( ႏြားစာခ်ဥ္ဖတ္ျပဳလုပ္ျခင္း ) နွားစာချဉ်ဖတ်ပြုလုပ်ခြင်း


xxxxxxxxxxxxxxxx  unicode  font  xxxxxxxxxxxxxxx
နွားစာအစိုမရနိုင်သည့် ခြောက်သွေ့ကာလများတွင် အစာရှားပါးမှုပြဿနာကိုဖြေရှင်းပေးနိုင်ပြီး တိရစ္ဆာန်ကြီးထွားမှု၊ အသားနှင့် နို့ထုတ်လုပ်မှု ကောင်းမွန်စေရန် ရည်ရွယ်ပြုလုပ်ကြသည်။
နွားစာချဉ်ဖတ်ဆိုသည်မှာ နွားစာအစိုကို နုပ်နုပ်စဉ်းပြီး ကျင်း (သို့မဟုတ်) အိတ်အတွင်းတွင် သေချာဖိသိပ်ပြီး လေလုံအောင် သိမ်းဆည်းထားသော နွားစာဖြစ်သည်။
အကျိုးကျေးဇူးများ
- သီးနှံများတွင်ပါဝင်သော အာဟာရဓါတ်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊
- နေရောင်ခြည်ဖြင့် အခြောက်လှန်းခြင်းထက် အာဟာရဓါတ် ဆုံးရှုံးမှုနည်းခြင်း၊
- မည်သည့်ရာသီ မဆို ပြုလုပ်နိုင်ခြင်း
- ကုန်ကျစရိတ်နည်းခြင်းနှင့် နှစ်အတော်ကြာသိုလှောင်ထားနိုင်ခြင်း တို့ဖြစ်ပါသည်။
ဆိုးကျိုးများအနေဖြင့်
- ချဉ်ဖတ်ပြုလုပ်ရာ၌ လေလုံအောင် ပြုလုပ်ထားနိုင်ခြင်းမရှိလျှင် အာဟာရဓါတ်များ ဆုံးရှုံး နိုင်ပါသည်။
- လိုအပ်သော အက်စစ်ပြင်းအားအထိ ကျဆင်းမှုမရှိလျှင် တိရစ္ဆာန်ကို အန္တရာယ်ဖြစ်စေသော ပိုးမွှားများ ပေါက်ပွားစေပါသည်။
ချဉ်ဖတ်ပြုလုပ်ရာတွင် 
- စားကျက်ပဲပင်ကို ချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ အပွင့်ပွင့်ချိန် ဖြစ်သည်။ ပြောင်းချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ သီးနှံအစေ့ နို့ရည်ထည့်ချိန် ဖြစ်သည်။ မြက်ချဉ်ဖတ် ပြုလုပ်ရာတွင် ရေဓါတ်ပါဝင်မှု ၇၀ - ၇၅ % ရှိရမည်။ နွားစာပင်ရိတ်ခြင်း၊ စဉ်းခြင်း နှင့် ချဉ်ဖတ်သိပ်ခြင်းတို့ကို တစ်ရက်အတွင်းပြုလုပ်ရမည်။
- ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာသိပ်ပေးရန်လိုအပ်သည်။ ချဉ်ဖတ်ကျင်းထဲ၌ လေခိုအောင်း မှုနည်းလေ ချဉ်ဖတ်အရည်အသွေး ကောင်းလေဖြစ်သည်။ ထို့ပြင် ချဉ်ဖတ်ကျင်း (သို့မဟုတ်) အိတ်ကို လေလုံအောင် ပြုလုပ်ထားမှသာလျှင် မှိုတက်ခြင်း၊ နွားစာတွင်ပါဝင်သော အာဟာရ ဓါတ်များ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ချဉ်ဖတ်သိပ်ပြီး အနည်းဆုံး (၃) ပတ် အတွင်းမဖွင့်ရ။
လေလုံအောင်ဖိသိပ်ခြင်း 
- ပလပ်စတစ်စကို သေချာကြိုးစည်းပြီး တိပ်ဖြင့် ထပ်ပတ်ပါ။
- အိတ်ကို ထောင်ထားပြီး နေရောင်တိုက်ရိုက်မထိတွေ့အောင် ဖုံးထားပါ။
Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း 
xxxxxxxxxxxxxxxxxxx  zawgyi  font  xxxxxxxxxxxxxxxxxxxxxxx

ႏြားစာအစိုမရနိုင္သည့္ ေျခာက္ေသြ႕ကာလမ်ားတြင္ အစာရွားပါးမႈျပႆနာကိုေျဖရွင္းေပးနိုင္ၿပီး တိရစၧာန္ႀကီးထြားမႈ၊ အသားႏွင့္ နို႔ထုတ္လုပ္မႈ ေကာင္းမြန္ေစရန္ ရည္ရြယ္ျပဳလုပ္ၾကသည္။
ႏြားစာခ်ဥ္ဖတ္ဆိုသည္မွာ ႏြားစာအစိုကို ႏုပ္ႏုပ္စဥ္းၿပီး က်င္း (သို႔မဟုတ္) အိတ္အတြင္းတြင္ ေသခ်ာဖိသိပ္ၿပီး ေလလုံေအာင္ သိမ္းဆည္းထားေသာ ႏြားစာျဖစ္သည္။

အက်ိဳးေက်းဇူးမ်ား
- သီးႏွံမ်ားတြင္ပါဝင္ေသာ အာဟာရဓါတ္ႏွင့္ စိုထိုင္းမႈကို ထိန္းသိမ္းထားနိုင္ျခင္း၊
- ေနေရာင္ျခည္ျဖင့္ အေျခာက္လွန္းျခင္းထက္ အာဟာရဓါတ္ ဆုံးရႈံးမႈနည္းျခင္း၊
- မည္သည့္ရာသီ မဆို ျပဳလုပ္နိုင္ျခင္း
- ကုန္က်စရိတ္နည္းျခင္းႏွင့္ ႏွစ္အေတာ္ၾကာသိုေလွာင္ထားနိုင္ျခင္း တို႔ျဖစ္ပါသည္။

ဆိုးက်ိဳးမ်ားအေနျဖင့္
- ခ်ဥ္ဖတ္ျပဳလုပ္ရာ၌ ေလလုံေအာင္ ျပဳလုပ္ထားနိုင္ျခင္းမရွိလၽွင္ အာဟာရဓါတ္မ်ား ဆုံးရႈံး နိုင္ပါသည္။
- လိုအပ္ေသာ အက္စစ္ျပင္းအားအထိ က်ဆင္းမႈမရွိလၽွင္ တိရစၧာန္ကို အႏၲရာယ္ျဖစ္ေစေသာ ပိုးမႊားမ်ား ေပါက္ပြားေစပါသည္။

ခ်ဥ္ဖတ္ျပဳလုပ္ရာတြင္
- စားက်က္ပဲပင္ကို ခ်ဥ္ဖတ္ျပဳလုပ္ရန္ အေကာင္းဆုံးရိတ္သိမ္းခ်ိန္မွာ အပြင့္ပြင့္ခ်ိန္ ျဖစ္သည္။ ေျပာင္းခ်ဥ္ဖတ္ျပဳလုပ္ရန္ အေကာင္းဆုံးရိတ္သိမ္းခ်ိန္မွာ သီးႏွံအေစ့ နို႔ရည္ထည့္ခ်ိန္ ျဖစ္သည္။ ျမက္ခ်ဥ္ဖတ္ ျပဳလုပ္ရာတြင္ ေရဓါတ္ပါဝင္မႈ ၇၀ - ၇၅ % ရွိရမည္။ ႏြားစာပင္ရိတ္ျခင္း၊ စဥ္းျခင္း ႏွင့္ ခ်ဥ္ဖတ္သိပ္ျခင္းတို႔ကို တစ္ရက္အတြင္းျပဳလုပ္ရမည္။
- ခ်ဥ္ဖတ္ေကာင္းရရွိရန္ ေကာင္းစြာသိပ္ေပးရန္လိုအပ္သည္။ ခ်ဥ္ဖတ္က်င္းထဲ၌ ေလခိုေအာင္း မႈနည္းေလ ခ်ဥ္ဖတ္အရည္အေသြး ေကာင္းေလျဖစ္သည္။ ထို႔ျပင္ ခ်ဥ္ဖတ္က်င္း (သို႔မဟုတ္) အိတ္ကို ေလလုံေအာင္ ျပဳလုပ္ထားမွသာလၽွင္ မွိုတက္ျခင္း၊ ႏြားစာတြင္ပါဝင္ေသာ အာဟာရ ဓါတ္မ်ား ဆုံးရႈံးျခင္းကို ကာကြယ္နိုင္မည္ျဖစ္ပါသည္။ ခ်ဥ္ဖတ္သိပ္ၿပီး အနည္းဆုံး (၃) ပတ္ အတြင္းမဖြင့္ရ။

Comments