သစ္သီးပင္ေတြကို စိတ္စိတ္စိုက္တာ ပိုအက်ဳိးရိွ….သစ်သီးပင်တွေကို စိတ်စိတ်စိုက်တာ ပိုအကျိုးရှိ….


xxxxxxxxxxxxxxxx  unicode  font  xxxxxxxxxxxxxxxxxxxx
 သစ်သီးပင်တွေကို စိတ်စိတ်စိုက်တာ ပိုအကျိုးရှိ….

သက်ကြီးပင်တွေကို တစ်ပင်နဲ ့တစ်ပင်ကို ခတ်စိတ်စိတ်စိုက်တာပိုကောင်းတယ်။
အပင်တွေကို ပေးမကြီးပဲ အပင်ပုဖြစ်အောင် လုပ်ပေးရမယ်။
တစ်ဧက အပင်အရေအတွက်များများစိုက်လို ့ရတယ်။
အပင်ပုအောင် အကိုင်းချိုင်နည်းကိုသုံးနိုင်တယ်။
အကိုင်းအခက်အသစ်တွေထွက်တော့ ပင်ပျိုအမြဲဖြစ်နေမယ်။
အပင်ဆဲလ်တွေက သန်မာမယ်။
အပင်အဖျားအထိကို မြေသြဇာကို အလွယ်တကူသယ်ယူနိုင်မယ်။
အသီးအလုုံးကြီးမယ်။ တစ်ဧက အထွက်နှုန်း ပိုများမယ်။
ဥပမာ သရက်ပင်ကို ပုံမှန်တန်းခြားစိုက်နေကြက 6 မီတာမှ 10 မီတာ (ပေ20 မှ ပေ30) အထိခြားစိုက်လေ့ရှိတယ်။
6 မီတာခြား မယ်ဆိုရင် တစ်ဧကမှာ 111 ပင်စိုက်လို ့ရတယ်။
10 မီတာခြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် 40 ပဲ စိုက်လို ့ရမယ်။
အခုလိုအပင်ချဲစိုက်တာက နောက်လာမယ့် 10 နှစ်လောက်မှာ အပင်ကြီးတွေဖြစ်လာပြီး တစ်ပင်နဲ ့တစ်ပင် အကိုင်းမထပ်စေဖို ့ရည်ရွယ်တာဖြစ်ပါတယ်။
သရက်ပင်က အခုအခါကိုင်းထပ်ဆက်ပင်တွေဖြစ်လို ့ 1 နှစ်နဲ ့သီးတဲ့အပင်တွေကို စိုက်နိုင်ပြီဖြစ်တယ်။
ကျွန်တော်ကတော့ ပထမနှစ်ကတည်းက အသီးထားပါတယ်။
ဒါပေမယ့် အများအားဖြင့်တော့ 2 နှစ် မှာ အသီးစထားကြတယ်။
4-6 နှစ်က အသီးအားကောင်းတဲ့ အရွယ်ရောပါတယ်။
အသီးကောင်းတဲ့ အရွယ်က အပင်ပုဖြစ်အောင် အကိုင်းမွေးနဲ ့စနစ်ကို သုံးမယ်ဆိုရင် တစ်ပင်နဲ ့တစ်ပင်ကို 3 မီတာခြားရင်တောင် အကျယ်ကလုံးလောက်တယ်။
3 မီခြားစိုက်ရင် တစ်ဧကမှာ အပင် 440 ကျော် စိုက်လို ့ရတယ်။
တကယ်လို ့ ချောင်ချောင်ချိချိနဲ ့ဝင်ထွက်ကောင်းအောင် 4 မီတာခြားစိုက်မယ်ဆိုရင်
တစ်ဧကမှာ အပင် 250 စိုက်လို ့ရတယ်။
အလုံးလှအောင် အလုံးကောင်းရအောင်လို ့ တစ်ပင်မှာ အလုံး 50 ထားမယ်ဆိုရင် တစ်ဧက အပင် 250 ဆိုတော့ အလုံးရေ 12500 ရပါမယ်။
10 မီတာခြားစိုက်တဲ့ အပင်ကလည်း အပင်သက်တမ်းက 4-5 နှစ် ဆိုရင် 4 မီတာခြားစိုက်တဲ့ အရွယ်ပဲ ရှိဦးမယ်။
ဒါပေမယ့် တစ်ပင်နဲ ့တစ်ပင်ကို 10 မီတာခြားထားတဲ့အတွက် တစ်ဧကမှာ အပင် 40 ပဲစိုက်ထားလို ့ရတာကြောင့် တစ်ပင်မှာ အလုံး 50 ထားမယ်ဆိုရင် အလုံး 2000 ပဲရမယ်။
6 မီတာခြားစိုက်တဲ့အပင်တွေဆိုရင်လည်း တစ်ပင်မှာ အလုံး 50 ထားပါ။ တစ်ဧကမှာ 111 ဆိုတော့ အလုံး 5500 ရမယ်။
ဒါကြောင့် နောင် 10 နှစ်လောက်မှာ အပင်ကြီးမှာကို အခုကတည်းက မြေချဲစိုက်ထားလို ့
အပင်အရေအတွက်ရနည်းတယ်။ အပင်အရေအတွက်နည်းတော့ အသီးရနည်းတယ်။
အပင်ကြီးအောင်ထားရင် နောက်အားနည်းချက်တခုက အသီးလှအောင်အိတ်စွတ်မယ် ဆိုရင် လုပ်ရကိုင်ရခက်တယ်။ အသီးခူးတဲ့အခါလည်းအခက်အခဲရှိတယ်။
အပင်အမြစ်ကနေ အပင်အဖျားအထိ မြေသြဇာပို ့ဖို ့အတွက် အချိန်ကြာမယ်။ အပင်ဆဲလ်တွေက အိုမင်းရင့်ရော်လို ့မြေသြဇာပို ့အားမကောင်းဘူး။
ဒါကြောင့် အပင်ကို ခတ်စိတ်စိတ်စိုက်ပြီး အပင်ပုဖြစ်အောင် ပြုပြင်တွေတာက ပိုမိုအကျိုးရှိတာကို တွေ ့ရပါတယ်။
ဖေါ်ပြပါပုံက ဂျပန်နိုင်ငံမှာ ပေါင်းခံအိမ်တွေနဲ ့စိုက်ထားတာဖြစ်တယ်။ အပင်မကြီးအောင်ပြုပြင်ပေးထားတယ်။


xxxxxxxxxxxxxxxxxxxxx  zawgyi  font  xxxxxxxxxxxxxxxx

သစ္သီးပင္ေတြကို စိတ္စိတ္စိုက္တာ ပိုအက်ဳိးရိွ….
သက္ၾကီးပင္ေတြကို တစ္ပင္နဲ ့တစ္ပင္ကို ခတ္စိတ္စိတ္စိုက္တာပိုေကာင္းတယ္။
အပင္ေတြကို ေပးမၾကီးပဲ အပင္ပုျဖစ္ေအာင္ လုပ္ေပးရမယ္။
တစ္ဧက အပင္အေရအတြက္မ်ားမ်ားစိုက္လို ့ရတယ္။
အပင္ပုေအာင္ အကိုင္းခ်ဳိင္နည္းကိုသံုးႏိုင္တယ္။
အကိုင္းအခက္အသစ္ေတြထြက္ေတာ့ ပင္ပ်ဳိအျမဲျဖစ္ေနမယ္။
အပင္ဆဲလ္ေတြက သန္မာမယ္။
အပင္အဖ်ားအထိကို ေျမၾသဇာကို အလြယ္တကူသယ္ယူႏိုင္မယ္။
အသီးအလုံုးၾကီးမယ္။ တစ္ဧက အထြက္ႏွဳန္း ပိုမ်ားမယ္။
ဥပမာ သရက္ပင္ကို ပံုမွန္တန္းျခားစိုက္ေနၾကက 6 မီတာမွ 10 မီတာ (ေပ20 မွ ေပ30) အထိျခားစိုက္ေလ့ရိွတယ္။
6 မီတာျခား မယ္ဆိုရင္ တစ္ဧကမွာ 111 ပင္စိုက္လို ့ရတယ္။
10 မီတာျခားစိုက္မယ္ဆိုရင္ တစ္ဧကမွာ အပင္ 40 ပဲ စိုက္လို ့ရမယ္။
အခုလိုအပင္ခ်ဲစိုက္တာက ေနာက္လာမယ့္ 10 ႏွစ္ေလာက္မွာ အပင္ၾကီးေတြျဖစ္လာျပီး တစ္ပင္နဲ ့တစ္ပင္ အကိုင္းမထပ္ေစဖို ့ရည္ရြယ္တာျဖစ္ပါတယ္။
သရက္ပင္က အခုအခါကိုင္းထပ္ဆက္ပင္ေတြျဖစ္လို ့ 1 ႏွစ္နဲ ့သီးတဲ့အပင္ေတြကို စိုက္ႏိုင္ျပီျဖစ္တယ္။
ကြ်န္ေတာ္ကေတာ့ ပထမႏွစ္ကတည္းက အသီးထားပါတယ္။
ဒါေပမယ့္ အမ်ားအားျဖင့္ေတာ့ 2 ႏွစ္ မွာ အသီးစထားၾကတယ္။
4-6 ႏွစ္က အသီးအားေကာင္းတဲ့ အရြယ္ေရာပါတယ္။
အသီးေကာင္းတဲ့ အရြယ္က အပင္ပုျဖစ္ေအာင္ အကိုင္းေမြးနဲ ့စနစ္ကို သံုးမယ္ဆိုရင္ တစ္ပင္နဲ ့တစ္ပင္ကို 3 မီတာျခားရင္ေတာင္ အက်ယ္ကလံုးေလာက္တယ္။
3 မီျခားစိုက္ရင္ တစ္ဧကမွာ အပင္ 440 ေက်ာ္ စိုက္လို ့ရတယ္။
တကယ္လို ့ ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ ့၀င္ထြက္ေကာင္းေအာင္ 4 မီတာျခားစိုက္မယ္ဆိုရင္
တစ္ဧကမွာ အပင္ 250 စိုက္လို ့ရတယ္။
အလံုးလွေအာင္ အလံုးေကာင္းရေအာင္လို ့ တစ္ပင္မွာ အလံုး 50 ထားမယ္ဆိုရင္ တစ္ဧက အပင္ 250 ဆိုေတာ့ အလံုးေရ 12500 ရပါမယ္။
10 မီတာျခားစိုက္တဲ့ အပင္ကလည္း အပင္သက္တမ္းက 4-5 ႏွစ္ ဆိုရင္ 4 မီတာျခားစိုက္တဲ့ အရြယ္ပဲ ရိွဦးမယ္။
ဒါေပမယ့္ တစ္ပင္နဲ ့တစ္ပင္ကို 10 မီတာျခားထားတဲ့အတြက္ တစ္ဧကမွာ အပင္ 40 ပဲစိုက္ထားလို ့ရတာေၾကာင့္ တစ္ပင္မွာ အလံုး 50 ထားမယ္ဆိုရင္ အလံုး 2000 ပဲရမယ္။
6 မီတာျခားစိုက္တဲ့အပင္ေတြဆိုရင္လည္း တစ္ပင္မွာ အလံုး 50 ထားပါ။ တစ္ဧကမွာ 111 ဆိုေတာ့ အလံုး 5500 ရမယ္။
ဒါေၾကာင့္ ေနာင္ 10 ႏွစ္ေလာက္မွာ အပင္ၾကီးမွာကို အခုကတည္းက ေျမခ်ဲစိုက္ထားလို ့
အပင္အေရအတြက္ရနည္းတယ္။ အပင္အေရအတြက္နည္းေတာ့ အသီးရနည္းတယ္။
အပင္ၾကီးေအာင္ထားရင္ ေနာက္အားနည္းခ်က္တခုက အသီးလွေအာင္အိတ္စြတ္မယ္ ဆိုရင္ လုပ္ရကိုင္ရခက္တယ္။ အသီးခူးတဲ့အခါလည္းအခက္အခဲရိွတယ္။
အပင္အျမစ္ကေန အပင္အဖ်ားအထိ ေျမၾသဇာပို ့ဖို ့အတြက္ အခ်ိန္ၾကာမယ္။ အပင္ဆဲလ္ေတြက အိုမင္းရင့္ေရာ္လို ့ေျမၾသဇာပို ့အားမေကာင္းဘူး။
ဒါေၾကာင့္ အပင္ကို ခတ္စိတ္စိတ္စိုက္ျပီး အပင္ပုျဖစ္ေအာင္ ျပဳျပင္ေတြတာက ပိုမိုအက်ဳိးရိွတာကို ေတြ ့ရပါတယ္။
ေဖၚျပပါပံုက ဂ်ပန္ႏိုင္ငံမွာ ေပါင္းခံအိမ္ေတြနဲ ့စိုက္ထားတာျဖစ္တယ္။ အပင္မၾကီးေအာင္ျပဳျပင္ေပးထားတယ္။
Celredit .



Image may contain: plant, flower, outdoor and natureCelredit .Image may contain: food and outdoor

Comments