စီးပြားျဖစ္ မာလာကာ စိုက္နည္း....

မြန်မာအမည် - မာလကာ အင်္ဂလိပ်အမည်- GUAVA ရုက္ခဗေဒအမည်- PSIDIUM GUAJAVA #မာလကာမျိုးများ (ယခင်) အူဖြူ အူနီ #ခေတ်မီမျိုးများ (1) ကီလို (2) ထိုင်းပန်းသီး (3) ပတ္တမြား (4) အစေ့မဲ့ #အသီးထွက်ပုံကြည့်၍မျိုးသတ်မှတ်ခြင်း (1) အပွင့်တစ်ပွင့်သာပွင့်ပြီး တစ်ညှာတွင် တစ်လုံးသာသီးသောမျိုး (2) အပွင့်အခိုင်လိုက်ပွင့်ပြီး အသီးအခိုင်လိုက် သီးသောမျိုး #ကီလိုမာလကာ - ကီလိုဆိုသည်မှာ အလေးချိန်ကို သတ်မှတ်ခေါ်ဆိုထားသည့် ကမ္ဘာသုံးယူနစ်တစ်မျိုးဖြစ်ပါသည်။ (တစ်ကီလို အလေးချိန်မှာ (60)ကျပ်သားနှင့် ညီမျှပါသည်) #ထိုင်းပန်းသီးမာလကာ - မျိုးရိုးဗီဇပြုပြင် ထားသောမျိုးဖြစ်ပြီး အမည်ခေါ်တွင်လာပုံကို အသေချာမသိရှိရပါ။ (အပင်ဖြစ်မြန်သလို ဖူးပွင့်သီးထွက်မှုလည်း မြန်သည်) #ပတ္တမြားမာလကာ - နီညိုရင့်ရင့်အရောင် ရှိပြီး တွင်းထွက်ပတ္တမြားအရောင်ရှိသဖြင့် ဤအမည်အားခေါ်ဟန်ရှိသည်။ အရွက် အပွင့် အသီး တစ်ပင်လုံး နီညိုရောင် ရှိသည်။ အရသာမှာ ချိုမွှေးပြီး မွမွရွရွဖြစ်။ (အပင်ဖြစ်နှေးပြီး အကြမ်းမခံနိုင် သီးထွက်အားမကောင်းပါ) #အစေ့မဲ့မာလကာ - အပင်မှာ ထိုင်းမာလကာမျိုးနှင့် ဆင်တူသည်။ အစေ့အိမ်မပါ။ အစေ့မပါ၊ အလည်တည့်တွင် အခေါင်းပွသေးသေးလေးသာပါသည်။ အရသာမှာ မွမွရွရွနှင့် မာလကာနံ့ သင်းပါသည်။ #အစေ့ပေါက်အပင်မှာ အသီးသီးရန် နှစ်ရှည်ကြာတတ်ပြီး ကိုင်းကူးပင်မှာ မြန်ပါသည်။ အချို့မျိုးများမှာ အစေ့ပျိုးစိုက်လျှင် မူရင်းထက် ထွက်နှုန်းကျတတ်သဖြင့် ကိုင်းကူးမျိုးကို အသုံးပြုရပါမည်။ ပျိုးထုပ်များကို မြေမချမီ (2-3)ရက်ခန့် ရေဖြတ်ထားပါ သို့မှသာ စိုက်ကျင်းအတွင်းထည့်လျှင် မြေသားမာပြီး ကိုင်၍ရပါမည်။ #မြေရွေးချယ်ခြင်း (1) မြေကောင်း/သန့်နှင့် ရေအလုံအလောက် ရရှိသော စိုက်ပျိုးမြေမှာ ဖြစ်ထွန်းအောင်မြင်သည်။ (2) ယေဘုယျအားဖြင့် အပူပိုင်းဆန်သော ရာသီမျိုးကို နှစ်သက်သည်။ (3) အပူဒဏ် ရေငတ်ဒဏ် နှင်းမှုန်ကျပြီး အသင့်တင့် အေးသောရာသီဒဏ် ခံနိုင်ရည် ရှိသော်လည်း အပူချိန်(20°F)ထိ အေးသော ရာသီဒဏ်ကို ခံနိုင်အားမရှိပါ။ (4) မြေမရွေးသော်လည်း ရေကြာရှည် ဝပ်ခြင်းကို မနှစ်သက်ပေ။ သဲဆန်သော မြေများတွင်အထူး အောင်မြင်ပါသည်။ (5) မြေချဉ်ငံဓာတ် PH (4.5) မှ (8.2) အတွင်းရှိ မြေအမျိုးအစားများ၊ စနယ်မြေ၊ သဲဆန်သော နုံးတင်မြေနု တို့တွင် အထူးအောင်မြင်နိုင်ပြီး ရေဝပ်၍ မြေအောက်ရေ နီးသောနေရာများတွင် အထူးဂရုပြုမှ အောင်မြင်ပါမည်။ ဘောင်တင်စိုက်ပျိုးခြင်းအထိ လုပ်ဆောင်ရပါမည်။ #အကွာအဝေး (1) 10-10 ပေ (429 ပင်) တစ်ဧက (2) 12-12 ပေ (302 ပင်) (3) 15-15 ပေ (190 ပင်) (4) 18-18 ပေ (150 ပင်) (5) 20-20 ပေ (180 ပင်) (6) စိုက်ကျင်းအနက်မှာ တစ်တောင်အကျယ် တစ်ထောင်အနက်၊ မြေဆွေးထည့်နိုင်ပါက နှစ်တောင်အကျယ် နှစ်တောင်အနက်တူးပြီး အပေါ်ယံ မြေ (6-8)လက်မခန့်ကို သီးခြားပုံထားပြီး မြေဆွေးနှင့်အတူ ပြန်ရောထည့်ပါ။ #ကာလနှင့်ထွက်နှုန်း (1) တစ်နှစ်မှသုံးနှစ်ကြား အသီးသီးမည် ဖြစ်ပါသည်။ (2) တစ်နှစ်တာကာလအတွင်း တစ်ပင်မှ အလုံးရေ (100-300) (3) တစ်နှစ်တာအတွင်း တစ်ပင်မှ (100) လုံးဖြင့်တွက်ပါက (10800-42900)လုံးထိ ထွက်ရှိနိုင်ပြီး အလယ်အလတ်အဆင့် (32400)ထိ အကောင်းဆုံးအဆင့် (128700)ထိ ထွက်ရှိနိုင်ပါမည်။ (တလုံးလျှင် တစ်ရာကျပ် နှင့် တွက်ပါက တစ်နှစ်အတွက် ဝင်ငွေ (128,700,00) သိန်းတစ်ရာကျော် ရရှိနိုင်ပေမည်) #ရာသီအလိုက်စျေးကွက် မိုးသီးထက်ဆောင်းသီးက ပိုစျေးရပြီး ဆောင်းသီးထက် နွေသီးက ပိုစျေးကောင်း ရပါမည်။ #ရေကိုအသုံးပြုပုံ အတော်အသင့် ရေငတ်ခံနိုင်က အပင်ရှင်သန်သော်လည်း အသီးအရည်အသွေး မကောင်းပါ။ မိုးဦးကျနှင့် မိုးရာသီတွင် အသီး အမြောက်အများ ထွက်ရှိသော်လည်း ဆောင်းနှင့် နွေတွင် ရေပေးသွင်းနိုင်မှ အသီးထွက်အား ကောင်းပါမည်။ စိုက်ခင်းအတွင်းသို့ ရေပေးရန် နည်းလမ်း(3)သွယ်- (1) အပင်များအပေါ်မှ ရေဖြန်းခြင်း (2) မြောင်းသွယ်ရေပေးခြင်း (3) ရေလျှံသွားအောင် ရေပေးခြင်း မိမိနှင့်သင့်တော်သည့်နည်းကို ရွေးနိုင်ပါသည်။ လိုအပ်သည်များ ကြိုတင် စီစဉ်ရပါမည်။ ရေငံကြိုက်အပင်မျိုး မဟုတ်သဖြင့် ရေချိုကိုသာသုံးရပါမည်။ (4) မိုးနှောင်းနှင့် ဆောင်းကုန်ကာလများတွင် ရေအလုံအလောက် ပေးသွင်းရန် ဂရုပြုရမည်။ #စိုက်ကွက်အတွက်ပြင်ဆင်ရန် သေချာစီစဉ်ပြီးစိုက်ပျိုးမှသာ ရေရှည်တွင် အကျိုးများနိုင်ပါမည်- (1) မြေအနေအထားသည် ကုန်းကွက် ဆင်ခြေလျော မြေပြန့်စသည့် နေရာအမျိုးမျိုး ဖြစ်နိုင်သော်လည်း စိုက်ကျင်းပြင်ဆင်ရာတွင် ရေအလုံအလောက် ရရှိအောင်စီစဉ် ထားရပေမည်။ ရေထုတ်မြောင်း သွင်းမြောင်းများ စီစဉ်ထားရပါမည်။ ရေလမ်းကြောင်း မှန်ကန်ရန် အထူးသတိထားပါ။ (2) လွင်တီးခေါင်ပြင် ဖြစ်ပါက လေကာပင်များစိုက်ပျိုးရမည်။ လေကာပင်များ၏ လောင်းရိပ်သည် စိုက်ခင်းပေါ် မကျရောက်စေရပါ။ (3) လေဝင် လေထွက်ကောင်းပြီး အလင်းရောင် ကောင်းစွာ ရရှိအောင် ဆောင်ရွက်ရပေမည်( နေရောင်ခြည် အလုံအလောက် ရရှိမှသာ အပင်အတွက် ရောဂါပိုးမွှားဒဏ် ခံနိုင်ပေမည်) (4) စိုက်ခင်းနှင့် လွတ်ကင်းသော နေရာတွင် ရေကန် တာတမံ ရေတွင်းပိုက် အမြင့်တင်ရေတိုင်ကီစင်များ ဂိုထောင် လုံခြုံရေး အဆောက်အဦး အပါအဝင် စိုက်ခင်းကို ရေရှည်ထိခိုက်နိုင်သော အရာများကို ထားပါ။ (5) စပ်မြေပြင်ဆင်ခြင်း - သဘာဝမြေဆွေး (3) ဆ - တိရစ္ဆာန်ချေးမြေဆွေး (2)ဆ - စပါးခွံဖွဲပြာ (1) ဆ အကောင်းဆုံးမှာ ဘိုကာရှီ ဖောက်၍ သုံးစွဲခြင်းဖြစ်ပါသည်။ (6) စိုက်ကျင်းအတွင်းရှိ အဖျက်ပိုးများနှင့် ရောဂါများ - ခြ ပုရွက်ဆိတ် နီမတုတ် အခြားပိုးများ - အဖျက်ဘက်တီးရီးယားနှင့် ဗိုင်းရပ်များ - အဖျက်မှိုရောဂါများ (7) သဘာဝနည်းဖြင့်မြေပြင်ခြင်း - ဇီဝနည်းပညာသုံးခြင်း - မြေကျက်ဖုတ်ခြင်း ဇီဝနည်းပညာသုံးခြင်းမှာ အီးအမ် အိုင်အမ် ဘိုကာရှီ တို့ပြုလုပ်သုံးစွဲခြင်းဖြစ်သည်။ မြေကျက်ဖုတ်နည်းမှာ စိုက်ကျင်းများအတွင်း အမှိုက်ကောက်ရိုးတို့ ထည့်ပြီး မီးရှို့ခြင်းဖြစ်ပါသည်။ နှစ်ကြိမ် လုပ်သင့်ပြီး ပြာများကို မြေဆွေးနှင့် ရောထည့်ကာ (2-3)ရက် အအေးခံထားသင့်ပါသည်။ (8) မြေဆွေးအားမြေကျက်လုပ်နည်း မြေဆွေးပုံကို ထက်/အောက် လှန်ပြီး မြေဆွေးပုံပေါ်တွင် အမှိုက် ကောက်ရိုးတို့ မီးရှို့ပါ။ ပြာများနှင့် မြေဆွေးပုံကို ရောသမမွှေပြီး ထက်အောက်လှန် နောက်တစ်ကြိမ် မီးထပ်ရှို့ပါ။ (1-2)ရက် အအေးခံထားပါ။ (9) စိုက်ကျင်းများအတွင်းသို့ မြေဆွေးများ အပြည့်ထည့်ပြီး ရေဝအောင်လောင်းပါ။ သမန်းဆီတက်အောင် ရေပေးနှပ်ထားရပါမည်။ သမန်းဆီတက်ခြင်း ဆိုသည်မှာ (3-5)ရက် အကြာတွင် စိုက်ကျင်းများအတွင်း ပေါင်းမြက်ကလေးများ ပေါက်လာခြင်း ဖြစ်ပါသည်။ (10) ထိုအဆင့်ရောက်လျှင် မြေအား ထက်အောက်လှန်ပေးပါ။ နောက်တစ်ကြိမ် ပေါင်းမြက်များ ပေါက်လာသည့်အချိန်တွင် ထက်အောက် လှန်ပေးပြီး ပျိုးပင်များ မြေချစိုက်ပျိုးရန် အချိန်ဖြစ်ပါမည်။ (11) မြေကျက်ဖုတ်နည်းသည် ရောဂါပိုးမွှားဒဏ်ကို အပြီးတိုင် ပျောက်ခြင်းမျိုး မရှိသော်လည်း နည်းပါးအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ #မြေဆီသြဇာများထည့်သွင်းနည်း (1) အပင်အားပေးဓာတ် နိုက်ထရိုဂျင်(N) (ပုလဲ )ယူရီးယားဓာတ်မြေသြဇာ - ဇီဝမြေသြဇာ မြေဆီမြေနှစ်များနှင့် လိုအပ်သလို ပါးပါးထည့်ပေးပါ။ အပင်ကြိုက်သော အရာဖြစ်ပြီး များလွန်းခြင်း ပင်ခြေနှင့်နီးလွန်းခြင်း ကျွေးပြီးလျှင် ရေဝအောင် မပေးနိုင်လျှင် အပင်သေတတ်ပါသည်။ ပမာဏများပါက အပင်ကြီးထွားမှုကို အားပေးပြီး အသီးထွက်နှုန်း ကျဆင်းတတ်ပါသည်။ တနှစ်လျှင် သုံးကြိမ်ခန့် မြေဆွေး ဇီဝမြေဆွေး ဘိုကာရှီတို့နှင့် ရောစပ်ကျွေးသင့်ပါသည်။ (2) အပွင့်အသီးအားပေးဓာတ် ဖော့စဖိတ်ဓာတ် (P) -အပင်ရင်းတွင် မြေပြင်ပြီးနောက် မိုးဦးကျကာလ မိုးနှောင်းကာလ ဆောင်းကုန်ကာလ တနှစ် သုံးကြိမ် ကျွေးသင့်ပါသည်။ (3) အရည်အသွေးအားပေးဓာတ် ပိုတက် (K) - အသီးအရည်အသွေးကောင်းမွန်ပြီး ပိုတက်ဓာတ် ထုံးဓာတ် မဂ္ဂနီစီယမ်ဓာတ်တို့ အပြည့်အဝရရှိ စားသုံးရပါက အရသာပိုချိုစေပါမည်။ (4) (15) ပတ်လည် (16)ပတ်လည် တို့အားသုံးစွဲနိုင်ပါသည်။ (5) အီးအမ်(5)နှင့် အက်ဖ်ပီအီးတို့ကို ဆတူရောပြီး ရေ(500)ဆ နှင့်သော် လည်းကောင်း အိုင်အမ်ပျော်ရည် (2-3) မျိုးကို ရေနှင့်ရောစပ်ပြီး လည်းကောင်း တပတ်လျှင် နှစ်ကြိမ်ဖြန်းပေးနိုင်ပြီး ရိုးရိုး အီးအမ်ရေအား နေ့စဉ်ရေဖြန်းချိန်တွင် ရောဖြန်းပေးနိုင်ပါသည်။ #အသီးထွက်အားကောင်းရန် (1) မြေချအပင်စိုက် ရှင်သန်လာသည်မှ မာလကာပင်များကို စနစ်တကျ ပြုပြင်ဖြတ်တောက်ခြင်း။ (2) အစာအဟာရ အလုံအလောက် ပေးသွင်း ကျွေးမွေးခြင်း။ (3) အဖျက်ပိုးမွှား ကင်းရှင်းအောင် ကာကွယ် စောင့်ရှောက်ခြင်း။ #ပြုပြင်ဖြတ်တောက်ခြင်း အပင်အမြင့် (4-5)ပေခန့်သာထား၍ -မလိုသောကိုင်းများဖြတ်ခြင်း ခေါင်ဖွင့်ခြင်း -ဘေးတက်များ အတွင်းဝင်ကိုင်းများ ဖြတ်ခြင်း။ -ပင်ခြေမှထွက်သောကိုင်းများဖြတ်ခြင်း။ -ပေါင်းရှင်းမြေဆွခြင်း။ -အစာအဟာရလုံလောက်ပါက အပင်သည် လျှင်မြန်စွာကြီးထွား လာတတ်ရာ အပင်နှင့်ကိုင်းထွက်အား ခြင့်ချိန်ဖြတ်ခြင်း။ -အပင်အမြင့် (3)ပေမှစ၍ အသီးယူနိုင်သည်။ #နှစ်ပတ်လည်အသီးထွက်ရန် (1) ပေါင်းမြက်များရှင်းလင်းပေးပါ။ (2) ပင်ခြေမှ ပင်ဖျားထိ ခါးဆွ မြေဆွ ကျင်းဘောင်ခတ်ခြင်း ဆောင်ရွက်ပါ။ (3) ကိုင်းဖြတ် ခေါင်နှိမ်ပြုပြင်ပါ။ (4) မြေဆီသြဇာများ ကာလအလိုက် ကျွေးပေးပါ။ (5) ရေအလုံအလောက်ပေးသွင်းပါ။ (6) အစာကျွေးခြင်းကာလ - မတ်လ လဆန်းပိုင်း တစ်ကြိမ် - ဇူလိုင် လဆန်းပိုင်း - နိုဝင်ဘာ လဆန်းပိုင်း (7) ဘိုကာရှီ မြေဆွေး အီးအမ် အိုင်အမ် တို့အပြင် N P K နှင့် အနည်းလို အဟာရများကိုလည်း ခြင့်ချိန်ကျွေးမွေး ရပေမည်။ #သတိပြုစရာအဖျက်ပိုးမွှားများ (1) ဖန်ဂျိုင်းမှိုအဖျက်ပိုး - ဇီဝပျော်ရည်များပုံမှန်ပက်ဖြန်းပေးခြင်း နှင့် အပင်ရှိဒဏ်ရာဒဏ်ချက်များကို ထုံး / ဖယောင်းချက် အဆင်ပြေရာ တမျိုးမျိုး သုတ်ထားပေးပါ။ (2) ဘက်တီးရီးယားအဖျက်ပိုး - ကြီးပေါင်းတက်ခြင်း (3) ဗိုင်းရပ်စ် -အရွက်များတွန့်လိမ် ကောက်ကွေးလျှင် ဗိုင်းရပ်ဟု ပြောကြပါသည်။ အပင်အား ခုတ်ပြစ်ရုံမှ လွဲပြီး ကုသမရပါ။ (4) ပတ်ဝန်းကျင် အကျိုးဆက် - နေရောင်ခြည် လေဝင် လေထွက် ရာသီဥတု (5) အန္တရာယ်အပေးဆုံးရောဂါများ - မာလကာပင်ညှိုးရောဂါ ယေဘူယျအားဖြင့် ပျိုးထောင်ခြင်း မြေချစိုက်ပျိုးသောအချိန်များတွင် ဖြစ်တတ်ပြီး ပြုစုကုသရန် အနည်းငယ် အခက်အခဲရှိပါသည်။ အမြစ်ပွှားများ ခြောက်သွေ့ ပြတ်တောက်ပြီး သေတတ်သည်။ - ငှက်မျက်စိကွယ်ပျောက်ရောဂါ သံချေးတက်ရောဂါဟုလည်း ခေါ်ကြပါသည်။ အရွက်ရင့်များပေါ်တွင် ငှက်မျက်စေ့သဏ္ဍန် အညှိုးကွက်ပျောက်လေး ဖြစ်ပေါ်လာပါသည်။ အောက်ပိုင်းအရွက် များတွင် အများဆုံးတွေ့ရတတ်ပါသည်။ အသေအပျောက်တော့ မရှိပါ။ - ကြပ်ခိုးစွဲရောဂါ ညို့မှိုင်းသော အမွှေးအမျှင်ကလေးများ စွဲကပ်နေခြင်းကို ခေါ်ပါသည်။ ပင်လုံးကျွတ်နီးပါး ကျရောက်လျှင် အပင်သေသည်။ ဤရောဂါကျရောက်လျှင် ပိုးပျ ပုရွက်ဆိတ်များ ကျရောက်တတ်ပါသည်။ မိုးဦးကျ အချိန်နှင့် မိုးကုန် ဆောင်းကူးအချိန်များတွင် ဖြစ်တတ်ပါသည်။ - ရွက်စားပိုး - ဘောက်ဖတ် - ပျပိုး ဒဏ်ပိုး ဖြုတ်စိမ်းများ - ချ နှင့် ပုရွက်ဆိတ်များ - ကျိုင်းကောင်များ - အူခြောက်ပိုး - သီးထိုးယင် - နွားချေးပိုး နီမတုတ်နှင့် မြေအောင်းပိုး - ကြွက် ငှက်နှင့် ရှဉ့်များ #အိတ်စွပ်ခြင်း အေးသောရာသီတွင်ပြသနာမရှိသော်လည်း ပူသောရာသီတွင် အသီးများပုပ်တတ်ပါသည်။ #ကွန်ပေါင်းမြေသြဇာ အရှေ့ကြီး- နိုက်ထရိုဂျင်အများဆုံးပါ ပင်ပိုင်းကြီးထွားမှုကို ဦးစားပေးသည်။ (25:5:5) (18:4:5) အလယ်ကြီး- ဖော့ဖရပ်(စ်) အများဆုံးပါ လိင်ပိုင်းကြီးထွားခြင်းကို ဦးစားပေးသည်။ (10:52:17) (10:30:20) နောက်ကြီး - ပိုတက်(ရှ်) အများဆုံးပါ ကျန်းမာခြင်း အရည်အသွေးနှင့် အသာရွှေ့ခြင်းကို အဓိကဦးစားပေးသည်။ (12:22:32) (5:11:18) အားလုံးညီ - အဟာရသုံးမျိုးလုံး လိုအပ်နေချိန်သုံးသည်။ (15:55:15) (16:16:16) ZAWGYI ျမန္မာအမည္ - မာလကာ အဂၤလိပ္အမည္- GUAVA ရုကၡေဗဒအမည္- PSIDIUM GUAJAVA #မာလကာမ်ိဳးမ်ား (ယခင္) အူျဖဴ အူနီ #ေခတ္မီမ်ိဳးမ်ား (1) ကီလို (2) ထိုင္းပန္းသီး (3) ပတၱျမား (4) အေစ့မဲ႔ #အသီးထြက္ပံုၾကည့္၍မ်ိဳးသတ္မွတ္ျခင္း (1) အပြင့္တစ္ပြင့္သာပြင့္ျပီး တစ္ညွာတြင္ တစ္လံုးသာသီးေသာမ်ိဳး (2) အပြင့္အခိုင္လိုက္ပြင့္ျပီး အသီးအခိုင္လိုက္ သီးေသာမ်ိဳး #ကီလိုမာလကာ - ကီလိုဆိုသည္မွာ အေလးခ်ိန္ကို သတ္မွတ္ေခၚဆိုထားသည့္ ကမၻာသံုးယူနစ္တစ္မ်ိဳးျဖစ္ပါသည္။ (တစ္ကီလို အေလးခ်ိန္မွာ (60)က်ပ္သားႏွင့္ ညီမွ်ပါသည္) #ထိုင္းပန္းသီးမာလကာ - မ်ိဳးရိုးဗီဇျပဳျပင္ ထားေသာမ်ိဳးျဖစ္ျပီး အမည္ေခၚတြင္လာပံုကို အေသခ်ာမသိရွိရပါ။ (အပင္ျဖစ္ျမန္သလို ဖူးပြင့္သီးထြက္မႈလည္း ျမန္သည္) #ပတၲျမားမာလကာ - နီညိဳရင့္ရင့္အေရာင္ ရွိျပီး တြင္းထြက္ပတၲျမားအေရာင္ရွိသျဖင့္ ဤအမည္အားေခၚဟန္ရွိသည္။ အရြက္ အပြင့္ အသီး တစ္ပင္လံုး နီညိဳေရာင္ ရွိသည္။ အရသာမွာ ခ်ိဳေမႊးျပီး မြမြရြရြျဖစ္။ (အပင္ျဖစ္ေႏွးျပီး အၾကမ္းမခံႏိုင္ သီးထြက္အားမေကာင္းပါ) #အေစ့မဲ႔မာလကာ - အပင္မွာ ထိုင္းမာလကာမ်ိဳးႏွင့္ ဆင္တူသည္။ အေစ့အိမ္မပါ။ အေစ့မပါ၊ အလည္တည့္တြင္ အေခါင္းပြေသးေသးေလးသာပါသည္။ အရသာမွာ မြမြရြရြႏွင့္ မာလကာနံ႔ သင္းပါသည္။ #အေစ့ေပါက္အပင္မွာ အသီးသီးရန္ ႏွစ္ရွည္ၾကာတတ္ျပီး ကိုင္းကူးပင္မွာ ျမန္ပါသည္။ အခ်ိဳ႕မ်ိဳးမ်ားမွာ အေစ့ပ်ိဳးစိုက္လွ်င္ မူရင္းထက္ ထြက္ႏႈန္းက်တတ္သျဖင့္ ကိုင္းကူးမ်ိဳးကို အသံုးျပဳရပါမည္။ ပ်ိဳးထုပ္မ်ားကို ေျမမခ်မီ (2-3)ရက္ခန္႔ ေရျဖတ္ထားပါ သို႔မွသာ စိုက္က်င္းအတြင္းထည့္လွ်င္ ေျမသားမာျပီး ကိုင္၍ရပါမည္။ #ေျမေရြးခ်ယ္ျခင္း (1) ေျမေကာင္း/သန္႔ႏွင့္ ေရအလံုအေလာက္ ရရွိေသာ စိုက္ပ်ိဳးေျမမွာ ျဖစ္ထြန္းေအာင္ျမင္သည္။ (2) ေယဘုယ်အားျဖင့္ အပူပိုင္းဆန္ေသာ ရာသီမ်ိဳးကို ႏွစ္သက္သည္။ (3) အပူဒဏ္ ေရငတ္ဒဏ္ ႏွင္းမႈန္က်ျပီး အသင့္တင့္ ေအးေသာရာသီဒဏ္ ခံႏိုင္ရည္ ရွိေသာ္လည္း အပူခ်ိန္(20°F)ထိ ေအးေသာ ရာသီဒဏ္ကို ခံႏိုင္အားမရွိပါ။ (4) ေျမမေရြးေသာ္လည္း ေရၾကာရွည္ ဝပ္ျခင္းကို မႏွစ္သက္ေပ။ သဲဆန္ေသာ ေျမမ်ားတြင္အထူး ေအာင္ျမင္ပါသည္။ (5) ေျမခ်ဥ္ငံဓာတ္ PH (4.5) မွ (8.2) အတြင္းရွိ ေျမအမ်ိဳးအစားမ်ား၊ စနယ္ေျမ၊ သဲဆန္ေသာ ႏံုးတင္ေျမႏု တို႔တြင္ အထူးေအာင္ျမင္နိုင္ျပီး ေရဝပ္၍ ေျမေအာက္ေရ နီးေသာေနရာမ်ားတြင္ အထူးဂရုျပဳမွ ေအာင္ျမင္ပါမည္။ ေဘာင္တင္စိုက္ပ်ိဳးျခင္းအထိ လုပ္ေဆာင္ရပါမည္။ #အကြာအေဝး (1) 10-10 ေပ (429 ပင္) တစ္ဧက (2) 12-12 ေပ (302 ပင္) (3) 15-15 ေပ (190 ပင္) (4) 18-18 ေပ (150 ပင္) (5) 20-20 ေပ (180 ပင္) (6) စိုက္က်င္းအနက္မွာ တစ္ေတာင္အက်ယ္ တစ္ေထာင္အနက္၊ ေျမေဆြးထည့္နိုင္ပါက ႏွစ္ေတာင္အက်ယ္ ႏွစ္ေတာင္အနက္တူးျပီး အေပၚယံ ေျမ (6-8)လက္မခန္႔ကို သီးျခားပံုထားျပီး ေျမေဆြးႏွင့္အတူ ျပန္ေရာထည့္ပါ။ #ကာလႏွင့္ထြက္ႏႈန္း (1) တစ္ႏွစ္မွသံုးႏွစ္ၾကား အသီးသီးမည္ ျဖစ္ပါသည္။ (2) တစ္ႏွစ္တာကာလအတြင္း တစ္ပင္မွ အလံုးေရ (100-300) (3) တစ္ႏွစ္တာအတြင္း တစ္ပင္မွ (100) လံုးျဖင့္တြက္ပါက (10800-42900)လံုးထိ ထြက္ရွိႏိုင္ျပီး အလယ္အလတ္အဆင့္ (32400)ထိ အေကာင္းဆံုးအဆင့္ (128700)ထိ ထြက္ရွိနိုင္ပါမည္။ (တလံုးလွ်င္ တစ္ရာက်ပ္ ႏွင့္ တြက္ပါက တစ္ႏွစ္အတြက္ ဝင္ေငြ (128,700,00) သိန္းတစ္ရာေက်ာ္ ရရွိနိုင္ေပမည္) #ရာသီအလိုက္ေစ်းကြက္ မိုးသီးထက္ေဆာင္းသီးက ပိုေစ်းရျပီး ေဆာင္းသီးထက္ ေႏြသီးက ပိုေစ်းေကာင္း ရပါမည္။ #ေရကိုအသံုးျပဳပံု အေတာ္အသင့္ ေရငတ္ခံႏိုင္က အပင္ရွင္သန္ေသာ္လည္း အသီးအရည္အေသြး မေကာင္းပါ။ မိုးဦးက်ႏွင့္ မိုးရာသီတြင္ အသီး အေျမာက္အမ်ား ထြက္ရွိေသာ္လည္း ေဆာင္းႏွင့္ ေႏြတြင္ ေရေပးသြင္းနိုင္မွ အသီးထြက္အား ေကာင္းပါမည္။ စိုက္ခင္းအတြင္းသို႔ ေရေပးရန္ နည္းလမ္း(3)သြယ္- (1) အပင္မ်ားအေပၚမွ ေရျဖန္းျခင္း (2) ေျမာင္းသြယ္ေရေပးျခင္း (3) ေရလွ်ံသြားေအာင္ ေရေပးျခင္း မိမိႏွင့္သင့္ေတာ္သည့္နည္းကို ေရြးနိုင္ပါသည္။ လိုအပ္သည္မ်ား ႀကိဳတင္ စီစဥ္ရပါမည္။ ေရငံႀကိဳက္အပင္မ်ိဳး မဟုတ္သျဖင့္ ေရခ်ိဳကိုသာသံုးရပါမည္။ (4) မိုးေႏွာင္းႏွင့္ ေဆာင္းကုန္ကာလမ်ားတြင္ ေရအလံုအေလာက္ ေပးသြင္းရန္ ဂရုျပဳရမည္။ #စိုက္ကြက္အတြက္ျပင္ဆင္ရန္ ေသခ်ာစီစဥ္ျပီးစိုက္ပ်ိဳးမွသာ ေရရွည္တြင္ အက်ိဳးမ်ားနိုင္ပါမည္- (1) ေျမအေနအထားသည္ ကုန္းကြက္ ဆင္ေျခေလ်ာ ေျမျပန္႔စသည့္ ေနရာအမ်ိဳးမ်ိဳး ျဖစ္နိုင္ေသာ္လည္း စိုက္က်င္းျပင္ဆင္ရာတြင္ ေရအလံုအေလာက္ ႐ရွိေအာင္စီစဥ္ ထားရေပမည္။ ေရထုတ္ေျမာင္း သြင္းေျမာင္းမ်ား စီစဥ္ထားရပါမည္။ ေရလမ္းေၾကာင္း မွန္ကန္ရန္ အထူးသတိထားပါ။ (2) လြင္တီးေခါင္ျပင္ ျဖစ္ပါက ေလကာပင္မ်ားစိုက္ပ်ိဳးရမည္။ ေလကာပင္မ်ား၏ ေလာင္းရိပ္သည္ စိုက္ခင္းေပၚ မက်ေရာက္ေစရပါ။ (3) ေလဝင္ ေလထြက္ေကာင္းျပီး အလင္းေရာင္ ေကာင္းစြာ ရရွိေအာင္ ေဆာင္ရြက္ရေပမည္( ေနေရာင္ျခည္ အလံုအေလာက္ ရရွိမွသာ အပင္အတြက္ ေရာဂါပိုးမႊားဒဏ္ ခံႏိုင္ေပမည္) (4) စိုက္ခင္းနွင့္ လြတ္ကင္းေသာ ေနရာတြင္ ေရကန္ တာတမံ ေရတြင္းပိုက္ အျမင့္တင္ေရတိုင္ကီစင္မ်ား ဂိုေထာင္ လံုျခံဳေရး အေဆာက္အဦး အပါအဝင္ စိုက္ခင္းကို ေရရွည္ထိခိုက္နိုင္ေသာ အရာမ်ားကို ထားပါ။ (5) စပ္ေျမျပင္ဆင္ျခင္း - သဘာဝေျမေဆြး (3) ဆ - တိရစၧာန္ေခ်းေျမေဆြး (2)ဆ - စပါးခြံဖဲြျပာ (1) ဆ အေကာင္းဆံုးမွာ ဘိုကာရီွ ေဖာက္၍ သံုးစဲြျခင္းျဖစ္ပါသည္။ (6) စိုက္က်င္းအတြင္းရွိ အဖ်က္ပိုးမ်ားႏွင့္ ေရာဂါမ်ား - ျခ ပုရြက္ဆိတ္ နီမတုတ္ အျခားပိုးမ်ား - အဖ်က္ဘက္တီးရီးယားႏွင့္ ဗိုင္းရပ္မ်ား - အဖ်က္မိႈေရာဂါမ်ား (7) သဘာဝနည္းျဖင့္ေျမျပင္ျခင္း - ဇီဝနည္းပညာသံုးျခင္း - ေျမက်က္ဖုတ္ျခင္း ဇီဝနည္းပညာသံုးျခင္းမွာ အီးအမ္ အိုင္အမ္ ဘိုကာရွီ တို႔ျပဳလုပ္သံုးစဲြျခင္းျဖစ္သည္။ ေျမက်က္ဖုတ္နည္းမွာ စိုက္က်င္းမ်ားအတြင္း အမိႈက္ေကာက္ရိုးတို႔ ထည့္ျပီး မီးရိႈ႕ျခင္းျဖစ္ပါသည္။ ႏွစ္ႀကိမ္ လုပ္သင့္ျပီး ျပာမ်ားကို ေျမေဆြးႏွင့္ ေရာထည့္ကာ (2-3)ရက္ အေအးခံထားသင့္ပါသည္။ (8) ေျမေဆြးအားေျမက်က္လုပ္နည္း ေျမေဆြးပံုကို ထက္/ေအာက္ လွန္ျပီး ေျမေဆြးပံုေပၚတြင္ အမိႈက္ ေကာက္ရိုးတို႔ မီးရိႈ႕ပါ။ ျပာမ်ားႏွင့္ ေျမေဆြးပံုကို ေရာသမေမႊျပီး ထက္ေအာက္လွန္ ေနာက္တစ္ႀကိမ္ မီးထပ္ရိႈ႕ပါ။ (1-2)ရက္ အေအးခံထားပါ။ (9) စိုက္က်င္းမ်ားအတြင္းသို႔ ေျမေဆြးမ်ား အျပည့္ထည့္ျပီး ေရဝေအာင္ေလာင္းပါ။ သမန္းဆီတက္ေအာင္ ေရေပးႏွပ္ထားရပါမည္။ သမန္းဆီတက္ျခင္း ဆိုသည္မွာ (3-5)ရက္ အၾကာတြင္ စိုက္က်င္းမ်ားအတြင္း ေပါင္းျမက္ကေလးမ်ား ေပါက္လာျခင္း ျဖစ္ပါသည္။ (10) ထိုအဆင့္ေရာက္လွ်င္ ေျမအား ထက္ေအာက္လွန္ေပးပါ။ ေနာက္တစ္ႀကိမ္ ေပါင္းျမက္မ်ား ေပါက္လာသည့္အခ်ိန္တြင္ ထက္ေအာက္ လွန္ေပးျပီး ပ်ိဳးပင္မ်ား ေျမခ်စိုက္ပ်ိဳးရန္ အခ်ိန္ျဖစ္ပါမည္။ (11) ေျမက်က္ဖုတ္နည္းသည္ ေရာဂါပိုးမႊားဒဏ္ကို အျပီးတိုင္ ေပ်ာက္ျခင္းမ်ိဳး မရွိေသာ္လည္း နည္းပါးေအာင္ ေဆာင္ရြက္ေပးနိုင္ပါသည္။ #ေျမဆီၾသဇာမ်ားထည့္သြင္းနည္း (1) အပင္အားေပးဓာတ္ ႏိုက္ထရိုဂ်င္(N) (ပုလဲ )ယူရီးယားဓာတ္ေျမၾသဇာ - ဇီဝေျမၾသဇာ ေျမဆီေျမႏွစ္မ်ားႏွင့္ လိုအပ္သလို ပါးပါးထည့္ေပးပါ။ အပင္ႀကိဳက္ေသာ အရာျဖစ္ျပီး မ်ားလြန္းျခင္း ပင္ေျခႏွင့္နီးလြန္းျခင္း ေကြ်းျပီးလွ်င္ ေရဝေအာင္ မေပးနိုင္လွ်င္ အပင္ေသတတ္ပါသည္။ ပမာဏမ်ားပါက အပင္ႀကီးထြားမႈကို အားေပးျပီး အသီးထြက္ႏႈန္း က်ဆင္းတတ္ပါသည္။ တႏွစ္လွ်င္ သံုးႀကိမ္ခန္႔ ေျမေဆြး ဇီဝေျမေဆြး ဘိုကာရီွတို႔ႏွင့္ ေရာစပ္ေကြ်းသင့္ပါသည္။ (2) အပြင့္အသီးအားေပးဓာတ္ ေဖာ့စဖိတ္ဓာတ္ (P) -အပင္ရင္းတြင္ ေျမျပင္ျပီးေနာက္ မိုးဦးက်ကာလ မိုးေႏွာင္းကာလ ေဆာင္းကုန္ကာလ တႏွစ္ သံုးႀကိမ္ ေကြ်းသင့္ပါသည္။ (3) အရည္အေသြးအားေပးဓာတ္ ပိုတက္ (K) - အသီးအရည္အေသြးေကာင္းမြန္ျပီး ပိုတက္ဓာတ္ ထံုးဓာတ္ မဂၢနီစီယမ္ဓာတ္တို႔ အျပည့္အဝရရွိ စားသံုးရပါက အရသာပိုခ်ိဳေစပါမည္။ (4) (15) ပတ္လည္ (16)ပတ္လည္ တို႔အားသံုးစဲြႏိုင္ပါသည္။ (5) အီးအမ္(5)ႏွင့္ အက္ဖ္ပီအီးတို႔ကို ဆတူေရာျပီး ေရ(500)ဆ ႏွင့္ေသာ္ လည္းေကာင္း အိုင္အမ္ေပ်ာ္ရည္ (2-3) မ်ိဳးကို ေရႏွင့္ေရာစပ္ျပီး လည္းေကာင္း တပတ္လွ်င္ ႏွစ္ႀကိမ္ျဖန္းေပးနိုင္ျပီး ရိုးရိုး အီးအမ္ေရအား ေန႔စဥ္ေရျဖန္းခ်ိန္တြင္ ေရာျဖန္းေပးနိုင္ပါသည္။ #အသီးထြက္အားေကာင္းရန္ (1) ေျမခ်အပင္စိုက္ ရွင္သန္လာသည္မွ မာလကာပင္မ်ားကို စနစ္တက် ျပဳျပင္ျဖတ္ေတာက္ျခင္း။ (2) အစာအဟာရ အလံုအေလာက္ ေပးသြင္း ေကြ်းေမြးျခင္း။ (3) အဖ်က္ပိုးမႊား ကင္းရွင္းေအာင္ ကာကြယ္ ေစာင့္ေရွာက္ျခင္း။ #ျပဳျပင္ျဖတ္ေတာက္ျခင္း အပင္အျမင့္ (4-5)ေပခန္႔သာထား၍ -မလိုေသာကိုင္းမ်ားျဖတ္ျခင္း ေခါင္ဖြင့္ျခင္း -ေဘးတက္မ်ား အတြင္းဝင္ကိုင္းမ်ား ျဖတ္ျခင္း။ -ပင္ေျခမွထြက္ေသာကိုင္းမ်ားျဖတ္ျခင္း။ -ေပါင္းရွင္းေျမဆြျခင္း။ -အစာအဟာရလံုေလာက္ပါက အပင္သည္ လွ်င္ျမန္စြာႀကီးထြား လာတတ္ရာ အပင္ႏွင့္ကိုင္းထြက္အား ျခင့္ခ်ိန္ျဖတ္ျခင္း။ -အပင္အျမင့္ (3)ေပမွစ၍ အသီးယူနိုင္သည္။ #ႏွစ္ပတ္လည္အသီးထြက္ရန္ (1) ေပါင္းျမက္မ်ားရွင္းလင္းေပးပါ။ (2) ပင္ေျခမွ ပင္ဖ်ားထိ ခါးဆြ ေျမဆြ က်င္းေဘာင္ခတ္ျခင္း ေဆာင္ရြက္ပါ။ (3) ကိုင္းျဖတ္ ေခါင္ႏွိမ္ျပဳျပင္ပါ။ (4) ေျမဆီၾသဇာမ်ား ကာလအလိုက္ ေကြ်းေပးပါ။ (5) ေရအလံုအေလာက္ေပးသြင္းပါ။ (6) အစာေကြ်းျခင္းကာလ - မတ္လ လဆန္းပိုင္း တစ္ႀကိမ္ - ဇူလိုင္ လဆန္းပိုင္း - ႏိုဝင္ဘာ လဆန္းပိုင္း (7) ဘိုကာရွီ ေျမေဆြး အီးအမ္ အိုင္အမ္ တို႔အျပင္ N P K ႏွင့္ အနည္းလို အဟာရမ်ားကိုလည္း ျခင့္ခ်ိန္ေကြ်းေမြး ရေပမည္။ #သတိျပဳစရာအဖ်က္ပိုးမႊားမ်ား (1) ဖန္ဂ်ိဳင္းမိႈအဖ်က္ပိုး - ဇီဝေပ်ာ္ရည္မ်ားပံုမွန္ပက္ျဖန္းေပးျခင္း ႏွင့္ အပင္ရွိဒဏ္ရာဒဏ္ခ်က္မ်ားကို ထံုး / ဖေယာင္းခ်က္ အဆင္ေျပရာ တမ်ိဳးမ်ိဳး သုတ္ထားေပးပါ။ (2) ဘက္တီးရီးယားအဖ်က္ပိုး - ၾကီးေပါင္းတက္ျခင္း (3) ဗိုင္းရပ္စ္ -အရြက္မ်ားတြန္႔လိမ္ ေကာက္ေကြးလွ်င္ ဗိုင္းရပ္ဟု ေျပာၾကပါသည္။ အပင္အား ခုတ္ျပစ္ရံုမွ လဲြျပီး ကုသမရပါ။ (4) ပတ္ဝန္းက်င္ အက်ိဳးဆက္ - ေနေရာင္ျခည္ ေလဝင္ ေလထြက္ ရာသီဥတု (5) အႏၲရာယ္အေပးဆံုးေရာဂါမ်ား - မာလကာပင္ညွိဳးေရာဂါ ေယဘူယ်အားျဖင့္ ပ်ိဳးေထာင္ျခင္း ေျမခ်စိုက္ပ်ိဳးေသာအခ်ိန္မ်ားတြင္ ျဖစ္တတ္ျပီး ျပဳစုကုသရန္ အနည္းငယ္ အခက္အခဲရွိပါသည္။ အျမစ္ပႊားမ်ား ေျခာက္ေသြ႔ ျပတ္ေတာက္ျပီး ေသတတ္သည္။ - ငွက္မ်က္စိကြယ္ေပ်ာက္ေရာဂါ သံေခ်းတက္ေရာဂါဟုလည္း ေခၚၾကပါသည္။ အရြက္ရင့္မ်ားေပၚတြင္ ငွက္မ်က္ေစ့သ႑န္ အညွိဳးကြက္ေပ်ာက္ေလး ျဖစ္ေပၚလာပါသည္။ ေအာက္ပိုင္းအရြက္ မ်ားတြင္ အမ်ားဆံုးေတြ႔ရတတ္ပါသည္။ အေသအေပ်ာက္ေတာ့ မရွိပါ။ - ၾကပ္ခိုးစဲြေရာဂါ ညိဳ႕မိႈင္းေသာ အေမႊးအမွ်င္ကေလးမ်ား စဲြကပ္ေနျခင္းကို ေခၚပါသည္။ ပင္လံုးကြ်တ္နီးပါး က်ေရာက္လွ်င္ အပင္ေသသည္။ ဤေရာဂါက်ေရာက္လွ်င္ ပိုးပ် ပုရြက္ဆိတ္မ်ား က်ေရာက္တတ္ပါသည္။ မိုးဦးက် အခ်ိန္ႏွင့္ မိုးကုန္ ေဆာင္းကူးအခ်ိန္မ်ားတြင္ ျဖစ္တတ္ပါသည္။ - ရြက္စားပိုး - ေဘာက္ဖတ္ - ပ်ပိုး ဒဏ္ပိုး ျဖဳတ္စိမ္းမ်ား - ခ် ႏွင့္ ပုရြက္ဆိတ္မ်ား - က်ိဳင္းေကာင္မ်ား - အူေျခာက္ပိုး - သီးထိုးယင္ - ႏြားေခ်းပိုး နီမတုတ္ႏွင့္ ေျမေအာင္းပိုး - ၾကြက္ ငွက္ႏွင့္ ရွဥ့္မ်ား #အိတ္စြပ္ျခင္း ေအးေသာရာသီတြင္ျပသနာမရွိေသာ္လည္း ပူေသာရာသီတြင္ အသီးမ်ားပုပ္တတ္ပါသည္။ #ကြန္ေပါင္းေျမၾသဇာ အေရွ႕ႀကီး- နိုက္ထရိုဂ်င္အမ်ားဆံုးပါ ပင္ပိုင္းႀကီးထြားမႈကို ဦးစားေပးသည္။ (25:5:5) (18:4:5) အလယ္ႀကီး- ေဖာ့ဖရပ္(စ္) အမ်ားဆံုးပါ လိင္ပိုင္းႀကီးထြားျခင္းကို ဦးစားေပးသည္။ (10:52:17) (10:30:20) ေနာက္ႀကီး - ပိုတက္(ရွ္) အမ်ားဆံုးပါ က်န္းမာျခင္း အရည္အေသြးႏွင့္ အသာေရႊ႕ျခင္းကို အဓိကဦးစားေပးသည္။ (12:22:32) (5:11:18) အားလုံးညီ - အဟာရသံုးမ်ိဳးလံုး လိုအပ္ေနခ်ိန္သံုးသည္။ (15:55:15) (16:16:16)

Comments