္သည္အထိ အမ်ဳိးမ်ဳိး ျပဳျပင္စီမံ၍ စားေလ့ရွိၾကသည္။ မရန္းသီးဆားစိမ္၊ မရန္းသီးသနပ္၊ မရန္းယို၊ မရန္းျပားစသည္ျဖင့္ မရမ္းသီးကို ၾကာရွည္ခံေအာင္ ဖြယ္ဖြယ္ရာရာ စီမံ၍ စားသုံးတတ္ၾကသည္။ #မရန္းပင္ကို အခ်ဳိ႕ေဒမ်ားတြင္ မရင္းပင္ ဟူ၍လည္းေခၚၾကသည္။ မြန္ဘာသာျဖင့္ မရန္းပင္ကို ဘရန္း၊ သို႔မဟုတ္ ဘ႐ိုင္းဟူ၍ေခၚသည္။ ထားဝယ္စကားျဖင့္ “ဇင္းသီး၊ ဇင္းဗန္” ဟု ေခၚဆိုၾကသည္။ #ေဆးဖက္၀င္မရမ္း ေရးသားေဖာ္ျပသူ YMBG GROUP AT 12:01 PM SUNDAY, MARCH 20, 2011 #မရမ္းပင္သည္ ခ်ိဳ ၊ ခ်ဥ္ ၊ ဖန္ ေသာအရသာရွိၿပီး ႏွစ္ရွည္ခံအပင္ၾကီးမ်ိဳးၿဖစ္သည္ ။ အသီးမ်ားသည္ သီတင္းကြ်တ္ ၊ တန္ေဆာင္မုန္းတြင္ သီးၿပီး ၊ တပို ့တြဲ ၊ တေပါင္းလမ်ားတြင္ အသီးမွည့္သည္ ။ မရမ္းပင္၏ အသီး ၊ အေစ့ တို့သည္ ေဆးဖက္၀င္သည္ ။ မရမ္းသီးသည္ ေသြး၀မ္းသြားၿခင္း ၊ အဖ်ားေဟာင္းႏွင့္ ကိုယ္တြင္းပူေလာင္ၿခင္း ၊ အသားၾကားအရိုးၾကားတို့တြင္ နာက်င္ကိုက္ခဲၿခင္းတို့ကို သက္သာေပ်ာက္ကင္း ေစပါသည္။ မရမ္းသီးကို သုတ္စားၿခင္း ၊ ခ်က္စားၿခင္း စသည္ၿဖင့္ ၿပဳလုပ္စားသုံးပါက ခံတြင္းပ်က္ၿခင္း ၊ ခံတြင္းအရသာမေပၚၿခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္သည္။ ၀မ္းကိုက္ၿခင္း ၊ မီးယပ္၀မ္းသြားၿခင္းမ်ား အတြက္ မရမ္းသီးဆားရည္စိမ္အရည္ ေသာက္ေပးၿခင္း ၊ ဆားစိမ္ကိုသုတ္စားေပးၿခင္းၿဖင့္ ၀မ္းကိုက္ပိုးမ်ားကို ေသေစႏိုင္သည္။ အသည္းအဆီဖုံးေသာေရာဂါမ်ား ေပ်ာက္ကင္းေစရန္ႏွင့္ အဆီမ်ားေသာအသားမ်ားတြင္ လည္း မရမ္းသီးကိုထည့္ခ်က္ၿပဳတ္ၿခင္းၿဖင့္ ပိုလွ်ံေနေသာအဆီမ်ားကို ေခ်ဖ်က္ႏိုင္သည္ ။ အထူးသၿဖင့္မရမ္းေစ့မ်ားကို ၀မ္းပိတ္ေဆးမ်ားတြင္ အသုံးၿပဳႏိုင္ပါသည္ ။ သု ေဇ ရွိုင္း (၀ိုင္အမ္ဘီဂ်ီ) ********** #စိုက္ပ်ိဳးေရးမိတ္ေဆြမ်ား၏ေဆြးေႏြးခ်က္မ်ား #Aung Khant မြန္ျပည္နယ္ ဘီးလင္း က်ိဳက္ထို ေတာင္စြန္းနယ္ အမ်ားဆုံးစိုက္တယ္ ကိုဂ်မ္း ခုခ်ိန္ဆို ဆားနဲ႕နယ္ အေျခာက္လွမ္း တဲ႕ ဂြင္ၿပီးလို႔ ေရာင္းေတာင္ကုန္ၿပီးေလွာင္လက္ထဲ ေရာက္ေလာက္ၿပီ ေသခ်ာတာကေတာ့ အဲ႕နယ္က အထြက္ဆုံးပဲ။ #phyowai thaw ပဲခူးတိုင္းအေနာက္ပိုင္းေရႊေတာင္ ၿမိ ု ့မွာအမ်ားႀကီးရွိပါတယ္ကိုင္းကူး ပင္ေတာင္မွအနဲဆုံးဆယ္ႏွစ္ေက်ာ္ ေလာက္ၾကာမွသီးပါတယ္သုံးႏွစ္ႏွင့္ မသီးပါသီးတဲ႔နည္းေလးရွိလွ်င္မွ်ေဝ ေပးပါလက္ရွိအပင္ေတြလဲအမ်ားႀကီးရွိ ပါတယ္အဘိုးအဖြားလက္ထက္မွစိုက္ ထားတဲ႔အပင္ေတြပါ။ ဟုတ္ကဲ႔ေက်းဇူးပါသရက္ကေတာ့ အပင္ျဖစ္လဲျမန္တယ္သုံးႏွစ္ေလာက္ဆို သီးပါတယ္မရမ္းမွာကမျဖစ္ႏွိင္ပါအေစ့ စိုက္ဆိုအနဲဆုံးအႏွစ္သုံးဆယ္ေက်ာ္ပါ တယ္ဒါေတာင္အျပ ုအစုေကာင္းမုပါ အခုလိုအနည္းလမ္းေလးေျပာျပတာ ေက်းဇူးပါ။ #zaw aung ကိုင္းကူး တာ ေတာ့ ဟုတ္ ပါတယ္ ဒါေပမဲ႕ အေစာ သီးတဲ႕ မ်ိဳးနဲ႔ ေနာက္က်မ်ိဳး နွစ္မ်ိဳးေတြ႕ရတယ္ တစ္မ်ိဳးနဲ႕တစ္မ်ိဳး ၁၅ရက္ ခန္ ့ကြာဟမူရွိပါတယ္ ဒါေၾကာင့္ စီးပြားျဖစ္စိုက္မယ္ဆို အေစာ သီးတဲ႕ မ်ိဳး ကို ရ နိုင္ဖို့လို ပခတယ္ ေဒသတစ္ခုတည္းမွာ ၁၅ရက္ေစာသီးေတာ့စီးပြားေရးေစ်းကြက္အရ ရွားပါခ်ိန္ေစ်းေကာင္းတာ ထံုစံပါ ပဲ လို အၾကံျပဳ ပါရေစ။ ကိုက္းကူ ခ်ိန္ ၆၀ ရက္ခန္ ့ ေစာင့္ရမယိ ခုခ်ိန္ အသီးခ်ိန္ ျဖစ္ေနေတာ့ --- #mya hmuu tha dar ထိုင္းမွာ အခ်ဳိစိုက္တယ္ မြန္ျပည္နယ္မွာ ခ်ဴိခ်ဥ္နဲ႔ အခ်ဥ္ အစိုက္မ်ားတယ္ မရမ္းက သရက္လို အပင္ျဖစ္ဖို႔မလြယ္ ျဖစ္လာရင္လဲ အသီးရဖို႔ၾကာတယ္ သီးျပန္ေတာ့လဲ အသီးသီးခ်ိန္က တိုေတာင္းတယ္၊ အသီးကင္းေလးေတြ ေထာင္းစားတဲ့ အရြယ္မွာ ေဈးေကာင္းရလို႔ တခါခူး ခူးေရာင္းၾကတယ္။ အသီးရင့္ေတာ့ တခါခူးေရာင္းၾကတယ္။ အရင္က ေမာ္လၿမိဳင္ ထမင္းဆိုင္ေတြဆို မရမ္းျပားေျခာက္နဲ႔ ဟင္းခ်က္တာ အရမ္းစားေကာင္းတယ္ အခုေတာ့ သူတို႔ေတာင္ မေဆာင္ထားႏိုင္ေတာ့ဘူး။ စီးပြားျဖစ္စိုက္ႏိုင္ရင္ေတာ့ ေကာင္းပါတယ္။ #နတ္ရွင္ေနာင္ ဓာတုကလ်ာ ေတာင္ငူမွာစုိက္ပါတယ္ ေလးနွစ္ ငါးနွစ္နဲ႔သီးပါတယ္ေျမေကာင္းေကာင္းသလုိေပါ့ အခ်ဳိသီးကေတာ့ေစ်းမရလုိ့သိပ္မစုိက္ေတာ့ပါ။ #myo latt soe အမ်ားအားျဖစ္ စီးပြားမျဖစ္လို႕စားဖို႕သာ အနည္းငယ္သာစိုက္ပါတယ္ခင္ဗ်ား မရမ္းသီးေစ်းကြက္ဆိုတာ ဘယ္မွာရွိလဲ ရွိရင္ ေအာ္ဂဲနစ္စစ္စစ္ အသီးရွိတယ္ တနသၤာရီၿမိဳ ႕နယ္။ #aung ko htwe ၄ / ၅ ႏွစ္နဲ႕သီးတ့ဲအပင္သီးပါတယ္ေရေျမ ျပုစုမွဳ႕နဲ႕မ်ိဳးေပၚမွာလည္းကြာသြားမွာေပါ့ဗ်ာ ဒီဘက္မွာေတာ့ မရမ္းေစ်းကြက္ကမိုက္တယ္ ကိုင္းကူးနည္းေလးေတြ႕ရင္တင္ေပးပါအုန္းအကို။ #tin hlwar oo ပဲခူးတိုင္းထံုးျကီးရႊာဘက္မွာေလ့လာျကည့္ပါ။တနိဳင္ငံလံုးမွာဒီကထြက္တဲ႕မရမ္းကအသားထူဆံုးပဲ။အပင္ေတြရဲ႕ေအာက္မွာနာနတ္ပင္ေတြရွိတယ္။ #ခ်စ္ျပံဳး မရမ္းကစီးပြားျဖစ္မယ္ထင္တယ္ အကင္းဆိုေစ်းေကာင္းရတယ္ တစ္ပိတ္သာဆိုတစ္ေသာင္းခြဲးအနည္းဆံုးရွိတယ္ဘီလင္းဘက္မွာပါ အရင္လူေတြစိုက္ထားတာပါကိုယ့္လက္ထက္မွာေတာ့တစ္ပင္မွမစိုက္ရေသးဘူး အကင္းခ်ိန္ပဲေစ်းေကာင္းရပါတယ္ အလံုးႀကီးသြားရင္ေစ်းမရေတာ့ဘူး ခြဲးစိမ္အေျခာက္လွမ္းပါတယ္။ #win hlaing ၿခံလိုက္ေတာ့ မဟုတ္ဘူး။ ေတာင္ငူမွာ စိုက္ၾကတယ္။ အပင္ႀကီးရင္ အသီးကို ပင္ျပတ္ တစ္ပင္ တစ္သိန္းေပးတယ္။ ျပႆ ၁. နာက ၃ႏွစ္မွာ ၁ႏွစ္ အသီးနည္းတာ။ #chit jet chit jet စျပီးစိုက္ခ်ိန္ေတာ့ကုန္က်စရိတ္သက္သာေအာင္နဲနဲဘဲဝယ္စိုက္ေပါ႔ အဲဒါနဲ႔တစ္ခ်ိန္ထဲျမန္မာမ်ိဳးရင္းစိုက္မယ္ ျပီးရင္ကိုင္းကူးယူမယ္ အခ်ိန္ေတာ႔ယူရမယ္္။ #maung maung maungmaung မရမ္းက ႏွစ္ရွည္ပင္ပါ ၇ ႏွစ္အေစာဆံုး သီးပါတယ္ ရာသီဥတု မမွန္ရင္ အသီး မမွန္ပါဘူး အစာက်ေတာ့လည္း အပင္ငယ္စဥ္မွာ ေကြ်းနိုင္ေပမယ့္ အပင္ႀကီးလာရင္ မလြယ္ပါဘူး တစ္သီးစားျဖစ္တဲ႔အတြက္ ရာသီဥတု မ ေကာင္းတဲ႔ႏွစ္နဲ႔ႀကံဳရင္ အက်ိဳးမရွိပါဘူး အပင္ပ်ိဳေတြ အလြန္သီးမွ ပိသာခ်ိန္ ၃၀ ပါပဲ သက္တမ္းရင့္ အပင္( 15 - 20 )ဆိုရင္ အပင္ အားေကာင္းရင္ေတာ့ အခ်ိန္ ၁၅၀ က ေန ၅၀၀ ေလာက္အထိ ထြက္ပါတယ္ ပဲခူးေက်ာက္တန္းမွာက ရြာလံုးကြ်တ္ ၿခံသမားတိုင္းမွာ မရမ္းရွိပါတယ္ ဒါေပမယ့္ သိပၸံနည္းက် စနစ္တက် စိုက္ပ်ိဳးထားတာ တစ္ၿခံမွ မရွိပါဘူး ဘိုးဘြားမိဘ ေတြလက္ထက္က စိုက္ပ်ိဳးခဲ႔တာကို သားသမီးလက္ထက္ ခူးစားတဲ႔သ ေဘာပါ မရမ္းသီးေစ်းက အခု ၁ပိသာမွ ၁၁၀၀ ပဲရွိပါတယ္ အေျခာက္လွမ္းၿပီး ေလွာင္နိုင္ရင္ေတာ့ တန္ေဆာင္မုန္း နတ္ေတာ္ ဆို ႀကိဳက္ေစ်းေခၚေရာင္းလို႔ရပါတယ္ ေစ်းေကာင္းတဲ႔ႏွစ္ဆိုရင္ ထက္ဝက္ခ်ိဳး ျမတ္ပါတယ္ ႏွစ္ရွည္ပင္ပါ ကိုင္းကူးက စမ္းသပ္ၾကည့္ေပမယ့္ နည္းမက်လို႔လားမသိ အစဥ္မ ေျပပါဘူး။ မရမ္းက အပင္ေပါင္း ဂရုစိုက္ရတယ္ အစ္ကို ဥပမာ က်ီးေပါင္းပင္လိုမ်ိဳး သစ္ခြပံုစံ ကပ္ပါးပင္လိုမ်ိဳး ႏွင္းခါးအက်မ်ားရင္ အသီးပိုးဝင္ပါတယ္ နွင္းမရျပန္ရင္လည္း အပူမ်ားၿပီး ေလသီးအဝင္မ်ားပါတယ္ သီးကင္းလိုက္ေနတုန္း ရြက္ႏုထိုးလာရင္ အသီးပိုးဝင္ပါတယ္ ဘယ္လိုေျမမ်ိဳးမွာမဆို ျဖစ္ထြန္းပါတယ္ ဆားငံဆိုရင္ေတာ့ ေသပါတယ္။ ပင္မႀကီးေအာက္က အပင္ေပါက္ကို မိုးဦးက် ေျမႏူးခ်ိန္မွာ ေရြ႕စိုက္လို႔ရပါတယ္ ဦးရြက္ ႏွစ္ရြက္ပဲထြက္ေသးတဲ႔ အပင္ေပါက္ေတြကို ေအာက္ခံေျမသားပါ ပါေအာင္ တူးၿပီး ပ်ိဳးအ္ိတ္ထဲေရြ႕လို႔ရပါတယ္ ေႏြေပါက္လာရင္ေတာ့ ေရလိုက္ေပးရပါတယ္ ေနျပင္းရင္ အရိပ္ခပ္ပါးပါးလုပ္ေပး ႏွစ္ရြက္ထက္ပိုၿပီး အရြက္ထြက္မ်ားေနရင္ေတာ့ ၁၀ပင္ ၁ ပင္ ရွင္ခဲပါတယ္။ #ko ko aung စိုက္​ပ်ိဳး​ေရးဝါသနာပါသူခ်င္​းစိတ္​႐ွည္​စြာ႐ွင္​းျပတာ​ေက်းဇူးတင္​ပါတယ္​.နည္​းပညာမ်ားအသံုးျပဳၿပီးအပင္​ႀကီးမ်ားႏွစ္​ျခင္​းသီးရနိင္​ပါၿပီ.ရာသီကိုအံတုနိင္​ပါၿပီ အပင္​ပုမ်ားအပင္​​ေရမ်ားမ်ားစိုက္​ပ်ိဳးျခင္​းျဖင္​့လည္​းအဆင္​​ေျပနိင္​ပါသည္​သရက္​ကဲ့သို႔ပင္​အက်ိဳးျဖစ္​နိင္​သည္​ဟု​ေတြးမိပါသည္​.ဝင္​​ေငြျခင္​းတူလ်ွင္​.သရက္​ကဲ့သို႔အိပ္​စြပ္​ကုန္​က်စရိတ္​မ႐ွိပါmessengerျဖင္​့ဗဟုသုတမ်ားဖလွယ္နိင္​ပါတယ္​။ #pdo mango ကိုင္းကူးတာခက္တယ္.ေအာက္ခံပင္ကိုတျခားမ်ိဳးတူ အျကမ္းခံရွာရင္ပိုအဆင္ေျပနိုင္မယ္.မရမ္းပင္ေပါက္ကအျမစ္ေလဝင္ရင္ေသတာမ်ားတယ္.အပင္မျကီးေအာက္ကအပင္ေပါက္ေတြပ်ိဳးအိပ္ထဲေျပာင္းတာ ေသကုန္တယ္.မရမ္းကိုပင္ျခားတန္းျခားနဲ့ သရက္လိုစိုက္ရင္အသီးတင္နွဳံးနဲတယ္ေျပာျကတယ္.အနဲလိုအဟာရ လိုအပ္ပုံပါဘဲ.မရမ္းအခ်ဥ္သီးမွေစ်းကြက္ေကာင္းပါတယ္.က်ြန္ေတာ္လည္းစိတ္ဝင္စားလို့ေလ့လာေနပါတယ္.ေက်းဇူးပါ ကိုလူျကမ္း။ #U oo tun tun ငါသိတတ္စကအပင္ငါအသက္္ အခုအသက္၄၀ေက်ာ္သာ ေရာက္တယ္ အပင္ကဒီအတိုင္းဘဲ တပင္တႏွစ္ ၂သိန္းနဲ့၅သိန္းႀကားဘဲ။ က်ဳပ္အထင္မ်ိဳး ကြာတာထင္တယ္ ေနာက္က်သီးတ့ဲ အပင္ကို ေဆးျဖန္း အစာေကြ်းလုပ္ႀကည့္တာ အေစာသီးတဲ့ အပင္ ဘာအမွမလုပ္ဘဲထား ဘယ္ႏွစ္မွ မေက်ာ္ဘူး ဒါေႀကာင့္မ်ိဳးရိုးကြာတယ္ထင္ျပီး အေစာေပၚတ့ဲအပင္ ကမ်ိဳးေစ့ယူ မလို့စိုက္လို့ လူ့တရပ္၅ႏွစ္သားဆို ေသသြား တတ္ေသးတယ္ ကိုယ္တို့ဘဲ အားကိုးပါရေစ့။ #B sky ast ိကိုင္းကူးတာေတာ့မေအာင္ျမင္ဘူးျဖစ္ေနတယ္ဘက္ကူးတာေတာမလုပ္တတ္ေတာ့မလုပ္ဘူးေသးဘူးမရမ္းသီးျခံေတြေတာ့ပဲခူး ့္ျမိဳနယ္ေက်ာက္တန္းမွာစိုက္ေနက်တယ္ခုခ်ိန္ဆိုရင္ခူးေနက်ျပီ။
  2.  မင်္ဂလာပါ 🦋🦋🦋
    စိုက်ပျိုးရေးနှင့် ပတ်သက်သမျှ နည်းပညာ ဗဟုသုတ
    အဖြာဖြာကို နေ့စဉ်တင်ဆက်ပေးနေပါတယ်
    တင်သမျှ မလွတ်တမ်းဖတ်ရအောင် #တီထွင်ဆန်းသစ်လယ်ယာတစ်ခွင်-smartknowledge ဆိုတဲ့ ကျနော်တို့
    page လေးကို like လုပ်ထားပေးပါနော်👌👌👌
    #မိမိဖတ်ရသလို အခြားလူများလည်း ဗဟုသုတ မျှဝေဖို့
    အခု ပို့စ် လေးကို share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်🙏🙏

    မဂၤလာပါ 🦋🦋🦋
    စိုက္ပ်ိုးေရးနွင့္ ပတ္သက္သမ်ွ နည္းပညာ ဗဟုသုတ
    အျဖာျဖာကို ေန့စဥ္တင္ဆက္ေပးေနပါတယ္
    တင္သမ်ွ မလြတ္တမ္းဖတ္ရေအာင္ #တီထြင္ဆန္းသစ္လယ္ယာတစ္ခြင္-smartknowledge ဆိုတဲ့ က်ေနာ္တို့
    page ေလးကို like လုပ္ထားေပးပါေနာ္👌👌👌
    #မိမိဖတ္ရသလို အျခားလူမ်ားလည္း ဗဟုသုတ မ်ွေ၀ဖို့
    အခု ပို့စ္ ေလးကို share ျခင္းျဖင့္ ကုသိုလ္ယူနိုင္ပါတယ္🙏🙏
  3.  

Comments